Sunday, January 13, 2019

ဂါရဝ { ၁၀ } မျိုး

၁။ ဗုဒ္ဓဂါရဝ          =  ဘုရား၌ ရိုသေလေးစားခြင်း ။
၂။ ဓမ္မဂါရဝ          =  တရားတော်​၌ ရိုသေလေးစားခြင်း။
၃။ သံဃဂါရဝ       =  သံဃာ၌ ရိုသေလေးစားခြင်း။
၎။ သိက္ခာဂါရဝ      =  ကျင့်​ဝတ်​သိက္ခာပုဒ်​၌ ရိုသေလေးစားခြင်း။
၅။ သမာဓိဂါရဝ     =  တည်​ကြည်​ငြိမ်​သက်​သော ဣနြေ္ဒ၌ ရိုသေ
                             လေးစားခြင်း။
၆။ အပ္ပမာဒဂါရဝ   =  မမေ့မလျော့ခြင်း သတိတရား၌ ရိုသေလေး
                            စားခြင်း။
၇။ ပဋိသန္ဓာရဂါရဝ =  တစ်​ဦးနှင့်​တစ်​ဦး မိတ်​ဆက်​စေစပ်​မှု၌ ရိုသေ
                            လေးစားခြင်း။
၈။ ဟိရီဂါရဝ        =  မကောင်းမှုပြုရာ၌ ရှက်​တတ်​ခြင်းကို ရို
                            သေလေးစားခြင်း။
၉။ ဩတ္တပ္ပဂါရဝ    =  မကောင်းမှုပြုရာ၌ ကြောက်​တတ်​ခြင်းကို
                            ရိုသေလေးစားခြင်း။
၁၀။အညမညဂါရဝ = တစ်​ဦးကိုတစ်​ဦး အပြန်​အလှန်​ ရိုသေလေး
                            စားခြင်း။

´´ ဂုဏဝုဍ္ဎိ `` မိထက်​ ´ ဂုဏ်​ ` အားဖြင့်​ကြီးသောသူ။ ´´ ဝယဝုဍ္ဎိ ``
မိမိထက်​ ´ အရွယ်​` အားဖြင့်​ကြီးသောသူဟူ၍ ရိုသေထိုက်​သူ နှစ်
မျိုးနှစ်​စားကို တွေရမည်​ဖြစ်​ပါသည်​။

´´ ဂုဏဝုဍ္ဎိ`` ဆိုသည်​မှာ လောကုတ္တရာနယ်​ပယ်​၌ မိမိထက်​ သီလ
ဂုဏ်​, သမာဓိဂုဏ်​, ပညာဂုဏ်​အားဖြင့်​ ကြီးမြတ်​သူများကို ရိုသေလေး
စားရခြင်းဖြစ်​သည်​။

´´ ဝယဝုဍ္ဎိ`` ဆိုသည်​မှာ မိမိထက်​ တစ်​ရက်​, တစ်​လ, တစ်​နှစ်​မှသည်
အသက်​အရွယ်​ကြီးသောသူများကို ရိုသေလေးစားရခြင်းဖြစ်​သည်​။ ဤ
သည်​မှာ အိမ်​ရာထူထောင်​သူတို့ လိုက်​နာရခြင်းဖြစ်​၍ ရဟန်းသံဃာတို့
တွင်​မှု အသက်​ကြီးမှုသည်​ လိုရင်းမဟုတ်​ သိက္ခာ ( ဝါတော်​ )ကြီးမှုက
သာ ပဓာနဖြစ်​သည်​။ အသက်​အားဖြင့်​ငယ်​သော်​လည်း ဝါကြီးသူဖြစ်
လျှင်​ အသက်​အားဖြင့်​ ကြီးသော်​လည်း ဝါငယ်​သူဖြစ်​ပါက ဝါကြီးသူကို
ဝါငယ်​သူက ရိုသေရသည်​။

မှတ်​ချက်​။   ။ ရှင်​သာမဏေတွင်​မူ ဝါနှင့်​မဆိုင်​ အသက်​ကြီးသူကို ငယ်
                 သူကရိုသေရသည်​။

        ဂါရဝတရားရှိသူတို့ ရအပ်​သော အကျိုးတရားများ

၁။ လိမ္မာယဉ်​ကျေး၍ အသိတရားရှိသူဟု လူတို့၏ ပြောဆိုချီးမွမ်း
     မှုကို ခံရခြင်း။
၂။ အရိုအသေပြုခြင်းခံရသူတို့၏ ချစ်​ခင်​မှုကို တုံ့ပြန်​ရရှိခြင်း။
၃။ သေပြီးသည်​၏နောက်​ ကောင်​ရာသုဂတိဘုံဘဝကို
    ရောက်​နိုင်​ခြင်း။
၎။ သုဂတိဘုံ၌လည်း မြင့်​မြတ်​သောအမျိုး၌ ဖြစ်​ရ၍ အသက်​ရှည်
    ခြင်း၊ အဆင်းလှခြင်း၊ ခွန်​အားဗလကြီးခြင်းစသော အကျိုးကျေး
    ဇူးများကို ရရှိနိုင်​ပေသည်​။

No comments:

Post a Comment