Monday, January 7, 2019

ဈာန် ဟာ ဈာန်ပဲ မဂ် ဟာ မဂ်ပဲ

ဈာန် ဟာ ဈာန်ပဲ မဂ် ဟာ မဂ်ပဲ
+++++++++++++++++++++

ရှင်းရှင်းလင်းလင်း နားလည်ထားရမှာက
ဈာန် ဟာ ဈာန်ပဲ မဂ် ဟာ မဂ်ပဲ ၊

ဈာန်စိတ်ဟာ မဂ်စိတ် မဟုတ်ဘူး၊
မဂ်စိတ်ဟာ ဈာန်စိတ် မဟုတ်ဘူး။

------

သို့သော် ဒီမဂ်စိတ်ကို ဘာကြောင့်ဈာန်
မဂ်စိတ်လို့ခေါ်သလဲဆိုရင် ဈာန်နဲ့ တူတယ်။
ဈာန်နဲ့ ဘယ်လို တူတာတုန်းဆိုရင်
ဈာန်အင်္ဂါရှိတာချင်းတူတာ။

-------

သောတာပတ္တိမဂ်ပေါ်တဲ့အခါကျတော့
အဲဒီဈာန်အင်္ဂါ ၅ ပါးလုံးနဲ့ အတူတူပေါ်
တဲ့ပုဂ္ဂိုလ်တွေရှိတယ် ၊

အဲဒီ ပုဂ္ဂိုလ်တွေအဖို့ အဲဒီစိတ်ဟာ
ပထမဈာန်သောတာပတ္တိမဂ်စိတ်။

-------------

တစ်ခါတလေကျတော့ ဈာန်အင်္ဂါ
၅-ပါးထဲက ၁-ပါး ပါမလာဘူး၊
ဒါလည်းဖြစ်နိုင်တယ် ၊
အဲဒါကျတော့ ဒုတိယဈာန်စိတ် ။

နောက်တစ်ခု ထပ်မပါပြန်ဘူး ၊
တတိယဈာန် ၊

နေက်တစ်ခု မပါပြန်ဘူး ၊
စတုတ္ထဈာန် ၊

ပြီးတော့ ဥပေက္ခာနဲ့ ဧကဂ္ဂတာ
ပါမယ်ဆိုရင် ပဉ္စမဈာန် ။

--------

အမှန်ကတော့ ဈာန် နဲ့ ဈာန်အင်္ဂါ
ရှိပုံချင်းတူတဲ့ မဂ်စိတ် လို့ဆိုတယ်။
ဒါဟာ အရေးကြီးတယ် ၊

တော်ကြာကျတော့ ဈာန်နဲ့မဂ်နဲ့
ရောနေတတ်တယ်။

----------------

ဈာန်စိတ်လည်းပြောသေး ၊
မဂ်စိတ်လည်းပြောသေး ၊
ဈာန်ဟုတ်ရင် မဂ်မဟုတ်ရဘူး ၊
မဂ်ဟုတ်ရင် ဈာန်မဟုတ်ဘူး ၊

-------

ဘာ့ကြောင့်ဒီလိုဖြစ်ကုန်တာတုန်း၊
ဒီနေရာမှာ နားလည်ဖို့က မဂ်ရအောင်
အားထုတ်တဲ့ ပုဂ္ဂိုလ်မှာ ပထမဈာန်ရပြီး
မှ အားထုတ်တဲ့ပုဂ္ဂိုလ်ရှိတယ်၊
ဈာန်မရဘဲ ၀ိပဿ      နာတန်းပြီး
အားထုတ်တဲ့ ပုဂ္ဂိုလ်ရှိတယ်။

----

ဈာန်မရဘဲ ၀ိပဿ      နာတန်းပြီး
အားထုတ်တဲ့ ပုဂ္ဂိုလ် မဂ်ရတဲ့အခါကျ
တော့ အဲဒီမှာ ဈာန်အင်္ဂါ ၅-ပါးလုံးပါတယ်။

ဒါကြောင့် သူ့မှာတော့ ပထမဈာန်နဲ့တူတဲ့
မဂ်စိတ်ချည်းဖြစ်တော့တာပဲ ။

တခြားမဂ်စိတ်တော့မဖြစ်ဘူး ။

-----

ဈာန်ရပြီးမှ မဂ်ရအောင် အားထုတ်တဲ့
ပုဂ္ဂိုလ်ကျတော့ အမျိုးမျိုးတွလာတော့
တယ် ၊ အားထုတ်တဲ့အခါ ဈာန်ရတဲ့
ပုဂ္ဂိုလ်က တရားအားထုတ်တဲ့အခါ
ပထမဆုံး ပါဒက ဈာန်တဲ့ ၊

ပါဒကဈာန်ဆိုတာ အခြေခံတဲ့ဈာန်
တဲ့ (basic Jhnna) ၊

နောက်တစ်ခုက သမ္ဗသိတဈာန်တဲ့၊
ဒါကသုံးသပ်ဆင်ခြင်တဲ့ဈာန် ၊

နောက်တစ်ခုက ပုဂ္ဂလဇ္ဈာသယ ၊
ဒါကပုဂ္ဂိုလ်ရဲ. အလို (wish) ၊

ပြီးတော့မှ နောက်ဆုံးပေါ်တဲ့ မဂ်၊
ဒီ ၄-မျိုးနားလည်ရမယ်။

------

ဆိုပါတော့ ၊ သူက ပထမဈာန်ရပြီးသား
ပုဂ္ဂိုလ်ဖြစ်တော့ ပထမဦးစွာသူကဈာန်
ဝင်စားလိုက်တယ် ၊

အဲဒီဈာန်သည် ၀ိပဿ      နာရဲ.
အခြေခံ ဖြစ်မယ် ၊

အဲဒီပထမဈာန်ကို ၀င်စားပြီးတဲ့နောက်
အဲဒီပထမဈာန်က ထလိုက်တယ် ၊
ထတယ် ဆိုတာလူကထတာမဟုတ်ဘူး၊
ဈာန်စိတ်ကွယ်သွားပြီး ရိုးရိုးသာမန်စိတ်
ပြန်ဖြစ်တာ ၊

အဲဒီအခါကျတော့ သူက ဘာကိုဝိပဿ
နာရှုသလဲ ၊ ပကိဏ္ဏကသင်္ခါရကိုရှုတယ်၊
ပကိဏ္ဏကသင်္ခါရဆိုတာ ရိုးရိုးစကားနဲ့
ပြောရင် ရုပ်နာမ် ကိုဆိုလိုတာ၊
ရုပ်နာမ်ကိုရှုတာ ၊ စာသုံးလည်းနားလည်
အောင်လို့ ပကိဏ္ဏကသင်္ခါရလို့ထည့်ရေး
ထားတာ ။

ပကိဏ္ဏကသင်္ခါရဆိုတာ ရိုးရိုး
ပြောရင် လောကီရုပ်နာမ်တွေပဲ၊
ဝိပဿ      နာရှုတယ်ဆိုတာ
ဒါတွေရှုတာပဲ ၊

ထွက်တယ် ၀င်တယ် ရှုတယ် ဆိုတာ
ရုပ်ရှုတယ်၊
စိတ်တွေပြေးတာရှုတယ်ဆိုတာ
နာမ်ရှုတယ် ၊

အဲဒီ ရုပ်နာမ်ကိုရှုတာ ။

-------

သူ့မှာဘယ်လိုမှ ဆန္ဒမရှိဘူးဆိုပါတော့၊
ပထမဈာန်နဲ့တူနဲ့ မဂ်ပေါ်ချင်တယ် ၊
ဒုတိယဈာန်နဲ့မဂ် တူတဲ့မဂ်ပေါ်ချင်တဲ့
ဆန္ဒမရှိဘူးဆိုရင် သူ့မှာပေါ်တဲ့မဂ်ဟာ
ပထမဈာန်မဂ်ဖြစ်မယ်။
ပထမဈာန်နဲ့တူနဲ့ မဂ်စိတ်ပေါ်လိမ့်မယ်။

ဘာ့ကြောင့်တုန်း ၊
သူက ပထမဈာန်ကို ၀ိပဿ      နာရဲ.
အခြေခံပြုခဲ့လို့ဖြစ်တယ်။

----

နောက်တစ်ခုကျတော့ ကြည့်၊
သူက ပါဒကဈာန်မဟုတ်ဘူး၊
ရှေးဦးစွာ ဈာန်မ၀င်စားဘူး၊
ဒါပေမယ်လို့ သူကဈာန်ရပြီးသား
ပုဂ္ဂိုလ်ဖြစ်တဲ့အခါကျတော့ ၊
ဝိပဿ      နာရှုတဲ့အခါမှာ ရပြီးသား
ဈာန်ကိုပဲရှုလိုက်တယ် ၊

အခုချက်ချင်း မ၀င်စားဘူး၊
နဂိုတုန်းက ၀င်စားထားဖူးတဲ့ဈာန်
ကိုပဲ ၀ိပဿ      နာရှုတယ်၊
ခုနလို ရုပ်နာမ် ၀ိပဿ      နာ
မရှုတော့ဘူး။

ဈာန်ကိုပဲသာ အနိစ္စ ဒုက္ခ အနတ္တ နဲ့
သာရှုတာ။

-----------

ဈာန်ဆိုတာ ၀ိတက် - ၀ိစာရ - ပီတိ -
သုခ-ဧကဂ္ဂတာ ဆိုတဲ့ ဈာန်အင်္ဂါ ၅-ပါး
အစုအဝေးမဟုတ်လား။

အဲဒီဈာန်ကို အနိစ္စပဲ၊ ဒုက္ခပဲ၊ အနတ္တပဲ
ရှုတာ ၊ ပြီးတော့ သူမှာလည်းဆန္ဒအထူး
မရှိဘူး ၊ အလိုအထူးမရှိဘူး၊ ဘယ်ဈာန်
ပေါ်ချင်တယ်ဆိုတဲ့အထူးမရှိဘူးဆိုရင်
သူ့မှာ မဂ်ပေါ်တဲ့အခါ ပထမဈာန်နဲ့တူတဲံ
မဂ်ပေါ်တယ်၊

အဲဒီတော့ ပါဒကဈာန်နဲ့ သမ္ဗိတဈာန် ၊
ဒီ ၂-ခု ကစားသွားလိမ့်မယ် ။

တတိယဟာ ကြည့်လိုက်ပါ ၊
သူက ဈာန်တွေ အများကြီးရထားတဲ့
ပုဂ္ဂိုလ်၊ အဲဒီတော့ ပထမဈာန်ဝင်စား
လိုက်တယ် ၊ ပထမဈာန်ကထပြီးတော့
ရှုတဲ့အခါကျတော့ နဂိုကရဘူးတဲ့ဒုတိယ
ဈာန်ကိုသွားရှုတယ် ၊ အခုချက်ချင်းမ၀င်
စားဖူး ။

အဲသလို ရှုတဲ့အခါကျတော့ သူ့ရဲ.ဆန္ဒက
ငါ့မာမဂ်ပေါ်ရင် ပထမဈာန်နဲ့တူတဲ့ မဂ်
ပေါ်ပါစေလို့ဒီလိုဆန္ဒရှိတယ် ၊

အဲဒီကျတော့ သူ့ဆန္ဒအလိုက်ပေါ်လိမ့်မယ်၊
ပထမဈာန်မဂ် ပဲ ပေါ်လိမ့်မယ်။

--------

မေး - တပည့်တော်ဖြတ်မေးပါရစေ ၊
အဲဒီ ပါဒကဈာန်ရယ် ၊ သမ္ဗိတဈာန်ရယ်၊
ကိုထပ်ရှင်းပြပါ။

ဖြေ - ပါဒကဆိုတာ အခြေခံကို ပါဒက
လို့ခေါ်တယ် basic၊

သမ္ဗတိတ ဆိုတာ သုံးသပ်တယ်၊
သုံးသပ်တဲ့ဈာန်လို့ဆိုလိုတယ် ၊
သုံးသပ်တယ်ဆိုတာ အမှန်ကတော့
ဝိပဿ      နာရှုတာလို့ဆိုလိုတာ၊

အခြေခံတုန်းက ၀ိပဿ      နာမရှုဘူး၊
ဒီဈာန်ဝင်စားလိုက်တာ၊ အဲဒါအခြေခံတယ်၊

ဝိပဿ     နာရှုတဲ့အခါကျတော့
သူ ပကိဏ္ဏကသင်္ခါရ ခေါ်တဲ့ ရုပ်နာမ်
ရှုချင်လည်းရှုမယ် ၊ ဈာန်ရှုချင်လည်းရှုမယ်၊
ဒါကြောင့်မို့ သမ္ဗသိတဈာန်ဆိုတာက
ဝိပဿ      နာအရှုခံရတဲ့ဈာန်၊
ပါဒကဈာန်ဆိုတာက အခြေခံ အပြုခံရတဲ့ဈာန်။

--

ကောင်းပြီ သူကပထမဈာန်အခြေခံလိုက်တယ်၊
ပထမဈာန်ဝင်စားလိုက်တယ် ၊

ပထမဈာန်က ထပြီးတော့ ဒုတိယဈာန်ကိုသူက
ဝိပဿ      နာရှုလိုက်တယ် ၊

ဒါပေမယ်လို့ သူ့ရဲ.ဆန္ဒက ဒုတိယဈာန်နဲ့တူတဲ့
မဂ်ဖြစ်စေချင်တယ်ဆိုရင် ဘာပေါ်မလဲ၊
ဒုတိယဈာန်နဲ့တူနဲ့ မဂ်ပဲ ပေါ်လိမ့်မယ်၊
သူ့အလိုဆန္ဒအတိုင်းဖြစ်ရမယ်၊

-----

တခါ ပထမဈာန်ကို အခြေခံပြုတယ်၊
ဒုတိယဈာန်ကို ၀ိပဿ      နာရှုတယ်၊
သူ့မှာ No particular wish ဘယ်ဟာ
ပေါ်ပါစေ ဆိုတဲ့ဆန္ဒမရှိဘူး ၊ ပေါ်ချင်ရာ
ပေါ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့ ၊

အဲဒါကျတော့ အထက်တန်းကျတာပေါ်
မှာပေါ့ ၊ ဒုတိယဈာန်ပေါ်မယ် ။

သူက ပထမ ဒုတိယ ၂-ခုမှာ တစ်ခုကို
အခြေခံပြုပြီးတော့ တစ်ခုကို သုံးသပ်ပြီး
တော့ လိုချင်တာဆိုရင် လိုချင်တာရမယ်၊
ဘာမှလိုချင်တာမဟုတ်ဘူးဆိုရင်ကောင်း
တာရမယ် ၊ ဒီအတိုင်းသွားမယ်။

----

နောက်တစ်ခုက ဒုတိယဈာန်အခြေခံပြုတယ်၊
ပထမဈာန်ဝင်စားတယ် ၊ သူ့မှာ အထူးအလို
မရှိဘူးဆိုရင်လည်း ဒုတိယဈန်နဲ့တူတဲ့မဂ်
ပေါ်တယ်။

----

ကောင်းပြီး သူ့မှာ ပါဒကဈာန်မရှိဘူးတဲ့ ၊
သူက ဈာန်မရတဲ့ပုဂ္ဂိလ်ကိုး၊
ရှုတော့ သူကဈာန်ကို ဘယ်ရှုနိုင်မလဲ၊
ဈာန်မှမရပဲ ၊ ပကိဏ္ဏကသင်္ခါရ
ရုပ်နာမ်ကိုပဲ ရှုရမယ် ၊ အလိုမရှိဘူးတဲ့၊
ပထမဈာန်နဲ့တူတဲ့ မဂ်ပဲ ၊ အလိုရှိလည်း
သူက မရနိုင်ဘူး ၊ အလိုရှိတိုင်းကို
မဖြစ်နိုင်ဘူး၊ သူက ဈာန်မရတဲ့ ပုဂ္ဂိုလ်။

-----

တစ်ခါတောက်တစ်ယောက်ကျတော့
ဈာန်တော့ရတယ်၊ ဈာန်ကို ပါဒကမပြုဘူး၊
ပြီးတော့ ရှုတဲ့အခါက ပကိဏ္ဏကသင်္ခါရပဲရှုတယ်၊
ဈာန်ကိုလုံးဝမတို့ဘူး၊ အဲဒီပုဂ္ဂိုလ်မျိုးကျတော့
လည်းပဲ ပထမဈာန်နဲ့တူနဲံ မဂ်ပဲ ပေါ်တယ်။

ဘာလို့တုန်းဆိုတော့ အဲဒီမဂ်စိတ် ပေါ်လိုက်
တယ်ဆိုရင် ၀ိတက် ၀ိစာရ ၅-ပါးက ပါလာ
တော့တာကိုး ။

ကောင်းပြီး ၊ ဒါဖြင့်ရင် ဒီမှာပေးထားတာက
ပထမ နဲ့ ဒုတိယ ပဲပေးထားတယ်၊
ဒါအမျိုးမျိုး ပြောင်းလုပ်နိုင်တယ်၊
ပထမဈာန်ကို ပါဒကပြုမယ် ၊
တတိယဈာန်ကို ဆင်ခြင်မယ်၊

ပထမဈာန်ကို ပါဒကပြုမယ်၊
စတုတ္ထဈာန်ကို ဆင်ခြင်မယ်

စသည်ဖြင့် အဲသလို လှယ်လိုက်ရင်
အများကြီးထွက်သွားမယ်။

ပုဂ္ဂိုလ်ရဲ. အလိုရှိရင် ပုဂ္ဂိုလ်ရဲ. အလိုအတိုင်း
ဈာန်နဲ့တူတဲ့ မဂ်ဖြစ်မယ် ၊ ပုဂ္ဂိုလ်အလိုမရှိရင်
အထက်မှာပြထားတဲ့အတိုင်း မဂ်ဖြစ်မယ်။

++++++++++++++++++++++++++++++
(အရှင်သီလာနန္ဒာဘိဝံသ ၊ D. Litt ၊ အဂ္ဂမဟာပဏ္ဍိတ
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ပါမောက္ခချုပ်ဆရာတော်၊
အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာနာပြုတက္ကသိုလ်

No comments:

Post a Comment