Monday, January 14, 2019

အတောင်မျက်စိ စုံသည့်ငှက်သို့

အတောင်မျက်စိ စုံသည့်ငှက်သို့
🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄

>> ရင်တွင်း နှလုံးတွင်းမှာ သက္ကာယဒိဋ္ဌိမီး
ငြိမ်းကုန်သော ဝိသာခါ အနာထပိဏ် အစရှိသော

သူတို့မှာမူကား တစ်ဘဝမှ တစ်ဘဝသို့
ပြောင်းရွေ့ကြသောအခါ မိမိတို့ စိတ်ကြိုက်ရှိရာ

ကောင်းမြတ်ရာဘုံဘဝတို့ကိုသာ ရောက်ကြရကုန်
၏။

စိတ်ကပင် အထူးကြံရွယ်မှု မရှိကြသော်လည်း
ယုတ်ညံ့သောဘုံဘဝသို့ ကျရောက်ခြင်း

မရှိကြရကုန်ပြီ။
ကောင်းမြတ်သောဘုံဘဝသို့သာ

ရောက်ကြရကုန်၏။
ဥပမာဆိုသည်ရှိသော်ကား မျက်စိအား

အတောင်အားဖြင့် ပြည့်စုံကြကုန်သော
ကျေးငှက်တို့သည် မိမိတို့အလိုရှိရာ

စိတ်ပျော်မွေ့ရာ သစ်ပင်တစ်ခုမှ သစ်ပင်တစ်ခုသို့
ဥယျာဉ်တစ်ခုမှဥယျာဉ်တစ်ခုသို့

တောတစ်ခုမှ တောတစ်သို့ ကောင်းကင်ခရီးဖြင့်သာ ပျော်ပျော်ပါးပါး

သွားလာပြောင်းရွေ့ကြကုန်သကဲ့သို့တည်း။

>> ရင်တွင်း နှလုံးတွင်းမှာ သက္ကာယဒိဋ္ဌိမီး
ငြိမ်းသဖြင့်လည်း အလုံးစုံသော ဒိဋ္ဌိမီး

အလုံးစုံသော ဒုစရိုက်မီးတို့သည် ငြိမ်းကြလေကုန်၏။

ရင်ထဲ နှလုံးထဲမှာ အမြဲပါရှိ၍နေကုန်သော
အပါယ်လေးဘုံတို့သည် အကုန်

ကွယ်ပျောက်ကြလေကုန်၏။

>> အပါယ်လေးဘုံတို့သည်သာ
ကွယ်ပျောက်ကုန်သည် မဟုတ်ကုန်သေး။

ထိုသက္ကာယဒိဋ္ဌိမီး ငြိမ်းကုန်ပြီးသော သူတို့သည်
လူဖြစ်သော်လည်း စည်းစိမ်ဥစ္စာ အလိမ္မာဥာဏ်

ဂုဏ်သိရ်ကြီးမြတ်သော အမျိုး၌သာ
ဖြစ်ကြကုန်၏။

ယုတ်ညံ့သောအမျိုး၌ ဖြစ်ခြင်းမရှိကုန်ပြီ။
နတ်ဖြစ်ရာ၌လည်း ထို့အတူပင်။

လိမ္မာမှုမှာလည်း တစ်ဘထက် တစ်ဘဝ
အလိမ္မာတိုးတက်၍သာ သွားကြကုန်၏။

မလိမ္မာသောအဖြစ်သို့ မရောက်ကြကုန်ပြီ။
သက္ကာယဒိဋ္ဌိ ရှိကြကုန်သော သတ္တဝါတို့မှာကား -

*   ယနေ့ နတ်မင်းကြီး သိကြားမင်းကြီး
     နက်ဖြန်ခါ ခွေး ဝက် ခြ ပုရွက် သန်း ကြမ်းပိုး။

*   ယခုနေ့ သီလဝန္တကြီး နက်ဖြန်ခါ ဓားမြ
     သူခိုး မုဆိုး တံငါ။

*   ယခုနေ့ ဈာန်အဘိညာဉ်ရ သမာဓိရင့်ကြီး
     နက်ဖြန်ခါ ပွဲသဘင်အလယ်မှာ လူပျက်ကြီး။

*   ယခုနေ့ ကျမ်းတတ် ဂန်တတ် ပညာရှိကြီး
     နက်ဖြန်ခါ အရူးအသွပ် ဥမ္မတ္တက လူအ

      လူနှမ်းကြီး ဖြစ်နိုင်သော သဘောရှိကုန်၏။

>> ဤသို့လျှင် သက္ကာယဒိဋ္ဌိ ရှိကြကုန်သော
သူတှို၏ အပြစ်ဒေါသ အနန္တကို လည်းကောင်း

သက္ကာယဒိဋ္ဌိမီး ငြိမ်းကုန်ကြပြီးသော သူတို့၏
အကျိုးအာနိသံသ အနန္တကို လည်းကောင်း

ကောင်းစွာသိကြသဖြင့် သက္ကာယဒိဋ္ဌိတည်း
ဟူသော ပါပဓမ္မကြီး၏ ကြောက်ဖွယ် လန့်ဖွယ်

ရွံ့ဖွယ် စက်ဆုပ်ဖွယ်သော သဘောသည်
အလွန် ထင်ရှားကြကုန်၏။

>> ရင်တွင်း နှလုံးတွင်းမှာ ငါ ငါ ဟူသော
သက္ကာယဒိဋ္ဌိမီး တထိန်ထိန် တညီးညီး

တောက်ထ၍နေကြသော မိမိတို့ကိုယ်အဖြစ်၏
ပြဆိုခဲ့ပြီးသော လေမုန်းတိုင်းမှာ လွင့်၍ပါသော

မြက်မှိုက် သစ်ရွက်မှိုက် မြစ်ရေအလျဉ်မှာ
မျော၍ပါလာသော မြက်မှိုက် သစ်ရွက်မှိုက်တို့၏

အလားကဲ့သို့ သံသရာအလား ဘဝအလား
ကြောက်ပါးလိလိ ရှ်ိ၍နေကြကုန်သည်

သဘောသည်လည်း ထင်ရှားကြကုန်ရာ၏။

>> ဘုရားသာသနာနှင့် င်္ကြုကြိုက်သော
ဘဝ၌သာလျှင် ငါ ငါ ဟူ၍ စွဲလမ်းမှုကို

သက္ကာယဒိဋ္ဌိမှု ငရဲမီးတောက်မှုဟု သိနိုင်သည်။
ဘုရား သာသနာပသို့ ရောက်၍သွားလျှင်

မဟာကမ္ဘာ အသင်္ချေပင်ကြာသော်လည်း
သက္ကာယဒိဋ္ဌိ ဟူ၍ သိပေါက် သိလမ်းမရှိ။

မှောင်အတိဖုံးလွှမ်းလေတော့သည်။

>> ဤသည်ကား -

*   ပဋိစ္စသမုပ္ပါဒ်ကို သိသောဥာဏ်သည်
     ဆေးကြီးမည်၏။

*   ထိုဆေးကြီး၏ အချက်အရာ အနာဆိုး
     ရောဂါဆိုးကား ဒိဋ္ဌိတရားတည်းဟု

>> သူ့အနာနှင့်သူ့ဆေး နေရာကျအောင်
အနာလက္ခဏာကို ပြဆိုသော အခန်းတည်း။

>> ဝိစိကိစ္ဆာ ရှစ်ပါး တစ်ဆယ့်ခြောက်ပါးတို့သည်
လည်း အနာဆိုး ရောဂါဆိုးတို့ပင်တည်း။

သို့သော်လည်း ထို ဝိစိကိစ္ဆာတရားတို့သည်
သက္ကာဒိဋ္ဌိ၏ အစီးအပွားတို့သာတည်း။

သက္ကာယဒိဋ္ဌိရှိလျှင် ရှိကုန်တော့သည်။
သက္ကာယဒိဋ္ဌိ ငြိမ်းလျှင် ငြိမ်းကုန်တော့သည်။

ထို့ကြောင့် ဝိစိကိစ္ဆာကို အကျယ်မဆိုပြီ။
ပြီး၏။
🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄
* လယ်တီဆရာတော်ဘုရားကြီး၏
ပဋိစ္စသမုပ္ပါဒဒီပနီ တရားစာအုပ်မှ *
သံဃာပူဇေမိပါဘုရား
Via - KhinSandar Win

No comments:

Post a Comment