Monday, September 18, 2017

๐ŸŒท๐Ÿ”ฐ ေแ€œာแ€€၊แ€“แ€™แผ၊แ€˜แ€ แ€”ီแ€ိแ€•ေแ€’แ€žာ ๐Ÿ”ฐ ๐ŸŒท

🍃🍂🍃🍂🍃🍂🍃🍂🍃🍂🍃🍂
                   🐜 ကျေးဇူးတရား 🐜 
🐰🐰🐰🐰🐰🐰🐰🐰🐰🐰🐰🐰

🐷 အမြောက်အမြားသော်လည်းကောင်း၊ အနည်းငယ်သော်လည်းကောင်း မိမိကို ကျေးဇူးပြုဖူးသူများသည် ရှိငြားအံ့။ ထိုကျေးဇူးတရားတို့ကို တုံ့ပြန်ပေးဆပ်နိုင်သည့်အခါ တုံ့ပြန်ပေးဆပ်ပါ။ မတတ်နိုင်သေးလျှင်လည်း နေပါ။ သို့သော် ကျေးဇူးရှင်တို့အား ကျေးစွပ်တတ်သည့် သူယုတ်မာတို့၏ အပြုအမူမျိုးကိုမူ မကြံစည်၊ မပြုလုပ်ပါနှင့်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

                 ⛺ မြင့်မြတ်သောစိတ် ⛺
🚀🚀🚀🚀🚀🚀🚀🚀🚀🚀🚀🚀

🛫 လူတို့၏ အကျင့်စာရိတ္တကို ပျက်ပြားစေနိုင်သော အကြောင်းအမျိုးမျိုးရှိရာတွင် ဆင်းရဲချို့တဲ့ခြင်းနှင့် စည်းကမ်းမရှိခြင်းများလည်း ပါဝင်၏။ သို့ရာတွင် စိတ်နေ စိတ်ထား ဖြူစင်မြင့်မြတ်သူတို့ကား ဆင်းရဲချို့တဲ့ခြင်းနှင့် စည်းကမ်းမရှိခြင်းကြောင့် မိမိတို့၏ အကျင့်စာရိတ္တ ဂုဏ်သိက္ခာကို ထိခိုက်ညစ်နွမ်းခြင်း ခံကြလိမ့်မည် မဟုတ်ကုန်...။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

               👹 ကြောက်စရာကောင်းသူ 👹
🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥

💧ပညာရှိခြင်းသည် လိမ္မာခြင်းနှင့် တစ်ခြားစီဖြစ်၏။ ပညာရှိတိုင်းလည်း မလိမ္မာ၊ လိမ္မာတိုင်းလည်း ပညာမရှိ။ အလိမ္မာနှင့် ပညာ စွယ်စုံညီညွတ်သူကား ရှားဘိ၏။ ထို့ကြောင့် ဥစ္စာရှိတိုင်း၊ အာဏာတန်ခိုးရှိတိုင်းလည်း ပညာရှိမဖြစ်နိုင်၊ အလိမ္မာမဖြစ်နိုင်ရကား ဓားပြ၊ သူခိုး၊ လူဆိုး၊ လူရှုပ်တို့ထက် ပညာရှိ၊ ဥစ္စာရှိ၊ အာဏာတန်ခိုးရှိသူ လူယုတ်မာတို့ကို ပိုမို၍ ကြောက်စရာကောင်း၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎩 လူ့သိက္ခာ 🎩
🎋🎋🎋🎋🎋

🎯 သိက္ခာဆိုသည်မှာ အကျင့်ပင်ဖြစ်၏။ လူတို့ ကိုယ်ကျင့်တရားများသည် သိက္ခာပင်ဖြစ်၏။ လိမ်လည်ကောက်ကျစ်ခြင်း၊ ဝါကြွားခြင်း၊ အဂတိလေးပါးလိုက်စားလျက် အမည်းကို အဖြူ  ၊ အဖြူကို အမည်း ပြုလုပ်ခြင်း၊ ပန်းပြားပင်ကဲ့သို့ တောင်လေလာ တောင်ယိမ်း မြောက်လေလာ မြောက်ယိမ်း ပြုတတ်ခြင်း၊ ရ သာလျင် ဘုရားကရွှေကိုပင် ခွာတတ်ခြင်း၊ သူ့သားအိမ်ယာကို လွန်ကြူးတတ်ခြင်း ထိုကဲ့သို့ပြုမူလေ့ရှိသော လူစားမျိုးကား ကိုယ့်သိက္ခာကိုယ် မရိုသေခြင်းသာမဟုတ် သိက္ခာဟူ၍ပင် မရှိတော့သော လူစားမျိုးဖြစ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎈 အကျင့်သိက္ခာ 🎈
💎💎💎💎💎💎

👤 လိမ်လည်ကောက်ကျစ်ခြင်း၊ ခိုးခြင်း၊ လာဘ်စားခြင်း၊ ချောက်တွန်းခြင်း၊ သောက်စားခြင်း၊ သူ့သားမယားကိုပြစ်မှားကျူးလွန်ခြင်း၊ စသောအမှုဆိုး ဒုစရိုက်တို့ကို အားလုံးဖြစ်စေ၊ အနည်းဆုံး တစ်ပါးမျှဖြစ်စေ ဤတစ်သက်တွင် အသက်သေစေကာမူ မဖောက်ပြန်၊ မကျူးလွန်ပါဟု အဓိဌာန်ပြုနိုင်က သင်၏ အကျင့်သိက္ခာ အနိမ့်၊ အမြင့် အဆင့်အတန်းမှန်ကို ဧကန်သိနိုင်မည့်အပြင် အကျိုးထူးတရားကိုလည်း ဒိဌ ခံစားရမည်ဖြစ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🕎 ရစရာရှိလျှင် မမေ့ 🕎
🐔🐔🐔🐔🐔🐔🐔🐔

🦄 လူတို့က မိမိတို့ပေးစရာရှိသည့်အခါ သတိမရလေယောင် မေ့မေ့ လျော့လျော့ ဖြစ်တတ်သော်လည်း ရစရာရှိသည့်အခါ နတ်၊ သိကြားနိုးဆော်လေဟန် မကြာခဏသတိရတတ်ကြ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

👥 မသူတော်ကြီးများ 👥
♠♥♣♦♠♥♣♦

🔥 ဓားပြ၊ သူခိုး၊ လူဆိုး၊ လူမိုက် ဆိုလျင် လူကောင်းသူကောင်းမှန်သမျှ စက်ဆုတ်ရွံ့မုန်း နှလုံးနာကြသည်သာဖြစ်၏။ ထိုထက် စက်ဆုတ်ရွံ့မုန်း ဖွယ် ကောင်းသူများကာ လူကြီးလူကောင်းအခေါ်ခံလျက် စိတ်ယုတ်မာရှိသူ လူမသူတော်ကြီးများဖြစ်ကြ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎨 သူယုတ်မာ နှင့် သူတော်ကောင်း 🎨
🐺🐰🐺🐰🐺🐰🐺🐰🐺🐰🐺🐰

💎 သူယုတ်မာက မွေးဖွားတိုင်း သူယုတ်မာ မဖြစ်နိုင်။ သူတော်ကောင်းက မွေးဖွားတိုင်းလည်း သူတော်ကောင်းမဖြစ်နိုင်။ စင်စစ်အားဖြင့် ယုတ်မာသောအမှုကို ပြုလုပ်၍သာ သူယုတ်မာဖြစ်နိုင်၍ ကောင်းမြတ်သော အမှုကိုပြုလုပ်၍သာ သူတော်ကောင်း ဖြစ်နိုင်သည်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🔔 အမျက်ဒေါသ 🔔
🌈🌈🌈🌈🌈🌈

❄ အမျက်ဒေါသ ထွက်နေဆဲအခါ ဟုတ်မှန်ရာ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ခြားနား၍ မသိမမြင်နိုင်။ သို့အတွက် အမျက်ဒေါသထွက်နေဆဲအခါ တစ်စုံတစ်ရာ ပြုလုပ်ပြောဆိုခြင်းကို မပြုပဲ ဆိတ်ဆိတ်နေလျက် အမျက်ဒေါသပြေမှ ပြုလုပ်ပြောဆိုရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐦 မျက်နှာလို မျက်နှာရ 🐦
🐝🐝🐝🐝🐝🐝🐝🐝

🐼 အထက်လူကိုသာ မျက်နှာလို မျက်နှာရလုပ်ပြီး အောက်လူကို ဖိနိပ်လေ့ရှိသောသူသည် လူယုတ်မာ ဖြစ်၏။ အထက်လူများအား နှစ်သိမ့်စေ၍ အောက်လူများနှင့် သင့်မြတ်အောင် ဆက်ဆံလေ့ရှိသောသူသည် သူတော်ကောင်းဖြစ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🚁 စိတ်သဘောထား 🚁
🚨🚨🚨🚨🚨🚨🚨

🚜 ဥစ္စာကြွယ်ဝသူ၊ အရွယ်နှင့် ရာထူးကြီးသူတိုင်း စိတ်သဘောထား ပြည့်ဝလိမ့်မည်မထင်နှင့်။ စိတ်သဘောထား ပြည့်ဝခြင်း၊ သေးသိမ်ခြင်းမှာ ဥစ္စာကြွယ်ဝခြင်း၊ အသက် ရာထူးကြီးခြင်းနှင့် တစ်ခြားစီဖြစ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐙 တန်ခိုးအာဏာ 🐙
🦂🐟🦂🐟🦂🐟🦂

🐸 တန်ခိုးအာဏာ အခွင့်အခါကောင်းတို့မည်သည် စိတ်သဘောထား သေးသိမ်သူတိုအား မှောက်မှောက် မှားမှား အမူအကျင့်ကို ပျက်ပြားစေနိုင်၏။

🐸 စိတ်သဘောထား ပြည့်ဝသူတို့အား အာဏာတန်ခိုး ပြည့်ဖြိုးပိုင်သ လက်ဝယ်ရသော်လည်း တက်ကြွခြင်း၊ ဖောက်ပြန်ခြင်းကို မဖြစ်စေနိုင်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐚 အမှား နှင့် အမှန် 🐚
🎭🎭🎭🎭🎭🎭🎭

⛳ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားစုံစမ်းသူ အလွန်ရှား၏။

⛳ စုံစမ်းစေကာမူ အမှန်အမှား ခွဲခြားသိမြင်သူ ရှား၏။

⛳ ခွဲခြားသိမြင်စေကာမူ အမှန်အမှား ပြောနိုင်သူ ရှား၏။

⛳ ပြောနိုင်စေဦး အမှားကိုစွန့်၍ အမှန်ကိုကျင့်သူ ရှား၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐢🐞 လူ့ကပ်ပါးများ 🐞🐢
🐞🐢🐞🐢🐞🐢🐞🐢🐞

🐞🐢 မျက်နှာကြီးများထံတွင် မျက်နှာလို၊ မျက်နှာရ ပလီပလာပြောတတ်သူ၊ မိန်းမ ယောကျာင်္း လူ့ကပ်ပါးများ ရှိမြဲဖြစ်၏။ ထိုလူ့ကပ်ပါးများသည် မျက်နှာရဖို့အတွက် ကြမ်ပိုးကို လိပ်၊ လိပ်ကို ကြမ်းပိုးဖြစ်အောင် ဖန်တီးပြောဆိုနိုင်စွမ်း၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐷 ဝမ်းမြောက်ခြင်း မနာလိုခြင်း 🐷
🐯🐯🐯🐯🐯🐯🐯🐯🐯🐯🐯🐯

👤 လူတစ်ဦးတစ်ယောက် ချမ်းသာမြင့်မြတ်သော အခြေသို့ ရောက်သွားသည် ကြားလျင် ဝမ်းမြောက်သလော၊ မနာလိုဖြစ်သလော။ ဝမ်းမြောက်စိတ်သည် မြင့်မြတ်သူတို့စိတ်ဖြစ်၍ မနာလိုစိတ်သည် သဘောထား သေးသူတို့၏ စိတ်ဖြစ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🌈 သေးငယ်သော အကျင့်ဆိုး 🌈
🐠🐟🐠🐟🐠🐟🐠🐟🐠🐟

🐧 သေးငယ်သောမီးပွားသည် ကြီးကျယ်သော မီးတောက်မီးလျှံကြီးများကို ဖြစ်စေနိုင်၏။ ထို့အတူ သေးငယ်သော အကျင့်ဆိုးသည်လည်း ယုတ်မာသော အကျင့်ဆိုးကြီးများကို ဖြစ်စေနိုင်၍ နုစဉ်က ပယ်ဖျက်သင့်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

📶 တရားသောအလုပ် 📶
💱💱💱💱💱💱💱💱

💠 ဖြောင့်မှတ်မှန်ကန်ခြင်းသည် တရားခြင်းဖြစ်၍ ကောင်းမွန်မြင့်မြတ်ကြောင်းကို မငြင်းနိုင်။ သို့သော်လည်း ကိုယ်ကျိုး၊ ကိုယ့်စီးပွားနှင့် ပတ်သက်လာသည့်အခါ တရားခြင်းကို မြင်နိုင်ခဲဘိတောင်း...။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🚌 လောဘကြီးသူ 🚌
💯💯💯💯💯💯💯

➗ လောဘကြီးသူအား တရားမျှတမှုကို မည်သို့ပင်ဟောကြားသော်လည်း နားမဝင်။ သဘောပေါက်နိုင်၊ သဘောပေါက်မည့် အချိန်ကား လောဘကြောင့် သောကဘေးတွေ့သောအခါ ဖြစ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🌐 ဟန်မလုပ်နိုင်သော အရာ 🌐
🐛🐛🐛🐛🐛🐛🐛🐛🐛

🐸 စိတ်နိုင်သူများသည် ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်းတို့ကို မျက်နာတွင်မပေါ်အောင် ချုပ်တည်းထားနိုင်၏။ ဆာလောင်ခြင်း၊ ငိုက်မြည်းခြင်း၊ ချစ်ခြင်းတို့ကိုမူကာ မည်မျှပင်စိတ်နိုင်စေကာမူ ဟန်မလုပ်နိုင်...။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐚 ကောင်းအောင်ကျင့် 🐚
💠💠💠💠💠💠💠💠

🌈 သုဘာသုတ၊ ဝေါဟာရဖြင့်

🌈 လောကအလို၊ ဟောပြဆိုတိုင်း

🌈 ထိုထိုအနိဌ်၊ ဒုန္နိမိတ်လည်း

🌈 မြဲကြိတ်မုချ၊ မဟုတ်စွတည်း

🌈 ဓမ္မတရား၊ တိမ်းပါးမမူ

🌈 တည်သောသူအား၊ ဘေးဟူတုံလတ်

🌈 ဥပဒ်အပြစ်၊ မဖြစ်နိုင်ရာ

🌈 ကင်းကြစွာ၏။

🌈 သမ္မာဥာဏ၊ ပယောဂနှင့်

🌈 လုံးလအားထူ၊ ကောင်းစွာယူ၍

🌈 ကောင်းမှုသဖြင့်၊ ကောင်းအောင်ကျင့်က

🌈 ယခင့်အတိတ်၊ နိမိတ်တဘောင်

🌈 တိတ်ရောင်ဥပါ၊ ခိုးဝှန်ဝါတို့

🌈 ထင်လာသမျှ၊ ကောင်းကြသည်ချည်း

🌈 မချွတ်တည်းရှင့်၊ လှိမ့်လည်းမရှိ

🌈 မှန်လှဘိ၏....။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

👥 လူ့သဘော 👥
🎭🎭🎭🎭🎭🎭

🎩 လူတို့တွင် အပြောနှင့်အလုပ်၊ အလုပ်နှင့်စိတ်ထား တစ်သားတည်းညီညွတ် ဖြောင့်စင်းသူ အလွန်ရှား၏။ အပြင်တစ်မျိုး၊ အတွင်းတစ်မျိုး မရိုးသော ကောက်ကျစ်စဉ်းလဲခြင်းသာများ၏။ တိရစ္ဆာန်တို့ကား အတွင်းအပြင် ဖြောင့်သောသဘောရှိ၍ မုန်းလျင်မုန်းသည့်အလျောက် ချစ်လျင်ချစ်သည့်အလျောက် ပြုမူတတ်ရကား တိရစ္ဆာန်တို့အပြုအမူများကို အလွယ်တကူအားဖြင့် သိနိုင်၏။ လူတို့၏ သဘောကိုမူ အလွယ်နှင့်သိနိုင်ရန် ခဲယဉ်းလှချေ၏တကား...။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🦃 သီလ စမ်းပွဲ 🦃
🦄🦄🦄🦄🦄🦄

🐍 ခေတ်ပျက်၊ ကာလပျက်၊ ဗရုတ်ဗရက် အချိန်အခါမျိုးသည် တစ်နည်းအားဖြင့် လူတို့၏ အကျင့်သီလ၊ သမာဓိကို ချိန်ထိုး၍ပြသကဲ့သို့ ဖြစ်၏။ လူရိုး၊ လူကောင်း၊ သူတော်ကောင်းဟု ခေါ်ဝေါ်သမုတ် ဟန်လုပ်နေစေကာမူ ထိုအချိန်အခါမျိုးတွင်  သီလစမ်းပွဲသို့ ဝင်ကြသည့်ပမာ ယုတ်မာသောအကျင့်၊ ယုတ်မာသောအပြုအမူတို့ကို ထိမ်ချန်ဖုံးဖိ၍ မထားနိုင်တော့ပဲ အိတ်သွန်ဖာမှောက် ခြစ်ခြုတ်ထုတ်ဖော်၍ ပြတတ်ကုန်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🦁 မာန 🦁
🐾🐾🐾🐾

⛵ မာနဆိုသည်မှာ ထောင်လွှားတက်ကြွတတ်၏။ မာနကိုအမှီပြု၍ ကောင်းသောဘက်၌ မဖြစ်မနေ ကြိုးစားအားထုတ်ခြင်းသည် အဖိုးတန်၏။ သူတစ်ပါးအပေါ်၌ စိတ်ကြီးဝင် မာနရောက်လျက် သွေးမြောက်ခြင်းမာနမျိုးသည် ပစ္စုပ္ပန်၊ တမလွန် အကျိုးတရားကို ပျက်ပြားစေတတ်သည်။ မိမိ၌ရှိသော ပစ္စည်းဥစ္စာ ရာထူးဂုဏ်သိမ်၊ စည်းစိမ်ချမ်းသာ၊ ပညာဗဟုသုတတို့ကို အစွဲပြု၍ မာနထောင်လွှားခြင်းသည်လည်းကောင်း၊ ရှိသည်ထက်ပိုမို၍ အထင်ကြီးကာ မာနထောင်လွှားခြင်းသည်လည်းကောင်း၊ ဘာမှမရှိပဲ ရှိသည်ဟု အထင်ကြီးကာ မာနထောင်လွှားခြင်းသည်လည်းကောင်း တစ်နေ့သောအခါ နောင်တကြီးစွာ ရတတ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍊 သုခ နှင့် ဒုက္ခ 🍊
🍎🍎🍎🍎🍎🍎

🌶 ကျန်းမာခြင်းသည် သုခ၊ မကျန်းမာခြင်းသည် ဒုက္ခ ဖြစ်၍ သုခ နှင့် ဒုက္ခသည် နံရံကလေးတစ်ချပ်သာ ခြားသကဲ့သို့ ရှိ၏။ မကျန်းမာခြင်း ဒုက္ခမှ လွတ်ကင်းစေရန် အသွားအလာ၊ အအိပ်အနေ၊ အစားအသောက်တို့ကို အထူးဂရုပြုရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍓 စကားများ အမှားပါ 🍓
🍍🍍🍍🍍🍍🍍🍍🍍

🌈 စကားများလျင် အမှားပါတတ်သဖြင့် စကားများများပြောခြင်းကို ဆင်ခြင်သင့်၏။ စကားများများပြောခြင်းထက် ဆိတ်ဆိတ်နေခြင်းသည် အကောင်းဆုံးဖြစ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐄 ဝယ်၍ မရသောအရာ 🐄
🦁🦁🦁🦁🦁🦁🦁🦁🦁

🐧 ကျန်းမာရေးကို ရွှေငွေစိန်ကျောက်တို့ဖြင့် ဝယ်ယူ၍မရနိုင်။ မိမိကိုယ် နှင့် စိတ်ကို ကျမ်းမာအောင် ဂရုစိုက်ပြုပြင်ခြင်းဖြင့်သာရနိုင်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐙 ဗြဟ္မစိုရ် 🐙
🐚🐚🐚🐚🐚

🌈 ဗြဟ္မစိုရ်လေးဖြာ၊ တည်ကြခါမှ

🌈 သတ္တဝါဟူ၊ ဦးမည်းဖြူတို့

🌈 ရှင်လူခပင်း၊ ရောဂါကင်းလျက်

🌈 ဘေးရှင်းရန်ကွာ၊ ဆင်းအင်္ဂါနှင့်

🌈 ချမ်းသာစည်ကား၊ သက်ရှည်ပွား၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🌻 လူပေါ လူညာ 🌻
🌷🌷🌷🌷🌷🌷

💎 မိမိကိုယ်၌ရှိသော အရည်အချင်းထက် ပိုမို၍ အထင်ကြီးနေသူမှာ လူပေါ ဖြစ်၏။

💎 ထိုသို့ အထင်ကြီးနေသူကို မီးလောင်ရာလေပင့် သကဲ့သို့ လုပ်နေသူများမှာ လူညာများဖြစ်ကြ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍬 ငွေ နှင့် ရောင့်ရဲခြင်း 🍬
🍸🍸🍸🍸🍸🍸🍸🍸

🍼 ငွေရှိလျင် ဘာမဆို လိုတရနိုင်သည်ဟု ထင်မှတ်ကြ၏။ ရောင့်ရဲခြင်း နှင့် စိတ်အေးချမ်းမှုတို့ကိုမူကား ငွေဖြင့် ဝယ်၍မရနိုင်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

💝 အနှစ်ပြည့်သောသူ 💝
🐚🐚🐚🐚🐚🐚🐚🐚

🐸 စိတ်နေသဘောထား မြင့်မြတ်၍ အနှစ်ပြည့်သောသူတို့သည် အဆန်ပြည့်သော စပါးနှံနှင့် တူကုန်၏။ စပါးနှံသည် အဆန်ပြည့်လေလေ အောက်သို့ညွတ် လေလေဖြစ်သကဲ့သို့ ထို့အတူ စိတ်နေစိတ်ထားမြင့်မြတ်၍ အနှစ်ပြည့်သောသူတို့သည် ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာတိုးလေလေ နှိမ့်ချသော နိဝါတ တရားများရှိလေလေဖြစ်ကုန်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🌹 ထူးမြတ်သော ဒါန 🌹
💎💎💎💎💎💎💎💎

🎩 ခတ်သိမ်းသော အလှူဒါနတို့ထက် တရားတည်းဟူသော အလှူဒါနကို ပေးလှူခြင်းသည် မြတ်လှသော မဟာဒါနဖြစ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐸 လူညာများ 🐸
🌸🌸🌸🌸🌸🌸

🐁 လင်းနို့ခွန်တောင်းလျင်ကြွက်၊ ကြွက်ခွန်တောင်းလျင် လင်းနို့ လုပ်နေသူများ လူညာများ ရှိကြ၏။ ထိုလူညာများသည် မျက်နှာပြောင်၍ အရှက်နည်းသည့်ပြင် မျက်နှာကြီးများကို မြှောက်၍ပေါင်းတတ်ကြ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐧 တရားသာစွဲ 🐧
🐛🐛🐛🐛🐛🐛

🦃 အများနှင့်ပတ်သက်သော အမှုကိစ္စတို့တွင် သူ့လူ ကိုယ့်လူ သူ့ဆရာ ကိုယ့်ဆရာဟု ပုဂ္ဂိုလ် မစွဲရ။ အပြု အမူ အယူ အကျင့် အလုပ်သဘော ဖြောင့် မဖြောင့် အရည်အချင်း ရှိ မရှိ စိစစ်၍ ပုဂ္ဂိုလ် ကိုမစွဲပဲ တရားကိုသာ စွဲကြရသည်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🚔 များစွာဆိုတတ်၏🚔
🚛🚛🚛🚛🚛🚛🚛

🚌 လောဘ၊ ရမ္မက်အားဖြင့် တပ်မက်သောသူသည် ဟုတ်သည့်စကား၊ မဟုတ်သည့်စကားများကို များစွာဆိုတတ်၏။ ဒေါသအမျက်အားဖြင့် ပြစ်မှားသောသူသည်လည်း ဟုတ်သည့်စကား မဟုတ်သည့်စကားများကို များစွာဆိုတတ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🏹 ပညာရှိသူတို့ သဘော 🏹
🏇🏇🏇🏇🏇🏇🏇🏇🏇

🎿 ကျောက်တောင်ကြီးသည် အရပ်လေးမျက်နှာမှ လာသောလေတို့ကြောင့် မတုနလှုပ်ဘိသကဲ့သို့ ထို့အတူ ပညာရှိတို့သည် ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်း စသည်တို့ကြောင့် မတုန်လှုပ်ကုန်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

☎ အမှန်မပြောလို ☎
📀📀📀📀📀📀📀

⏳ လူတို့သည် သူတစ်ပါးတို့ မှန်ကန်စွာပြောဆိုခြင်းကို စင်စစ်နှစ်သက်ကြ၏။ သို့သော် မိမိကိုယ်တိုင်မူ အခါခတ်သိမ်း မှန်ကန်စွာပြောဆိုခြင်းကို မပြုတတ်ကြကုန်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🕎 အပြောကောင်းနှင့်စိတ်ကောင်း 🕎
🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺

® စကားပြောကောင်းသူနှင့် စိတ်ထားကောင်းသူတို့တွင် စကားပြောကောင်းသူကို လူကြိုက်များတတ်၏။ သို့သော် မည်သူကောင်းသည်ကိုမူ တာရှည်ပေါင်းမှ အကြောင်းကို သိနိုင်မည်ဖြစ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐼 ရန်ငြိုး 🐼
🐶🐶🐶🐶🐶

🐬 ငါ့ကို ညှဉ်းဆဲသောသူ၊ နိပ်စက်သောသူ ဟူ၍ ရေသာသည့်အလှည့် ဂလဲ့စားချေရန် မကြံအပ်။ ရန်ငြိုးကို ချေပရန်ထားခဲ့သော် မစင်လူးသည်ကို ရေနှင့်မဆေးပဲ မစင်နှင့်ပင် ဆေးသကဲ့သို့ ဖြစ်ရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐲 လူကောင်းနှစ်မျိုး 🐲
🐿🐿🐿🐿🐿🐿🐿🐿

🍄 သတိတရားရ၍ လူကောင်းဖြစ်လာသူ၊ ဘေးရန်နှင့် မင်းပြစ်ကြောက်၍ လူကောင်းယောင်ဆောင်နေသူ ဟု လူနှစ်မျိုးရှိရာတွင် ဘေးရန်နှင့် မင်းပြစ်ကြောက်၍ လူကောင်းယောင်ဆောင်နေသူမှာ ရွှေရည်စိမ်နှင့်တူရကာ တစ်နေ့သ၌ ပဂတိရုပ်ပေါ်လာတတ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

⚽ အဆင်းတွန်းမချသင့် ⚽
🦀🦀🦀🦀🦀🦀🦀🦀🦀

🐦 ဒုက္ခရောက်နေသူကိုတွေ့လျင် ကူညီနိုင်က ကူညီပါ။ မကူညီနိုင်က လျစ်လျူရှုပါ။ ရေနစ်မည့်သူကို ဝါးကူ၍နစ်သလို တိုး၍ ဒုက္ခရောက်အောင် မလုပ်ပါနှင့်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐻 လုပ်ငန်းနှင့်မျက်နှာ 🐻
🐀🐀🐀🐀🐀🐀🐀🐀

🐽 မျက်နှာလိုချင်သူတို့မှာ မိမိတို့ မျက်နှာရမည့်သူလောက်ကိုသာ ခယဝယ ပြုလုပ်တတ်ကြ၏။ ထိုသူမျိုးတို့ကား အလုပ်တွင်ဖို့ထက် မျက်နှာရဖို့ကိုသာ ဂရုစိုက်သော လူညာများဖြစ်ကြ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

💋 တကယ့်လူ 💋
🦀🐦🦀🐦🦀🐦

🍄 မြင်မှု၊ ကြားမှု၊ နံမှု၊ လျှက်မှု၊ ထိတွေ့မှု အာရုံအမျိုးမျိုးတို့ကို မတွေ့မှီ စိတ်ဖြင့် ရှောင်ကြဉ်စေနိုင်ကာမူ တကယ်တွေ့ကြုံသောအခါ ရှောင်ကြဉ်နိုင်သူ ရှားလေသည်။ မကောင်းမှုနှင့် စပ်လျဉ်းသောအာရုံများကို တစ်ကယ်တွေ့ကြုံသောအခါ စိတ်ဖြင့်သာမဟုတ်ဘဲ ကိုယ်၊ နှုတ်ဖြင့်ရှောင်ကြဉ်နိုင်မှသာ တကယ့်လူဟု ဆိုချိမ့်မည်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍊 အညှာလွယ်ခြင်း 🍊
🍒🍉🍈🍓🍐🍆🌶

🍓 သစ်သီးဝလံများ အညှာလွယ်ခြင်းသည် ကြွေကျလွယ်ခြင်းဖြစ်၏။ မိန်းကလေးများ အညှာလွယ်ခြင်းသည် အခိုက်အတန့်မျှ မော်ရကြွားရ သုံးစွဲရသော်လည်း နောက်ဆုံး၌ အရှုံအဖတ်တင်ပြီးလျင် အမျိုးပါ ထိခိုက်နစ်နာသည်ကို ကိုယ်တွေ့မျက်မြင်ဖြစ်ကြ၏။ ထို့ကြောင့် မိန်းကလေးများသည် ဝတ်မှု၊ စားမှု၊ မော်ကြွားမှုဖြစ်သော လော်မာမှုများဖြင့် မိမိတို့ကိုယ်နှင့်တကွ အမျိုးဂုဏ်ကို မဖျက်ဆီးမိကြရန် သတိပြုကြရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐀 ဗေဒင်မေးရန်မလို 🐀
🔡🔡🔡🔡🔡🔡🔡🔡

🛡 လူတစ်ဦးတစ်ယောက် ကြီးပွားတိုးတက်လာသည့်အခါ မိမိနှင့်တန်းတူဖြစ်လာသည့်အခါ မိမိထက်သာသွားသည့်အခါ ဝမ်းသာသလော၊ မနာလို မရှုဆိတ်ဖြစ်သလော။ ဝမ်းမသာပဲ မနာလိုစိတ်ဖြစ်နေသေးရင် အောက်တန်းစားစိတ်မျိုးရှိသေးကြောင်း ဗေဒင်မမေးပဲနှင့် မိမိကိုယ်မိမိ အတတ်သိနိုင်မည်ဖြစ်သည်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

💊 ဆေးမစားသော လူနာ 💊
💉💉💉💉💉💉💉💉💉

🌡 စာပေ ပရိယတ္တိတို့ကို တစ်ဖက်ကမ်းခပ် တတ်မြောက်အောင် သင်ကြားလေ့လာထားပါသော်လည်း ကိုယ်ကျင့်တရား မရှိငြားအံ့၊ ရောဂါပျောက်ကင်းစေနိုင်သော ဆေးဝါးတို့ကို အပြည့်အစုံဖော်စပ်ထားပါလျက် မမှီဝဲ မစားသုံးသော လူနာနှင့်တူ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🌵 လှူသမျှအပင် 🌵
🌿🍀🌿🍀🌿🍀

🍁 ရှေ့ကအကြောင်း ကံဟောင်းထောက်မ၍ ယခုဘဝ ရရှိသည့်ဥစ္စာတွင် စားသမျှမစင်၊ ထားသမျှမသေခင် လှူသမျှအပင်...။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍮 ဝါသနာဆိုး 🍮
🐭🐭🐭🐭🐭🐭

🦃 ဝါသနာဆိုသည်မှာ အရပ်ဒေသ၊ အပေါင်းအသင်း၊ ပတ်ဝန်းကျင်၊ ဝတ္ထုပစ္စည်း၊ အယူဝါဒ တို့ကို အကြောင်းပြု၍စွဲသော ဝါသနာဆိုး၊ ဇာတိ ဘဝအဆက်ဆက်ကပါလာသမျှ စွဲသော ဝါသနာဆိုးဟူ၍ အမျိုးမျိုးရှိ၏။ ထိုဝါသနာဆိုးအမျိုးမျိုးတို့သည် အရပ်ဒေသ၊ အပေါင်းအသင်း အားလျော်စွာစွဲသောဝါသနာမှာ ပြုပြင်၍ရသော်လည်း ဇာတိအဆက်ဆက်ကပါလာသော ဝါသနာဆိုး၊ အကျင့်ဆိုးတို့မှာကား ခွေးမြီးကောက် ကျည်တောက်စွပ်သည့်အလား ပြုပြင်၍ ရခဲ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍯 မေတ္တာ နှင့် တဏှာ 🍯
🍳🍳🍳🍳🍳🍳🍳🍳

💋 မေတ္တာနှင့် တဏှာမှာ သဘောချင်း နီးစပ်လျက်ရှိသောကြောင့် ဖွတ်မှ မိချောင်းဖြစ်လာသည့်ပမာ မေတ္တာမှ တဏှာသို့ ကူးပြောင်း၍ လာတတ်သည်။ မေတ္တာနှင့်တဏှာ ရုပ်ပြောင်း နာမ်ကွာ ပြုလုပ်တတ်သောကြောင့် သူတစ်ပါး သားမယားဆိုလျင် အလွန်ခင်မင်ရင်းနှီးခြင်း မဖြစ်ရလေအောင် မျက်စိတ်ကို အထူးသတိထားရာသည်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🔕 သတင်းအပုပ်နံ့ 🔕
📣📣📣📣📣📣📣

🍆 လူသေကောင်တို့၏ အပုပ်နံသည် အနီးအနားလေပင့်ရာ လူများကိုသာ နံစော်စေနိုင်သော်လည်း လာဘ်စားခြင်း၊ လိမ်လည်ကောက်ကျစ်ခြင်း၊ သူ့သားမယားကိုဖျက်ဆီးခြင်း၊ အကျင့်ပျက်ပြားခြင်း၊ စသည့် လူတို့၏ သတင်းအပုပ်နံ့ကား ပိတ်ပင်ဖုံးဖိ၍မရ။ လေအောက် လေညာ နေရာမခြား တထောင်းထောင်းပြန့်ပွား နံစော်စေနိုင်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐘 အသက်ရှင်နေသူတိုင်း 🐘
🍬🍬🍬🍬🍬🍬🍬🍬🍬

🏹 မျက်စိအောက်၊ နားအောက်တွင် သေကြ ပျောက်ကြ စည်းစိမ်ဥစ္စာပျက်စီးကြ ဆွေကွဲမျိုးကွဲ ဖြစ်ကြရသည့် အဖြစ်အပျက်တို့မှာ မျက်လှည့်ပြသည့်ပမာ လွန်စွာလျင်ပြန်ရကား အသက်မသေ ကြွင်းကျန်နေသူတိုင်း သတိသံဝေဂ အရကြီးရကြဖို့ကောင်းပါလျက် မရနိုင်ပဲအချင်းချင်း ပျက်စီးနှစ်နာအောင် ကြံစည်အားထုပ်ပြုလုပ်နေကြသည်မှာ ကြက်ခြင်းထဲမှကြက်များ အချင်းချင်း ခွတ်နေကြသည့်နှင့် တူလှခြေ၏တကား...။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎁 လာဘ်လာဘ 🎁
🌶🌶🌶🌶🌶🌶🌶

🎀 လာဘ်လာဘ ပေါများခြင်းသည် လူတို့စိတ်ကို ဖောက်ပြန်တက်ကြွ မာန်မာနထောင်လွှားစေတတ်၏။ အကျင့် အဟာရပြည်ဝသူ တို့သော်လည်း လာဘ်လာဘ ပေါများလာသည့်အခါ စိတ်ဖောက်ပြား၍ မှောက်မှားစေနိုင်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍅 အသက်ကြီးလျက်စိတ်မကြီးနိုင်သူ 🍅
🍃🍂🍃🍂🍃🍂🍃🍂🍃🍂🍃

💜 အသက်အရွယ်ကြီးရင့်လာသည့်တိုင် စိတ်ကြီးစိတ်ကောင်းမရှိသော လူကြီးများရှိ၏။ ထိုလူကြီးမျိုးကာ အခွင့်သာလျင် ယုတ်မာသော အမူအကျင့်ကို ကျင်ကြံပြုလုပ်လေ့ရှိ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🖲 အပြော နှင့် အလုပ် 🖲
⌛⌛⌛⌛⌛⌛⌛⌛

🐲 ပြောတိုင်းလုပ်၍ လုက်တိုင်းပြောသည့် စိတ်သဘောထား ဖြူစင်သူ အလွန်ရှား၏။ အပြောတစ်မျိုးအလုပ်တစ်မျိုး မရိုးမသား မဖြောင့်မတ်သူ လူမသမာသာ အလွန်များ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎪 ကျေးဇူး 🎪
🎀🎀🎀🎀🎀

🍬 လူတစ်ဦးဦးအား ချီးမြှောက်ထောက်ပံခြင်းသည် ကျေးဇူးပြုခြင်းမည်၏။ ကျေးဇူးကို ခံယူပြီးနောက် သတိရခြင်းသည် ကျေးဇူးတင်ခြင်းမည်၏။ ကျေးဇူးအတွက် စွမ်းအားရှိသလောက် တုံ့ပြန်ခြင်းသည် ကျေးဇူးဆပ်ခြင်းမည်၏။ ၄င်းတို့ကို စိတ်ထားမြင့်မြတ်သူတို့သာ သိကြ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

💎 ရိုးသားဖြောင့်မှတ်ခြင်း 💎
🌷🌷🌷🌷🌷🌷🌷🌷🌷

🌿 မင်းပြစ်မင်းဒါဏ် လွတ်ရုံမျှလည်းကောင်း၊ သူ ချီးမွမ်းခံရရုံမျှလည်းကောင်း၊ ရိုးသားဖြောင့်မှတ်ခြင်းသည် တည်ကြည်ခိုင်မြဲသော ရိုးသားဖြောင့်မှတ်ခြင်းမဟုတ်။ ထိုရိုးသားဖြောင့်မှတ်ခြင်းမျိုးသည် အခွင့်သာလျင်ဖြစ်စေ၊ အတန်ငယ် ဆင်းရဲဒုက္ခရောက်လျင်ဖြစ်စေ အကျင့်ဖောက်ပြား၊ ဇာတိရုပ် ဘွားဘွားပေါ်တတ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

💲 ငွေစားသူ 💲
➗➗➗➗➗

🌶 ငရုပ်သီးမှန်လျှင် လူမသိအောင် ကြိတ်၍ စားစား ၊ ဗြောင်စားစား စပ်မည်ကားမုချဖြစ်၏။ ငွေစားရာ၌လည်း ကြိတ်၍စားစား ဒလန်နှင့်စားစား မတရားမှု၏ ဒါဏ်ကို ခံရမည် မုချဖြစ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎽 ချစ်ကြောက် နှင့် ရွံကြောက် 🎽
🐼🐼🐼🐼🐼🐼🐼🐼🐼🐼🐼

🐶 အထက်လူကြီးနှင့် အောက်လူငယ်တို့တွင် ချစ်ကြောက်နှင့် ရွံကြောက်ဟူ၍ နှစ်မျိုးရှိရာ အောက်လူငယ်တို့၏ ရွံကြောက်ထက် ချစ်ကြောက်ခံရခြင်းသာ လူကြီးလူကောင်း ဆိုသင့်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🛡 ကတိသစ္စာ 🛡
💋💋💋💋💋💋

🐸 ကတိသစ္စာ၊ တည်သောခါ၌

🐸 သြဇာလေးနက်၊ ပေါ်ဆီတက်၍

🐸 နွယ်မြက်သစ်ပင်၊ ဆေးဖက်ဝင်၏။..ဟု.

🇲🇲 ပညာရှိများစပ်ဆိုခဲ့၏။ လူတို့ သစ္စာမဲ့သောကြောင့် ဆေးမြစ်ဝါးမြစ်များ တန်ဖိုးမရှိခြင်းဖြစ်သည့်အခါ ဆေးဝါးညံဖျင်း၍ဟု အပြစ်တင်တတ်ကြ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐌 ကိုယ်ကျိုးရှာသူ 🐌
💲💲💲💲💲💲💲

🐲 မျက်နှာကြီးများနှင့် ကပ်ရပ်ပေါင်းသင်း၍ ကိုယ်ကျိုးရှာနေသူ လူရယုတ်မာများလည်း ရှိကုန်၏။ ထိုကိုယ်ကျိုးရှာသမား လူယုတ်မာများသည် ဘုရားနားကနေ၍ ဟောင်နေတတ်သော သတ္တဝါမျိုးနှင့် တူကုန်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

⚽ လူကြီးလူကောင်း ⚽
🖲🖲🖲🖲🖲🖲🖲🖲

🐼 လူကြီးလူကောင်း (ဝါ) လူရိုးလူကောင်းဆိုသော ဂုဏ်ကို မလိုချင်သူဟူ၍မရှိ၊ လူတိုင်းလိုချင်ကြ၏။ သို့သော် လူကြီး လူညာ လူယုတ်မာတို့၏ အကျင့်ကိုကျင်၍ လူကြီးလူကောင်းဆိုသော နာမည်ခံလူသာ များကြ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🚙 သားသမီးကောင်း 🚙
🏍🚠🏍🚠🏍🚠🏍🚠

🚅 အမိအဘတို့အား စိတ်ချမ်းသာအောင်း ပြုစုစောင့်ရှောက်ရသော အကျိုးသည် အလွန်ကြီးမြတ်ပေ၏။ ထိုကြီးမြတ်လှသော အကျိုးကို သားကောင်းသမီးကောင်း တို့သာလျှင် သိရှိလိုက်နာလျက်ရှိကြကုန်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🌽 သူယုတ် နှင့် သူကောင်း 🌽
🍒🐦🍒🐦🍒🐦🍒🐦🍒

🛡 သူ့ကျေးဇူးကို စိတ်ဖြင့်သိလေ့မရှိ၊ နှုတ်ဖြင့်ပြောကြား၍ ထင်ရှားစွာ သိလေ့မရှိသောအဖြစ်ကို သူယုတ်မာတို့ လွန်စွာနှစ်သက်၏။ သူတော်ကောင်းတို့ကား သူ့ကျေးဇူးကို စိတ်ဖြင့်သိပြီးလျင် အခါအားလျော်စွာ နှုတ်ဖြင့်ပြောကြား၍လည်း ထင်ရှားစွာ သိလေ့ရှိသောအဖြစ်ကို လွန်စွာနှစ်သက်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

👥 လူတိုင်း၏ဝါဒ 👥
💫💫💫💫💫💫💫

🌈 လူတန်းစေ့ ကောင်းကောင်းစားရမှု၊ လူတန်းစေ့ ကောင်းကောင်းနေထိုင်ရမှု၊ ချမ်းသာမှု၊ ကျော်ဇောမှု အစရှိသည့် အကောင်းဟူသမျှကို လိုလားခြင်းသည် လူတိုင်း၏ ဝါဒဖြစ်၏။ သို့သော် မိမိတစ်ကိုယ်ကောင်း တစ်အိမ်ကောင်း ကောင်းစားမှုလောက်သာ မဟုတ်ဘဲ လူတိုင်းလူတိုင်း မိမိနှင့် ထပ်တူထပ်မျှ သဘောထားနိုင်မှ ထိုဝါဒ အောင်မြင်နိုင်မည်ကို သဘောပေါက်သင့်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐯 ကုန်းချောခြင်းအလုပ် 🐯
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲

🐍 မိမိ၏ အကျိုးစီးပွားအလို့ငှါ တစ်ဖက်သားအား ရန်တိုက်ကုန်းချော မကောင်းကြောင်းပြောခြင်း အလုပ်သည် လူညံ့တို့၏ အလုပ်သာဖြစ်၏။ မိမိ၏ အကျိုးစီးပွားအတွက်ဖြစ်စေ သက်သက်မုန်းတီး၍ဖြစ်စေ ရန်တိုက်ကုန်ချောခြင်းအလုပ်ဖြင့် တစ်ဖက်သားအား နစ်နာဆုံးရှုံး နှလုံးပူပန်ခြင်းကို ဖြစ်စေငြားအံ့။ သနေသ၌ မိမိတို့ကိုယ်တိုင်လည်း ဒဏ်ပြန်ခံရတတ်သဖြင့် ပစ္စုပ္ပန်တမလွန် ရွံရှာစက်ဆုပ်ဖွယ်အလုပ်ဟု အထူးသဖြင့် ရှောင်ကြဉ်ရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

👄 စိတ်ချမ်းသာခြင်း 👄
👔👔👔👔👔👔👔👔

👽 စိတ်ချမ်းသာခြင်း၏ တန်ဘိုးကို စိတ်မချမ်းမသာ ဖြစ်နေရသည့်အခါမှ သာ၍သဘောပေါက်ကြ၏။ သို့သော် မိမိတို့ကိုယ်တိုင် စိတ်ချမ်းသာခြင်းကို တန်ဘိုးထားသလောက် တစ်ဖက်သား၏ စိတ်ချမ်းသာမှုကို တန်ဘိုးမထားနိုင်ကြပဲ စိတ်ဆင်းရဲရာဆင်းရဲကြောင်း ဖြစ်စေသော ကုန်းချောခြင်းအမှုကို ပြုလွယ်ပြောလွယ်တတ်ကြသည်မှာ ကိုယ်ချင်းစာတရား ခေါင်းပါးခြင်းနှင့် (သူ့အရင်ဖျက်၊ ကိုယ်လျှင်ပျက်) ဆိုသောတရားသဘောကို တွေးတောထိတ်လှန့် မဖြစ်ခြင်းသာလျှင် အကြောင်းရင်းရှိလေသည်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

☔ ပစ္စည်း နှင့် ပစ္စည်းရှင် ☔
🍃🌶🍃🌶🍃🌶🍃🌶🍃

🔥 စိန်ရွှေရတနာ ပစ္စည်းဥစ္စာတို့ကား ပစ္စည်းရှင်တို့ကသော်လည်းကောင်း ပစ္စည်းကသော်လည်းကောင်း စွန့်လွတ်၍သွားသော်လည်း သွားရာ၏။ ကုသိုလ်တည်းဟူသော ပစ္စည်းဥစ္စာကား ကုသိုလ်ရှင်ဖြစ်သောသူကို ဘယ်အခါမျှ စွန့်လွတ်သွားလိမ့်မည် မဟုတ်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐽 မျက်နှာမလိုက်သောတရား 🐽
🏍🏍🏍🏍🏍🏍🏍🏍🏍🏍

💎 လမင်းသည် ဆင်းရဲ ချမ်းသာ မျက်နှာကြီးငယ်မရွေး အလင်းရောင်ကိုပေး၏။ ကုသိုလ်၊ အကုသိုလ် တရားတို့သည်လည်း ဆင်းရဲချမ်းသာ ပျိုအိုမရွေး အကျိုးပေးချိန်တန်က ပေးမည် မုချဖြစ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐙 ကုသိုလ် နှင့် အကုသိုလ် 🐙
🌞🌞🌞🌞🌞🌞🌞🌞🌞

💜 ကုသိုလ်စရိုက်သည် လှေနှင့်တူ၍ အကုသိုလ်စရိုက်သည် ကျောက်ခဲနှင့်တူ၏။ အကုသိုလ်တည်းဟူသော ကျောက်ခဲသည် ကုသိုလ်တည်းဟူသော လှေထက် လေးက လှေနစ်မြုပ်လတ္တံ့။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐻 ဘုရားသားတော်စစ် 🐻
🍃🍂🍃🍂🍃🍂🍃🍂

🌈 စာသင်စာချအလုပ်နှင့် ဝိပဿနာတရား အားထုတ်သောအလုပ် နှစ်ခုသာလျင် ရဟန်းတို့အတွက် ဘုရားရှင်ပြဌာန်းထား၏။ ထိုပြဌာန်းထားသောအလုပ်နှစ်ခုကို ကျင့်ကြံကြိုးကုတ်အားထုတ်နေသော ရဟန်းများသာ ဘုရားသားတော်အစစ်ဖြစ်ကြ၏

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

💎 ထူးမြတ်သော အရသာ 💎
🌈🌈🌈🌈🌈🌈🌈🌈🌈

🏹 ခတ်သိမ်းသော အရသာတို့ထက် တရားတည်းဟူသောအရသာကို ပညာဖြင့်သုံးဆောင်ခံစားခြင်းသည် ထူးမြတ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍶 နည်းလမ်းကောင်း 🍶
☕☕☕☕☕☕☕☕

🍭 လူဟူသရွေ့၊ ဒုက္ခတွေ့သော်

🍭 သိမ်မွေ့ကောင်းစွာ၊ ကုသိုလ်သာလျှင်

🍭 ချမ်းသာရကြောင်း၊ နည်းလမ်းကောင်း

🍭 ဒါနဥပုသ်၊ စောင့်ကိုယ်နှုတ်ဖြင့်

🍭 မယုတ်အားကြိုး၊ ဤကျင့်ရိုးသည်

🍭 ကောင်းကျိုးချမ်းသာ၊ ကုသိုလ်တည်း။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🦀 ကိုယ်သာသိ 🦀
🐦🐦🐦🐦🐦🐦

🐸 (ကိုယ့်ဝမ်းနာ ကိုယ်သာသိ) ဆိုသလို မိမိ၏ စိတ်နေစိတ်ထားညံ့နေသည်ကို မိမိသာလျှင်အသိဆုံးဖြစ်၏။ သို့သော် စိတ်နေစိတ်ထားညံ့နေပါလျက် ညံ့မှန်းလည်းမသိ၊ မသိရုံသာမက အကောင်းထင်နေသူ၊ စိတ်နေစိတ်ထားညံ့နေသူကို သိလျက်မပြုပြင်ပဲဘဲ ဇွတ်နှစ်နေသူများလည်း ရှိကြ၏။ မည်သို့ပင်ဖြစ်စေ ညံ့နေသော စိတ်နေစိတ်ထားကိုသိအောင် သတိထား၍ အမြန်ပြုပြင်နိုင်ဖျု့ အရေးကြီး၏။ သို့မဟုတ် အခြားလူကိုမဆိုထားနှင့် မိမိကိုယ်ကိုပင်မိမိ မကြည်ညိုနိုင်သောဘဝသို့ ရောက်ရတတ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐜 ချဖြက်ခြင်း 🐜
🐛🐛🐛🐛🐛🐛

🐊 လူတို့အား လောဘရမ္မက်သည် နိပ်စက်နေ၏။ ထို့ကြောင့် တစ်စုံတစ်ရာ စောင်မကြည့်ရှု ကူညီထောက်ပံ့ရန်အကြောင်း ဖြစ်ပေါ်လာခဲ့သော်ကိုယ်ကျိုးကို အရင်ရှေးရှုတတ်ကြသည်သာများ၏။ ကိုယ်ကျိုးမပါလျင် ဘယ်အရာကိုမျှ ကူညီစောင်မ စွန့်ကြဲလိုသော ဆန္ဒမရှိကြ။ တစ်ဖန် အဝိဇ္ဇာတည်းဟူသော အမိုက်မှောင်သည် ပိတ်ပင်တားဆီးလျက်ရှိပြန်ရကား ကျေးဇူးတရားကို မသိတတ်ကြ။ မသိတတ်ကြရုံသာမကသေး သူ့ကျေးဇူးကို ထိမ်မြူးတတ်ကြကုန်၏။ ချေဖျက်တတ်ကြကုန်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🚢 သုစရိုက် နှင့် ဒုစရိုက် 🚢
🍶🍶🍶🍶🍶🍶🍶🍶🍶

🐊 ကောင်းမြတ်သော သုစရိုက်တို့ကို မိမိ၏အသက်စည်းဇိမ်ထက်ပင် ချစ်ခင်စောင့်ရှောက်ထိုက်၏။ ယုတ်မာသော ဒုစရိုက်တို့ကိုမူကား သေမည့်ဘေးထက် ကြောက်သင့်ကြောက်ထိုက် ရှောင်သင့်ရှောင်ထိုက်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🔥 သောကမီး 🔥
💥💥💥💥💥💥

🌵 စီးပွားပျက်သော်လည်းကောင်း ဆွေမျိုးသားချင်းတို့ သေဆုံးသော် လည်းကောင်း ရပ်တည်၍မရအောင် သောကမီးတောက်လောင်ကြ၏။ ထိုအခါ မိမိထက် နစ်နာဆုံးရှုံးသူတို့ကိုကြည့်၍ တရားသုံးပါးကို ဆည်းကပ်ခြင်းဖြင့်သာ သက်သာရာရ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🗣 အသံ 🗣
🕊🕊🕊🕊

🎵 တိရစ္ဆာန် ခွေး၊ ကြက်၊ ငှက်သတ္တဝါတို့၏ အသံမှာ ပရိယာယ်မပါသဖြင့် လွယ်ကူစွာသိနိုင်၏။ လူတို့၏ အသံမှာမူကာ ပရိယာယ်အမြှေးယှက်သဖြင့် အတွေးခက် အသိခက် အမုန်းရခက်လှချေ၏တကား။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎊 အမွှေးနံ့ 🎊
👔👔👔👔👔

🌷 ပန်းတို့၏ အနံ့သည် လေအောက်သို့သာလျင် တကြိုင်ကြိုင်လှိုင်၍ မွှေးနိုင်၏။ သီလတည်းဟူသော အနံ့ကား လေအောက်လေညာ နေရာမရွေး တကြိုင်ကြိုင်လှိုင်၍ မွှေးနိုင်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎁 သဒ္ဒါ နှင့် ပညာ 🎁
🌊🌊🌊🌊🌊🌊🌊

🍃 သဒ္ဒါလွန်ရင် မကြည်ညိုသင့်သောသူကို ကြည်ညိုမိသဖြင့် အကျိုးနည်းတတ်၏။ အရှက်တကွဲသော်လည်းဖြစ်တတ်၏။ ပညာလွန်လျင် ကောက်ကျစ်စဉ်းလဲတတ်၏။ စိတ်ဖြင့်ကြံကာမျှဖြင့် ကုသိုလ်ရသည်ဟူ၍ ဒါန၊ သီလ မပြုသဖြင့် အပယ်ကျတတ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🦁 အလှူဒါန 🦁
🐧🐧🐧🐧🐧

🍯 အလှူပြုလုပ်ကြရာ၌ အဖြူအနက် ရောယှက်ခြင်းမရှိအောင် အထူးသတိပြုရာ၏။ အဖြူအနက်ရောယှက်သောအလှူကား အကျိုးပေးရာ၌ ဘေးဆိုးရန်ဆိုးနှင့် ယှဉ်၍ပေးတတ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎪 အကျိုးတရား 🎪
🐭🐭🐭🐭🐭🐭🐭

🐸 အခွင့်သာသည့်နေ့၌ မိမိတို့ပြုခဲသော ကောင်းမှု မကောင်းမှု၏ အကျိုးကို မုချခံစားရမြဲဖြစ်၏။ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့သည် နှစ်ပေါင်းအသင်္ချေ ကြာသော်လည်း ပျောက်ပျက်သည်မရှိ။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

⏰ ကိုယ့်အပြစ် ကိုယ်ခံ ⏰
🔥🔥🔥🔥🔥🔥🔥🔥

🔕 မကောင်းပြုကား.. 

🔕 ငါကားငါ့ကံ၊ ငါအမွေခံ၏။

🔕 ငါ့မိ၊ ငါ့ဖ

🔕 ငါ့ဆွေများစွာ၊ ဥာတကာတို့

🔕 ဘယ်မှာဧကန်၊ ကိုယ်စားခံလိမ့်

🔕 နှစ်သိမ့်ပီတိ၊ ဥာဏ်ဖြင့်သိ၍

🔕 မိမိစိတ်၌၊ နှလုံးပိုက်လျက်

🔕 နှစ်ချိုက်ကြည်ဖြူ  ၊ ထိုသည့်သူကား

🔕 နှစ်ဆူချမ်းသာရဖို့တည်း။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

No comments:

Post a Comment