""သောတာပန်ပုဂ္ဂိုလ်တို့၏ ခိုင်မာတဲ့အသိ"
°°°°°°°°°°°°°°°°°°°°°°°°°°°° °°°°°°°°°°
( possible နဲ့ impossible)
***********************
မြတ်စွာဘုရား ဟောကြားထားအပ်တဲ့
နောက်တခုက "သောတာပန်ပုဂ္ဂိုလ်တွေ
မှာ ဖြစ်နိုင်တာ မဖြစ်နိုင်တာအကြောင်း
အကျိုးတွေကိုဟောပြထားပါတယ်။
"ဒိဋ္ဌိသမ္ပန္န"လို့ခေါ်တဲ့မှန်ကန်တဲ့အမြင်
တစ်ခုကိုရရှိထားတဲ့ သောတာပန်ပုဂ္ဂိုလ်""
နဲ့ပတ်သက်ပြီး သင်္ခါရတရားတွေပေါ်မှာ
"နိစ္စ"လို့ဘယ်တော့မှ မရှုမှတ်တော့ပါဘူးl
မမြင်တော့ပါဘူး။"အနိစ္စတရား"လို့ပဲ ရှုမြင်
ပါတယ်။
သင်္ခါရတရားတွေကို ""သုခ""လို့မမြင်
မရှုတော့ပါ။ဒုက္ခတရား"လို့ပဲ ရှုမြင်ပါတယ်
သောတာပန်ပုဂ္ဂိုလ်တို့ဟာ သင်္ခါရ တ
ရားတွေကို"အတ္တ"လို့မမြင်မရှုတော့ပါ။
"အနတ္တတရား"'လို့ပဲ ရှုမြင်ပါတယ်။
ဒီလို သောတာပန်ပုဂ္ဂိလ် တွေရဲ့အသိ
ဥာဏ်ဟာ ခိုင်ခိုင်မာမာဖြစ်သွားတာကို
ကျနော်တို့ထင်ရှားစွာသိလိုက်ရတဲ့အခါ
ပုထုဇဉ်တွေရဲ့ အသိဥာဏ်ဟာ ခိုင်မာမှု
မရှိသေးပါဘူး။
နောက် သောတာပန်ပုဂ္ဂိုလ်တစ်ယေါက်
ဟာ "မာတုဃာတက ကံ"ကျူးလွန်တာ
မဖြစ်နိုင်တော့ဘူး။"ပုထုဇဉ်တွေကတော့
မာတုဃာတကကံ"တွေကျူးလွန်တာဖြစ်
နိုင်တယ်ပေါ့။
သောတာပန်ပုဂ္ဂိုလ် ဆိုတာ ရဟန္တာ
ပုဂ္ဂိုလ်တွေကိုသတ်တဲ့ကံ"အရဟန္တဃာ
တကကံ"ကျူးလွန်တာမဖြစ်နိုင်ဘူး။
ပုထုဇဉ်ကတော့ ကျူးလွန်တာဖြစ်နိုင်ပါ
တယ်။
"သောတာပန်ပုဂ္ဂိုလ်ဟာ ဘုရားကိုပြစ်
မှားတဲ့စိတ်lထိခိုက်ဒါဏ်ရာရအောင်
မလုပ်တော့"ဘူး ဖြစ်နိုင်တယ်။ပုထုဇဉ်
ကတော့ ဒီကံတွေပြုလုပ်တယ်။
နောက်တစ်ခုက သောတာပန်ပုဂ္ဂိုလ်
ဟာ သံဃာသင်းကွဲစေမဲ့ကံမပြုတော့
ပါဘူးlဖြင်နိုင်တယ်။ပုထုဇဉ်ကတော့
ဒီကံတွေပြုနိုင်ပါတယ်။
သောတာပန်ဖြစ်ပြီးသူတစ်ယောက်ဟါ
၈ ဘဝဖြစ်ဦးမယ်ဆိုတာမဖြစ်နိုင်ပါဘူး။
၇ ဘဝသာ ဖြစ်နိုင်တော့တယ်။သောတာ
ပန်တစ်ယောက်ဟာသံသရာထဲ"ပမာဒ"
တရားတွေလွှမ်းမိုးခံနေရလည်း ၇ ဘဝ
သာနေနိုင်တော့တာ ဖြစ်နိုင်ပါတယ်။
ဒါ့ကြောင့် မြတ်စွာဘုရားက သောတာပန်
တစ်ယောက်ဟာ""န တေ ဘဝံ အဋ္ဌမ
မာဒိယန္တိ""ဟု ဟောတော်မူထားပါတယ်။
**ပါချုပ်ဆရာတော်ဘုရားကြီးအား
ဦးခိုက်ပူဇော်လျှက်**
No comments:
Post a Comment