Tuesday, January 8, 2019

ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်စေ

ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်စေ

ရေချမ်းသစ်သီး ပန်းဆီမီးကို ခိုင်ဖြီးသဒ္ဓါ
လှူ  ပြီးကာမျှ ငါ့မှာကောင်းကျိုး အလွန်တိုးဟု
ယုံကိုးစိတ်ထဲ မရောင့်ရဲနှင့်။

မစဲနေ့ည ဘုရားရှေ့တွင် ပျော်မွေ့မြတ်နိုး
မြဲရှိခိုး၍ ကောင်းကျိုးပွားစည် ကြီးလှပြီဟု
ယုံကြည်အားရ စိတ်မချနှင့်။

ဓာရဏနှင့် ဓမ္မစကြာ မေတ္တာပဋ္ဌာန်း ရွတ်နိုင်စွမ်းကြောင့် ရွှင်လန်းပီတိ ဂွမ်းဆီထိကာ
ကြီးမည့်တေဇော် မစောင့်မျှော်နဲ့။

ဂုဏ်တော်ပုတီး သက်စေ့ပြီးအောင် ဇွဲကြီးခိုင်မာ
ငြိမ်သက်စွာဖြင့် သဒ္ဓါကြည်ယုံ စိပ်ပြီးယုံနှင့်
လုံလောက်လှပြီ မရပ်တည်နှင့်။

ရေကြည်သစ်သီး ဆီမီးလှူ မျိုး ရှိခိုးဝတ်ရွှတ်
စေလွတ်မေတ္တာ တရာ့ရှစ်သီး စိတ်ပုတီးကို
မငြီးဆင့်ကဲ စိပ်မြဲစိပ်ပါ မဖြတ်ပါနဲ့။

ဆက်ကာတမျိုး ရှေ့သို့တိုး၍ အကျိုးနိဗ္ဗာန်
မျှော်ရိုးမှန်က ရုပ်နာမ်ခွဲခြား ကျင့်တရားသာ
သံသရာဝဋ် ထွက်လွတ်စေကြောင်း လမ်းမှန်ကောင်းဟု ညွတ်ပြောင်းစိတ်ထဲ
ယုံကြည်စွဲလျက် အမြဲနေ့ည ဝိပဿ      နာ
ဘာဝနာကို ခိုင်မာဆန္ဒ ကြိုးလုံးလမှ
ဗုဒ္ဓခေတ်မြတ် တွေ့ကြိုးနပ်မည်
ကြပ်ကြပ်သတိရှိပါစေ။ ။

မိုးကုတ် သင်တန်းတရား(၆)ပုဒ်
စာအုပ်မှကူးယူပူဇော်ပါသည်

No comments:

Post a Comment