Monday, January 14, 2019

အာနာပါန၏ လက်ငင်းဒိဋ္ဌ အကျိုး

ရဟန်းတို့ - စိတ်ကို ဘာဝနာ၏အစွမ်းဖြင့် မပွားအပ်သည်ရှိသော် အမှု၌- မခံ့၊ ထိုအမှု၌ - မခံ့သော တစ်ခုသော သဘောတရားမျှကိုလည်း ငါဘုရားသည် ကြည့်ရှု၍ မြင်တော်မမူ -

       ရဟန်းတို့ - စိတ်ကို ဘာဝနာ၏အစွမ်းဖြင့် ပွားများအပ်သည် ရှိသော် အမှု၌- ခံ့၏၊ ထိုအမှု၌- ခံ့သော တစ်ခုသော သဘောတရားမျှကိုလည်း ငါဘုရားသည် မြင်တော်မူ၏။ 
(အံ- ၁- ၆)

       မိမိစိတ်ကို မစောင့်စည်းဘဲ စိတ်အလို စိတ်အကြိုက်​ လိုက်၍နေပါမူ စိတ်လောက် ဂနာမငြိမ်၊ ဂမူးရှူးထိုး၊ နွားသိုးကြိုးပြတ်၊ပေါက်လွတ်ပဲစား ဖြစ်တတ်သော သဘောတရားမည်သည် မရှိ​ချေ။

       မိမိအကျိုးပေး ဆုတ်ယုတ်စေတတ်သည့် (တစ်နည်း) အပါယ်လေးပါးသို့ ကျရောက်စေမည့် အကုသိုလ် စိတ်ယုတ်မာများ ထကြွလာပါက ဘာဝနာ တစ်​နည်းနည်းဖြင့်​ ပွားများအားထုတ်​လိုက်​လျှင်​ စိတ်​ကဲ့သို့ ငြိမ်ဝပ်​ပိပြား တည်​ကြည်​ခိုင်​ခန့်​​သော သဘောမည်​သည်​ မရှိ​တော့​ချေ။
( စိတ်​မငြိမ်​လျှင်​ လူမငြိမ်​ )

       စဉ်းလဲ​ကောက်​ကျစ်​​သော နွားလားကို ပဲ့ပြင်​ဆုံးမ လိုသူသည်​ ချည်​တိုင်​၌ ခိုင်​မြဲစွာ  ချည်နှောင်သကဲ့သို့ ဤအတူ ပျက်ချော်လေလွင့်​​နေ​သော မိမိစိတ်​ကို​ ဆုံးမပဲ့ပြင်လိုသူသည်​ ကမ္မဋ္ဌာန်းဘာဝနာကို မှတ်သားခြင်း - သတိ ဟူသောကြိုးဖြင့် ကမ္မဋ္ဌာန်းအာရုံ၌ ထိုစိတ်ကို ကျပ်တည်းခိုင်မြဲစွာ နှောင်ဖွဲ့ချည်​ရာ၏။
( ဝိသုဒ္ဓိမဂ်​- ၁- ၂၆၁၊ ပြန်​- ၁- ၅၃၂ )

       ရဟန်းတို့ - နွေလတို့၏ နောက်ဆုံးလ၌ အထက်သို့ လွင့်တက်ပြန့်လွင့်နေသော မြူမှုန်တို့ကို အခါမဲ့ သည်းထန်စွာသွန်းသော မိုးကြီးသည် တစ်ခဏခြင်း ကွယ်ပျောက် ငြိမ်းအေးစေနိုင်သကဲ့သို့၊ ဤအတူပင် ရဟန်းတို့ ဤအာနပါနသတိ သမာဓိသည်​  ပွားများလေ့လာအပ်သည်ရှိသော်- ငြိမ်လည်း ငြိမ်သက်၏၊ မွန်လည်းမွန်မြတ်၏၊ ထပ်လောင်း ဖြည့်စွက်စရာလည်း မရှိ။ှိချမ်းသာစွာလည်း နေရာဖြစ်၏။ ဖြစ်တိုင်း ဖြစ်တိုင်းသော ယုတ်မာသော အကုသိုလ်တရားတို့ကိုလည်း တစ်ခဏချင်း ကွယ်ပြောက်ငြိမ်းအေးစေနိုင်၏ဟု မိန့်တော်မူ၏။
( သံ- ၃- ၂၈၂ / ဝိ- ၁- ၈၈/ ၉ )

       အာနာပါန အားထုတ်သူသည် ငြိမ်သက်ရ၏။ ယိမ်းထိုးမ​နေရ မွန်​မြတ်​​သော  ဘာဝနာဖြစ်၏။ ထွက်လေ၀င်လေမှ တစ်ပါးအခြား ဖြည့်​စွက်​စရာမလို ချမ်းသာစွာလည်း ဖြစ်​၏။ ဖြစ်​ဖြစ်​သမျှ အကုသိုလ်​ကို ချက်ချင်းလက်ငင်း ဒိဋ္ဌ ကွယ်ပျောက်​ချုပ်​ငြိမ်းခြင်း အကျိုးရသည်မှာ ထင်ရှားလေ၏။

       သမထဘာဝနာပွားလျှင် အဝိဇ္ဇာမှ တစ်ပါး ကျန်နီဝရဏတရား (၅)ပါး ငြိမ်း၏။
       ဝိပဿနာ ဘာဝနာပွားလျှင် အဝိဇ္ဇာနှင့်တကွ နီဝရဏတရား (၆)ပါး ငြိမ်း၏။

       အာနာပါန - အစပိုင်းကား သမထဖြစ်သည်။ အာနာပါနဘာဝနာ ပွားများရခြင်းသည် ယုတ်မာတဲ့ အကုသိုလ်​ ဒိဋ္ဌ ငြိမ်းအေးခြင်း၊ အဝိဇ္ဇာမှ တစ်ပါးသော အကုသိုလ်ဖြစ်ကြောင်း နှောက်ယှက်တတ်သည့် နီဝရဏတရားတို့ ချုပ်ငြိမ်းကြသည်။

No comments:

Post a Comment