Friday, January 4, 2019

ကြောက်စရာကောင်းသော `ချစ်ခြင်း´

ကြောက်စရာကောင်းသော `ချစ်ခြင်း´
⛲⛲⛲⛲⛲⛲⛲⛲⛲⛲⛲

ချစ်ခြင်းကြောင့် ဖြစ်သော
ဆင်းရဲဒုက္ခတို့မှာ
ရေတွက်၍ မကုန်နိုင်အောင်
များပြားလှသည် ။

ချစ်ခြင်းကြောင့်
ချစ်အပ်သောအရာ ပျက်ဆီးလျှင်
ပူပန်ဆင်းရဲရသည် ။

ချစ်ခြင်းကြောင့်
မနာလိုဝန်တို    ဖြစ်ရသည် ။

မနာလိုဝန်တိုမှုကြောင့်
မလုပ်သင့်တာ    လုပ်မိသည် ။
မပြောသင့်တာ     ပြောမိသည် ။

ချစ်ခြင်းကြောင့်
ပစ္စုပ္ပန်    ဆင်းရဲကြောင်း
သံသရာ    ဆင်းရဲကြောင်းတွေကို
လုပ်မိ    ပြောမိသွားသည် ။

ထို့ကြောင့်  ချစ်ခြင်းသည်
ပစ္စုပ္ပန် ဆင်းရဲကို သာမက
သံသရာ ဆင်းရဲတွေကိုပါ
ဖန်တီးနိုင်ကြောင်း သိနိုင်သည် ။

အမှန်စင်စစ် ချစ်ခြင်းဟူသည်    လောဘသာတည်း ။

လောဘသည် ဒုက္ခဖြစ်ကြောင်း
သမုဒယသစ္စာသာ ဖြစ်သည် ။

ထို့ကြောင့် ဒုက္ခဟူသမျှ
ချစ်ခြင်းကြောင့် ဖြစ်ရသည်ဟု
ဆိုရလေသည် ။

ချစ်ခြင်း   ကြီးလေ
ဒုက္ခကြီးလေ ။

ချစ်ခြင်း နည်းလေ
ဒုက္ခ    နည်းလေ ။

`ချစ်ခြင်း အပြည့်´ `ဒုက္ခ အပြည့်´ ။

ချစ်ခြင်း မရှိ
ဒုက္ခ မရှိ ။

(  သစ္စာရွှေစည် ဆရာတော် အရှင်ဥတ္တမ  )

Credit : Dhanma darna

No comments:

Post a Comment