Saturday, January 5, 2019

သတိတံခါးရွက် နှင့် ပိတ်မှလုံခြုံ

🔺❝ သတိတံခါးရွက် နှင့် ပိတ်မှလုံခြုံ ❞🚩

✪ မျက်စိကို မှိတ်၊ နားကို ပိတ်၍ ကျင့်ရမည် ဟု
ဆိုရိုးစကားရှိရာဝယ် #မှိတ်ရုံ   #ပိတ်ရုံဖြင့် မရပါ၊
စက္ခုနြေ္ဒ (စက္ခုပသာဒ)ဟူသော တံခါးပေါက်ကို
သတိတည်းဟူသော တံခါးရွက်ဖြင့်
ပိတ်ဆို့ပြီး ကျင့်မှ လုံခြုံသည် မည်ပါသည်။

✪ စက္ခုနြေ္ဒ နှင့် ရူပါရုံတို့ ထိခိုက်၍
စက္ခုဒွါရဝီထိ ဖြစ်ရာတွင်
ဘဝင်စိတ်, အာဝဇ္ဇန်းစိတ်, စက္ခုဝိညာဉ်စိတ်,
သမ္ပဋိစ္ဆိုင်းစိတ်, သန္တီရဏစိတ်, ဝုဋ္ဌောစိတ်တို့
ဖြစ်သောအခါတို့၌
စောင့်စည်းမှု-သံဝရ, မစောင့်စည်းမှု-အသံဝရ
ဟူ၍ မဖြစ်ပေါ်သေးချေ။

✪ ဇောစိတ်ဖြစ်သောအခါ၌ -
သီလရှိသူ၏အဖြစ်,
သတိရှိသူ၏ အဖြစ်,
အသိဉာဏ်ရှိသူ၏ အဖြစ်,
သည်းခံနိုင်သူ၏အဖြစ်,
မပျင်းမရိသူ၏အဖြစ်  
တို့ဖြင့် စောင့်စည်းခြင်း သံဝရသည် ဖြစ်၏၊

  🎌 ထိုဇောခဏ၌ -          
စောင့်စည်းကိုပင် စက္ခုနြေ္ဒကို စောင့်စည်းခြင်း
(မျက်စိကို မှိတ်၍ ကျင့်သည်) ဟု ဆိုအပ်ပါသည်။

✪ ဥပမာအားဖြင့် -
မြို့တံခါးတို့ကို ကောင်းစွာပိတ်ဆို့စောင့်ရှောက်ထားပါ က
ခိုးသားဓားပြတို့ မြို့တွင်းသို့ မဝင်နိုင်သောကြောင့်
မြို့တွင်းရှိ တံခါးများကို ကောင်းစွာ မပိတ်သော်လည်း
ပစ္စည်းဘဏ္ဍာတို့ကို ကောင်းစွာလုံခြုံစေပါသည်၊

✪ ဤဥပမာအတူ ဇောစိတ်ခဏ၌ -
သီလစသောကုသိုလ်တရားတို့ ဖြစ်သောအခါ၌
ဒွါရသည်၎င်း, ဘဝင်သည်၎င်း, အာဝဇ္ဇန်းအစ
ဝုဋ္ဌောအဆုံးရှိသော ဝီထိစိတ်တို့သည်၎င်း
#အဘိဇ္ဈာစသော အကုသိုလ်တရားတို့မှ
#ကင်းကွာလုံခြုံကုန်၏။

✪ ထို့ကြောင့် -
#မျက်စိကို မှိတ်၊ #နားကို ပိတ်၍ ကျင့်ရမည်”ဟု
ဆိုရိုးစကားအရ မှိတ်ရုံပိတ်ရုံဖြင့် မရဘဲ
စက္ခုဒွါရတို့ကို •••
အကုသိုလ်တရားတို့ မဝင်အောင် ဇောအခိုက်၌
သတိတည်းဟူသော တံခါးရွက်ဖြင့် ပိတ်မှ
လုံခြုံသည် မည်ပါသည်။

                     【ဝိသုဒ္ဓိမဂ် အမေးအဖြေများမှ 】

❁ အပ္ပမာဒေန သမ္မာဒေထ ✍
❀ရွှင်လန်း❀ချမ်းမြေ့❀ပါစေ❀

No comments:

Post a Comment