အရှင်အာနန္ဒာနှင့် စင်္ကြန်ကမ္မဋ္ဌာန်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဒို့ ဘုရားသာသနာတော်မှာ ဧတဒဂ်ငါးတန် ရတော်မူတဲ့ ပထမသံဂါယ
နာတင်ပွဲမှာ သူမပါရင် မဖြစ်တဲ့ ပုဂ္ဂိုလ်ထူးကြီး ရဟန်တစ်ပါးရှိတယ် ။ ဘယ်
သူတုန်း ? အရှင်အာနန္ဒာ ။ ပထမသံဃာယနာတင်ပွဲမှာ သူမပါရင် မပြီးဘူး ။
ဘုရားသခင်ကိုယ်တော်မြတ်ကြီးကို အလုပ်အကျွေးပြုရတာ နှစ်ပေါင်း ( ၃၀ )
လုံးလုံး တရားအားထုတ်ခွင့် မရတဲ့အတွက် ဘုရားအလုပ်အကျွေးမပြုခင် ပ
ထမဆုံးနှစ်က ရခဲ့တဲ့ သောတာပတ္တိ မဂ်ဉာဏ် ဖိုလ်ဉာဏ်နဲ့တွင် တင်းတိမ်နေ
ရတယ်။ အဲဒါနဲ့ ဘုရားနဲ့ အနှစ်သုံးဆယ်နေတာ တရားအားထုတ်ခွင့်မရဘူး။
ဘုရားကို အလုပ်အကျွေးပြုရင်း လာတဲ့ပရိသတ်ကိုလည်း စောင့်ရှောက်မှုေ
ပေးရတယ် ။ သံဃာပရိသတ်ကိုလည်း နေရာချထားပေး နေရတယ် ။ အား
ချိန်မရဘူး ။
ဘုရားလည်း ပရိနိဗ္ဗာန်စံရော ပထမသံဂါယနာတင်ပွဲကို ရှင်မဟာက
ဿပကြီး ခေါင်းဆောင်ပြီးတော့ တင်ကြတယ် ။ အဲဒီပွဲမှာ ရဟန္တာချည်းပဲ
( ၅၀၀ ) နဲ့ တင်ကြတယ် ။ အာနန္ဒာက သေက္ခပုဂ္ဂိုလ် ၊ အထက် သုံးမဂ်သုံး
ဖိုလ်ကျန်သေးတယ် ။ အောက်က တစ်မဂ်တစ်ဖိုလ် ပဲရသေးတယ် ။ ရဟန္တာ
ချည်းပဲ သံဂါယနာတင်ချင်သော်လည်း အာနန္ဒာမပါရင် မပြီးတော့ ရှင်မဟာ
ကဿပကြီးက ပရိယာယ်အားဖြင့် ( ၄၉၉ ) ပါးရွေးထားတယ် ။ သံဃာ့ပရိသ
တ်ကြီးက " အရှင်ဘုရား ကဿပ ၊ တစ်ပါးအတွက် အာနန္ဒာကိုရွေးပါ ။ အာ
နန္ဒာကိုရွေးမှ သင့်တော် လျောက်ပတ်ပါလိမ့်မယ် ။ အာနန္ဒာကအပြည့်စုံဆုံး
လည်း ဖြစ်ပါသောကြောင့် ရှင်အာနန္ဒာကိုသာ ရွေးတော်မူပါ " လို့ လျှောကြ
တယ် ။
ရှင်အာနန္ဒာက ဘုရားရဲ့ မျက်မှောက်တရားလည်း နာရတယ် ။ မျက်
ကွယ်မှာ ဟောတော်မူတဲ့ တရားလည်း ပြန်လာရင် ဘုရားက " အာနန္ဒာ ဘယ်
နေရာ ဘယ်ဒေသ ဘယ်အရပ်က ဘယ်ပုဂ္ဂိုလ်ကို အကြောင်းပြုပြီးတော့ ငါ
ဘာတရားဟောခဲ့တယ် " ဆိုပြီး ပြန်ဟောရတယ် ။ ဒီတော့ အာနန္ဒာက မျက်
ကွယ်က တရားလည်း နာရတယ် ။ မျက်မှောက်တရားလည်း နာရတယ်ဆို
တော့ မပြည့်စုံဘူးလား ? ( ပြည့်စုံပါသည်ဘုရား ) ပြီးတော့ အကုန်မှတ်သား
မိတယ် ။ ဒီတော့သူမပါရင် မဖြစ်ဘူး ။ မဖြစ်တော့ သူ့ကိုရွေးထားတယ် ။
အာနန္ဒာကသိတယ် ။ " ဒီပွဲ ငါပါရမယ် " လို့ ။ ဒီတော့ နက်ဖြန်ခါ သံ
ဂါယနာတင်ပွဲမှာ သေက္ခပုဂ္ဂိုလ်အဖြစ်နဲ့ ဝင်နွဲခဲ့သော် မထေမြတ်တစ်ပါးပါးက
" ဒို့သံဃာပရိသတ်မှာ ကိလေသာညှော်နံ့ နံလိုက်ပါဘိ " လို့များ ခနိုးခနဲ့ ဆိုခဲ့
သော် ရှက်စရာပဲ ။ ငါတရားအားထုတ်မှပဲ ဆိုပြီးတော့ ခုလိုည တရားအား
ထုတ်တာ ယောဂီတို့ရဲ့ ။ စင်္ကြံလျှောက်တာ ။
အရှင်အာနန္ဒာ တရားအားထုတ်ပုံ
စင်္ကြံလျှောက်တာ ညနေ ၆ - နာရီက စလျှောက်တယ် ။ ၇ - နာရီ ၈
- နာရီ ၉ - နာရီ ၁၀ - နာရီ အဲဒါ ညဥ့်ဦံ ၊ ပထမယံ ခေါ်တယ် ။ ည ၁၁ -
နာရီ ၁၂ - နာရီ ၁ - နာရီ ၂ - နာရီ အလယ်လေးနာရီကို ညလယ်ယံ ၊ ဒု
တိယယံ မဇ္ဈိမယံ ၊ သန်းခေါင်ယံ ခေါ်တယ် ။ နောက်ဆုံး ၃ - နာရီ ၄ - နာ
ရီ ၅ - နာရီ ၆ -နာရီ အဲဒီလေးနာရီက တတိယယံ ၊ ပစ္ဆိမယံ ၊ လင်းအားကြီး
ယံ ၊ မိုးသောက်ယံ ခေါ်တယ် ။ အဲဒီလိုညကို သုံးပိုင်းပိုင်းရင် ညသုံးယံ ရှိ
တယ် ။ အဲဒီ ညသုံးယံအနက် ပထမဆုံးယံ ရှင်အာနန္ဒာ စင်္ကြံလျှောက်တော်
မူတယ် ။ လျှောနည်း နောက်မှပြောမယ် ။ လေးနာရီလျှောက်တာ ။ ညဥ့်ဦး
ယံ တစ်ယံ ကုန်သွားတယ် ။ မနားသေးဘူး ။ ထပ်လျှောက်တယ် ။ ဒုတိယ
ယံ သန်းခေါင်ယံ ထိအောင် လျှောက်တယ် ။ နောက်ထပ်လေးနာရီ ။ ညဥ့်
နှစ်ယံ ကုနိသွားပြီ ။ ညဥ့်နှစ်ယံဆိုတော့ နာရီပေါင်းဘယ်လောက်လဲ ?
( ၈ - နာရီပါ ဘုရား )
၈ - နာရီ လျှောက်တော်မူတယ် ။ အံ့ဩစရာ မကောင်းဘူးလား ။ ရ
ဟန္တာဖြစ်ချင်လွန်းလို့ သမာဓိထူထောင်နေတာ ။
🔅 ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ
🔅 ဂစ္ဆန္တော ဝါ ၊ သွားသည်ရှိသော် ။ ဝါ ၊ သွားသော်လည်းကောင်း ။
ဂစ္ဆာမီတိ ၊ သွားသည်ဟယ၍ ။ ပဇာနာတိ ၊ သိနေ ။
သွားရင်သွားတယ်လို့  သိနေပါတဲ့ ။ အတောင် ၆၀ ရှိတဲ့ မြေလမ်းက
လေးမှာ မြေကလေးကညီလို့ ၊ သဲမှုန်ကလေးက ပါးပါးလေးခင်းလို့ ညအခါ
ကျတော့ ဘိနပ်မပါဘဲနဲ့ လျှောက်တဲ့အခါ ဖဝါးလေးက အေးကနဲ အေးကနဲ
အိကနဲ အိကနဲ ရောက်နေတာ ဖျောက်ဖျောက် ဖျောက်ဖျောက် ညာခြေထော
က်လေး လှမ်းတာသိ ၊ လှမ်းတယ် လှမ်းတယ် အေးတယ် အေးတယ် သွားတ
ယ် သွားတယ် ။ မျက်လုံးက လေးတောင်ခန့်ကြည့်ပြီးတော့ ခြေထောက်လေး
ဆီမှာ အသိကလေးကပ်ပြီးတော့ ရိပ်ရိပ် ရိပ်ရိပ် ရိပ်ရိပ်နဲ့. ဖျောက်ဖျောက် ဖျေ
ာက်ဖျောက် ဖျောက်ဖျောက်နဲ့ စင်္ကြံကြွတော်မူတယ်တဲ့ ။ ရှင်အာနန္ဒာ မထေ
ရ်မြတ်ကြီး ။
ကောင်းကင် မော့ကြည့်လိုက်တော့ " ဩော်... ညဥ့်နက်လှပါပေါ့လား ။
ခုနစ်စင်ကြယ်တောင် အမြီးထောင်နေပါပေါ့လား ။ ဖျောက်ဆိတ်တောင်မှ
မြေကြီးနဲ့. နီးနေပါပေါ့လား ။
အရှင်အာန္ဒာ ဝိရိယနှင့် သမာဓိ အညီညှိပုံ
အရှင်အာနန္ဒာကိုယ်တော်မြတ်ကြီး စင်္ကြံကြွရင်း ကောင်းကင်မော့ကြည့်။
" ညဥ့္နက္လွပါ်ပါ့လား ။ ငါ စင်္ကြံလျှောက်တာလည်း များနေပြီ ။ ဝိရိယလွန်
နေပြီ ။ သမာဓိအားနည်းနေပြီ ။ ဝိရိယနဲ့ သမာဓိ မျှလေမှပဲ " လို့ နှလုံးသွင်း
ပြီးတော့ ကမ္မဋ္ဌာန်းကျောင်းရှိတဲ့ နေရာလေး ဝင်သွားတာ ။ အဲဒါကို စင်္ကြံက
' သက် ' တယ် လို့ခေါ်တယ် ။ သက်တယ် ၊ ဆင်းတယ် ။ စင်္ကြံ ကအမြင့်
သွားလမ်းအနိမ့် အဲသလိုမဟုတ်ဘူး ။ လုပ်နေကျ ကျက်စားနေကျ နေရာက
နေ ဖဲသွားတာ သက်တယ်လို့ ခေါ်တယ် ။ မိမိကမ္မဋ္ဌာန်းကျောင်းထဲ သွားတဲ့
အခါ ခြေထောက်လေး တန်းတန်းတန်းတန်း သိသွားနေတာ ။ အဲဒါ ' ဂတေ ၊
သွားသည်ရှိသော် ' ။ မိမိရဲ့ ကမ္မဋ္ဌာန်းကျောင်းနားလေးရောက်လို့ တံခါးဖွင့်ဘို့
ရပ်လိုက်တော့ ' ဌိတေ ၊ ရပ်သည်ရှိသော် ' အဲဒါကို ရပ်တယ်၊ မှတ်တာ ။ တံ
ခါးလေးကို လက်ကလေးနဲ့ သွားနေတာကို ' သမိဉ္စိတေ ၊ ကွေးသည်ရှိသော် '။
' ပသာရိတေ ၊ ဆန့်သည်ရှိသော် ' လက်ကလေး တန်းသွားတာကို မှတ်တာ ။
ကွေးတယ် ကွေးတယ် ဆန့်တယ် ဆန့်တယ် မှတ်နေတာ ။
တံခါးလေးကိုင်ရင် ကိုင်တယ် ကိုင်တယ် ကိုင်တယ် မှတ် ။ ဆွဲရင် ဆွဲတ
ယ် ဆွဲတယ် ဆွဲတယ် မှတ် ၊ တံခါးလေးဖွင့်ဝင်သွားပြီး ကိုယ်လုံးကလေး တံခါး
ဘက်ပြန်လှည့်ရင် လှည့်တယ် လှည့်တယ် လှည့်တယ် ။ တံခါးလေးပြန်ပိတ်
ပြီး အိပ်စင်ရဲ့ အလယ်ခေါင်နား ရောက်သွားပြီ ။ ရောက်တော့ ဒီနေရာလေး
ထိုင်ရမှာဆိုတာ သူသိတယ် ။ တင်ပါးလေး အိအိကျပြီးတော့ အိပ်စင်ဘောင်
သွားထိတယ် ။ ထိတယ် ထိတယ် မှတ်တယ် ။ လက်လေးနှစ်ဘက်က ဒီလို
ဘေးကထောက်လိုက်တယ် ။ ထောက်တယ် ထောက်တယ်မှတ်တယ် ။ ခြေ
ထောက် နှစ်ချောင်းကို မတယ် ။ ခြေထောက်နှစ်ချောင်းက မပြီးတော့ ပူးပြီး
တော့ ဝှေ့ ပြီးတော့ အိပ်စင်ရဲ့အောက်ပိုင်း ခြေရင်းပိုင်းဆီသွားနေတယ် ။ အ
ပေါ်ပိုင်းကိုယ်လေးက အပေါ် ပိုင်းအိပ်စင် ( ခေါင်းရင်းပိုင်း ) ဆီ ဒီလိုလေးသွား
နေတယ် ။ အဲဒါ မှတ်နေတာ ။ ခြေထောက်နှစ်ချောင်း သွားနေလည်း သွား
နေတယ်မှတ် ။ သွားတယ် သွားတယ် သွားတယ် ။ ကိုယ်လုံးလေးအိအိကျ
လာ ၊ ကျတယ် ကျတယ်မှတ် ။ သတိလစ်ကဲ့လား ။ ( မလစ်ပါဘုရား )
အဲသလို မှတ်ရတာ ။
စိပ်စိပ်မှတ်
တကယ်မှတ်ရင် ယောဂီတို့လည်း အဲဒါမျိုးဖြစ်အောင် မှတ်ရတယ် ။ အ
ဝတ်အစား ပြင်ဝတ်တာလေးကအစ မှတ်ရတာ ။ အဝတ်အစားဖြေချလိုက်တ
ယ် ဖြည်တယ် ဖြည်တယ် ။ ပြန်ပတ်ရင် ပတ်တယ် ပတ်တယ် ပတ်တယ် ။
ညှပ်ရင် ညှပ်တယ် ၃ ။ အင်္ကျီလေးချွတ်ရင် ချွတ်တယ် ချွတ်တယ် ၃ ။ ပြ
န်ဝတ်ရင် ဝတ်တယ် ၃ ။ အကုန်လုံး မှတ်ရတယ် ။ ဘိနပ်ကလေး ညာခြေ
ထောက်လျှိုရင် လျှိုတယ် ၃ ။ ဘယ်ခြေထောက်လျှိုရင် လျှိုတယ် ၃ ။ ရေ
သောက်ရင် ရေခွက်ဆီ လက်ကသွားရင် သွားတယ် ၃ ။ ကိုင်ရင် ကိုင်တယ်
၃ ။ ဘယ်ဘက်လက်က ရေအိုးဖုံးမရင် မတယ် ၃ ။ ညာဘက်လက်က ခွက်
ကလေးနှစ်ရင် နှစ်တယ် ၃ ။ ရေကလေးခပ်ရင် ခပ်တယ် ၃ ။ သယ်လိုက်
ရင် သယ်တယ် ၃ ။ အနားတေ့ပြီး သောက်တယ် ၃ မှတ်ရတယ် ။ ဒါ သတိ
ပဋ္ဌာန် ခေါ်တယ် ။ စွမ်းနိုင်သမျှမှတ်။ လွတ်သွားရင် အပြစ်ရှိသလား။ မမှတ်
ဘဲနဲ့ လွတ်သွားရင် အပြစ်တော့ မရှိပါဘူး ။ နောက်တော့အကုန်လုံး ကွေး
တာ ဆန့်တာ လှုပ်တာ ရှားတာ အကုန်သိလာတယ် ။ အဲဒီအခါမှာ ကိလေ
သာ ကြားမဝင်တော့ဘူး ။
အရှင်အာနန္ဒာရဟန္တာဖြစ်ခြင်း
အဲဒီလိုမှတ်သွားရင်းနဲ့ ရှင်အာနန္ဒာ ကိုယ်တော်မြတ်ကြီး အိအိ အိအိနဲ့
ခြေထောက်နှစ်ချောင်းကလည်း ကြမ်းဆီအသွား ။ ကိုယ်လုံးကလည်း ကြမ်း
ဆီအသွား ။ ဖနောင့် နှစ်ခုကလည်း ကြမ်းဆီမထိမီ ၊ တင်ပါးလေးတစ်ခုနဲ့
လက်ကလေးနှစ်ဘက်ပဲ ဖေးမထောက်ထားတဲ့အချိန်မှာ အာသဝေါ ကုန်ခမ်း
တဲ့ ရဟန္တာဖြစ်သွားတယ်။ ယောဂီတို့ အဲဒါ စင်္ကြံသမာဓိ ။ ဗိုလ်ညီသွားတာ ။
သဒ္ဓါဗိုလ် ၊ ဝိရိယဗိုလ် ၊ သတိဗိုလ် ၊ သမာဓိဗိုလ် ၊ ပညာဗိုလ် ဆိုတဲ့ ဗိုလ်
တရားငါးပါး ညီတက်သွားတာ ။ သဒ္ဓိနြေ္ဒ ဝိရိယိနြေ္ဒ သတိနြေ္ဒ သမာဓိနြေ္ဒ
ပညိနြေ္ဒဆိုတဲ့ ဣနြေ္ဒငါးပါး ရင့်ကျက်သွားတာ ။ တစ်ခါတည်း အာသဝေါကုန်
ခမ်းတဲ့ ရဟန္တာဖြစ်သွားရောဗျာ ။ မနက်ကျတော့ သံဂါယနာတင်ပွဲမှာ ရဟ
န္တာအဖြစ်နဲ့ နွှဲရတယ် ။ ဟဲ့ပရိသတ် ။ ( အရှင်ဘုရား ) ဒါ ဘယ်ကရတဲ့ သမာ
ဓိတုံး ( စင်္ကြံက ရတာပါဘုရား ) စင်္ကြံသမာဓိအားကိုးဖို့ ကောင်းသလား မ
ကောင်းဘူးလား ။ ( ကောင်းပါသည်ဘုရား ။ )
🔅 [ ညွှန်း - အဂ္ဂမဟာ သဒ္ဓမဇောတိကဓဇ တန့်ကြည့်တောင် ရန်အောင်
ချမ်းသာ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသောမဗုဒ္ဓိ ဟောကြား
တော်မူသော ဟောစဉ်တရားတော်များ ( ပထမပိုင်း ) စာအု
ပ်မှ ထုတ်နုတ်၍ ဓမ္မဒါနပြုအပ်ပါသည် ။ ]
◇ ◇ ◇ ◇ ◇
No comments:
Post a Comment