Monday, January 14, 2019

တရား ဆိုတာ နာရတယ်

တရားဆိုတာ နာရတယ်နာလို့ရှိရင်
ဒီဘဝ အပြည့်အဝ နားမလည်လည်း
မျိုးစေ့ကလေးတော့ ဖြစ်သွားတယ် …

နောင်ဘဝအတွက် မျိုးစေ့ရတယ်ဆိုတာ နည်းတာမဟုတ်ဘူး …
မျိုးစေ့ကလေး ရသွားနိုင်တယ် …

အေး …ဒီလိုလေးတောင် ဘုရားသာသနာနဲ့ကြုံတဲ့ အချိန်လေးမှာ
မျိုးစေ့လေးတောင် မရလိုက်လို့ရှိရင် နောင်ဘဝ အပင်ဆိုတာ မမျှော်လင့်လေနဲ့ …

သံသရာထဲမှာမျှော်လင့်စရာ အကြောင်းမရှိဘူး …ဘုရားနဲ့တွေ့လည်းပဲ မကျွတ်နိုင်တဲ့ နလပိန်းတုန်းပဲ ဖြစ်မှာပဲ …

အေး …တရားဓမ္မကို နားမလည်ဘူး၊ဒီဘဝမှာ နားလည်နိုင်တဲ့ စွမ်းအား မရှိခဲ့ဘူး၊နားမလည်ခဲ့ဘူး …

တရားဆိုတဲ့အသံနားထဲတောင်မရောက်ဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေဟာနောက်ဘဝလည်းပဲရောက်ဖို့သိပ်မရှိတော့ဘူး …
ဝေးသထက်ဝေးသွားတတ်တယ် …

ဒါက မဖြစ်ဘူး မပြောနဲ့ …

ပဉ္စက္က ပုဏ္ဏား လင်မယား
ကဿပမြတ်စွာဘုရား လက်ထက်က
နာမရူပ ဆိုတဲ့ စကားလုံးနဲ့ ရှင်းဟောတာ
တစ်ခါတည်း အနာဂါမ် တန်းဖြစ်တယ်လေ …

ဘာဖြစ်လို့ ဖြစ်တာတုန်းဆိုတော့
နာမရူပ ဆိုတဲ့ စကားလုံးလေးကို
ကြားခဲ့ဖူးလို့တဲ့ …အတိတ်က အကြောင်းနဲ့ ပြန်ဆက်ပေးတာ …

ဘယ်အရာမှ ပျောက်သွားတာမရှိဘူး
online ဖြစ်နေတာ …

ကိုယ့်သန္တာန်မှာဖြစ်သွားတဲ့အသိဥာဏ်တစ်ခုဟာ အခုခေတ် စကားနဲ့ပြောရင် online ဖြစ်နေတာ …
online ဖြစ်နေတယ်ဆိုတာ
နောက်ထပ်အကြောင်းတစ်ခုပေါင်းလိုက်တာနဲ့ တစ်ပြိုင်နက် သူကပေါ်လာမှာ …

ဒါကြောင့်မို့လို့ …

ုမတ်စွာဘုရားသာသနာနဲ့ ကြုံတွေ့နေတဲ့အချိန်လေးမှာ
မိမိတို့တရားဓမ္မကိုလေ့လာသင့်တယ် …
နားလည်အောင်မှတ်ယူသင့်တယ်လေ့လာသင့်တယ် …

အဲဒီလို
မှတ်ယူလေ့လာခြင်းဟာဘယ်တော့မှအလဟသမဖြစ်ဘူးတဲ့ …
လုပ်ထားတဲ့အရာတွေဟာအလဟသသဲထဲရေသွန်ဖြစ်တယ်ဆိုတာမရှိဘူးတဲ့ …

အဲဒါကြောင့်မို့လို့ အင်မတန်မှ ခိုင်မြဲတယ် …

ဒီ အသိဥာဏ်တွေ ဆိုတာ
အနိစ္စသဘောတရားအရပျောက်သွားပေမယ့်လို့ သူ့ရဲ့စွမ်းရည်သတ္တိတွေကကျန်ရစ်တယ် …

ကြည့်လေ
ငယ်ငယ်တုန်းက `က၊ခ´ မရေးတတ်တဲ့ အချိန်မှာ ဆရာ၊ ဆရာမ တွေဆီက သင်ထားတာကြီးတော့ ပျောက်သွားလား …

ဘယ် ပျောက်မလဲ
ငယ်ငယ်တုန်းက ရေးတတ်တာ သင်ထားတာဟာ ကြီးတော့ ပျောက်သွားတာမှ မဟုတ်တာ …

အသိဥာဏ် ဆိုတာ
ပျောက်မသွားဘူးတဲ့ ၊ ပြန်ပေါ်လာတယ် …

ဒါကြောင့်မို့လို့ …တရားဓမ္မကိုလေ့လာလိုက်စားကြရတယ် …
ကျင့်ကြံကြိုးကုတ်အားထုတ်ရတယ် …

ဒေါက်တာ_အရှင်_နန္ဒမာလာဘိဝံသ

Credit , Original  Uploader

No comments:

Post a Comment