Thursday, January 10, 2019

ပဋ္ဌာန်း တရား​တော်​ အ​သေးစိတ်

#ပဋ္ဌာန်း တရား​တော်​ အ​သေးစိတ်
ရှင်းလင်း​ဟောကြားထားတာ အင်​မတန်
ကြည်​ညို စိတ်​​တွေ ဖြစ်​​ပေါ်ရပါတယ်​#

ပဋ္ဌာန်းကို လူတိုင်းက ရွတ်ကြတယ်။
ပဋ္ဌာန်းကို ရွတ်တယ်ဆိုရင်
အကျိုးကျေးဇူးများတယ်။
ဘေးရန်ကင်းတယ်။
လိုရာအောင်မြင်တယ်ဆိုပြီးတော့
ဒီလို ပဋ္ဌာန်းရဲ့ပဋ္ဌာန်းစည်း
သူရဲ့တန်ခိုးအာနိသင်ကို
ယုံကြည်ပြီးတော့ ရွတ်တဲ့ပုဂ္ဂိုလ်တွေ
လည်း အများကြီး များတာပေါ့နော်။

★ Philosophy ကို လေ့လာတဲ့ ပုဂ္ဂိုလ် နဲ့ 
ပဋ္ဌာန်းကို ယုံကြည်ပြီးတော့ရွတ်တဲ့ပုဂ္ဂိုလ်၊

ယုံကြည်ပြီးတော့ ရွတ်တဲ့ပုဂ္ဂိုလ်
ပိုများတယ်လို့ ထင်တယ်။

ဘာဖြစ်လို့ ပဋ္ဌာန်းကို အဓိကထားပြီး
ရွတ်တုန်း ပိဋိကတ်သုံးပုံးထဲ
တခြားတရားတော်တွေကို
သိပ်မရွတ်ကြတုန်း။
မြတ်စွာဘုရားကိုယ်တော်တိုင် မိန့်ထားတာတော့ မဟုတ်ပါဘူး။

★ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး
နှစ်ပေါင်း ၉၀၀ လောက်ကြာတဲ့အခါ
ကျတော့
great commentator ဆိုတဲ့
အဋ္ဌာကထာဆရာ
ရှင်မဟာဗုဒ္ဓဃောသမထေရ်မြတ်က
သူရဲ့  အဋ္ဌာကထာထဲမှာ သူရေးထားတာ သာသနာ ကွယ်တယ်ဆိုရင်
အခက်ဆုံးကျမ်းကနေ စကွယ်တယ်
အဲတော့ ပဋ္ဌာန်းကနေ စကွယ်တယ်။
ဘာလို့တုန်းဆိုတော့ ပဋ္ဌာန်းက
အခက်ဆုံးမို့လို့။

★ အဲဒါကြောင့်မို့လို့
သာသနာမကွယ်အောင်ဆိုပြီးတော့
ပဋ္ဌာန်းကို ရွတ်ကြတယ်။
ဒါ အကြောင်းအရာတစ်ခု.
နောက်တစ်ခုကတော့
မြတ်စွာဘုရား ဘုရားဖြစ်ပြီးတော့
ဗောဓိပင်အောက်မှာရော
အဲဒီပတ်ဝန်းကျင်နားမှာရော ခုနှစ်ပတ်
နေတယ် သီတင်းသုံးတယ်။

★ အဲဒါ တပတ်စာ ခုရက်စာ မြတ်စွာဘုရားက အခု ပဋ္ဌာန်းတရားတော်လို့
ခေါ်တဲ့ ဒီဟာကို အသေးစိပ် reflect
လုပ်တယ် contemplate လုပ်တယ်
သုံးသပ်တယ်။

★ အဲလို သုံးသပ်တဲ့အခါကျတော့
ဒီ လောကကြီးက ဖန်းဆင်းရှင်
ဘုရားသခင်မရှိဘူး၊
သူ့ဟာနဲ့သူ အချင်းချင်း အမျိုးမျိုး
relate လုပ်ပြီးတော့ ဆက်စပ်ပြီးတော့ အကြောင်းအကျိုး ဆက်စပ်ပြီးတော့ သူ့ဟာသူနေတာ။
အဲဒီ အကြောင်းအကျိုးတွေ အသေးစိပ် အဖြစ်ဆုံးက ပဋ္ဌာန်းလို့ခေါ်တယ်။

★ အဲဒါဟါအသေးစိပ် အဖြစ်ဆုံး
ဝါယာကြိုးတွေလိုပေါ့ တချို့နေရာတွေမှာ
ဝါယာကြိုးတွေ အများကြီး ဘယ်ကနေ
ဘယ်သွား မှန်းမသိဘူး ကြိုးတွေ
အများကြီး။
သာမန်လူအနေနဲ့ကြည့်ရင်
အဲကြိုးတွေ ဘယ်ကနေဘယ်ကို
ဆက်တယ် မသိပါဘူး။
ဒါပေမဲ့ တကယ့် ကျွမ်းကျင်တဲ့
electronic enigneer တွေ
သူတို့လာကြည့်ရင်တော့ သူတို့က
သိတယ် ချက်ချင်းသိတယ်။


★ အဲတော့ အဲလိုပဲ သူရဲ့ကြိုးတွေက
အမျိုးမျိုးပဲ ဒီလို သွားနေတာ။
ကိုယ့်မျက်စိနဲ့ ကြည့်ရင်တော့ ကိုယ်က ဘာမှမသိနိုင်တော့ဘူး။
ဦးဏှောက်ရဲ့ model ကြည့်ဖူးရင်လေ
အဲဒီ model ထဲမှာ neurons တွေ wiring လုပ်ထားတယ်။
Neurons က 200 billions ထင်တယ်
အဲဒီ Neuron အခု ၅၀ လောက်ကို
ကလပ်စီးတစ်ခုဖွဲ့တယ် ယူနစ်တစ်ခုဖွဲ့တယ်။

★ အဲဒီ ယူနစ်တစ်ခုက အလုပ်တစ်ခု
လုပ်တယ်။
အဲတော့ ဒီထဲမှာ ဒီဦးဏှောက်အကြောင်းကို အကုန်မသိသေးဘူး ။
Ocean အကြောင်း သမုဒ္ဒရာအကြောင်းကို သိပ္ပံပညာရှင်တွေ အကုန်လုံး မသိသေးဘူး။ အရမ်းလေးနက်တယ်။ 

★ မြတ်စွာဘုရားကျတော့
ဒီလို wiring နဲ့ တူတဲ့ လောကကြီးတစ်ခုလုံးရဲ့ အကြောင်းအကျိုးဆက်စပ်နေပုံ၊
ဒါကအကြောင်းအကျိုးဆက်စပ်နေတဲ့
တစ်ခု
ဒါကတစ်ခု ဒါက နောက်တစ်ခု
ဒါနောက်တစ်ခု။
အဲတော့ မြတ်စွာဘုရားက အကုန်လုံး
ရှာတွေ့တယ်။
ဒီကနေ ဘယ်သွားတယ် လမ်းခုလပ်မှာ
ဘယ်ဟာနဲ့စပ် ဘယ်ဟာနဲ့စပ်တယ်
အဲဒါမျိုးတွေပေါ့။
အဲဒါကို ပဋ္ဌာန်းလို့ ခေါ်တယ်။

★ အရမ်းအသေးစိပ်လွန်းတယ်
မြတ်စွာဘုရားဉာဏ်တော်ကလည်း
အရမ်းမြင့်တဲ့အခါကျတော့ သူ့ intelligence level နဲ့ သူရဲ့ intelligence level နဲ့က ခက်ခဲတဲ့ subject ဒီနှစ်ခု match ဖြစ်တဲ့အခါကျတော့
ကိုယ်တော်ကနေပြီးတော့
ခန္ဓာကိုယ်ကနေပြီးတော့
ရောင်ခြည်တော်ထွက်တယ်
matching ဖြစ်တာပေါ့။

★ Matching ဖြစ်တဲ့ အခါကျတော့
ဥပမာ အဖြေတစ်ခု math တစ်ခုရဲ့
အဖြေကို ရှာတယ်ဆိုပါစို့။
အဲအဖြေကို တွေ့သွားတဲ့အခါမှာ
လူတစ်ယောက် relief ဖြစ်တဲ့အခါမှာ သူရဲ့ဦးဏှောက်က ဖြစ်ပေါ်တဲ့
ဟော်မုန်းတွေကြောင့်
အရမ်းကို တကိုယ်လုံးမျက်နှာရော
ကြည်သွားတာလေ။
အဲပုံစံမျိုး မြတ်စွာဘုရား အဲအချိန်မှာ
အရောင်တွေထွက်တယ်။
အဲအရောင်ခြောက်ခု
အခုသာသနာအလံဖြစ်နေတာလေ။

★ အဲတော့ ဒီအကြောင်း နှစ်ခုကြောင့် ပဋ္ဌာန်းကို ပိုပြီးရွတ်ကြတယ်။
တစ်ခုကတော့ ဒီလောက်နက်နဲ့တဲ့
ပဋ္ဌာန်းက မြတ်စွာဘုရားရဲ့ အကြီးမားဆုံး ဉာဏ်တော်နဲ့ intelligence level နဲ့ match ဖြစ်တယ်။
အဲဒီကနေ အရောင်တွေ ထွက်လာတယ်။

★ ဒုတိယတစ်ခုကတော့
သာသနာအရှည်တည်တံ့ခိုင်မြဲရေး
ရှု့ထောင့်ကနေပြီးတော့ ကြည့်တယ်။
ဒီလောက် ခက်ခဲတဲ့ ပဋ္ဌာန်း မရွတ်ကြရင် မလေ့လာကြရင် သူကနေ စကွယ်မယ်။ ကွယ်ပျောက်မှာစိုးလို့ ဒီအကြောင်းတွေနဲ့ ပဋ္ဌာန်းကို ပိုအာရုံစိုက်တယ်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်
ဆရာတော်ဒေါက်တာဓမ္မသာမိ
🙏🙏🙏

# ThitsarOo မျှ​ဝေပါသည်​။

No comments:

Post a Comment