Friday, January 4, 2019

သာသနာပြုတို့ ထားရှိရမည့် စိတ်ဓာတ်

သာသနာပြုတို့ ထားရှိရမည့် စိတ်ဓာတ်

⚡️

သာသနာပြုတို့ ထားရှိရမည့်
စိတ်နေသဘောထားဟူသည်
သာသနာပြုလုပ်ငန်းစဉ်သည်
ဝမ်းလျားမှောက်၍
အောက်သို့စိုက်ကြည့်နေသူကို
ပက်လက်လှန်စေ၍
အထက်သို့ မော့ကြည့်စေခြင်းပင်တည်း။

သို့ပါ၍
လောကသားများအတွင်း
ချဉ်းနင်းဝင်ရောက်ကာ ဘုရားရှင်၏
အဆုံးအမတော်ကြီး ၎င်း
တို့စိတ်သန္တာန်အတွင်း
ကိန်းတည်စေရန်ပြုပြင်ပေးကြရာတွင်
ဝန်ထမ်းသားများသည်

(က)

လောကသားများ မပယ်လှန်ရဲသည့်
အရာများကို ရဲဝံ့စွာ ပန်လှန်ပြခြင်း။

(ခ)

လောကသားများ မသုံးဖူးသေးသည့်
အရသာများကို မြိန်ယှက်စွာ
သုံးဆောင်ပြခြင်း။

ဤနှစ်ချက်တို့ဖြင့်
လောက၏ရှေ့ဆောင်
လောကသားများအားထားလောက်သော
စံပြ ဝန်ထမ်းကောင်းများအဖြစ်
ပြုမူနေထိုင်ပြခြင်းတည်း။

ဆိုလိုသည်မှာ
လောကသားများ ပယ်လှန်
ရကောင်းမှန်းပင်
မသိနိုင်တော့လောက်အောင်
ပိရိနက်ရှိုင်းစွာ ထိုးနှက်လျက်က
ယင်းလောကသားများအပေါ်
စိတ်ညှို့ ပညာသည်ပမာ ညှို့ ယူကာ
မင်းမူနေကြသော

ကြိုက်စိတ်...
အကြိုက်မိလျှင်
အကောင်းထင်
အမြင် မှားသွားသောစိတ်

မကြိုက်စိတ်....
အကြိုက်မကျသေးလျှင်
အဆိုးထင်
အမြင်မှားစေသောစိတ်

မသိစိတ်....
မသုံးသပ်ဘဲလျက်က
ထင်သလို ထား၍ ဆုံးဖြတ်ချက်
မှားစေသောစိတ်

ထိုစိတ်မှားသုံးမျိုးတို့ကို
ကြိုက်စိတ်ပေါ်တိုင်းလည်း
ကြံ.ပြော.လုပ် အမှု
သုံးမျိုး ဇွတ်တိုးမလုပ်စေဘဲ
ယင်းကြိုက်စိတ်
ကိုလျှင် ပယ်မြစ်၍
မိမိ၏ ကိုယ်ပိုင်စိတ်ဖြင့်သာ
အာရုံကို ခံစားကြည့်ခြင်း

ထို့အတူ

မကြိုက်စိတ်
အမှတ်လွတ်စိတ် ပေါ်လေတိုင်း
လည်း ၎င်းမကြိုက်သည့်အလျောက်
မသိသည့်
အလျောက်
ကောက်ကာငင်ကာ လုပ်ခွင့်မပေးဘဲ
ယင်းကိုပင် ပယ်၍
ကိုယ်ပိုင်ရှုမှတ်စိတ်ဖြင့်သာ
အာရုံကို ခံစားကြည့်ခြင်းဖြင့်
နေနည်း.ခံစားနည်းများပြသခြင်းပင်

ဤသို့သာ ခံစားစေသော်
ဟင်းဖြစ်ပါလျက်က ဝက်သားဟူသော
မသိစွဲနှင့် မသိစိတ် မဝင်လာတော့ပြီ

အရသာကောင်းသည်ကိုလည်း
ဝက်သားကောင်းသည်ဟု
ကြိုက်စိတ်မဝင်သာတော့သည်

အရသာဆိုးသည်ကိုလည်း
ဝက်သားညံ့သည်ဟု
မကြိုက်စိတ် မဝင်သာတော့ပြီ .

ထိုအခါ သုံးကားသုံး၏
မစွဲသို့ ဆိုက်ရောက်သွားတော့ပြီ။

ထိုသို့လျှင် အစွဲကင်းကင်းဖြင့်
အလောင်ရပ်သွားသည့်တိုင်
မိမိကိုယ်ကို ရဲရဲပင် ပယ်သတ်ပြ.
မိမိကိုယ်တိုင် ကိုယ်ပိုင်သိဖြင့်
အရှိအာရုံကိုသာ
ခံစားပြခြင်းပေတည်း။

ဤသို့ခံစားစေခြင်းသည်
အစွဲကိုပယ်ရိတ်၍
ကိုယ့်ကိုယ်ပိုင်စိတ်ဖြင့်သာ
ခံစားရာဖြစ်ခြင်းကြောင့်
လက်ငင်းကျွန် နောင်ကျွန်
ဘဝတို့မှ
လွတ်မြောက်သူ၏
ခံစားခြင်းမည်စေ၏

လက်ငင်း၌
ကိလေသာ ပူစာ၍ စားမြိုပေးနေ
ရသော တဏှာ့ကျွန်ဘဝမှ
လွတ်မြောက်ခွင့် ရခြင်း
တည်း

နောင်တမလွန်၌
ဝက်စွဲကြောင့်ဖြစ်ရသော
ဝက်ဘဝမှ
လွတ်မြောက် ရခြင်းတည်း။

⚡️

မဟာဗောဓိမြိုင်ဆရာတော်၏
ဓမ္မောဝါဒကထာ ခေါ်
သာသနာတော်ကြီး၏
ရေသောက်မြစ်သုံးသွယ် စာအုပ်
စာ ၇/ မှ ကူးယူထားပါသည်။

⚡️

No comments:

Post a Comment