Wednesday, January 2, 2019

တရား အားထုတ်ဖို့ရာက ကိုယ့်တာဝန်

တရား အားထုတ်ဖို့ရာက ကိုယ့်တာဝန်
<><><><><><><><><><><><><>

#ပစ္စေကဗုဒ္ဓ_ဆိုတာ

#ပစ္စေက ဆိုတာ       -   တစ်သီးတစ်ခြား
#ဗုဒ္ဓ ဆိုတာ              -   သိတာ
#သမ္မာသမ္ဗုဒ္ဓ ဆိုတာ -   ကိုယ်တိုင် မှန်မှန်ကန်ကန်
                                    သစ္စာ ၄- ပါးကို သိတာ

ကိုယ်တိုင် သိတာကို သူများကို
မှန်မှန်ကန်ကန် ဟောပြောနိုင်တာ …

#ပစ္စေကဗုဒ္ဓ_ဆိုတာ
ကိုယ်ပိုင်နည်းနဲ့ သစ္စာ ၄- ပါးကိုသိတာ …

သူတစ်ပါး နားဝင်အောင် သိသွားအောင်တော့
မပြောတတ်ဘူး …

သူသိသလို အခြားသူ သိအောင်
သစ္စာ ၄ - ပါးကို မဟောပြောနိုင်ဘူးတဲ့ …

#ပစ္စေကဗုဒ္ဓတွေဟာ
ဘုရားမပွင့်တဲ့ အချိန်မှာ ပွင့်တာ …

ဘယ်လိုပုဂ္ဂိုလ်တွေ ဖြစ်တာတုန်း ဆိုရင်
ဒီဘဝမှာ ဝိပဿနာတရားကို စွဲစွဲမြဲမြဲ
အားထုတ်တဲ့ ပုဂ္ဂိုလ် …

အဲဒီလို
ကြိုးပမ်းအားထုတ်တဲ့ ပုဂ္ဂိုလ်ဟာ
ဒီဘဝမှာ ရဟန္တာ ဖြစ်ရင် ဖြစ်
မဖြစ်ရင် သေခါနီးမှာ ဖြစ်နိုင်တယ် …

သေခါနီးမှာ မဖြစ်ရင်
ဒီဘဝက သေသွားပြီးတော့ နောက်ဆုံးအချိန်မှာ
ပစ္စေကဗုဒ္ဓ ဖြစ်သွားနိုင်တယ်လို့ …

တရားကို စွဲစွဲမြဲမြဲအားထုတ်ရင်
တရားအားထုတ်တဲ့ ပုဂ္ဂိုလ်ရဲ့
အကျိုးကျေးဇူးကို ဖော်ပြထားတယ် …

တရားအားထုတ်ဖို့ရာ ကိုယ့်တာဝန်
တရားထူးတရားမြတ်ကို ရဖို့က
ကိုယ့်တာဝန် မဟုတ်ဘူး …

ဆိုပါစို့
ဘာနဲ့ ဥပမာတူသလဲ ဆိုရင်
သစ်ပင်စိုက်တဲ့ အခါ ကိုယ်လုပ်ပေးရမှာက
ပေါင်းသင်ပေးရမယ် , မြေသြဇာ ထည့်ရမယ် ,
ရေလောင်းပေးရမယ် , ပိုးမကျအောင်
ဖယ်ရှားပေးရမယ် …

ဒါ ကိုယ့်တာဝန်ပေါ့ …

အပွင့်လေး ပွင့်အောင်
ကိုယ်လုပ်နိုင်သလား ၊ မလုပ်နိုင်ဘူး …

ကိုယ်က အခြေအနေကောင်းလေးတွေ
ဖန်တီးပေးတာပဲ ရှိတာ …

ရေလောင်းမယ် ၊ နေရောင်ထဲထားမယ်
နေပူရင်လည်း အရိပ်ထဲရွှေ့ထားမယ် စသည်ဖြင့်
ကိုယ်က အခြေအနေကောင်းလေးတွေ
ဖန်တီးပေးမယ် …

ထိုအခြေအနေကောင်းလေးတွေက
သူ့ဟာသူဆောင်ရွက်ကြတော့
အဖူးလေးတွေ အပွင့်လေးတွေ ဖြစ်လာတာပေါ့ …

အဲလိုပါပဲ
တရားအားထုတ်ပြီးနေရင်
သူ့ဟာသူ အခြေအနေကောင်းလေးတွေနဲ့
တရားထူးတရားမြတ်ရလာမှာပါ …

ဘယ်ဟာပဲ ဖြစ်ဖြစ်
သူ့ဟာသူ ရင့်ကျက် လာမှာပေါ့ …

ပွင့်ချိန်တန် ပွင့် , သီးချိန်တန် သီး
လက်ရှိ ကြိုးပမ်းအားထုတ်နေတဲ့ သူဟာ ဒီဘဝမှာ
-  တရားထူး တရားမြတ် ရနိုင်တယ်
-  သေခါနီးအချိန်မှာ ရနိုင်တယ်
-  သေခါနီးအချိန်မှာ မရရင် နောက်ဘဝမှာ ရမယ်
-  မရသေးဘူးဆိုရင် ပစ္စေကဗုဒ္ဓ အဖြစ်
   ရောက်နိုင်တယ် …

အဲဒါကြောင့်
ကိုယ်ပိုင် အသိဥာဏ်နဲ့ လုပ်ရမယ် …

လုပ်မှ ဒီလမ်းကြောင်းကို မှတ်မိ နေမှာနော် …

#ပါချူပ်_ဆရာတော်_ဘုရား

Credit , Original Uploader

No comments:

Post a Comment