Monday, January 7, 2019

ရုပ်.ဝတ္ထု.. စွဲလန်းပုံ

ရုပ်.ဝတ္ထု.. စွဲလန်းပုံ
🔥🔥🔥👆🔥🔥🔥

ခန္ဓငါးပါးနဲ့စပ်ပြီး စွဲလန်းပုံကတော့ မျက်စိကြည်လင်တာ..
နားကောင်းတာ..
လျှာကောင်းတာ..ဒါတွေ အကြောင်းပြုပြီးစွဲလန်းတယ်၊
အတွေ့ အထိကို ဖမ်းယူနိုင်တဲ့ ကိုယ်ရုပ် ကိုလည်း အကြောင်းပြုပြီး သာယာ စွဲလန်းတတ်တယ်၊ ကိုယ့်ရဲ့အဆင်းရုပ်.
သူများရဲ့ အဆင်းရုပ်တွေကိုလည်း သာယာစွဲလန်းတတ်တယ်၊
ရုပ်ဝတ္ထုတွေ အကြောင်းပြုပြီး ပိုင်ဆိုင်မှုကို စွဲလန်းတယ်၊
ငါ့သား.ငါ့မယား.ငါ့လင်.ငါ့ဥစ္စာ. စသဖြင့်လည်း နှစ်သက်သာယာပြီး စွဲလန်းတယ် ဒါတွေဟာ ကာမုပါဒါန်'ဖြင့် စွဲလန်းပုံပဲ...

ထို့အတူပဲ ကောင်းတဲ့ ခံစားမှုဝေဒနာကိုလည်း နှစ်သက်စွဲလန်းတတ်တယ်၊ ကောင်းတဲ့ မှတ်သားမှု သညာ'ကိုလည်း နှစ်သက် သာယာပြီး စွဲလန်းတတ်တယ်၊ ကောင်းတဲ့ ပြုလုပ်အားထုပ်မှု သင်္ခါရတွေကိုလည်း နှစ်သက်သာယာ စွဲလန်းတတ်တယ်၊ ဒါတွေဟာ
ဝေဒနာ.သညာ.သင်္ခါရ.ဝိဉာဏ်. ဆိုတဲ့ နာမ်ခန္ဓာတွေကို အာရုံပြုပြီး ကာမုပါဒါန်'ဖြင့် စွဲလန်းပုံတွေပါပဲ...

ဒိဋ္ဌိ'နဲ့ စွဲလန်းပုံကတော့ ရုပ်ကိုယ်ကောင်ကြီးကိုပင် အသက်ရှင်နေတဲ့ အတ္တကောင် အသက်ကောင်'လို့လည်း ထင်မှတ် စွဲလန်းတတ်တယ်၊ အတ္တကောင် အသက်ကောင်'လေးက ရုပ်ကိုယ်ကြီးကို မှီပြီး တည်နေတယ်လို့
ထင်မှတ်မှားပြီး စွဲလန်းတတ်တယ်၊
ထို့အတူပဲ အတ္တကောင် အသက်ကောင် ငါကောင်ကပဲ အကောင်းအဆိုးတွေကို ခံစားနေတယ် ဆိုပြီးတော့လည်း ထင်မှတ်မှားပြီး စွဲလန်းတတ်တယ်...

သညာ'ကောင်းတာ ငါပဲ..
ရှုမှတ်'နိုင်တာ ငါပဲ..
ငါ နှစ်သက်တယ်..
ငါ ချစ်တယ်..ငါ မုန်းတယ်..စသဖြင့် ထင်မှတ်စွဲတတ်တယ်၊ ဒါတွေကတော့
အတ္တ'စွဲဆိုတဲ့ ဒိဋ္ဌိ'ဥပါဒါန်ဖြင့် ခန္ဓာငါးပါးကို စွဲလန်းကြပုံတွေပါပဲ၊
ဒီစွဲလန်းမှုတွေက မြင်တိုင်း.ကြားတိုင်း.တွေ့တိုင်း. သိတိုင်း. ပါဝင်ပြီးဖြစ်တတ်ပါတယ်၊ တရံတခါ အထင်လွဲပြီး စွဲတတ်တာကို ဥပါဒါန်'လို့ ခေါ်ပါတယ်၊ ဒါကြောင့်
"ထင်လွဲသာယာ စွဲလန်းတာ နှစ်ဖြာဥပါဒါန်''လို့ ဆောင်ပုဒ်စီထားတယ်...

ဒီ အစွဲတွေရဲ့ ဥပါဒါန်အာရုံတွေ ရုပ်နာမ်ခန္ဓာတွေ သာယာပြီး စွဲလန်းတတ်တဲ့ ရုပ်နာမ်ခန္ဓာတွေ ဒါတွေကို ဥပါဒါနက္ခန္ဓာ'လို့ ခေါ်တယ်၊
ငါကောင်'အနေနဲ့ ထင်မှတ်ရင် အထင်လွဲပြီး စွဲတဲ့ 'ဒိဋ္ဌိဥပါဒါန်' ပါပဲ၊
ငါ့ဥစ္စာ'အနေနဲ့ ၊ ငါနှစ်သက်'အနေနဲ့၊ ငါ'သိမ်းပိုက်လိုက်ရင် သာယာပြီး စွဲလန်းတဲ့ တဏှာဥပါဒါန်'ပဲ၊ ဒါကြောင့်
" ငါ.ငါ့ဥစ္စာ. ငါစွဲတာ. ဥပါဒါနက္ခန်''လို့ ဆောင်ပုဒ် စီထားတယ်၊ အဲဒါကို ဆိုကြမယ်...( ရိပ်သာတွင်း၌)
.........................👏👏👏

မဟာစည် ဆရာတော်ဘုရားကြီး၏
# ဘာရသုတ္တန် # မှ...

"သံဃံသရဏံဂစ္ဆာမိပါ ဘုရား'' 💖

photo credit:::
(မဟာစည်ဆရာတော်ကြီး...page)

No comments:

Post a Comment