Friday, January 4, 2019

“ လွတ်လပ်ရေးကြေငြာစာတမ်း ”

အောင်စေသတည်း -

၁။ မြန်မာသက္ကရာဇ် ၁၃၀၉-ခုနှစ်၊ ပြာသိုလဆုတ်
၉-ရက်
(အင်္ဂလိပ်သက္ကရာဇ် ၁၉၄၈-ခုနှစ်၊ ဇန်န၀ါရီ ၄-ရက်)
တနင်္ဂနွေနေ့ ...
ကောင်းမြတ်သန့်စင် မင်္ဂလာ အပေါင်းနှင့် ပြည့်စုံ
သောအခါ၌ ဤငါတို့မြန်မာပြည်သည် လုံးဝ လွတ်
လပ်သော အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စု
သမ္မတမြန်မာနိုင်ငံတော်ကြီး အဖြစ်သို့ရောက်ပြီ။

၂။ ဤငါတို့ မြန်မာနိုင်ငံတော်ကြီး သည် လိုရာမတ
ပြည့်စုံလှ၍ ဘူမိနက်သန် မှန်သောမြေထူးမြေမြတ်
လည်းဖြစ်၏။
မွန် မြတ် သန့်စင်သောတရားထူး တရားမြတ်တို့
တည်ရာ မြေကောင်းမြေမွန်လည်းမှန်၏။
မြေတွင်းမြေပြင် အထူးထူးသော ရတနာ အပေါင်း
တို့နှင့်ပြည့်စုံသဖြင့် သတ္တ၀ါအပါင်းတို့ ဆွတ်ယူစား
သုံး ကမ္ဘာဆုံးသော် လည်း မသုဉ်းမကုန်နိုင်သော
ပဒေသာစစ်အနှစ်သာရကြွယ်ဝ ပြည့်စုံသော မြေ
လည်း ဖြစ်၏။
ဘူမိနက်သန်မှန်လှထူးချွန် ဤမြေ မွန်မြေမြတ်၌
ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ စသည်ဖြင့်
တစ်သွေးတစ်သား တစ်မိဖွားဖြစ်ကြကုန်သော
ငါတို့ သည် နှစ် ပေါင်းထောင်ရာ သင်္ချာပွားတက်
ရေတွက် ခြင်းငှာမတတ်နိုင်ရာသော ရာဇ၀င်ရှည်ဝေး
ရှေးပဝေဏီမှစ၍ တညီတညွတ် တစုတရုံးလွတ်
လပ်သောလူမျိုးအဖြစ် တည်ခဲ့ကြ၏။

တကောင်း၊ သရေ ခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊
ပင်းယ၊ အင်းဝ၊ ကုန်းဘောင် ထို့ နောက် မန္တလေး
အထိ ငါတို့၏ လွတ်လပ်ရေးသည် နေရောင် လ၀ါ
ပမာကဲ့သို့ တဖြာဖြာ တ၀င်းဝင်းကမ္ဘာချဉ်းအောင်
ထွန်းလင်းခဲ့ပေ။ သို့ရာတွင် ကမ္ဘာ့တန်ဆာ ကာလ
အသင်္ချေတည်နေအပ်သော နေမင်းသူရိယာ လစန္ဒာ
တို့ပင် ဆီးနှင်းမြူတိမ်ဖုံးအုပ်၍ ခဏခေတ္တ အရှိန်အ၀ါ
ညှိုးလျော်နွမ်းလျ မထွန်း မပဖြစ်ဘိသကဲ့သို့ ငါတို့၏
လွတ်လပ်သော မြန်မာနိုင်ငံတော် သည်လည်း လွန်ခဲ့
သည့် နှစ်ပေါင်းလေးရာခန့်က ဥရောပ တိုက်မှ ထွက်
ပေါ်လာ၍ တစ်ကမ္ဘာလုံးကို ရစ်ပတ် အုပ်ဖုံးခဲ့သော
နယ်ချဲ့ဝါဒကြီး နှင့် မရှောင် မကွင်းသာ ကြုံကြိုက်ဆုံ
တွေ့မိ၍ ပဋ္ဌမ အင်္ဂလိပ်မြန်မာစစ်၌ ရခိုင်၊ တနင်္သာရီ၊
ဒုတိယ အင်္ဂလိပ် မြန်မာစစ်၌ ဟံသာဝတီ၊ ပဲခူး၊ယတတိယအင်္ဂလိပ် မြန်မာစစ်၌ မန္တလေးရတနာပုံ
သုံးကြိမ် သုံးတန်ချ အပ်ရခြင်းဖြင့် ဤ မြေထူးမြေ
မြတ်၌ နှစ်ပေါင်း ထောင်ရာစောင့်ထိန်း၍ လာခဲ့ကြ
သော ငါတို့၏ လွတ် လပ် ရေးသည် ငါတို့ လက်မှ
လွတ်၍ လက်အောက်ခံဘ၀သို့ လုံးဝ ရောက်ခဲ့ကြ
ရသည်။

သို့ သော် နေမင်းသူရိ ယာ လစန္ဒာတို့ကို ဆီးနှင်းမြူ တိမ်တို့သည် မည်သို့ပင်ဖုံး လွှမ်းစေကာမူ နေလ
တို့၏ အရှိန်အတောက်ကို မခံနိုင်ရ ကား ခေတ္တမျှ
နှင့်ပင် လွင့်စင်ကွယ်ပျောက်၍ နေ၀ါလရောင်သည်။
ပကတိအသရေ ကိုပြန်၍ ဆောင်လေဘိသကဲ့ သို့
ငါတို့အပေါ်၌ လွှမ်းဖုံးအပ် သောနယ်ချဲ့ဝါဒ သည်
ငါတို့၏ ကမ္ဘာရှည်မြင့်ရင့်မာလှသော လွတ်လပ်ရေး
စိတ်ဓာတ်၏ အရှိန် အတောက်ကို မခံနိုင်ရကား
ခြောက်ဆယ့်တစ်နှစ်တစ်လနှင့် တစ်ရက် သော
အခိုက်အတန့် ကလေးမှာပင် အလိုအလျောက်
ကွယ် ပျောက်သွားရသဖြင့် ဤနေ့ ဤအခါမှစ၍
ငါတို့သည် အသူ ရိန်ခံတွင်းမှ ရှင်းရှင်းကြီး လွတ်
မြောက်အပ်သော လပြည့်စန်းပမာ သန့်ရှင်းစင်ကြယ်
ချမ်းမြေ့သာယာစွာဖြင့် လွတ်လပ်သော ဘ၀ထူး
ဘ၀မြတ်ကို လက်ဆုပ်လက်ကိုင် အပိုင်ရရှိ ကြပြီ။

၃။ ယခု ငါတို့ရရှိအပ်သော လွတ်လပ် ရေးသည်
ရေတွင်ရုပ်ရေး မြသွေးကောင်းကင်တိမ်ရိပ်ထင်
သကဲ့သို့သော လွတ်လပ် ရေးမဟုတ်၊ ငါတို့အား
လွတ်လပ်ရေးလမ်း စဉ်သို့ ညွှန်လည်းညွှန်ပြလမ်းစ
ရှာကြံအမြန်ရောက်အောင် ပို့ဆောင်ခဲ့ကြပေသော
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အ၀၀သော ကူး တို့မှူး
ခေါင်းဆောင်ကြီးတို့၏ မဆုတ်မနစ်သော လုံ့လ
မလျော့သောဝီရိယဆီမီးတန်ဆောင်ကဲ့သို့ ထွန်းပ
အပ်သော ဥာဏ်မျက်စိ ၀ဇီရစိန်သွားကဲ့သို့ စူးရှသော
သတ္တိတို့ ကြောင့် အဟံမမသံပ ကြုံးဝါး အခြားအခြား
လွတ်လပ်သော နိုင်ငံကြီးတို့နှင့်တန်းတူ မြူတစ်ခြမ်း
မျှ မလျော့မလို ထိုထိုသို့ သော တန် ခိုးရှိန်ဝါတေဇာ
အပေါင်းတို့နှင့် ပြည့်စုံသော အချုပ်အခြာတည်းဟူ
သော အာဏာထူး အမြတ်ကို ငါတို့လက်ကိုင် အပိုင်
ရရှိကြပြီ။

၎။ ငါတို့သည် တစ်မျိုးဘာသာ တစ်စိတ်တစ်ဒေသ၏
ကောင်းကျိုးချမ်းသာကို မလိုလား ကျောသား ရင်
သား သူကားငါ ခွဲခြားခြင်းကို အလိုမရှိ၊ မြစ်ချောင်း သီတာ သမုဒ္ဒရာတောင်တန်းတို့ဖြင့် ကမ္ဘာ့ဓမ္မတာ
သဘာဝအပိုင်းအခြား ထင်ရှားစွာ သတ်မှတ်အပ်
သော ရာဇ၀င်ရှည်ဝေး ရှေးပဝေဏီမှစ၍ယခုထက်
တိုင် မြန်မာနိုင်ငံသားဟု သမုတ်အပ်သူတိုင်းရင်းသား
အပေါင်းတို့ ဇာတိ ချက်ကြွေ နေထိုင်ရာ မြန်မာနိုင်ငံ
တော် တစ် ၀ှမ်းကို တစ်သွေးတစ်သားတည်းဟူသော
ကြိုးထူး၊ တစ်စိတ်တစ်ဝမ်းတည်းဟူသော ကြိုးထူး၊
အလိုအလျောက် သဘာဝအ ထောက်အပံ့ဖြင့်သာ
လျှင် ဖြစ်ပေါ်အပ်သော စေတနာတည်းဟူသော ကြိုး
ထူး ဤ ကြိုးသုံးပါးဖြင့် ကမ္ဘာဆုံးတိုင် မြဲခိုင်တည်တံ့
အောင် ရစ်ပတ်ဖွဲ့စည်းအပ်သော ပြည်ထောင်စု
အဖြစ်ကို လက်ဆုပ် လက်ကိုင် ငါတို့ အပိုင်ရလေပြီ။

၅။ ငါတို့နိုင်ငံတော်ကြီးသည် မည်သူ တစ်ဦးတစ်
ယောက် တစ်ဖွဲ့တစ်သင်း၏ အမွေအနှစ်မဟုတ်၊
မည်သူတစ်ဦး တစ်ယောက် တစ်ဖွဲ့ တစ်သင်း၏
ပုဂ္ဂ လိကအပိုင် ပစ္စည်းမဟုတ်၊ မည်သူတစ်ဦး
တစ်ယောက် တစ်ဖွဲ့တစ်သင်းက ချုပ်ကိုင်အနိုင်သိမ်း
ယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်၊ အတိတ် ကာလလည်းကောင်း၊ ယခု မျက်မှောက်တွင် လည်း
ကောင်း၊နောင်လာလတံ့ သော အနာဂတ်ကာလ၌
လည်းကောင်း၊ ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီ
တင်း နေထိုင်ကြသော ကြီးငယ်ဝေးနီး ကျား/မ မခြား
သစ္စာတော်ခံနိုင်ငံသား ဟူသရွေ့ ဒို့၏ အမွေအနှစ်
အပိုင်ပစ္စည်း အကျိုးခံစားရာဖြစ်သည်ဟူသော
လူ့ဘာသာ လူ့တရား နှင့်အညီကမ္ဘာဦးကာလ လူတို့၏ စည်းရုံးမှု ၌လူအပေါင်းတို့၏ သဘောဆန္ဒအရ
လူ အ၀ှမ်း၏အကျိုးကိုကောင်းစွာ ဆောင်ရွက် နိုင်အံ့
သော ပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတ တင်မြှောက်
ကြသော မဖောက်မပြန် မစွန်းမငြိ ပကတိသန့်ရှင်း
ဖြူစင်သော မူလလူ့ဝါဒ နှင့် လျော်စွာ စည်းကမ်း
ဥပဒေ သေချာထင်ရှားစွာ ပိုင်းခြားသတ်မှတ် တူညီ
သော တရား တူညီသောအခွင့်အရေးတူညီသော
အဆင့်အတန်းအားဖြင့် ကမ္ဘာအရှည် တည်စိမ့်သော
ငှာ လူအပေါင်းတို့၏ဆန္ဒသာလျှင် အဓိကဖြစ်သော
သမ္မတမြန်မာနိုင်ငံတော် တည်းဟူသောမြတ်သော
အဖြစ်ကို လက်ဆုပ် လက်ကိုင် ငါတို့ အပိုင်ရပြီ။

၆။ သိကြကုန်လော့၊ယနေ့ မင်္ဂလာအ ပေါင်းနှင့်ပြည့်
စုံသော ဤအချိန်မှစ၍ ငါတို့ ၏ မူလအပိုင်ဖြစ်သော
လုံးဝ လွတ်လပ်ရေးကို ငါတို့ ပြန်၍ယူပြီ။ တိုင်းရင်း
သား အပေါင်းတို့ သွေးစီးညီညွတ်လျက် အခွင့်အရေး
အဆင့်အတန်းတူညီသည့် ပြည်ထောင်စုသမ္မတနိုင်ငံ
တော်ကြီးကို တည်ထောင်ပြီ။ ငါတို့လွတ်လပ်ရေးနှင့်
ငါတို့နိုင်ငံတော်ကြီး၏သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်း
မယိုင် တည်မည်၊ ငါတို့သည်လွတ်လပ်သော နိုင်ငံ
ဖြစ် သည်နှင့်အညီ ကမ္ဘာ့လွတ်လပ်သော နိုင်ငံ
အပေါင်းတို့တရားသဖြင့်ကျင့်ဆောင်အပ် သောကျင့်
ဝတ်ကို စောင့်ရှောက်ကျင့် ဆောင်မည်၊ ငါတို့၏
လွတ်လပ်ရေးကို ငါတို့ ချစ်မြတ်နိုးသည်နှင့်အညီ
တစ်ပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့လေးစား စောင့်စည်းမည်။ ငါတို့သည် ငြိမ်းချမ်းရေးကို
အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့ လိုလား သူများနှင့်
အတူလက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်း ရေးကို ကာကွယ်
စောင့်ရှောက်မည်။ ဤငါတို့ကြေညာချက်ကို
တစ်ကမ္ဘာ လုံးတစ်ယောက်မကျန် ကြားသိစေ
သတည်း။

( ၁၉၄၈ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက် တနင်္ဂနွေနေ့ )

ရေးသားသူများ
---------------
အဆိုပါ လွတ်လပ်ရေးကြေညာစာ
တမ်းရေးသူများမှာ ---
ဦးသိန်းဟန်(ဆရာ ဇော်ဂျီ)၊
ဦးဝန်(မင်းသုဝဏ်)၊
ဆရာယော (ဆရာဇေယျ)၊
ဆရာဦးအုန်းဖေ(တက်တိုး)၊
ဦးဝင်းစိန် (တင့်တယ်)
စသည်တို့ဖြစ်ကြသည်။

No comments:

Post a Comment