Monday, January 7, 2019

ပုထုဇဉ်_သီလနှင့်_သောတာပန်_သီလ

သူတော်ကောင်း ပုထုဇဉ်လည်း ငါးပါးသီလလုံဧ။်

သောတာပန်အရိယာလည်း ငါးပါးသီလလုံဧ။်

သို့သော် မတူပေ ~

ပုထုဇဉ်ဧ။် သီလစောင့်ခြင်းသည် ပုဂ္ဂိုလ်က စောင့်ခြင်းဖြစ်ဧ။်

သောတာပန်ဧ။် သီလစောင့်ခြင်းကား ဓမ္မက စောင့်ခြင်းဖြစ်ဧ။်

ပုထုဇဉ်ဧ။် သီလစောင့်ခြင်းကား ဘိုးတော်မင်းတရားဧ။်

ကြောင်ကလေး ဣနြေ္ဒစောင့်ထိန်းသလို ဖြစ်ဧ။်

ဘိုးတော်မင်းတရားဧ။် ကြောင်ကလေးသည် ဘိုးတော်ဆုံးမ

ထားသောကြောင့် အလွန်အိနြေ္ဒရဧ။် ~

ဘိုးတော် ပွဲတော် စားသုံးချိန်တွင် လူနားသို့လည်းမကပ်

တောင်းလည်းမတောင်းပေ ~

ဘိုးတော်က ဦးပေါ်ဦးတို့ရှေ့တွင်အမြဲကြွားဧ။်

" တွေ့ တယ်မဟုတ်လား ...ငါ့ကြောင်ကလေး .. ဘယ်လောက်

အိနြေ္ဒကောင်းလဲ ... အသားဟင်းတွေ .. ငါးဟင်းတွေ ပါတာတောင်

တစ်ချက်မတောင်းဘူး " ဟု မိန့်ဧ။် ~

ကျန်မှူးမတ်များက ချီးမွမ်းသော်လည်း ဦးပေါ်ဦးက မချီးမွမ်း

" အကြိုက်မတွေ့ သေးလို့ပါ " ဟုသာပြောဧ။်

*********************

တစ်ခါတွင်ကား ဘိုးတော်မင်းတရား ပွဲတော်တည်ခါနီး

ဟင်းပန်းကန်များ ပြင်ဆင်ပေးပြီးချိန်တွင်

ဦးပေါ်ဦးက အသင့်ဖမ်းလာသော ကြွက်ကလေးကို

လွှတ်ပေးလိုက်ရာ .. ကြောင်သည် ကြွက်ကိုမြင်သည်နှင့်

အိနြေ္ဒ မထိန်းနိုင်တော့ဘဲ စွတ်လိုက်ရာ

ကြွက်ကလည်း ဟင်းပန်းကန်များအကြား ဖြတ်ပြေးသဖြင့်

မင်းကြီးဘယ်လိုမောင်းမောင်း မရတော့ပေ ။

ဟင်းပန်းကန်ထမင်းပန်းကန်များလည်း အကုန်မှောက်ကုန်ဧ။်

ထိုအခါကျမှ ဦးပေါ်ဦးက လျှောက်သည် ~

" အဲတာပြောတာပေါ့ ... အကြိုက်မတွေ့ သေးလို့ပါ ဆိုတာ " ဟူဧ။်

***********************

ယခုလည်းပုထုဇဉ်များ သီလလုံသည် ဆိုခြင်းမှာ

အကြိုက်မတွေ့ သေးသောကြောင့်သာဖြစ်ဧ။်

သောတာပန် စောင့်သော သီလကား ဓမ္မက

စောင့်ခြင်းဖြစ်သောကြောင့်ဘယ်သောအခါမှ

မဖောက်ဖျက်တော့ပေ ။

***********************

     ~ သောတာပန်သီလ ဘာကြောင့် မကောင်းမှုမလုပ်တော့ခြင်း  ~

ငါစွဲ သက္ကာယ ဒိဌိသည် မီးတောက်နှင့်တူသည်

သတ်ဖြတ် .. ခိုးဆိုး... လုယက် .. လိမ်ညာခြင်းသည်

မီးရောင်နှင့်တူသည်

မီးရောင်ဟူသည် မီးတောက်ကြောင့်ပေါ်လာခြင်းဖြစ်သည်

မီးတောက်မရှိလျှင် မီးရောင်လည်းမရှိတော့ပေ ။

ထို့အတူ သတ်ဖြတ် .. ခိုးဆိုး .. လုယက် လိမ်ညာခြင်းသည်

ငါ့ခန္တာ .. ငါ့မယား .. ငါ့သားဟူသော သက္ကာယ ဒိဌိ စွဲအားကြီးသော

ကြောင့်  ဖြစ်ဧ။်

ထို သက္ကာယ ဒိဌိ နှင့် ၀ိစိကိစ္ဆာကို သောတာပတ္တိမဂ်က ပယ်သတ်

လိုက်သောအခါ မကောင်းမှု အလုပ်မှန်သမျှ လုပ်ချင်စိတ်မရှိတော့

သောကြောင့် မလုပ်တော့ခြင်းဖြစ်သည် ။

***********************

မေတ္တာရှင် ရွှေပြည်သာ ( အရှင်ဇ၀န )

စာရိတ္တပြိုင်ပွဲ စာအုပ်မှ ဝေမျှပေးတာ ဖြစ်ပါတယ်ရှင် ~

***********************

2013 ဟုပညတ်ထားသော မင်္ဂလာ ဤနှစ်သစ်တွင်

ခင်မင်ကြခြင်း မခင်မင်ကြခြင်းပင်ဖြစ်စေ ~

ကျွန်မ ဧ။် ချစ်ခင်ရပါသော မိတ်ဆွေ သူငယ်ချင်းအပေါင်း

ကုသိုလ်ဧ။် မြတ်သော အကြောင်းကို အမှန်စင်စစ်သိရှိပြီး

သကာလ ... တိုးပွားသည်ထက် တိုးပွားအောင် ပြုခြင်း ~

အကုသိုလ်ဧ။် ကြီးလေးသော အပြစ်တို့ကို အမှန်စင်စစ်   သိရှိပြီး

သကာလ ... အမြစ်ဖြတ် ပယ်သတ်နိုင်ခြင်းတည်း ဟူသော

တရားတို့ကို အေးချမ်းကြည်မွေ့ စွာ လုပ်ဆောင်နိုင်ကြပါစေကြောင်း

ကောင်းမှုလိုအင်ဆန္ဒများ တစ်လုံးတ၀ ပြည့်စုံကြပါစေရှင် ~

မေတ္တာများစွာဖြင့် ~ :) ~

credit - Khin  Pa Pa Aung

No comments:

Post a Comment