Monday, January 7, 2019

ဘိုးတော်ဘုန်းကြီး

တစ်ခါတုန်းက ကြားဖူးလိုက်တယ်။
ဘိုးတော်ဘုန်းကြီးတွေရဲ့ ထမင်းကျန် စားရင်
ဘာဖြစ်မှာလိုလို သိဒ္ဓိပေါက်မှာလိုလို ဘာမှတော့
မပေါက်ဘူး။ အများကြီးစားရင်ဗိုက်ပေါက်မှာေ
တာ့သေချာတယ်နော်။

သိဒ္ဓိဆိုတာ အဲတာနဲ့ မဆိုင်ဘူး။ ကိုယ့်ဘာသာကိုယ်ကျင့်မှပေါက်မှာ။
အကျန်စားရုံနဲ့တော့ မပေါက်ဘူး။
အခုခေတ်ဆို ရောဂါကူးနိုင်တယ်ပေါ့။ ဘယ်သူ့အကျန်မှမစားနဲ့ပေါ့။

အချို့က အကျန်စားရင် ကောင်းတဲ့ဓာတ်တွေ
ကူးလိမ့်မယ်လို့ ထင်တာ မကူးဘူးနော်။
ရောဂါတော့ကူးမှာ ကောင်းတဲ့ဓာတ်ဆိုတာ
စိတ်ကနေ မှကူးရတာလေ။ လောကလူတွေဟာ
ကိုးကွယ်မှု အတုယူမှု အလွန် လွဲမှားတယ်။

အဲတာ ဘာလို့လွဲမှားတာတုန်းဆို
အသိဉာဏ်အားနည်းလို့ပဲ။ သိဒ္ဓိရှင်တွေ ဘာတွေဆိုလူတွေက ဝိုင်းကြတယ်လေ။ ဘာလို့ဝိုင်းတာတုန်းဆို
ထီပေါက်ချင်တယ်၊ မ,တာ ခံချင်တယ်၊ ဒါမျိုးတွေပေါ့။ အခုချက်ချင်းပဲ တကယ်
ချမ်းသာမယ့် ပုဂ္ဂိုလ်လို။

လူတွေဖြစ်နေတာကိုပြောတာပါ။
သူသောက်တဲ့ရေလေးကို သောက်လိုက်ရ ရင်ပဲ
ရောဂါတွေ အကုန်ပျောက်မယ်လို့ ထင်တယ်။
အေး..ထင်တာပဲရှိတယ် မပျောက်ပါဘူး။
ဘုန်းကြီးတို့ကတော့ ဒါတွေ တစ်ခုမှ မယုံဘူး။

ကြားဖူးလိုက်သေးတယ်။ ဘိုးတော်တစ်ယောက်က
သူ့လက်ကိုပွတ်လိုက်တဲ့ အခါကျတော့ ဂျီးတွေ
ထွက်လာတယ်။ အဲဒီဂျီးတွေကို ရေဖန်ခွက်ထဲ
ထည့်ပြီးတော့တိုက်တာ လူတွေ လုသောက်ကျသတဲ့။
ကြားဖူးတယ်၊ မရှိဘူးမထင်နဲ့ ရှိတယ်နော်...
ဒါမျိုးတွေက။

လူတွေကယုံပြီဆိုရင် အကုန်လုပ်တာ။
လူဆိုတာ တော်တော်လည်း ကြောက်စရာကောင်းတယ်
အဲဒီဘဝမျိုးကို မရောက်ဘူးလို့ မထင်နဲ့။ ဒါကြောင့်မို့အသိဉာဏ်ဆိုတာ ဆည်းပူးရတယ်၊ လေ့လာရတယ်။

ယုံကြည်မှုတွေ သိပ်များပြီးတော့ အသိပညာ
နည်းပါးပြီဆိုရင် မယုံသင့်တာတွေပါ ယုံကုန်ရော။
အဲဒီလိုမျိုးတွေ မဖြစ်သင့်ဘူး။

မြတ်စွာဘုရားဟောတဲ့ အထဲမှာ ဒါမျိုး တစ်ခုမှ
မပါဘူးနော်။ ကိုယ့်ကိုကိုယ်ကောင်းအောင်
ပြင်တာ ဒါတွေနဲ့ မဆိုင်ဘူး။

အဲဒီတော့ ကိုယ့်ကိုယ်ကို "ငါလိုပုဂ္ဂိုလ်ဟာ
အသိဉာဏ်ရှိပြီး ဘုရားသာသနာတော်နဲ့
တွေ့ကြုံနေရတယ်။ တရားဓမ္မကို ဆင်ခြင်
စဉ်းစားလိုက်မယ်၊ အားထုတ်လိုက်မယ်ဆိုရင်
ဒီဘဝမှာ တစ်မဂ် တစ်ဖိုလ် ရရှိနိုင်တယ်။

ဒါကြောင့်မို့ ငါဟာ ကိုယ့်ကိုယ်ကို ပြင်ရမှာပဲ၊
ကိုယ့်ကိုယ်ကို အလေးထားရမှာပဲ။ အကယ်၍များ
ငါဒီဘဝမှာ မပြင်လိုက်ဖူးဆိုလို့ရှိရင် ငါ့ရဲ့ဘဝဟာ
ကြီးပွားတိုးတက်ဖို့ မရှိနိုင်ဘူး။ အဲတာကြောင့်မို့
ကြီးပွားတိုးတက်အောင် ကိုယ့်ကိုယ်ကို မကောင်းတဲ့ လမ်း မသွားမိအောင်၊
ကောင်းတဲ့လမ်း လျှောက်မိအောင် ငါပြင်
ရမယ်" လို့ ကိုယ့်ကိုယ်ကို အလေးထား
ပြီးတော့ တန်ဖိုးထားပြီးတော့ စဉ်းစာရမယ် ပြုပြင်ရမယ်။

⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛
🍒ပါမောက္ခချုပ်ဆရာတော်ကြီး
Copy 🔶ဓမ္မ ဝန်ဆောင်
ဓမ္မ၏အရသာ

No comments:

Post a Comment