Friday, January 4, 2019

သတိရှိရှိ ဆင်ခြင်တုံတရားနဲ့ နေထိုင်ကြရမယ်

သတိရှိရှိ ဆင်ခြင်တုံတရားနဲ့ နေထိုင်ကြရမယ်
==============================

မြတ်ဗုဒ္ဓကို ယုံကြည်အားထားကြည်ညိုလေးစားကြတဲ့
ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ မြတ်ဗုဒ္ဓရဲ့တရားတော်တွေကို
သိရှိနားလည်ထားသော်လည်း မိမိတို့ရဲ့ ပတ်ဝန်းကျင် အခြေအနေအရ လူ့အသိုင်းအဝိုင်းမှာ မလွန်ဆန်နိုင်လို့ မိမိတို့ ရိုးရာယုံကြည်မှု အသိုင်းအဝိုင်းထဲမှာ နေထိုင်ကြတဲ့ မည်သူပဲဖြစ်ဖြစ် မြတ်စွာဘုရားရဲ့ အဆုံးအမတရား အ တိုင်း လိုက်နာကျင့်သုံးမယ်ဆိုရင် အကျိုးဖြစ်ထွန်းမှာပဲ ဖြစ်တယ်။ ဘယ်ကိစ္စမှာဘဲဖြစ်ဖြစ် သတိရှိရှိ၊ ဆင်ခြင်တုံ တရားရှိရှိနဲ့ နေထိုင်ကြမယ်ဆိုရင် ဘယ်လူမျိုးပဲ ဖြစ်ဖြစ်၊ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်၊ အမျိုးသားပဲဖြစ်ဖြစ်၊  အမျိုး သမီးပဲ ဖြစ်ဖြစ် ကောင်းကျိုးချမ်းသာကို ရရှိကြမှာ ဖြစ်ပါတယ်။ ဓမ္မဆိုတာ သဘာဝတရားပါ။ မည်သူပဲ
ကျင့်သုံးကျင့်သုံး ကောင်းကျိုးရဖို့ တုံ့ပြန်မှာကတော့ သေချာပါတယ်။ မြန်မာလူမျိုးတွေ မြတ်မြတ်နိုးနိုးစားတဲ့
ထန်းလျက်ဆိုတာ ဘယ်သူဘဲစားစား ချိုတာပါပဲ။
ဒါကြောင့် မြတ်စွာဘုရားရဲ့ အဆုံးအမ တရားတော်တွေ ကလည်း ဒီအတိုင်းပါပဲ။ ဘယ်သူပဲ ကျင့်ကျင့်၊ ဘယ်သူပဲ လိုက်နာလိုက်နာ ယုံကြည်သူ ဖြစ်စေ၊ မယုံကြည်သူ ဖြစ်စေ ကောင်းကျိုးချမ်းသာရမှာကတော့ အမှန်ပါပဲ။

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ

[ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး ကျင်းပ သော နှစ်သစ်ကူးအထူးဓမ္မသဘင်ပွဲ၌ ပါမောက္ခချုပ် ဆရာတော်ရားကြီး ဟောကြားတော်မူခဲ့သော သတိ သမ္ပဇညဖြင့်နေထိုင်ခြင်းနှင့် ရင်ထဲမှ အမုန်းတရား ဖယ်ရှားခြင်း တရားတော်မှ ကောက်နှုတ်ချက် ]

ဓာတ်ပုံ - Kyaw Thu FB

No comments:

Post a Comment