Friday, September 1, 2017

ရုပ် (၂၈) ပါး

ရုပ် (၂၈) ပါး
***********
(၁) ပထ၀ီ = ခက်မှာခြင်းသဘော

(၂) အာပေါ = ယိုစီးခြင်းသဘော

(၃) တေဇော =ပူခြင်း အေးခြင်း သဘော၊

(၄) ၀ါယော=ထောက်ကန်မှုသဘော

(၅) စက္ခုပသာဒ=ရူပါရုံရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော
ဓာတ်ကြီး ၄ ပါး ကို ကြည်လင်စေခြင်း သဘော

(၆) သောတပသာဒ= သဒ္ဒါရုံ ရှေးရှုရိုက်ခတ်ခြင်းငှာ
ထိုက်သောဓာတ်ကြီး ၄ ပါး ကို ကြည်လင်စေခြင်း သဘော

(၇) ဃာနပသာဒ= ဂန္ဓာရုံ ရှေးရှုရိုက်ခတ်ခြင်းငှာ
ထိုက်သောဓာတ်ကြီး ၄ ပါး ကို ကြည်လင်စေခြင်း သဘော

(၈) ဇိဝှာပသာဒ = ရသရုံ ရှေးရှုရိုက်ခတ်ခြင်းငှာ
ထိုက်သောဓာတ်ကြီး ၄ ပါး ကို ကြည်လင်စေခြင်း သဘော

(၉) ကာယပသာဒ = ဖောဋ္ဌဗ္ဗာရုံ ရှေးရှုရိုက်ခတ်ခြင်းငှာ
ထိုက်သောဓာတ်ကြီး ၄ ပါး ကို ကြည်လင်စေခြင်း သဘော

(၁၀) ရူပါရုံ=စက္ခုပသာဒကို ရိုက်ခတ်ခြင်းသဘော

(၁၁) သဒ္ဒါရုံ = သောတပသာဒ ကို ရိုက်ခတ်ခြင်းသဘော

(၁၂) ဂန္ဓာရုံ= ဃာနပသာဒကို ရိုက်ခတ်ခြင်းသဘော

(၁၃) ရသာရုံ= ဇိဝှာပသာဒကို ရိုက်ခတ်ခြင်းသဘော

(၁၄) က္ကုတ္ထိဘာဝရုပ်= အမျိုးသမီးဖြစ်ကြောင်း သဘော

(၁၅) ပုရိသဘာဝရုပ်=အမျိုးသားဖြစ်ကြောင်းသဘော

(၁၆) ဟဒယ၀တ္ထုရုပ်=မနောဝိညာဏ်၏ မှီရာဖြစ်ခြင်း
သဘော

(၁၇) ရုပ်ဇီဝိတ=ကလာပ်တူ ကမ္မဇရုပ်တို့ကို
စောင့်ရှောက်ခြင်းသဘော

(၁၈) ကဗဠီကာရအာဟာရ(သြဇာ) = စားမျိုအပ်သော
အဆီအစေးသြဇာသဘော

(၁၉) အကာသဓာတ်=ရုပ်ကလပ်တို့ကိုပိုင်းခြားခြင်း
သဘော

(၂၀) ကာယ၀ိညတ်= စိတ်ကြောင့်ဖြစ်သော
ဝါယောဓာတ်လွန်ကဲသည့်ရုပ်တို့၏ကွေးခြင်းဆန့်ခြင်း
စသော အမူအရာသဘော

(၂၁) ၀စီဝိညတ်= စိတ်ကြောင့်ဖြစ်သော ပထ၀ီဓာတ်လွန်
ကဲသည့် ရုပ်တို့၏ စကားပြောသည့်အမူအရာသဘော

(၂၂) ရူပဿလဟုတာ= စိတ်၊ ဥတု၊ အာဟာရ အသီးသီး
ကြောင့်ဖြစ်သော ရုပ်အစစ်တို့၏ မလေးလံသည့်သဘော

(၂၃) ရူပဿမုဒုတာ= စိတ်၊ ဥတု၊ အာဟာရ
အသီးသီးကြောင့်ဖြစ်သော ရုပ်အစစ်တို့၏ မခက်ထန်
မကြမ်းတမ်းခြင်းသဘော

(၂၄) ရူပဿကမ္မညကာ= ကိုယ်မှုကိစ္စတို့ လျော်စွာဖြစ်ခြင်း
ဟူသောအမှု၌ ခန့်ညားအဆင်းပြေခြင်းသဘော

(၂၅) ဥပစယ = ဘ၀တစ်ခု၌ ရုပ်အစစ်တို့၏ ရှေးဦးစွာ
ဖြစ်ခြင်းသဘော

(၂၆) သန္တတိ= က္ကုနြေ္ဒပြည့်စုံပြီးသည့်နောက် ရုပ်အစစ်တို့
၏ ရှေ့နောက်အစဉ်မပြတ် ဆက်စပ်၍ဖြစ်ခြင်းသဘော

(၂၇) ဇရတာ = ရုပ်အစစ်တို့၏ ရင့်ကျက်(ဟောင်း)ခြင်း
သဘော

(၂၈) အနိစ္စတာ = ရုပ်အစစ်တို့၏ ထက်ဝန်းကျင်အားဖြင့်
ပြိုပျက်ခြင်းသဘော

(အမြတ်ဆုံးပန်းတိုင်ဧကန်ပိုင်(ဒု)-ဒေါက်တာမင်းတင်မွန်
မှကူးယူ ဖေါ်ပြပါသည် )

သံသရာမျက်ရည် (မိုးညှင်း)

No comments:

Post a Comment