Monday, September 11, 2017

๐ŸŒฝ แ€žူแ€ိုแ‚”ေแ€ြေแพแ€€ာแ€„့် แ€แ€€်แ€›แ€แ€š်။ ๐ŸŒฝ

သူတို့တွေကြောင့် ခက်ရတယ်။
🍏🍏🍏🍏🍏🍏🍏🍏🍏🍏🍏
🍎ဘေးဆိုတာ ပါဠိလို ဘယ။ မြန်မာလို ပျက်စီးခြင်း။ ဒီ ဘယလို့ခေါ်တဲ့ သူတို့တွေ ရောက်လာပြီဆိုရင် သတ္တဝါတွေဟာ ပျက်စီးတော့တာပါပဲကွယ်။ ဆိုတော့ သူတို့တွေကြောင့် ခက်ရတယ်။

🍏လောကမှာ ဘေးအန္တရာယ်တွေက အမျိုးမျိုး။ မြတ်ဗုဒ္ဓ​တောင်မှ ဘေးအန္တရာယ်တွေ အမျိုးမျိုးတွေ့ကြုံခဲ့ရတာပဲ။
ဘေးက ၂ မျိုးရှိနိုင်တယ်။ အပြင်ဘေးနဲ့ အတွင်းဘေး။ (အပြင်ဘေးကတော့ လက်နက်ဓားလှံ သားရဲတိရစ္ဆာန်ဘေး စသည်ပေါ့။ ထင်သာတော့ အကျယ်မပြောတော့ပါဘူး)။ အပါဒါနပါဠိတော်မှာ အတွင်းဘေး ၃ မျိုးဟောထားပါတယ်။
ဒီဘေးသုံးပါး တစ်မျိုးမျိုး ကပ်ရောက်လာပြီးဆိုရင်တော့ သတ္တဝါတွေဟာ ပျက်စီးတတ်ကြတယ်လို့ ဟောတော်မူခဲ့ပါတယ်။

🍎နံပါတ် (၁) ကောသဇ္ဇ- ပျင်းရိခြင်းဟာ ဘေးပဲတဲ့။
ပျင်းရိနေရင် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ဘာသာရေး ဘာအရေးမှ လုပ်ချင်စိတ် မရှိတော့ဘူး။ ဘာမှမလုပ်တော့ အောင်မြင်ခြင်း ချမ်းသာသုခ မခံစားနိုင်တော့ဘူး။ ပျင်းရိခြင်းရောက်လာတာနဲ့ စတင်ပျက်စီးတော့တာပဲ။ အဲဒါကြောင့် ဒီပျင်းရိခြင်းဟာ ဘေးအန္တရာယ်ပဲ တဲ့ မြတ်ဗုဒ္ဓက ဟောခဲ့တယ်။

🍏အဲဒီပျင်းရိခြင်းကို အောင်နိုင်တဲ့တရားကတော့ “ဝီရိယ” ပါပဲ။
မြန်မာတွေက သိပ်ပျင်းကြတယ်တဲ့ အရှေ့တိုင်း အနောက်တိုင်း ပညာရှိတွေက ပြောကြတယ်။ ယနေ့ခေတ် နေရာရနေသူတွေ အောင်မြင်နေသူတွေကို လူတွေက သူတို့ရဲ့အောင်မြင်မှုပဲ မြင်နေကြတာ။ သူတို့ ဘယ်လို အခက်အခဲ အမျိုးမျိုးကြားထဲက ဘယ်လို ကြိုးစားရုန်းကန်ခဲ့ရလဲဆိုတာ သိသူ၊ သိချင်သူ နည်းကြတယ်။
အောင်မြင်နေသူတွေဟာ ပျင်းရိမှုမရှိဘဲ၊ အားကြိုးမာန်တက် ကြိုးစားခဲ့ကြလို့ ခုလိုအောင်မြင်နေကြတာ။
ဝီရိယ မရှိဘဲ အောင်မြင်မှု မရနိုင်ပါ။ အဲဒါကြောင့် အောင်မြင်ချင်သူတိုင်း ပျင်းရိခြင်းဘေးကို ရှောင်ရမယ်။
(ယနေ့ ဓမ္မရံသီဆရာတော်ကိုကြည့် ဒီလိုအောင်မြင်တာဟာ ရေကုန်ရေးခန်း ရုန်းကန် ကြိုးစားခဲ့လို့ပဲ။ အလွယ်မမှတ်ကြလေနဲ့ဟူလို။)

🍎နံပါတ် (၂) ဝိဝါဒံ- ငြင်းခုံခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ သဘောထား ကွဲလွဲခြင်းဟာ ဘေးပဲတဲ့။ တစ်ယောက်နဲ့တစ်ယောက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ငြင်းခုံနေကြမယ်၊ စစ်မက်တွေ ဖြစ်နေကြမယ်၊ သဘောထားတွေ ကွဲလွဲနေကြမယ်ဆိုရင် ပျက်စီးခြင်းပဲ။ နိုင်ငံတစ်ခုတော့ ထားလိုက်အုံး မိသားစုတစ်ခုမှာတောင် မိသားစုဝင်အချင်းချင်း သဘောထား ကွဲလွဲနေကြမယ်ဆိုရင် ပျက်စီးခြင်းရဲ့ အကြောင်းပဲ။ ဘေးပဲ။ လူတွေဟာ အကြိုက်ချင်း စရိုက်ချင်းက ဘယ်တူနိုင်ပါ့မလဲ။ အကြိုက်ချင်းမတူလို့ စရိုက်ချင်းမတူလို့ ပြသနာတွေ ဖြစ်နေကြမယ်ဆိုရင် ဘယ်တော့မှ ပြသနာ အေးစရာ မရှိဘူး။ ကိုယ်ကြိုက်တာ သူမကြိုက်ရကောင်းလားဆိုပြီး ငြင်းခုံနေကြမယ်ဆိုရင်ဖြင့် ငြိမ်းချမ်းမှု ရနိုင်စရာ လမ်းစမမြင်။ (ယနေ့ မြန်မာတွေ ငြင်းခုံနေကြတာနဲ့ တူတယ်။ သူ့လူ ငါ့လူ သူမှန်တယ် ငါမှန်တယ်။  အမြင်မတူတိုင်း ငြင်းလိုက်ကြတာ။) တူတာလေးတွေ ကြိုက်ကြလို့ ကြိုက်တာလေးတွေ နားလည်ပေးကြမယ်ဆိုရင်ဖြင့် အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကား နောနော်လောက်တော့ သနားတာပ။

🍏ငြင်းခုံခြင်း သဘောထားကွဲလွဲခြင်းကို အောင်နိုင်တဲ့တရားကတော့ သမဂ္ဂ- ညီညွတ်ခြင်း၊ သခိလ- စကားကို ပြေပြေပြစ်ပြစ် ပြောဆိုဆက်ဆံခြင်းပဲ။ လူတွေက တစ်ယောက်နဲ့ တစ်​​ယောက်​ အကျောမခံချင်ကြဘူး။ စကားလေးတစ်ခွန်းတောင် အကျောမခံချင်ကြဘူး။ အဲဒါကြောင့် စကားပြောရင် ပြေပြေပြစ်ပြစ် ပြောဆိုဆက်ဆံဖို့ လိုအပ်ပါတယ်။ အချင်းချင်း ညီညွတ်ခြင်း ပြေပြေပြစ်ပြစ် ပြောဆိုဆက်ဆံခြင်းဟာ ကြီးပွားတိုးတက်ခြင်း၏ အကြောင်းပဲတဲ့ မြတ်ဗုဒ္ဓက ဟောခဲ့တယ်။

🍎(၃) ပမာဒ- မေ့လျော့ခြင်းဟာ ဘေးပဲတဲ့။
မေ့လျော့တတ်ခြင်းဟာ တကယ်ဆိုးတဲ့ အလေ့အကျင့်တစ်ခုပဲ။ ကိုယ်ပြောထားတဲ့ စကားကို မေ့တယ်။ ကိုယ်ပေးထားတဲ့ ကတိကို မေ့တယ်။ မိတ်ဆွေတွေကို မေ့တယ်။ ကျေးဇူးရှင်တွေကို မေ့တယ်။ ကိုယ်လုပ်ရမယ့်အလုပ်တွေကို မေ့တယ်။ ကိုယ့်အမျိုး ဘာသာ သာသနာကို မေ့တယ်။ မေ့တတ်တဲ့အကျင့်ဟာ ဘယ်နေရာမှ မကောင်းဘူး။ ပညာရေးအတွက်လဲ မကောင်း။ စီးပွားရေးအတွက်လဲ မကောင်း။ သံသရာရေးအတွက်ဆို ပို၍တောင် မကောင်း။ ဒါနလုပ်ဖို့မေ့။ သီလဆောက်တည်ဖို့မေ့။ ဝိပသနာတရား အားထုတ်ဖို့မေ့။ (ယနေ့ခေတ် လူတွေ ကိုယ်ပြောစကားကို မေ့တယ်။ စည်းဝေးပွဲရှိတာကို မေ့တယ်။ အချိန်ကိုမေ့တယ်။ နောက်ကျမှ ရောက်တယ်။ အရေးကြီးတာကို မေ့တယ်။ လယ်ထွန်သွား နွားမေ့တာထက် ပိုဆိုးနေသေးတယ်။)

🍏မေ့လျော့ခြင်းဘေးကို ဘာနဲ့ကာကွယ်ရမလဲဆိုတော့ မမေ့မလျော့ခြင်းဆိုတဲ့ “သတိ” တရားနဲ့ ကာကွယ်ရမယ်။ သတိတရားသာ လက်ကိုင်ထားမယ်ဆိုရင် အရာရာမှာ အောင်နိုင်ခြင်းပါပဲ။ ထို့ထက်မက မဂ္ဂင်ရှစ်ပါးတရားများကို ပွားများ အားထုတ်နိုင်မယ်ဆိုရင်ဖြင့် သတိတရားဟာ နိဗ္ဗာန်အထိ အရောက်ပို့ပေးနိုင်မှာ ဖြစ်ပါတယ်။

🍏လွန်ခဲ့သော နှစ်ပေါင်း ၂၅ဝဝ ကျော်ကတည်း မြတ်ဗုဒ္ဓရဲ့ အောင်မြင်ရေး ကြီးပွားရေးတရား။ ဒေးကာနက်ဂျီလောက် ဖေမြင့်လောက်တော့ သနားတာပ။ မြတ်ဗုဒ္ဓရဲ့ တရားတော်တွေထဲမှာ အကုန်ရှိပြီးသားပါ။ နှံ့စပ်အောင် လေ့လာဖို့ပဲ လိုပါတယ် သူတော်ကောင်း အပေါင်းတို့။

🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎
၁။ ကောသဇ္ဇံ ဘယတော ဒိသွာ၊ ဝီရိယံ စာပိ ခေမတော။ အာရဒ္ဓဝီရိယာ ဟောထ ဧသာဗုဒ္ဓါနသာသနီ။
၂။ ဝိဝါဒံ ဘယတော ဒိသွာ၊ အဝိဝါဒဉ္စ ခေမတော။ သမဂ္ဂါ သခိလာ ဟောထ ဧသာဗုဒ္ဓါနသာသနီ။
၃။ ပမာဒံ ဘယတော ဒိသွာ၊ အပ္ပမာဒဉ္စ ခေမတော။ ဘာဝေထဋ္ဌင်္ဂိကံ မဂ္ဂံ ဧသာဗုဒ္ဓါနသာသနီ။
(အပါဒါနပါဠိ)

Credit: ဟိတဓရဆရာတော်၏ လီဆူခန်းမတွင် ဟောကြားခဲ့သော “ဘေးအန္တရာယ် တို့ကာကွယ်” တရားတော်ကို မှီးငြမ်း၍ ဓမ္မဒါနပြုသည်။

🍏🍏🍏🍏🍏🍏🍏🍏🍏🍏🍏🍏
အရှင်ဓမ္မာစာရာဘိဝံသ (ဥပေက္ခာရပ်​ဝန်း)
ဓမ္မရံသီမိုးကုတ်​ရိပ်​သာ​ကျောင်းတိုက်
မိုးကုတ်​မြို့။
  12.9.17
Credit#သင်​တန်း​မှူးဆရာ​တော်

No comments:

Post a Comment