Tuesday, September 12, 2017

๐Ÿ’Ž ေแ‚ွးแ€žံေแ€แ€‚ แ€œแ€€ၤာแ‚€แ€€ီးแ€™်ာ ๐Ÿ’Ž

❄🐙 ရှေးသံဝေဂ လင်္ကာကြီးမျာ 🐙❄ 
🍃🍂🍃🍂🍃🍂🍃🍂🍃🍂🍃🍂

⛳ဇာတိနိမိတ် လောဘစိတ်နှင့်

⛳ပဋိသန္ဓေ တည်နေကာလ

⛳ရက်သတ္တာက စ၍လီလီ

⛳ဝမ်းဝယ်မှီသော် မပီမသ

⛳သွေးသားကျ၍ ခက်မငါးဖြာ

⛳ဦးခေါင်းရာနှင့် လေးဖြာခြေလက်

⛳အဖုထွက်၍ နေ့ရက်လကုန်

⛳အင်္ဂါစုံ၍ အူတုံအရင်း

⛳သားအိမ်တွင်းဝယ် နင်းကာပြည့်လျက်

⛳အိုးဝယ်နှက်သို့ အသက်လှိုင်လှိုင်

⛳မရှူ နိုင်ဘဲ ထိုင်ကာကျုံ့ကျုံ့

⛳ဦးခေါင်းငုံ၍ ပုံ့ပုံ့ကွေးကွေး

⛳ညှစ်အကြေးနှင့် ရောထွေးဖက်စပ်

⛳အချင်းကပ်၍ အစပ်ဟူဟူ

⛳ရသာပူကြောင့် လူဖြစ်ဖို့အရေး

⛳အလွန်လေး၍ အသွေးအသား

⛳နုထွားထွားလည်း ဆားနှင့်ရောကာ

⛳ချဉ်ငန်ပါက ပြင်းစွာကျိန်းစပ်

⛳သံပူကပ်သို့ ဆတ်ဆန်တုန်နာ

⛳ဆင်းရဲစွာနှင့် မာတာအမိ

⛳ပက်လက်ဖိသော် ကသိကအောက်

⛳ပြား၍မှောက်၏ ရှေ့နောက်ဝဲယာ

⛳ကုန်းကွပါလည်း ကြင်နာရွံ့စိုး

⛳ဖိ၍မျိုးသို့ ခွေကျိုးမခိုင်

⛳မအော်နိုင်ပဲ သည်းစိုင်ပျက်ကြွေ

⛳စိစိကြေသို့ ခံနေရရ

⛳ဘဝဝတိုင်း ဂဗ္ဘသေယျေ

⛳ဤသန္ဓေသည် သင်္ချေ များစွာ

⛳သံသရာ၌ သူငါမဆုံး

⛳နေရဦးအံ့ လုံးလုံးမကျွတ်

⛳လူ့နယ်ဝဋ်က မလွတ်သာချေ

⛳ဇာတိတွေကြောင့် ဘဝေဘဝ

⛳ဖြစ်ပျက်ကြ၍ ဘာမျှမမြဲ

⛳လွန်ဆင်းရဲသည် ရှောင်လွဲမရချေတကား

⛳ပဋိသန္ဓေ တည်နေရွေ့ရွေ့

⛳ဖွားချိန်စေ့သော် ပြောင်း၍လေဓာတ်

⛳ဝါယောခတ်၍ ရဟတ်စင်္ကြာ

⛳သွက်သွက်ခါသို့ ချာချစ်ရစ်ခေါက်

⛳ကျွမ်းထိုးမှောက်သော် အောက်ယူဇနာ

⛳ချောက်ကြီးစွာ၌ ကိုင်ကာထိုးချ

⛳ပမာဏသို့ ဒုက္ခပြင်းစွာ

⛳ဖွားပြန်လာသော် ထိုကာလ

⛳ကြောင်းခြင်းတကို မြွတ်ဟထုတ်ကာ

⛳မပြောသာပဲ နေဝါရောင်ယှက်

⛳ချမ်းပူဖက်၍ ပရွက်ခြပိုး

⛳ခြင်မှတ်ထိုးသည် ဝိုးတိုးဝါးတား

⛳မိမယ်အားကို စကားသံချို

⛳ဘယ်၍ကိုယ်ဟု မဆိုနိုင်ဘဲ

⛳တအဲအဲနှင့် သဲသဲအော်ကာ

⛳ငိုရုံသာတည့် ပူဆာပါလ

⛳ဝမ်းခေါင်းလျ၌ အာဟာရငှါ

⛳မွတ်သိပ်ရှာလည်း မာတာမိခင်

⛳ကျေးဇူးရှင်အား သိမြင်စေကြောင်း

⛳နို့ချိုကောင်းကို မတောင်းတတ်ရှာ

⛳လူးလွန့်ကာဖြင့် နေကြာရက်လ

⛳ထိုင်ခါထလျက် ရွရွတွားတွား

⛳လေးဘက်သွား၍ စကားပီသ

⛳ရောက်ပြန်ကလည်း အနိစ္စလက္ခဏာ

⛳ဓမ္မတာကြောင့် ငယ်စွာပုပု

⛳နုနုသေးသေး ဤကလေးကို

⛳ကျွေးမွေးစိမ့်ငှါ ဆိုင်းလင့်ပါဟု

⛳မာတာပီတ မိဘနှစ်ပါး

⛳ဆွေမျိုးများပါ တောင်းပန်ပါလည်း

⛳တားကာမရ စာရင်းကျသည်

⛳ပုပုရွရွမို့ မနေကြရပါတကား

⛳ဒုဗ္ဗလရွယ် အားအင်ငယ်သော်

⛳ကိုယ်ဝယ်မချိ ဇရာဖိလျှင်

⛳ဗျာဒိမရဏ နှိပ်စက်ကြ၍

⛳ရသခြောက်ပါး လှန်ပျက်ပြား၏

⛳သွားကျိုးဆံဖြူ  နားပါအူလျက်

⛳တိုင်းဆူဝေဝေ သားအရေလည်း

⛳မပြေမပြစ် တွန့်လိမ်ဖြစ်၍

⛳ရိုးဆစ်ငေါငေါ ရူးပေါပေါနှင့်

⛳အကြောပြိုင်းပြိုင်း နံပါကိုင်းလျက်

⛳နားထိုင်းတဖြာ နေထိုင်ရာတွင်

⛳အစဉ်မထိုင်း ထင်တိုင်းမညီ

⛳မျက်စိသီလျက် မပီမသ

⛳ခံတွင်းမှလည်း စီးကျတံတွေး

⛳ညစ်အကြေးကို မဆေးသုတ်နိုင်

⛳စိတ်မခိုင်ပဲ အထိုင်အထ

⛳အကြွအစောင်း ဘယ်ညာပြောင်းလဲ

⛳ညောင်းညောင်းတုန်တုန်သွားလာလုန်လည်း

⛳စုံစုံစိစိ လမ်းမသိပဲ

⛳သတိမရ မေ့တတ်လှ၏

⛳ဓမ္မကထာ ဘာဝနာကို

⛳ဆိုကာတွတ်တွတ် သဒ္ဒါညွတ်၍

⛳ဖတ်ရွတ်ချင်ချင် စိတ်ကထင်လည်း

⛳ဘယ်တွင်အစ ဘယ်မှာချဟု

⛳ရွရွပိုင်ပိုင် မဆိုနိုင်ခဲ့

⛳ကိုယ်တိုင်ညွတ်တွား ကျောင်းဘုရားကို

⛳သွားအံအရောက် တောင်ဝှေးထောက်၍

⛳စိတ်နောက်ကိုယ်ပါ ကြိုးစားရှာလည်း

⛳များစွာဝန်လေး ကြာလျှင်ငေးလျက်

⛳အပြေးလိုက်ချင် လျင်မြန်ချင်လည်း

⛳ငယ်စဉ်ကလို ရုပ်မပျို၍

⛳အိုအိုမင်းမင်း ဘယ်အခင်းမှ

⛳စာရင်းမဝင် ရာမဝင်ပဲ

⛳ကိုယ်တွင်ပေါက်ဖွား သမီးသားကို

⛳ခြားနားအောင်ပ မည်နာမလည်း

⛳ခေါ်ကအလွဲ အထင်ကွဲ၏။

⛳ဆင်းရဲလှစွာ သံသရာဝယ်

⛳ဇရာဘဝ အရွယ်ကျတိုင်း

⛳ဒုက္ခဖိစီး သေချိန်နီးက

⛳ရင့်သီးထိုထို ခန္ဓာကိုယ်သည်

⛳အလို-အိုရချေသေး၏ တကား။

⛳မရဏာကာလ သေချိန်ကျ၍

⛳သေရသောခါ ဝိညာဉ်ခွာသော်

⛳ဤခန္ဓာရုပ် အကောင်ပုပ်ကား

⛳စက်ဆုပ်ကုန်ကြ ရွံပါလှ၍

⛳ခဏမကြာ လာလှည့်ပါဟု

⛳အသပြာငွေကြေး ပုံ၍ပေးလည်း

⛳တံတွေးကိုမျှ မျိုမကျ၍

⛳နေ့ညအမြဲ လာချင်ခဲ၏။

⛳မဲမဲကွက်ကွက် မျက်တွင်းနက်လျက်

⛳သုံးရက်မျှသာ ကာလကြာသော်

⛳ကိုယ်မှာပွပွ ကိုင်းကာကြွလျက်

⛳မုခခံတွင်း အရေဆင်း၍

⛳မချဉ်းဝံ့အောင် ပုပ်နံ့ဟောင်၏။

⛳လူကောင်တုံးလုံး ယင်ရုံးရုံးနှင့်

⛳အသုံးမကျ ဖိုးမရသည့်

⛳ရှေးကမေတ္တာ ချစ်လှပါ၍

⛳သူငါအစ ပွေ့ချီမ,လျက်

⛳ကိုင်ကြစေချင် အလောင်းစင်ကို

⛳တင်ရုံတမို့ ခေါ်လျှင်တုံ့၏။

⛳ရှုံ့ရှုံ့မဲ့မဲ့ နောက်သို့လှည့်၍

⛳တကယ်ကိုပင် ပျို့အပ်ချင်၏။

⛳ထို့ပြင်တရက် မြေမသက်ဘဲ

⛳ပက်လက်သိပ်ကာ တဆိတ်ကြာသော်

⛳ရွံစရာပွ ယိုကာကျလျက်

⛳ရွရွတွားတွား ရက်ရှည်ထားက

⛳ဖွားဖွားငေါက်ငေါက် ထုတ်ချင်းပေါက်အောင်

⛳ပိုးလောက်ဖြူးဖြူး ကိုယ်လုံးမြူး၍

⛳စူးစူးဝါးဝါး ကုန်အောင်စားပြီး

⛳အသားမံသ ရှာမရအောင်

⛳အရိုးပေါ်လျက် နံစောညှီညှီ

⛳ရိုးတွင်းဆီရောက် စို့နံ့ပေါက်၏

⛳ကြောက်လှန်စဖွယ် ဦးခွံငယ်လည်း

⛳နက်ကျယ်ဖောက်ထွင်း သွားဝင်းဝင်းနှင့်

⛳မျက်တွင်းနေရာ ဟောင်းလောင်းဟာလျက်

⛳ကျန်ကာရိုးစု သုံးမပြုသည်

⛳ကိုယ်ဟု မခေါ်ရချေတကား။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

                              Mg Shwe Oo 
                                    Ngaoh   

No comments:

Post a Comment