Monday, December 31, 2018

သီတဂူဆရာတော်ကြီး၏ နှစ်သစ်ဆုတောင်း

သမဂ္ဂါ = စိတ်တူ ကိုယ်တူ လက်တွဲ လုပ်ဆောင်နိုင်ကြပါစေ

* သမ္မောဒမာနာ = တယောက်ရဲ့ လုပ်ဆောင်ချက်ကို တယောက်က ဝမ်းမြောက်ဝမ်းသာ ဖြစ်နိုင်ကြပါစေ

* အဝိဝဒမာနာ = အချင်းချင်း ဆန့်ကျင်ဘက်စကား မပြောကြပဲ ငြင်းခုံမှု ခိုက်ရန် မဖြစ်ကြပါစေနဲ့

* ခီရောဒကီဘူတာ = ခွဲခြားလို့ မရလောက်အောင် ရောနှော နေနိုင်ကြပါစေ

* အညမညံ ပိယစက္ခူဟိ သမ္ပဿန္တာ ဝိဟရထ = တယောက်နဲ့တယောက် တဖွဲ့နဲ့တဖွဲ့ မုန်းစိတ် မပွါးပဲ ချစ်ခင်တဲ့မျက်လုံးနဲ့ ကောင်းကွက်ကိုပဲ ကြည့်ရှုနိုင်ကြပါစေ . . . . .

             31.12.2018

သောကကင်းသူမရှိ

🌻#သောကကင်းသူမရှိ 🌻
➖➖➖➖➖➖➖➖➖➖➖➖
✿ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ လိုက်ကြည့်မယ်ဆိုရင် လောကလူသားတွေဟာ နေ့စဉ်နဲ့အမျှ ရုန်းကန်နေကြရတယ်ဆိုတာ အင်မတန် ထင်ရှားတယ်။

✔ စီးပွားရေနဲ့ ရုန်းကန်နေကြတယ်၊

✔ လူမှုရေးနဲ့ ရုန်းကန်နေကြတယ်၊

✔ ပညာရေးနဲ့
ရုန်းကန်နေကြတယ်၊

✔ နိုင်ငံရေးကိစ္စတွေနဲ့ ရုန်းကန်နေကြရတယ်။

✿ ထိုရုန်းကန်နေရတဲ့ အခါမှာ အဆင်ပြေတဲ့ အခါရှိသလို …
အဆင်မပြေတဲ့ အခါလည်း ရှိတယ်။
အမြဲတမ်း အဆင်ပြေနေတယ်လို့ မရှိနိုင်ဘူး။ အခြေအနေ အရပ်ရပ်ကို ထောက်ထားပြီး အဆင်မပြေတဲ့ အခါမှာ လူတွေမှာ စိတ်ဖိစီးမှု ဒဏ်တွေကို ခံစားကြရတယ်။

အဲဒီ စိတ်ဖိစီးမှုဒဏ်တွေကိုပဲ ပါဠိစာပေမှာ “သောက, ဒေါမနဿ” လို့ ဒီလိုဟောတာ။
‘သောက’ ဆိုတာ ကိုယ် မဖြစ်စေချင်တာ တစ်ခုခု ဖြစ်လာတော့မယ် ဆိုရင် ကြိုတင်ပြီး စိတ်ထဲမှာ မငြိမ်မသက် ဖြစ်ပြီး ပူတဲ့သဘော၊ မဖြစ်ချင်တာတွေ ဖြစ်တော့မယ် ဆိုရင် စိုးရိမ်စိတ်တွေ ပေါ်လာတာ၊ ဒါကို “သောက” လို့ ခေါ်တယ်၊ (သို့မဟုတ်) မဖြစ်ချင်တာတွေ ဖြစ်သွားပြီ ဆိုရင်လည်း သောကဆိုတာ ပေါ်လာတယ်။

“ဒေါမနဿ” ဆိုတာကတော့ စိတ်ထဲမှာ အလိုမကျ ဖြစ်လာတာ၊ မိမိ စိတ်တိုင်းကျ မဖြစ်ဘူး။ အလိုမကျ ဖြစ်လာတယ်ဆိုရင် ခံစားမှုတစ်ခု ဖြစ်ပေါ်လာတာ၊ အဲဒီ ခံစားမှုကို ဒေါမနဿ စိတ်ဆင်းရဲမှုလို့ ပြောတာ။
အဲဒီ သောကတို့ ဒေါမနဿတို့ ဆိုတာတွေက လူတွေရဲ့ စိတ်ထဲမှာ ထင်ရှားပေါ်လာတတ်ပြီး လူမျိုးမရွေး ဘာသာမရွေး ပုဂ္ဂိုလ်တိုင်းမှာလိုလို ဖြစ်တယ်။

အဲဒီ သောကဆိုတာ ဘာကြောင့် ဖြစ်သလဲ၊ ဒေါမနဿဆိုတာ ဘာကြောင့် ဖြစ်တာလဲ၊ အကြောင်းတရားကို မရှာနိုင်ဘူး။ ထိုအကြောင်းတရားကို မဖယ်ရှားနိုင်ဘူးဆိုရင် ဒီ သောက ဟာ ဆက်ပြီး လာနေမှာပဲ၊ ဒေါမနဿဆိုတာလည်း ဆက်ပြီး ဖြစ်နေမှာပဲ။ ဘယ်အရာပဲ ဖြစ်ဖြစ် ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတွေကို မှီပြီး ဖြစ်ရတာ။ ဒါကြောင့် အကြောင်းတရားတွေကို သိဖို့ရာ အင်မတန်မှ အရေးကြီးတယ်။

လောကလူသားတွေဟာ ဆိုင်ရာ ဆိုင်ရာ အကြောင်းတရား အစစ်အမှန်ကို မသိတဲ့ အတွက် သောက ပြေပျောက်ရာ ပြေပျောက်ကြောင်း၊ စိတ်ဆင်းရဲမှုတွေ ပြေပျောက်ရာ ပြေပျောက်ကြောင်း ဆိုပြီး မမှန်ကန်တဲ့ နည်းမျိုးစုံကို အသုံးပြုကြတယ်ပေါ့။

✿ နည်းမျိုးစုံ သုံးကြသော်လည်း
အဲဒီနည်းမျိုးစုံတွေထဲမှာ တချို့ကလည်း လုံးဝ မေ့ပစ်ဖို့ ကြိုးစားကြတယ်။ ကြိုးစားတဲ့အခါမှာ အကူအညီတွေ အသုံးပြုပြီး ကြိုးစားတယ်။ ဘာတွေ အကူအညီ ယူတုန်းဆိုတော့ မူးယစ်ဆေးဝါး အကူအညီနဲ့လည်း သောကကို ဖြေဖျောက်ကြတယ်ပေါ့။ နောက် တခြားနည်းတွေ သုံးပြီးတော့လည်း ဖြေဖျောက်ကြတယ်။
တကယ်ကတော့ ဒါဟာ ပြေပျောက်သွားတာ မဟုတ်ဘူး။ အကြောင်းတရားက ကိုယ့်သန္တာန်မှာရှိနေသည့်အတွက် ခေတ္တခဏ စိတ်ထဲမှာ ပေါ့ပါးသွားသလို ဖြစ်ပေမယ့် ဒုက္ခတစ်ခု ပြဿနာတစ်ခု ထပ်တိုးလာတတ်တယ်။ အဲဒါမျိုးဟာ အဖြေမဟုတ်ဘူး။

✿ ဘုရားပေးသော နည်းကသာလျှင်
မြတ်စွာဘုရားဟောတဲ့ တရားကတော့ ဒီလိုမဟုတ်ဘူး။ “နောက်ထပ် ပြဿနာတစ်ခု ထပ်မတက်ဘဲ လက်ရှိ အနေအထားတစ်ခုကို မှန်မှန်ကန်ကန် အသိဉာဏ်နဲ့ စဉ်းစားတွေးခေါ်ပြီး အမှန်သိပြီး Stress လို့ခေါ်တဲ့ ဒီစိတ်ရဲ့ ဖိစီးမှုတွေကို လျော့ချနိုင်တဲ့ နည်းစနစ်” ဖြစ်တယ်။

🌼 ကမ္ဘာမှာ ကြီးပွားတိုးတက်ပြီး အဆင်ပြေနေတဲ့ ပုဂ္ဂိုလ်တွေမှာ စိတ်ဖိစီးမှုတွေ ရှိတာပဲ။

🌼 အဆင်မပြေတဲ့ ပုဂ္ဂိုလ်တွေမှာလည်း Stress က ရှိတာပဲ။

✔ ဒီဖိစီးမှုတွေက လူတွေရဲ့စိတ်ကို အမြဲတမ်း လွှမ်းမိုးနေတယ်။
ဒီကနေ့ခေတ်မှာ ပိုပြီး ထင်ရှားတယ်ပေါ့။ အားလုံးဟာ ယှဉ်ပြိုင်ပြီး ပြေးလွှားနေကြရတယ်။ ဟို တိုးတက်တယ်ဆိုတဲ့ နိုင်ငံတွေမှာ ပိုပြီးတော့ Stress တွေ များတယ်။

✔ ဒီ Stress တွေကို လျော့ချဖို့ နည်းစနစ်တွေထဲမှာ တခြားနည်းက ဖြစ်ကောင်း ဖြစ်နိုင်သော် လည်းပဲ ထိုလျော့ချမှုဟာ အစဉ်ထာဝရ ငြိမ်းချမ်းသွားတဲ့အဆင့်ကို ရောက်နိုင်ဖို့ကတော့ အင်မတန်မှ ခဲယဉ်းတယ်။ မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ နည်းစနစ်ကသာလျှင် အစဉ်ထာဝရ လျော့ချနိုင်တဲ့ နည်းစနစ်မျိုးဆိုတာ သေချာတယ်။

🔯 ဆရာတော်အရှင်နန္ဒမာလာဘိဝံသ
#AshinNandamalabhivamsa
📖 “သတိမကွာ အသိပညာဖြင့် နေထိုင်ခြင်း” တရားဒေသနာတော်မှ။ 📖

Credit

ငါးပါး သီလ

ကိုယ်​ကျင့်​တရား ဆို​တဲ့​နေရာမှာ လူ​တွေမှာ ဘာအ​ရေးကြီးသလဲဆိုရင်​ ငါးပါးသီလ
ပေါ့။

တစ်​ချို့က ငါးပါးသီလကို တစ်​ပါး​လောက်​​စောင့်​ရင်​ ပြီးတယ်​၊ နှစ်​ပါး​လောက်​​စောင့်​ရင်​ ပြီးတယ်​၊ ဒီလိုထင်​ကြတယ်​၊ မဟုတ်​ဘူး။ ငါးပါးသီလဟာ တစ်​ပါးမှ​လျှော့စရာမရှိဘူး​နော်​။ အားလုံးပြည့်​စုံ​အောင်​ ​စောင့်​နိုင်​ရင်​​စောင့်​၊ မ​စောင့်​နိုင်​ဘဲ တစ်​ပါးသီလ၊ နှစ်​ပါးသီလဆို့ ဆိုရင်​​တော့ ကျန်​တဲ့ဥစ္စာ​တွေက ဒုက္ခ​ပေးမှာ ​သေချာတယ်​။

ငါးပါးသီလကို ဝါရိတ္တသီလလို့ ​ခေါ်တယ်​။ ဝါရိတ္တသီလဆိုတာ တားမြစ်​ထားတာ၊ မလုပ်​ရဘူး။ ဘာဖြစ်​လို့ မလုပ်​ရတာလဲဆို​တာ စဉ်းစားကြည့်​​ပေါ့။ မီးကိုကိုင်​ရင်​ မပူဘူးလား၊ ပူမှာ​ပေါ့။ ဘယ်​သူကိုင်​ကိုင်​ပူမှာပဲ။ ထို့အတူပဲ ငါးပါးသီလကို ကျူးလွန်​ရင်​ ဘယ်​သီလကိုပဲ ကျူးလွန်​ကျူးလွန်​၊ ထိုသီလကို ကျူးလွန်းတဲ့အပြစ်​ကို ခံရမှာပဲ၊ ငါးပါးသီလနဲ့ ပတ်​သက်​ပြီး လူတိုင်းသိကြပါတယ်​။ ခုနကတင်​ပဲ ငါးပါးသီလ ​ဆောက်​တည်​ပြီးကြပြီ။

` ပါဏာတိပါတာ ​ဝေရမဏီ သိက္ခာပဒံ သမာဒိယာမိ´ဆိုတာ သူများအသက်​ကို သတ်​ခြင်းမှ ​ရှောင်​ရုံနဲ့ ပြီး​ရောလားဆို​တော့ မပြီး​သေးဘူး​နော်​၊ ​ရှောင်​ရုံ​ရှောင်​တယ်​ဆိုတာ အဆင်​မ​ပြေရင်​ မ​ရှောင်​ဘူးဆိုတာ ရှိလာဦးမယ်​၊ ​ရှောင်​ကြဉ်​တယ်​ဆိုတာ မလုပ်​သင့်​တာကို မလုပ်​ခြင်းဖြစ်​တယ်​၊ လုပ်​သင့်​တာက ဘာလဲဆို​တော့ သတ္တဝါ​တွေကို သတ်​ဖို့ဆိုတဲ့ ဓား,တုတ်​​တွေ ကိုယ့်​အိမ်​မှာ မထားရဘူးတဲ့။

ဘုန်းကြီးတို့ အ​မေရိကမှာ​နေတုန်းက အ​မေရိကက ဗမာဒကာတစ်​​ယောက်​ ဘုန်းကြီးတို့ကို ဆွမ်းစားလာပင့်​တယ်​၊ သူ့ရဲ့ကားနဲ့​ပေါ့၊ ကားတံခါးဖွင့်​ပြီး ကား​ပေါ်တက်​တယ်​၊ ဘုန်းကြီးတို့ထိုင်​တဲ့ခုံ​ရှေ့က အဖုံး​လေးကို အဲဒီဒကာကဖွင့်​လိုက်​​တော့ ​ဒေါက်​ကနဲ့ ​ခြောက်​လုံးပြူး​သေနတ်​က​လေး ဘုန်းကြီး​ခြေ​ထောက်​နား ကျလာတယ်​။ သူကအားနာသွားပြီး ဘယ်​လို​လျှောက်​တုန်းဆို​တော့ "အရှင်​ဘုရား ဒီနိုင်​ငံမှာ​တော့ ဒါ​လေးကို​ဆောင်​ထားရတယ်​၊ ဒါ​လေးမရှိရင်​ မဖြစ်​ဘူးဘုရား"တဲ့၊
သ​ဘောက​တော့ ကိုယ့်​ကိုလာပြီးမလုပ်​ရင်​ ပါဏာတိပါတာ က ​ရှောင်​မယ်​၊ လာလုပ်​မယ်​ဆိုရင်​​တော့လည်း ပါဏာတိပါတာ နဲ့ ကိုယ်​ကိုကာကွယ်​ရမယ်​​ပေါ့။

အေး- မြတ်​စွာဘုရားက​တော့ ဒီလိုမဟုတ်​ဘူး၊ သူတစ်​ပါးကိုသတ်​ဖို့ရာလက်​နက်​ဆိုတာ ထားကိုမထားနဲ့တဲ့၊ ဒါတင်​မကဘူး မြတ်​စွာဘုရားက သတ္တဝါ​တွေကို ​သေ​စေလိုတဲ့စိတ်​နဲ့ သတ်​ဖြတ်​မှုကို ရှက်​တတ်​ရမယ်​၊ကိုယ့်​လာသတ်​ရင်​လည်း သူ့ကို ပြန်​မသတ်​ရဘူး၊ သတ္တဝါ​တွေရဲ့အသက်​ကို သတ်​ခြင်းဆိုတာကိုရှက်​စရာလို့ မြင်​ရမယ်​၊ သတ္တဝါ​တွေအ​ပေါ်မှာ ​မေတ္တာတရား အကြင်​နာတရားထားရမယ်​၊ ​အေး-သီလလုံတယ်​ဆိုတာ အဲဒါ​တွေ အကုန်​လုံး ပြည့်​စုံမှဖြစ်​တာကို ​ပြောတာ​နော်​။

ကဲ- ​နောက်​တစ်​ခု `အဒိန္နာဒါန´၊ သူများပစ္စည်းမခိုးဘူး၊ ဒါတင်​မပြီး​သေးဘူး၊ သူများ​ပေးတာနဲ့သာ ​ကျေနပ်​တယ်​၊ ​ပေးတာကိုသာကြိုက်​တယ်​၊ သူများပစ္စည်းကို သိ၍ဖြစ်​​စေ၊ မသိဘဲဖြစ်​​စေ လုံးဝမယူဘူး၊ အဲဒါမှသာ အဒိန္နာဒါန လုံတယ်​လို့​ခေါ်တယ်​၊ လုံးဝကို သန့်​ရှင်းရမယ်​။

`ကာ​မေသု မိစ္ဆာစာရ´၊ အမျိုးသား​တွေအတွက်​ အမျိုးသမီး(၂၀)နဲ့ လုံးဝမလွန်​ကျူးရဘူး၊ အမျိုးသမီး​တွေအတွက်​က​တော့ ကိုယ့်​ရဲ့ အိမ်​​ထောင်​ဘက်​ခင်​ပွန်းကလွဲပြီး မလွန်​ကျူးရဘူး၊ ဒါက​တော့ ထင်​ထင်​ရှားရှား ရှိ​တယ်​​နော်​။ စည်းကမ်းချက်​ သတ်​မှတ်​ထားတဲ့အတိုင်းဖြစ်​တယ်​၊ အခြားသူဆိုရင်​ စိတ်​နဲ့​တောင်​မှ မပြစ်​မှားရဘူးဆိုတာအထိမှ လုံခြုံတယ်​လို့​ခေါ်တယ်​။

`မုသာဝါဒ´လိမ်​မ​ပြောဘူး၊ ဒါ​ပေမယ့်​ မှန်​တာကိုမ​ပြောဘူး ဆိုရင်​​တော့မပြည့်​စုံ​သေးဘူး၊ မှန်​တာကိုသာ​ပြောတယ်​ဆိုမှ ပြည့်​စုံတယ်​။ သစ္စဝါဒီ- မှန်​တဲ့စကားကို ​ပြောရမယ်​၊ သစ္စသ​န္ဓော- ​ရှေ့စကားလည်း မှန်​ရမယ်​၊ ​နောက်​စကားလည်း မှန်​ရမယ်​၊ ​အေး- ဒီ​နေ့​တော့ မှန်​တာ​ပြောတယ်​၊ ​နောက်​တစ်​​နေ့ကျ​တော့ လိမ်​​ပြောတယ်​၊ ဒါမျိုးကလည်း မဟုတ်​​သေးဘူး​နော်​၊ အမြဲတမ်း အမှန်​ချည်းပဲ ​ပြောရမယ်​၊ စိတ်​ချယုံကြည်​ရတဲ့ ပုဂ္ဂိုလ်​မျိုးဖြစ်​ရမယ်​။ အဝိသံဝါဒ​ကော​လောကဿ     - ​လောကကြီးကို ဘယ်​​တော့မှ မဟုတ်​တာ မမှန်​တာ မ​ပြောဘူးဆိုပြီး လုံးဝယုံကြည်​ရတဲ့သူမျိုးဖြစ်​​အောင်​လုပ်​ရမယ်​၊ အဲဒီ​တော့မှ မုသာဝါဒသိက္ခာပုဒ်​ဟာပြည့်​စုံတယ်​။

`သုရာ​မေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ​ဝေရမဏိ´ ဒီသိက္ခာပုဒ်​ကို ​စောင့်​ထိန်းတဲ့​နေရာမှာလည်း ခြွင်းချက်​မရှိ​စေရဘူး၊ တစ်​ချို့က​တော့ ​ဆေးဖြစ်​ဝါးဖြစ်​​လေး ဆိုပြီး​တော့ ​သောက်​ချင်​ကြ​သေးတယ်​၊ ခန္ဓာကိုယ်​နဲ့ဦး​နှောက်​ကို ထိခိုက်​​စေနိုင်​တယ်​တဲ့မူးယစ်​​ဆေးဝါးကို သုံးစွဲရာမှာ မိမိ​ရော သူတစ်​ပါး​ရော မိမိ သူတစ်​ပါး နှစ်​ဦးစလုံးကို​ရော ထိခိုက်​​စေမယ်​ဆိုရင်​ အပြစ်​ရှိတယ်​လို့သတ်​မှတ်​ရမယ်​။

တစ်​ချို့ က ​ပြောကြတယ်​ သူများကို မထိခိုက်​ဘူးဆိုရင်​ ဘာမှမဖြစ်​ပါဘူးတဲ့၊ ကိုယ့်​ကိုယ်​ကို ထိခိုက်​​နေတာကို မသိလို့ပါ။ ​သေရည်​​သေရက်​ဟာ ​သုံးစွဲသူ​တွေမှာ ​သွေးမှတစ်​ဆင့်​ ခန္ဓာကိုယ်​ထဲရှိ ဦး​နှောက်​စတဲ့ အစိတ်​အပိုင်း​တွေထဲကို ​ရောက်​သွားပြီဆိုရင်​ စိတ်​​တွေဟာ ထိုင်းမှိုင်း​လာပြီး ကုသိုလ်​​ကောင်းမှု​တွေကိုပြုလုပ်​ဖို့ ​မေ့​လျော့လာတယ်​၊ ဒါ​ကြောင့်​မို့ သုရာ​မေရယ ဆိုတဲ့ မူးယစ်​နဲ့ပတ်​သက်​တဲ့ အရာ​တွေကို ​ရှောင်​ကြဉ်​တာဟာ အ​ကောင်းဆုံးပါပဲ။

သောတာပန်​​တွေကျ​တော့ မူးယစ်​​ဆေးဝါးမှန်​သမျှ အားလုံးကို လုံးဝ​ရှောင်​ကြဉ်​လိုက်​နိုင်​ပြီ၊ အရက်​နဲ့​ရေ ​ရောတိုက်​ရင်​​တောင်​မှ ​ရေပဲဝင်​ပြီး အရက်​လုံးဝမဝင်​ဘူးလို့အဆိုရှိတယ်​၊ ​သောတာပန်​ဖြစ်​ရင်​ မူးယစ်​​ဆေးဝါးဆိုတာကို လုံးဝ​ရှောင်​ကြဉ်​နိုင်​ကြပြီ။ အဲဒီလို ငါးပါးသီလနဲ့ပြည့်​စုံရင်​ မြတ်​​သောဥစ္စာတစ်​မျိုး ကိုယ့်​မှာ ပြည့်​စုံတာဖြစ်​တယ်​။

လောကမှာ သီလကို ဘာနဲ့ဥပမာ​ပေးထားသလဲဆိုရင်​ သိင်္ဂီ​ရွှေခွက်​နဲ့ ဥပမာ​ပေးထားတယ်​၊ " တန်​ဖိုးရှိတဲ့ ခြ​င်္သေ့ဆီဟာ သိင်္ဂီ​ရွှေခွက်​ထဲမှာ တည်​နိုင်​သလို" လူ​တွေရဲ့သန္တာန်​မှာရှိတဲ့ ကုသိုလ်​တရား​တွေဟာ သီလလို့ဆိုတဲ့ ​ရွှေခွက်​နဲ့ခံထားမှသာလျှင်​ တည်​နို​င်​တယ်​၊ သီလပျက်​တာနဲ့ တစ်​ပြိုင်​နက်​ ကုသိုလ်​တရား​တွေအားလုံးပျက်​တာပါပဲ၊ ​အေး- ဒါ​ကြောင့်​ ကုသိုလ်​​တွေအားလုံးရဲ့ တည်​မှီရာဟာ သီလဖြစ်​တယ်​လို့ စာ​ပေကျမ်းဂန်​​တွေမှာ ဆိုထားတယ်​​နော်​။

လူ့အရည်​အ​သွေး​တွေ အားလုံးဟာ သီလ​ပေါ်မှာပဲ မှီတည်​​နေတယ်​၊ သီလပျက်​တာနဲ့တစ်​ပြိုင်​နက်​ လူ့ရဲ့အရည်​​သွေး​တွေအားလုံးဟာသွား​ရောပါပဲ၊ ဒါ​ကြောင့်​မို့ သီလဆိုတဲ့ပစ္စည်းဥစ္စာဟာ လူသား​တွေရဲ့သန္တာန်​မှာ ရှိထားရမယ့်​ မြတ်​​သောဥစ္စာတစ်​ခု ဖြစ်​တယ်​။ 

     (​ဒေါက်​တာအရှင်​နန္ဒမာလာဘိဝံသ)

နှစ်ဟောင်း နှစ်သစ်

🚩❝ နှစ်ဟောင်း နှစ်သစ် ❞🚩

🌿 🌿 🌿
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးကာလ
နှစ်ဟောင်းကနေ နှစ်သစ်ကို
ကူးပြောင်းခွင့်ရတာဟာ
နှစ်ဟောင်းမှာ ငါမသေခဲ့လို့ပဲ -

🌿 🌿 🌿
နှစ်ဟောင်းမှာ မသေခဲ့ပေမယ့်
နှစ်သစ်ကိုရောက်တာနဲ့
ငါ့အသက် တစ်နှစ်ကြီးလာပြီ၊
သေဖို့ တစ်နှစ်ပိုနီးလာပြီ -

🌿 🌿 🌿
နှစ်သစ်ရဲ့ ရက်စွဲ တစ်ခုခုမှာ
ငါသေချင် သေသွားနိုင်တယ်။
နှစ်ဟောင်းမှာ သေခြင်းတရားကို
လွန်မြောက်ခဲ့ပေမယ့်
နှစ်သစ်မှာ လွန်မြောက်ချင်မှ
လွန်မြောက်မယ်။
အဲဒီလို သေခြင်းတရားနဲ့
ပတ်သက်ပြီးတော့လည်း
ဆင်ခြင်သုံးသပ်ရပါမယ် -

🌿 🌿 🌿
ခုလို နှစ်ဟောင်းကုန်ကျူး
နှစ်သစ်ကူးတော့မယ့် အချိန်ကာလမှာ
ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်ထားတဲ့
သေခြင်းတရားကိုလည်း
သတိရဖို့ လိုအပ်ပါတယ် -

🌿 🌿 🌿
မသေခင် -
လုပ်ပိုင်ခွင့်ရှိတဲ့ ကာလလေးမှာ
ဘာအလုပ်တွေ လုပ်မယ်၊
ဘာအလုပ်တွေ ဦးစားပေးမယ်ဆိုတာကိုလည်း
ကြိုတင်စီမံကိန်း ချထားရပါမယ် -

🌿 🌿 🌿
တချို့အလုပ်တွေဆိုရင်
မလုပ်မဖြစ် လုပ်မယ်လို့ကို
အဓိဋ္ဌာန် ဆောက်တည် ထားရပါမယ်။
မသေခင် အချိန်ပိုင်းလေးမှာ
အလုပ်သင့်အလုပ်ထိုက်ဆုံး
အလုပ်တွေကို ဖြစ်အောင် လုပ်ကြဖို့ပါပဲ -

【ဒေါက်တာအရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)】

❁ အပ္ပမာဒေန သမ္မာဒေထ ✍
❀ရွှင်လန်း❀ချမ်းမြေ့❀ပါစေ❀

ဘုရားကအရင်လား တရားကအရင်လား

ဘုရားကအရင်လား တရားကအရင်လား
--------------------
တချို့က မေးတတ်ကြသေးတယ်။
ဘုရားနဲ့ တရား ဘယ်သူက အရင်ပေါ်လာတာလဲတဲ့။
ဒီမေးခွန်းကို မေးတတ်ကြတယ်၊
ဘာဖြစ်လို့ မေးလဲလို့ဆိုရင် တရားကျင့်လို့ ဘုရားဖြစ်တယ်၊
အဲဒီတော့ တရားကျင့်လို့ ဘုရားဖြစ်တယ်ဆိုရင် ဘုရားမဖြစ်ခင်က တရားရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။

ဘုရားမဖြစ်သေးခင် ဒီတရားကို ကျင့်ရတယ်၊အဲဒီတော့ တရားက အရင်ပေါ်တယ်လို့ တစ်ဖက်ကကြည့်ပြီး ပြောစရာရှိတယ်။
သဘာဝတရားက ရှိနေတာမှန်တယ်၊
သို့သော် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးလို့ ဆိုတဲ့အထဲမယ် ဘုရားပွင့်တာက အရင်၊ ဘုရားကကျင့်လို့ ကျင့်တဲ့တရားက
ဘုရားမဖြစ်ခင်ကတရား မှန်တယ်။

သို့သော် ဒီနေရာမှာ တရားရတနာဆိုတာ
ဘုရားမဖြစ်ခင်က ကျင့်တဲ့တရားကို ပြောတာမဟုတ်ဘူး၊
မြတ်စွာဘုရား ဘုရားဖြစ်ပြီးတဲ့နောက်မှာ သိလို့ဟောတဲ့ တရားဒေသနာတွေကို ပြောတာ။

အဲဒီတော့ ဘုရားပွင့်မှ တရားဆိုတာ ပေါ်တာလေ၊
မြတ်စွာဘုရားဟောပြမှ ဒီတရားတော်တွေက ထွက်ပေါ်လာတာ။
ဒါကြောင့်မို့ ဘုရားပေါ်လာပြီးတဲ့နောက်မှာ တရားပေါ်လာတယ်၊

ကြည့်လေ မြတ်စွာဘုရားနဲ့ ဓမ္မစကြာတရား ဘယ်သူက အရင်ပေါ်လဲ။ဘုရားက အရင်ပေါ်တာလေ။
ဓမ္မစကြာတရားက နောက်မှပေါ်တယ်။
ဒါကြောင့်မို့ ဘုရားရတနာပြီးမှ တရားရတနာ။

တပုဿတို့ ဘလ္လိကတို့ မြတ်စွာဘုရားနဲ့ တွေ့တဲ့အခါမှာ
ပထမဆုံး သရဏဂုံတည်တာ အဲဒီတုန်းက သံဃာဆိုတာ မပေါ်သေးသည့်အတွက်ကြောင့် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ လို့ ဆိုကြရတယ်။
ဒွေဝါစိက သရဏဂုံ လို့ ခေါ်တယ်၊
ဗုဒ္ဓ နဲ့ ဓမ္မ ဒီနှစ်ခုပဲ ကိုးကွယ်လို့ရသေးတယ်၊သံဃာမရှိသေးဘူးပေါ့။

အဲဒီလို ဒွေဝါစိက သရဏဂုံနဲ့ တပုဿ၊ ဘလ္လိက တို့ဟာ ပထမဆုံး ဗုဒ္ဓဘာသာဝင်ဖြစ်ကြတဲ့ ပုဂ္ဂိုလ်တွေပဲပေါ့။
မြတ်စွာဘုရားပေါ်ပြီးတဲ့နောက်မှာ တရား ပေါ်လာတယ်၊ မြတ်စွာဘုရားဟောတဲ့တရားကို အနှစ်ချုပ်လိုက်ရင် မဂ္ဂင်ရှစ်ပါးပဲ။
အဲဒီမဂ္ဂင်ရှစ်ပါး အကျင့်တရားကို ဒီထက်
ထပ်ပြီးတော့ ချုံ့လိုက်လို့ရှိရင် သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါး အကျင့်တရားပဲ။

အဲဒီ သိက္ခာသုံးပါး အကျင့်တရားဖြင့် ဖွဲ့စည်းထားတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်တရားသည် မည်မျှထိအောင် စွမ်းဆောင်မှု ပေးနိုင်သလဲဆိုရင် နိဗ္ဗာန်ထိအောင် စွမ်းဆောင်မှု ပေးနိုင်တယ်။
သံသရာဝဋ်က လွတ်စေဖို့အတွက် မြတ်စွာဘုရားက ဒီလမ်းစဉ်ကို ချမှတ် ဟောကြားတာ ဖြစ်တယ်။

ဆိုပါစို့၊ ဆေးဆရာပေါ်လာတဲ့အခါမှာ ဆေးဆရာက ဖော်စပ်လိုက်သည့်ဆေးသည် ရောဂါကို ပျောက်စေနိုင်တယ်၊ ဆေးဆရာက ဆေးကုတယ်လို့ပြောပေမယ့် တကယ်က ရောဂါပျောက်အောင် လုပ်တာ ဆရာက လုပ်တာမဟုတ်ဘူး၊ ရောဂါကို တကယ်ကုတာ ဘယ်သူလဲလို့ဆိုရင် ဆေးပဲ။ ဆေးမစားဘဲနဲ့ ရောဂါဆိုတာ ဘယ်လိုမှ မပျောက်ဘူး။
ဒါကြောင့်မို့ ဥပမာအားဖြင့် ပြောမယ်ဆိုရင် မြတ်စွာဘုရားက ဆေးဆရာနဲ့တူတယ်၊
ဘုရားဟောလိုက်တဲ့တရားက ဖော်စပ်လိုက်တဲ့ဆေးနဲ့ အလားတူတယ်။ဒီလိုဆိုတာ။

မြတ်စွာဘုရားသည် မှန်ကန်တဲ့ဆေးကို ညွှန်လိုက်တာကို လူနာဖြစ်တဲ့ ပုဂ္ဂိုလ်က မသောက်ဘူး၊ သတ္တဝါတွေက မကျင့်သုံးဘူး ဆိုလို့ရှိရင် ဒီအကျိုးကျေးဇူးကို ခံစားရမှာ မဟုတ်ဘူး။
ဆေးမသောက်တဲ့လူ ရောဂါမပျောက်သလိုပဲ တရား မကျင့်လို့ရှိရင်လည်း နိဗ္ဗာန်ချမ်းသာကို ရမှာမဟုတ်ဘူး၊
ဒါက ရှင်းနေတာပဲ၊အဲဒီလို ဆိုလိုတာ။
ဒါကြောင့်မို့ မြတ်စွာဘုရား ဟောကြားထားတဲ့ ဓမ္မစကြာစတဲ့ ဓမ္မဒေသနာတွေဟာ ဓမ္မရတနာပဲလို့...။

အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph. D)

ဘယ်လိုပြောရမလဲ

-       ဘယ်လိုပြောရမလဲ

ဦးအောင်သောင်း  က  တောင်သာနယ်
ကျောက္ကာ ရွာသား  စစ်အာဏာရှင် အစိုးရ
လက်ထက် မှာ အရေးပါအရာရောက်တဲ့သူ-

ဦးတင်မိုး က တောင်သာနယ်  ကန်မြဲရွာသား
ရိုးရိုးသားသား  ကဗျာစာပေ ရေးတဲ့ 
အညာသားစာရေးဆရာ~

ဦးခင်ညွန့် က  စစ်ထောက်လှန်းရေး 
စစ်အာဏာရှင် အစိုးရလက်ထက်မှာ 
လျှမ်းလျှမ်းတောက်  လက်သံပြောင်ခဲ့တဲ့သူ-

ကဲ ~
ဦးတင်မိုး က
၁၉၈၈  အရေးအခင်း  ကာလအတွင်း မှာ 
မစု့   မစု့ နဲ့   ဒေါ်အောင်ဆန်းစု့ ကြည် အနားမှာ
နေပြီးအရေးပါ အရာရောက်ခဲ့တဲ့သူ~

ဒီနေ့  နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် 
ဒေါ်အောင်ဆန်းစု့ ကြည်  ကိုယ်တိုင်  မေးခွန်း
အထုတ်​ခံရတဲ့  ကဗျာဆရာကြီး  ဦးတင်မိုး
(  ဆရာတို့ ကဗျာဆရာတွေ  ဘာဖြစ်လို့ 
အကြောက်တရား ကင်းရတာလည်း  ) တဲ့~

တကယ်လည်း ဟုတ်ပါတယ်   အရေးအခင်းကာလတစ်လျှောက်လုံး  ကဗျာဆရာတွေဟာ  ကလောင်သွားတွေနဲ့  တိုက်ပွဲဝင်ခဲ့ကြတယ်  ကလောင်နံမည်ကိုလည်း မကွယ်မဝှက်ဘဲ 
ပေါ်တင်ရေးခဲ့ကြတယ်  အဲဒီအထဲမှာ  ဦးတင်မိုး  ကထိပ်ဆုံးက ရဲရဲဝံဝံ ကဗျာဆရာ  ဖြစ်ခဲ့တယ်~

ဟော -
ဦးအောင်သောင်း  ဖင်ထိုင်ခုံ  လှုပ်လာပြီ
စစ်အာဏာရှင် ခေါင်းဆောင်တွေက 
တောင်သာနယ်သား အချင်းချင်း ထိမ်းကွပ်ခိုင်းခဲ့တယ် 
သာမာန်ဝန်ကြီးတစ်ယောက်ကို  ရဟတ်ယဉ် သုံးစွဲခွင့်  ပေးလိုက်တယ် 
တောင်သာနယ်ကို  နှစ်ခြမ်းကွဲအောင် 
ရဟတ်ယဉ်စီးပြပြီး ခွဲခြမ်း လိုက်တယ် 
ဦးတင်မိုး နှင့်ပါတ်သက်​ခဲ့သူ  တောင်သာနယ်
သား မှန်သမျှ  ခြိမ်းခြောက်လာခဲ့တယ် 
နောက်ဆုံး ထိမ်းသိမ်းလိုက်ကြတယ်  
အဲဒါက  မရှောင်သာ  တောင်သာ  ဗျူဟာ လို့ ခေါ်သ တဲ့-

ဦးအောင်သောင်း  အချက်ပြလိုက်တယ် 
ဒါကို ဦးခင်ညွန့် က  မီးစိမ်းပြရတယ် 
အချက်အလက်တွေရှာတယ်  နောက်ကြောင်းရာဇဝင်တွေ လိုက်ကြတယ်
စစ်ထောက်လှမ်းရေးတွေ ဟာ ဆရာကြီးရဲ့ ဇာတိ တောင်သာနယ်  ကန်မြဲ ကျေးရွာအထိ
ရောက်လာပြီး မွှေနှောက်လာတယ်-

ဆရာကြီး ဦးတင်မိုး ကို  ဖမ်းဆီးထိမ်းသိမ်းကြဖို့ စီစဉ်ကြတယ်  ဒါကို  ထောက်လှမ်းရေးတွေထဲက  ဆရာကြီး ကိုလေးစားလွန်းလို့   တစ်နေရာကိုထွက်ပြေးတိမ်းရှောင်နေဘို့   သတင်းပေးကြတယ်  ဒါပေမဲ့  ဆရာကြီးက လက်မခံခဲ့ဘူး  
မင်းတို့ ဖမ်းချင်ဖမ်း  သတ်ချင်လည်းသတ်ကြ  (    အရေးတော်ပုံ  မအောင်မချင်း  လူထု့ 
ခေါင်ဆောင် မစု့ အနားက မခွာဘူးကွ  )  လို့
ပြန်ပြော လိုက်သတဲ့~

အဲဒီလိုနဲ့   မမျှော်လင့်ဘဲ-
၁၉၉၀  နိုဝင်ဘာလ  ( ၁၇ )  ရက်နေ့ မှာ 
ဆရာကြီးသိပ်ချစ်တဲ့  ဆရာဇနီး  ကွယ်လွန်သွားခဲ့ပါတယ်  မိသားစု့  သောကအပူမီး  တောက်
လောင်နေကြတယ်
သားသမီးတွေက နေ့ စဉ်နှင့်အမျှ အမေ ကိုသတိယလွန်းလို့   ပူဆွေးငိုကြွေးကြတယ်
ဒါကို ဆရာကြီးက  ငိုကြွေး ပူဆွေးနေတဲ့  သားသမီးတွေကို အငိုတိတ်အောင် ပြောဆိုလိုက်
တာက~

-   (  အမေ ကို  ပူလောင်ခြင်းနှင့်  သတိမရကြပါနဲ့     အေးမြခြင်း   ကြည်ညိုခြင်း   နဲ့ သာ  သတိယကြပါ   )   တဲ့~~

တစ်အိမ်လုံး အငိုတွေတိတ်ဆိတ် သွားစေတယ်
အမေ မရှိတောပေမဲ့  အဖေလည်းအမေ   အမေလည်း အဖေ  ဆိုတဲ့စိတ်နဲ့   ကျန်ခဲ့တဲ့  အဖေ ကို  သားသမီးတွေ  ပြု့ စု့ စောက်ရှောကခဲ့ကြပါတယ်~

ဒါပေမဲ့  ဗျာ
အကွက်ကျကျ  ချောင်းမြောင်းနေတဲ့ 
စစ်ထောက်လှမ်းရေးတွေဟာ  ဗိုလ်ခင်ညွန့် 
အမိန့် နဲ့ ၁၉၉၁  ဒီဇင်္ဘာလ  (  ၁၁ )  ရက်နေ့ 
မှာ ဆရာကြီး ဦးတင်မိုး ကို  ဖမ်းဆီးလိုက်ကြ
တယ်
မိသားစု့ တစ်ခု့ လုံးကို ထိမ်းချုပ်ပြီး  ဆရာကြီး ဦးတင်မိုး နှင့်ပါတ်သက်​သမျှ  ပိုင်ဆိုင်သမျှ 
စာရွက်စာတမ်း  စာအုပ်  ဓါတ်ပုံ မှတ်တမ်း 
စာရေးနေတဲ့  ဖေါင်တိန်  မှင်အိုးပါမချန်  အကုန်  သိမ်းဆည်းသွားခဲ့တယ်~

ရက်စက်ကြတယ်  နှိပ်စက်ကြတယ်

အဲဒီအချိန်တုန်းက
ဦးခင်ညွန့်  ရယ်နိုင်ခဲ့တယ်

ဦးအောင်သောင်း  ပျော်နိုင်ခဲ့တယ်

သြော်
ဆရာကြီးဦးတင်မိုး  ကတော စစ်ကြောရေး
အခန်းထဲမှာ  သူတို့   မဲဆွယ်ခဲ့တဲ့  စကားလုံး
တွေကို  ခါးခါးသီးသီး ငြင်းဆန်ခဲ့တယ်~

၁ - ဒေါ်အောင်ဆန်းစု့ ကြည် နဲ့  လုံးဝ
အဆက်အသွယ်မလုပ်ရ
၂ - ကဗျာ ဆောင်းပါး  နှင့် စာရေးခြင်းအလုပ်  လုံးဝ မလုပ်ရ
၃ - ပြည်ပ ထွက်ခွာခွင့် ပေးမည် မြန်မာပြည်
ပြန်မလာရ
၎ - မြန်မာပြည်မှာ ဘဲ အေးအေးချမ်းချမ်း
နေမလား  လက်မှတ်ထိုး ကတိပေးရမည်
၅ - ဘာလိုချင်သလဲ  လိုချင်ရာကို ပြောပါ 
ဒါပေမဲ့  စာမရေးရ  နိုင်ငံရေး မလုပ်ရ

ဆရာကြီး ဦးတင်မိုး ဟာ ခါးခါးသီးသီး  ခေါင်းခါခဲ့ပါတယ်~
အသားအနာခံ၍  ထောင်နန်းစံခဲ့ပါတော့တယ်~

ခု့ တော့ -
ဆရာကြီးဟာ  ဆေးလိပ်လည်း တို နေလည်းညို  ပြီ  ငါ ကိုပြန်ပို့ ကြ လို့   ကဗျာရေးရင်း  သိက္ဓာရှိရှိ  အဓိပ္ပါယ်ရှိရှိ  ကြားရသူ လူသူအပေါင်း 
နှမျှောတသစွာဖြင့်  နိုင်ငံရပ်ခြားမှာ ကွယ်လွန်
သွားခဲ့ရပါတယ်~~~

ဦးအောင်သောင်း  လည်း သေသွားပါပြီ-

နောက် ဦးခင်ညွန့် ကတော့   အရှင်လတ်​လတ်​ တံတွေးခွက်ထဲ  မျှောနေလျှက်ပေါ့-😒

မောင်ကျော်အောင် - ကန်မြဲ
#KKL.
sh cd-U Thar Gye.