Wednesday, September 27, 2017

🔔 လောက၊ဓမ္မ၊ဘဝ နီတိပဒေသာ 🔔

🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀
💠 Posts 💯 💠 အပိုင်း (၂)
⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🖨 ချွတ်ယွင်းချက် 🖨
🍮🍮🍮🍮🍮🍮🍮

🏓 လူတိုင်းတွင် ချွတ်ယွင်းချက် အနည်းနှင့် အများရှိမြဲဖြစ်၏။ ချွတ်ယွင်းချက် လုံးဝကင်းသူဟူ၍ မရှိ။ ချွတ်ယွင်းချက် ကင်းသောသူကိုမှ ပေါင်းသင်းမည်ဆိုလျှင် လောက၌ ပေါင်းသင်းရမည့်သူဟူ၍ ရှိတော့မည် မဟုတ်ချေ။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🔌 အရိုးကိုရှောင် 🔌
💜💜💜💜💜💜

🍇 အခါကောင်းတွင် လူဖြစ်ခိုက် စိုက်လည်းစိုက်၊ ထားလည်းထား၊ စားလည်းစား၊ အရိုးအရင်းကိုပယ်၍စား ကျောက်ခဲကို မဝါးမိစေနဲ...။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐯 မိန်းကလေးတို့၌ နှလုံးသွင်းပုံ 🐯
🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷

😎 မိန်းကလေးတို့ကို မြင်သည့်အခါ မိမိတို့အရွယ် ဝုဒ္ဓိအလိုက် မြေး၊ သမီး၊ နှမ၊ တူမ များကဲ့သို့ မြင့်မြတ်သောစိတ်သဘောကိုထားရာ၏။ သွားရည်တမြားမြားကျမလောက် ဖောက်ပြန်သောစိတ်သဘောထား ရှိသူတို့မှာ သူယုတ်မာများဖြစ်ကြ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🚘 အလိမ္မာ နှင့် အမိုက် 🚘
🚅🚅🚅🚅🚅🚅🚅🚅

🚊 လူတို့၏စိတ်သည် မကောင်းသည့်ဘက်သို့ လိုက်ပါရမည်ဆိုလျှင် တောင်ပေါ်ကစီးဆင်းသည့်ရေပမာ လျင်စွာလိုက်ပါတတ်၏။ လူလိမ္မာ နှင့်ကြာကြာပေါင်၍ နည်းကောင်းအလိမ္မာရစေကာမူ လူမိုက်နှင့်ပေါင်းက မိုက်ကြောင်း နိ   ဿ   ယကို ခဏချင်းရလွယ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🏡 အိမ်ရှေ့ပူလျှင် 🏡
💥💥💥💥💥💥💥

🏤 ဘယ်သူဘာပြောပြော ငွေရှိလျှင် ဘာမဆိုရနိုင်သည်။ အစားလည်းမပူရ၊ အဝတ်လည်းမပူရ ဘာမှမပူရဟု ယူဆနေသူများရှိသည်။ ငွေရှိ၍ မိမိတို့အဖို့ တစ်အိုးတစ်အိမ်ထောင် ပြည့်စုံဖူလုံသည် ထားဦးတော့ အိမ်နီးပါးချင်း၊ တစ်ရပ်လုံး၊ တစ်ရွာလုံး၊ တစ်မြို့လုံး၊ တစ်နိုင်ငံလုံး ဝပြောသာယာမရှိက အိမ်ရှေ့ပူ၍ အိမ်နောက်မချမ်းသာ ဖြစ်ရတတ်သည်ကိုလည်း သတိပြုသင့်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🏆 မသင့်တင့်နိုင် 🏆
🍳🍳🍳🍳🍳🍳

⏰ တစ်ကိုယ်ကောင်း ချမ်းသာဖိုလောက်သာ လောဘဖြစ်သူတို့ကား မိမိအိမ်သူအိမ်သားများနှင့် မသင့်တင့်နိုင်၊ မိမိတစ်အိမ်ထောင်လောက်သာ ချမ်းသာဖို့ကြံသူတို့ကား အိမ်နီးပါးခြင်းတို့နှင့် မသင့်တင့်နိုင်၊ မိမိဆွေမျိုး လောက်သာကောင်းစားဖို့ကြံသူတို့ကား အခြားလူစိမ်းသူစိမ်းတို့နှင့်မသင့်တင့်နိုင်၊ မိမိတို့လူမျိုးလောက်သာ ကောင်းစားချမ်းသာဖို့ကြံသူတို့ကား အခြားလူမျိုးများနှင့် မသင့်တင့်နိုင်....။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐴 အာရုံ - အာဂုံ 🐴
🛡🛡🛡🛡🛡🛡🛡

💋 အပူကြုံသော်လည်း....

💋 ဘုရားဂုဏ်ကို..

💋 အာရုံမပျက်နှင့်..။

💋 လူယုံသော်လည်း....

💋 စကားကုန်...

💋 အာဂုံမမြွက်နှင့်....။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

💊 မကျန်းမာသူ 💊
🍷🍷🍷🍷🍷🍷

🍇 ဥစ္စာရှိ၊ ဂုဏ်ရှိ၊ ရဲစွမ်းသတ္တိ မည်မျှပင်ရှိသော်လည်း မကျန်းမာလျှင် အချည်းနှီးသာတည်း။ ကျန်းမာရေးအတွက် ဆေးကိုအားကိုခြင်းထက် အစားအသောက် အအိပ်အနေ ကျန်းမာအောင်ဂရုစိုက်ခြင်းသည် အကောင်းဆုံးဖြစ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

💥 အရံအတား 💥
🚇🚇🚇🚇🚇🚇

🌀 ဂုဏ်တော်၊ ဂါထာတော်နှင့် ပရိတ်တော်တို့ ရွတ်ဖတ်သရဇ္ဈာယ်ခြင်းသည် ကုသိုလ်ကံအကျိုးဆက်ကို လျင်လျင်မြန်မြန်ရစေတတ်၏။ အကုသိုလ်ဘေးရန်ပင်ဖြစ်လင့်ကစား မကျရောက်မကပ်ငြိအောင် ကာကွယ်စေနိုင်သည့် စစ်ကူများကဲ့သို့ တန်ခိုးလည်းရှိ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐸 သောမန.  ဿ   နှင့်ဥပေက္ခာ 🐸
💫💫💫💫💫💫💫💫💫

💎 သောမန.  ဿ   ကုသိုလ်ရှင်များမှာ သဒ္ဒါနှင့်ပညာတို့တွင် သဒ္ဒါလွန်ကဲရကား လောကဓံတရားနှင့် တွေ့ကြုံလျှင် တုန်လှုပ်လွယ်၏။ ဥပေက္ခာကုသိုလ်ရှင်မှာ သဒ္ဒါနှင့် ပညာတို့တွင် ပညာလွန်ကဲရကား လောကဓံတရားနှင့် တွေ့ကြုံလျှင် တုန်လှုပ်ခဲ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐰 လူရည်လူကဲ 🐰
🐧🐧🐧🐧🐧🐧

🐻 ရွှေရည်ရွှေကဲ မြောက်၊ မမြောက်ကို

🐻 မှတ်ကျောက်နှင့် စမ်း....။

🐻 လူရည်လူကဲ ရောက်၊ မရောက်ကို

🐻 ချီးမြှောက်၍ စမ်း....။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍯 ရွှေအိုး နှင့် မြေအိုး 🍯
🍜🍜🍜🍜🍜🍜🍜🍜

🍏 သူတော်ကောင်းတို့ သဘောကား ရွှေအိုးနှင့်တူ၏။ ကွဲသော်လည်း ဆက်၍ရနိုင်၏။ သူယုတ်မာတို့သဘောကား မြေအိုးနှင့်တူရကား ကွဲသော်လည်း ဆက်၍မရနိုင်တော့ချေ။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🌬 နားကြားပြင်း 🌬
💨💨💨💨💨💨

👂 ကောင်းစားကြီးမြင့်နေစဉ် ဆင်းရဲဒုက္ခရောက်ခဲ့သမျှကို သီချင်းတမျှ နားထောင်လိုကြ၏။ ဆင်းရဲနိမ့်ကျနေစဉ် ကောင်းစားခဲ့ဖူးသည်ကို မပြောနှင့် နားကြားပြင်းကတ်တတ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🗃 စာတတ် 🗃
🎑🎑🎑🎑🎑

🌷 ပိဋိကတ် သုံးပုံ နှုတ်ငုံရ၍ သုတမယဥာဏ်ဖြင့် သိအပ်သော်လည်း ရုပ်၊ နာမ်နှစ်ပါးကို ဝိပဿနာ မဂ်ပညာဖြင့် ဟုတ်တိုင်းမှန်စွာ မသိအပ်သည်ရှိသော် တဏှာ၊ မာန၊ ဒိဌိတည်းဟူသော ဘီလူး၏ဖမ်းစားခြင်းကို ခံရလျက် အပယ်လေးပါးသို့ ပို့ဆောင်တတ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍎 ရွှေအိုးကို ရအောင် 🍎
🍈🍈🍈🍈🍈🍈🍈🍈

🍆 ရွှေအိုးမြှုပ်နှံထားရာဌာနကို ညွှန်ပြသောအားဖြင့် ကျောက်ဖြာတွင် ရေထားအပ်သော အက္ခရာသည် ပရိယတ္တိသာသနာတော်နှင့် တူ၏။တူးဖော်အားထုတ်မှုသည် ပဋိဝေဓ သာသနာတော်နှင့် တူ၏။ ကျောက်ဖျာပေါ်က စာအက္ခရာကို နေ့ညမပြတ်ရွတ်ဖတ်နေကာမျှနှင့် ရွှေအိုးကိုတွေ့နိုင်မည်မဟုတ်၊ စာအက္ခရာတွင် ညွန်ကြားအပ်သည့်အတိုင်း အားထုတ်၍တူးပါမှ ရွှေအိုးတည်းဟူသော မဂ်ဖိုလ်ကို ရရှိနိုင်မည်ဖြစ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

👜 ရှားခြင်း 👜
🚋🚋🚋🚋🚋

💜 လောက၌ အလေ့ကျပေါက်ပွားသော သစ်ပင်တို့ထက် အဖိုးတန်သောသစ်ပင် ရှား၏။ သီလသိက္ခာအလေးမပြုသော ရဟန်းထက် အလေးပြုသောရဟန်းရှား၏။ အလဇ္ဇီရဟန်းထက် လဇ္ဇီရဟန်းရှား၏။ လောကမိသအလေးပြုသောရဟန်းထက် ဓမ္မအလေးပြုသောရဟန်းရှား၏။ ပရိယတ်အားမထုတ်သောရဟန်းထက် အားထုတ်သောရဟန်းရှား၏။ ပရိယတ်အားထုတ်သောရဟန်းထက် ပဋိပတ်အားထုတ်သောရဟန်း ရှား၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐟 ငါးနှင့်တူသော သတ္တဝါ 🐟
🐠🐠🐠🐠🐠🐠🐠🐠🐠

🐬 သတ္တဝါတို့သည် ငါးနှင့်တူကုန်၏။ ကိလေသာသည် ရေနှင့်တူ၏။ အဝိဇ္ဇာသည် ကွန်နှင့်တူ၏။ သေမင်းသည် တံငါနှင့်တူ၏။ တံငါသည် ကွန်ဖြင့်ငါးကို ဖမ်းသကဲ့သို့ သေမင်းသည်ကိလေသာရေတွင် ငါးနှင့်တူသော သတ္တဝါတို့ကို အဝိဇ္ဇာ နှင့်တူသောကွန်ဖြင့် ဖမ်း၍စား၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🌈 လောဘ ရူးနာ 🌈
🐸🐸🐸🐸🐸🐸🐸

🐻 နတ်ဆိုင်းသံသည် နတ်ရူးနာရှိသောသူတို့အား ရိုးတိုးရွတ ထ၍ကချင်စိတ်ကိုဖြစ်စေ၏။ ပစ္စည်းဥစ္စာသည်လည်း လောဘရူးနာရှိသောသူတို့အား သွားရည်တမြားမြားကျစေတတ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐺 တရားမရသူ 🐺
🍷🍷🍷🍷🍷🍷

🍶 ဓမ္မသဘော၊ ဘယ်သို့ဟောလည်း

🍶 လိပ်ကျောကြောင်ကော် ပြောင်ချော်ချော်နှင့်

🍶 ပျော်တပြုံးပြုံး မော်မဆုံးပဲ

🍶 နှလုံးမယဉ်၊ ဥာဏ်မရှင်သည့်

🍶 ပျို စင်ယုတ်မာ အိုခါဆိုးဝါး

🍶 လူအများသည်......

🍶 တရားမရနိုင်ပါတကား....။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎡 မသန့်ရှင်းသောပစ္စည်း 🎡
🐝🐝🐝🐝🐝🐝🐝🐝🐝

🏤 သစ်ဆွေး ဝါးဆွေးဖြင့် ဆောက်လုပ်အပ်သော အဆောက်အအုံသည် မကြာမှီ ပြိုကျပျက်စီးမည် ဖြစ်သကဲ့သို့ မသန့်ရှင်းသော ပစ္စည်းဥစ္စာတို့ဖြင့် ဖန်တီးထူထောင်အပ်သောလုပ်ငန်းသည် အခိုက်အတန့်၌ ကြီးပွားဖြစ်ထွန်းသလိုလိုရှိသော်လည်း မကြာမီ ယိမ်းယိုင်ပျက်စီးမည် ဧကန်ဖြစ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐸 နာဘေး သေဘေး 🐸
🍎🍎🏀🍎🍎🏀🍎🍎

💜 နာခြင်းနှင့်သေခြင်းဘေးတို့သည် သတ္တဝါမှန်သမျှအား တစ်နေ့ကျလျှင် အချိန်အခါမရွေး နိပ်စက်ဖိစီးရန်စောင့်လျက်ရှိ၏။ သူဌေးဟူ၍လည်းမညှာ၊ မျက်နှာကြီးသူဟူ၍လည်း ဂရုမမူ၊ ငယ်သူဟူ၍လည်း တောင်းပန်မရ အချိန်ကျလျှင် နိပ်စက်မည်မလွဲပင်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🚨 သက္ကစ္စဒါန 🚨
🐬🐬🐬🐬🐬🐬

🌈 ချမ်းသာသူတို့ စွန့်ပစ်အပ်သော အကြွင်းအကျန်သည် ဆင်းရဲသူတို့၌ အကောင်းအမွန်ပင်ဖြစ်၏။ အကြွင်းအကျန်ပင်ဖြစ်လင့်စေကာမူ စေတနာထက်ထက်နှင့် တရိုတသေ သန့်ရှင်းစင်ကြယ်အောင်ပြု၍ လှူဒါန်းအပ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎨 ပီတိသောမန.  ဿ   🎨
👅👅👅👅👅👅👅👅

💎 သီလသီတင်းဆောက်တည်ရာ၌ ပီတိသောမန.  ဿ    ရနိုင်ရန်အလွန်ခဲယဉ်း၏။ သို့ကြောင့်လည်း ဥပုသ်နေ့များ၌ အကြော်အလှော် အဖော်အပေါင်း စားကောင်းသောက်ဖွယ်တို့နှင့် ကူညီ၍ သီလယူကြ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🕹 အကုသိုလ်ဒုစရိုက် 🕹
🍭🍭🍭🍭🍭🍭🍭🍭

🚇 ကျောက်ခဲတို့မည်သည် ကြီးသည်ငယ်သည်မဟုတ် ရေသို့ချက ခဏချင်း မြုပ်မြဲဖြစ်၏။ အကုသိုလ် ဒုစရိုက်တို့ မည်သည်လည်း ကြီးသည် ငယ်သည်မဟုတ် အပါယ်ဆင်းရဲသို့ ပို့မြဲဖြစ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

📺 ကိုယ် နှုတ် စိတ် 📺
🐞🐞🐞🐞🐞🐞🐞

🚧 လောက၌ ကိုယ် နှုတ်ကို မနိုင်သူသည် ကိုယ် နှုတ်ဖြင့်ပြုအပ်သော အလုပ်ကိုထိရောက်တွင်ကျယ်အောင် မလုပ်နိုင်၊ ထို့အတူ စိတ်ကိုမနိုင်သူသည် စိတ်ဖြင့်ပြုအပ်သောအလုပ်ကို တွင်ကျယ်အောင် မပြုလုပ်နိုင်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍧 ကုသိုလ်ကို အမြန်ပြု 🍧
👑👑👑👑👑👑👑👑

🎲 မဟာကုသလ ပုညဝတ္ထု

🎲 ကောင်းမှုအရာ ပြုသောခါလည်း

🎲 လျင်စွာခဏ ပြုရသည်ချည်း

🎲 မငံ့တည်းနှင့်။

🎲 အဇ္ဇေဝါ သုဝေဝါ

🎲 နက်ဖြန်ခါသဘက် ဆက်ဆက်မှန်စွာ

🎲 သတ္တဝါအနန္တ အနိစ္စမျိုး

🎲 ဒုက္ခမျိုး အစိုးမရ....။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🌐 သူတော်ယောင် 🌐
🔼🔼🔼🔼🔼🔼🔼

💠 မရှိဆင်းရဲသူကလေးများနှင့် အစေခံမလေးများအား မတရားဖျက်ဆီးတတ်သော လူကြီးလူကောင်းအခေါ်ခံသူ လူယုတ်မာကြီးများရှိကြ၏။ ထိုလူယုတ်မာကြီးများသည် လူရှေ့သူရှေ့တွင် လူကြီးလူကောင်းသူတော်ကောင်းယောင်ဆောင်၍ နေတတ်ရကား ဓာတ်သိသူများ နှာခေါင်းရှုံ့ကြ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐣 သမ္မပ္ပဓာန် 🐣
🎡🎡🎡🎡🎡🎡

💮 မဖြစ်သေးသော အကုသိုလ်ကို မဖြစ်အောင်၊ ဖြစ်ပီးသော အကုသိုလ်ကိုပယ်နိုင်အောင် အားထုတ်၍ မဖြစ်သေးသောကုသိုလ်ကို ဖြစ်အောင်၊ ဖြစ်ပြီးသောကုသိုလ်ကို ပွားများအောင် အားထုတ်ကြကုန်လော့...။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

💿 ပြောက်ကျား သီလ 💿
🔜🔜🔜🔜🔜🔜🔜🔜

🕎 မီးပွား စသည်တို့ကြောင့် အပေါက်ပေါက်ဖြစ်နေသော အဝတ်အထည်တို့ကို မည်သို့ပင် ချုပ်လုပ်ဖာထေး၍ ထားစေကာမူ နဂိုမူလအတိုင်းလောက် ရှုချင်စဖွယ်မကောင်းသကဲ့သို့ ကျိုးပေါက်ပြောက်ကျားဖူးသော သီလသည်လည်း လူနတ်တို့အလယ်၌ မတင့်တယ်တော့ချေ....။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐷 မေတ္တာပွားပါ 🐷
🐰🐰🐰🐰🐰🐰

🎃 နွေဥတုအခါ ရေရှားသောအရပ်၌ ရေသည် အလွန်အဖိုးထိုက်တန်၏။ ဒေါသတရားများ၍ မေတ္တာတရားလည်း နည်းပါးနေသောအခါ မေတ္တာပွားရန် အလွန်အရေးကြီး၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

❄ ဝဋ်လည်ခြင်း ❄
🎅🎅🎅🎅🎅🎅

💫 တစ်ဖက်သားဆုံးရှုံးပျက်စီးအောင် ပြုလုပ်ခြင်း နစ်နာအောင်ပြုလုပ်ခြင်း နှိပ်စက်ညှဉ်းပန်းခြင်း၊ ချောပစ်ကုန်းတိုက်ခြင်း၊ စသည်မတရားမှုများသည် တစ်နေ့သ၌ သူတစ်ထူး နစ်နာဆုံးရှုံး နှလုံးပူပန်သည်မျှမက အပြစ်ဒဏ်ခံရမည် မုချဖြစ်၏။ ထိုဒဏ်ပြန်ခံရသည့်အခါ (ဝဋ်လည်သည်) ဟု လူတို့ပြောဆိုကြကုန်၏။ ထိုသို့ဝဋ်လည်ခြင်းမှ လွတ်ကင်းလိုသူတို့သည် အထက်ပါယုတ်မာမှုတို့ကို ကြပ်ကြပ်ရှောင်ကြဉ်ရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍑 ခဲယဉ်းခြင်း 🍑
🚊🚊🚊🚊🚊🚊

🎨 တောင်ခြေရင်းမှရေသည် တောင်ထိပ်သို့တက်ခြင်းငှါ ခဲယဉ်းသည့်အလား သတ္တဝါတို့၏စိတ်သည် သူတော်ကောင်းတရား မထုံပွားမှု၊ အကုသိုလ်တည်းဟူသော တောင်ခြေရင်းသို့ သက်ဆင်းလျှောကျလျက် ကုသိုလ်တရားတည်းဟူသော တောင်ထိပ်သို့တက်ခြင်းငှါ ခဲယဉ်းလှသည်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🗿 သူဌေးဖြစ် 🗿
🚁🚁🚁🚁🚁🚁

💎 လူအများကျပ်တည်းမှ မိမိချမ်းသာမည့် သူဌေးဖြစ်နည်းကို မကြံပါနှင့်။ ရိုးရိုးကျင့်၊ မြင့်မြင့်ကြံ၊ မှန်မှန်လုပ်၊ ကြီးပွားအောင် အားထုတ်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍜 ဆုတောင်း 🍜
🌬🌬🌬🌬🌬🌬

💠 သူတော်တရားကို မိမိတို့၏ သားမယား စည်းဇိမ်ဥစ္စာလောက် မမြတ်နိုး၊ စည်းဇိမ်ဥစ္စာ သားမယားတို့အပေါ်၌ စုံမက်မြတ်နိုးသည်၏ အပုံတစ်ထောင်ပုံ၍တစ်ပုံမျှပင် သူတော်တရားကို မမြတ်နိုးမစုံမက်ဘဲလျက် မဂ်ဖိုလ်ကို ရက်တိုတိုနှင့် ရပါလို၏ဟု နေစဉ်ဆုတောင်းနေခြင်းဖြင့် အဘယ်မှာလျင်မဂ်ဖိုလ်ကို ရနိုင်ပါအံ့နည်း။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🦂 အာသာဆန္ဒကြီး (၄) ချက် 🦂
🦄🦄🦄🦄🦄🦄🦄🦄🦄🦄

👺 ယောင်္ကျားကောင်းမှန်သမျှ အာသာဆန္ဒကြီး (၄) ချက် ကို ပန္နက်ရိုက်ထားသကဲ့သို့ ခိုင်မြဲစွာထားရှိစေရာ၏။ ထိုလေးချက်ကား..
(၁) အမျိုးသားကြီးမြင့်ရေး
(၂) နိုင်ငံချမ်းသာရေး
(၃) သာသနာထွန်းလင်းရေး
(၄) မိမိကြီးပွားချမ်းသာရေး...များ
ဖြစ်ကြသည်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🔥 လောဘမီး 🔥
🐖🐖🐖🐖🐖🐖

💥 ကိုယ်ဖို့နောင်ဘေး...

💥 မတွေးမဆ၊ မိုက်ဆန္ဒဖြင့်

💥 လောဘအလို၊ လိုက်မပိုနှင့်

💥 မတော်လောဘ၊ ရသည့်ဥစ္စာ

💥 ခဏတာမျှ၊ မကြာပျက်စီး

💥 လောင်စာမီးသို့........။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🏵 လူဖျင်း လူညံ့ 🏵
🍏🍏🍏🍏🍏🍏

🎾 တာဝန်ဝတ္တရားအသီးသီးတို့ကို ထမ်းဆောင်ကြရာ၌ အခက်အခဲ ဆင်းရဲ ဒုက္ခအမျိုးမျိုးတို့ကို မုချတွေ့ကြုံခံစားရပေလိမ့်မည်။ စိတ်ပျက်အားလျော့ကြရန်မဟုတ် စိတ်ပျက်ခြင်း၊ အားလျော့ခြင်းတို့ကား လူဖျင်လူညံတို့ အလုပ်တည်း။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍉 အလွယ်ကြိုက်သူ 🍉
👘👘👘👘👘👘👘

💜 လူတို့သည် အလွယ်ကို ကြိုက်တတ်ကြ၏။ ခဲခဲယဉ်းယဉ်း လုပ်ကိုင်သွားလာရန်ကို မလိုလားကြ၊ နိဗ္ဗာန်ကိုပင် လွယ်လွယ်နှင့် လိုချင်ကြ၏။ နိဗ္ဗာန်ရောက်ကြောင်းအလုပ်ကိုကား မလုပ်ကြချေ။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

⏳ ဒုစရိုက် ဆယ်ပါး ⏳
🚧🚧🚧🚧🚧🚧🚧

3️⃣ သက်သတ် ခိုးမှု၊ ကာမေသု သုံးခု ကာယကံ

4️⃣ မုသားပြောဆို ကုန်းချောရန်တိုက် အမိုက်အမဲ၊ ဆဲရေခြိမ်းခြောက် အပြိန်းစကား နေ့စဉ်ပွာ လေးပါးဝစီကံ

3️⃣ သူ့စည်းဇိမ်ကို ကိုယ်ပိုင်လိုမှု သူ့သက်ဇီဝေ၊ သေစေချင်ဟူ အယူမှောက်မှား နေ့စဉ်ပွား သုံးပါးမနောကံ

🔟 ဤကား ဒုစရိုက် ဆယ်ပါးတည်း။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🌈 သီလတန်ဆာ 🌈
🐔🐔🐔🐔🐔🐔

❄ ရွှေ ငွေ စိန် ကျောက်တို့ကို ပိုင်စိုးဆင်မြန်းရခြင်းဖြင့် အကျေနပ်ကြီးကျေနပ်နေကြသူများ၏။ သီလဟူသောအဆင်းတန်ဆာဖြင့် ကောင်းစွာစိုးပိုင်ဆင်မြန်းရမှန်း သိသူအလွန်ရှား၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

💎 ရတနာအစစ် 💎
💠💠💠💠💠💠

🐍 လောက၌ စိန်ရွှေစသော ရတနာတို့ကိုသာလျင် များစွာသောလူတို့သည် အမြတ်တနိုး ပြုလုပ်ဆင်မြန်း သိမ်းဆည်းကြကုန်၏။ ထိုထိုရတနာတို့ထက် အဆပေါင်းများစွာ မွန်မြတ်သော ရတနာသုံးပါးကို အမြဲဆင်မြန်ရမှန်းသိသူကား နည်းလှချေ၏တကား...။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍭 ကျေးဇူးတုံ့ 🍭
👗👗👗👗👗👗

🐧 ကောင်းစားကြီးမြင့်နေစဉ် အသင်အား ကျေးဇူးပြုဖူးသူတို့ကို မမေ့ပါနှင့်။ ကျေးဇူးတုံ့ပြန်ရာတွင် လောကွတ်မဟုတ်ဘဲ ထိထိရောက်ရောက် တုန့်ပြန်ပေဆပ်ပါ။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

👹 မဟိစ္ဆာတရား 👹
🕶🕶🕶🕶🕶🕶🕶

🚊ရတတ်သရွေ့နှင့် မရောင့်ရဲနိုင်ဘဲ အရနည်းသေးသည်ဟု အမြဲထင်မှတ်နေခြင်းသည် မဟိစ္ဆာခေါ် တရားဆိုးဖုံးလွှမ်းနေခြင်ပင်ဖြစ်၏။ ထိုတရားဆိုးဖုံးလွမ်းနေသူမှာ ထောင်ရလျှင် သောင်း၊ သောင်းရလျှင် သိန်း၊ စသဖြင့် အတောမသတ်နိုင်ရကား ပျက်စီးခြင်းသာလျှင် အဆုံးရှိခြေ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎩 အကြီးအကဲ 🎩
👅👅👅👅👅👅

❄ အေးအတူပူအမျှ ပြောဆိုကြသော်လည်း ကောင်းစားလာသည့်အခါ ပြောဆိုခဲ့သောထိုစကား မေ့သူများသာ များ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐚 သီလရေစင် 🐚
🌈🌈🌈🌈🌈🌈

🌐 သတ္တဝါတို့၏ ရာဂ အစရှိသော အညစ်အကြေးတို့ကို သီလတည်းဟူသော ရေဖြင့်သာလျှင် စင်ကြယ်သန့်ရှင်းအောင် ဆေးကြေားရာ၏။ ဂင်္ဂါမြစ်ရေ ယမုံနာမြစ်ရေ အစရှိသော ရေအမျိုးမျိုးတို့ဖြင့် ဆေးကြောသုတ်သင်ခြင်းငှါ မတတ်နိုင်ချေ။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

👤👤👤 လူသုံးဦး 👤👤👤
🍷🍶🍷🍶🍷🍶🍷🍶🍷

⌛ လော်လည်သူ၊ ယစ်သသောက်စားလေ့ရှိသူ၊ ပြည်သူတို့နှင့် မသင့်သူ၊ ဤလူသုံးယောက်ကို အကြီးအကဲ မခန့်ထားရာ။ အသက်ကို ကယ်ဖူးသူ ဆင်းရဲနေစဉ် မ စ ဖူးသူ၊ မင်းအဖြစ်ရောက်အောင်ပြုလုပ်ပေးသူ ဤလူသုံးဦးကို မင်းတို့ မမေ့အပ်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐊 ဖွတ်မရဓားမဆုံး 🐊
🔪🔪🔪🔪🔪🔪🔪

🕎 မတရားသဖြင့် ရအပ်သောပစ္စည်းကို ပစ္စည်းဆိုး ပစ္စည်းယုတ်ဟု ခေါ်၏။ ထိုပစ္စည်းမျိုးသည် လူကို သွေးကြီး၊ အထင်ကြီးအောင် လှည့်စားတတ်၏။ အခိုက်အတန့်မျှ ဖြစ်ထွန်းယောင်ရှိသော်လည်း အတန်ကြာလျင် ဖွတ်မရဓားမဆုံး ဆိုသလို ရှိရင်းပစ္စည်းကိုပါ သွေးဆောင်းဖြုန်းတီး ဖျက်ဆီးတတ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

💥 ငွေ 💥
⛳⛳⛳⛳

❄ ငွေသည် အလွန်တန်ခိုးရှိ၏။ စိတ်ထားမြင့်မြတ်သူတို့အဖို့မှာ ငွေကြောင့် တုန်လှုပ်ချောက်ချား စိတ်ပြောင်းခြင်းမရှိသော်လည်း သာမန်လူစား စိတ်ထားသေးသိမ်သူတို့ အဖို့မှာကား ငွေကြောင့် စိတ်ကြီးဝင် နားထင်သွေးရောက် အမူအရာဖောက်ပြန်တတ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

💠 မှားသောထင်မြင်ချက် 💠
👁👣👁👣👁👣👁👣👁

🎡 သူတစ်ဖက်သားကို ရှုတ်ချပြောဆိုခြင်းဖြင့် မိမိဂုဏ်တိုးမြင့်လာလိမ့်မည်ဟု ထင်မှတ်တတ်၏။ ထိုထင်မြင်ချက်ကား မှား၏။ မိမိဂုဏ်ကို တိုးမြင့်ရန်မှာ မိမိကိုယ်ကို ကောင်းအောင်ပြုလုပ် ပြောဆိုကြံစည်ဖို့သာဖြစ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

👑 လူ့သတင်း 👑
📺📺📺📺📺📺

📶 အကျင့်သီလ ရှိသူတို့၏ သတင်းသည် အကနိဌဗြဟ္မာပြည်တိုင်အောင် ကျောစောပျံ့နှံ့နိုင်၏။ လူယုတ်မာတို့၏ သတင်းသည် အဝီစိငရဲတိုင်အောင် ဖောက်ထွင်းပျံ့နှံ့နိုင်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🌐 လောကဓံ လေးပါး 🌐
🦀🦀🦀🦀🦀🦀🦀🦀

🏹 မာနတရားသည် လူတို့အား နားထင်သွေးရောက် ခြေဖျားထောက်အောင် ထိုးမြှောက်ပေးတတ်သော သဘောရှိ၏။ လူတို့၌ မာနတရားဝင်နေစဉ် ငွေဝင်ဖြောင့်ခြင်း၊ အခြွေအရံများခြင်း၊ အကျော်အစော ချီးမွမ်းခံရခြင်း၊ ချမ်းသာသုခရှိခြင်း၊ လောကဓံတရား လေးပါးသာရှိသည်ဟု မှတ်ထင်၍ နေတတ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

⚓ သူတစ်ပါးငွေ ⚓
⛽⛽⛽⛽⛽⛽

🛣 များစွာသောလူတို့သည် မိမိတို့ငွေကို သုံးစွဲရန်ရှိသောအခါ စဉ်းစားချိန်ဆ၍ သုံးစွဲလေ့ရှိကြ၏။ သူတစ်ပါးငွေကိုမူကား ရက်ရက်ရောရော အနှမြောမဖက် သုံးစွဲရက်ကြပေ၏ တကား။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🌲 စီးပွားနှစ်မျိုး 🌲
🐞🐞🐞🐞🐞🐞

🍄 လောကီစီးပွား လောကုတ္တရာစီးပွား ဟူ၍ နှစ်မျိုးရှိရာတွင် စိတ်ကိုထက်ဝက်စီထား၍ ကြိုးစားအားထုတ်နိုင်လျှင် တော်သေးသည်ဟု ဆိုရပေမည်။ လောကီစီးပွား၌သာ စိတ်ဝင်စားနေမူကား မနုသတ္တဒုလ္လဘ ဆိုသောလူ့ဘဝ၏ တန်ဘိုးကို သဘောမပေါက်ရာ ရောက်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

👂 ရွှေနားတောင်းကြောင့်ပါးပြောင် 👂
🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑

🍏 ရွှေနားတောင်းရောင်ကြောင့် ပါးပြောင်နေသည်ကို မိမိချောလှသည်ဟု အထင်ရောက်ပြီး သွေးမြှောက်နေသူများရှိ၏။ ထိုသွေးမြှောက်နေသူများသည် ရွှေနားတောင်း အရောင်မဟပ်လျင် ချောင်ကပ်၍ ဒုက္ခတွေ့ရတတ်သည်ကို သတိပြုသင့်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐻 မစင်ကြယ်သောပစ္စည်း 🐻
📿📿📿📿📿📿📿📿📿📿

🚂 မစင်ကြယ်သောပစ္စည်း ဥစ္စာတို့မည်သည် လော်လည်ဖောက်ပြန် အကျင့်တန်သော မိန်မယုတ်နှင့် တူ၏။ ၄င်းပစ္စည်းဥစ္စာကို သံကွန်ချာခုနှစ်ထပ်နှင့် ကြပ်မတ်ဖုံးကွယ်၍ ထားလင့်ကစား ခိုင်မြဲစိတ်ချ လုံခြုံလှပြီဟု မမှတ်ရာ။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🦄 ပျာလျှင်မှားတတ်ခြင်း 🦄
🐠🐠🐠🐠🐠🐠🐠🐠

👁 တစ်စုံတစ်ရာ အခက်အခဲတွေ့သည့်အခါ စိတ်ကို အေးအေးထား၍ကြည့်။ မပျာနှင့်၊ အခက်အခဲတွေ့တိုင်း နစ်နာဆုံးရှုံမည်မဟုတ်၊  ပျာလျှင် ပျာ၍မှားတတ်သည်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🏤 မရွေးချယ်နှင့် 🏤
⛲⛲⛲⛲⛲⛲

🚞 ဆင်လိုက်ရာတွင် ဝါကြီးဝါငယ် ရွေးချယ်နေဖိုမဟုတ်။ အသက်ဘေးမှ ကင်းဝေးအောင်သာ အားထုတ်ရာ၏။ မီးလောင်ရာတွင်လည်း တွင်းရေ၊ ကန်ရေ စစ်ဆေးရွေးချယ်နေဖို့မဟုတ်။ မီးငြိမ်းရန်သာ အရေးကြီး၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🗿 ဆန္ဒရှိရုံနှင့် ကိစ္စမပြီး 🗿
🎢🎢🎢🎢🎢🎢🎢🎢

🚧 လူတိုင်း ကောင်းကျိုးချမ်းသာကို လိုလားသော အာသာဆန္ဒရှိမြဲဖြစ်၏။ အာသာဆန္ဒရှိရုံမျှဖြင့် ကိစ္စမပြီး၊ ထိရောက်စွာ အလုပ်လုပ်မှပြီးမည်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🏹 စည်းမျဉ်း 🏹
🏺🏺🏺🏺🏺🏺

⚓ အလုပ်ကောင်းတစ်ခု ဖြစ်မြောက်ရေးတွင် စည်းမျဉ်းသည်အရေးကြီး၏။ စည်းမျဉ်းပင် ကောင်းလင့်ကစား စေတနာမကောင်းက အလုပ်ကောင်းမဖြစ်နိုင်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍍 အလုပ် နှင့် ဒုက္ခ 🍍
🍜🍜🍜🍜🍜🍜🍜

💎 ကြီးကျယ်သော မည်သည့်အလုပ်ကိစ္စကိုမဆို အောင်မြင်ထမြောက်စေရန်မှာ ဆင်းရဲဒုက္ခနှင့် အခက်အခဲများ အနည်းနှင့်အများ အခက်အခဲများ တွေ့စမြဲဖြစ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎾 မတရားချမ်းသာ 🎾
🏐🏐🏐🏐🏐🏐🏐

🏀 တရားသဖြင့် လုပ်ကိုင်ရောင်းဝယ်စားပါလျက် မချမ်းသာလျှင် ဝမ်းနည်းဖို့မဟုတ်ပါ။ မတရားအမြတ်စား ခိုးတိုက်လာဘ်စား၍ ချမ်းသာခြင်းမျိုးကိုမူ သွားရည်မကျနှင့်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🗣 အတင်းစကား 🗣
🌬🌬🌬🌬🌬🌬🌬

👂 အတင်းစကားဆိုသည်မှာ လူတစ်ဦး၏ မျက်မှောက်၌ ပြောဆို၍မုဖစ်သောကြောင့် မျက်ကွယ်၌ ပြောကြသောစကားမျိုးဖြစ်သည်။ လူတစ်ယောက်၏ အကြောင်းကို ထိုသူ၏မျက်မှောက်၌ ပြော၍မဖြစ်လျှင် မျက်ကွယ်၌လည်း မပြောဖြစ်အောင် ဆင်ခြင်ပါ။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🏺 အကျိုးနှစ်မျိုး 🏺
🐔🐔🐔🐔🐔🐔🐔

🍔 မိမိတစ်ကိုယ်ကောင်း တစ်အိမ်ထောင် ကြွယ်ဝပြည့်စုံလုံလောက်ရေးကိုသာ နေ့ရှိသမျှ ကြံစည်အားထုတ်လုပ်ကိုင်နေကြသူများ၏။ အများချမ်းသာအောင်ကြံစည်အားထုတ်ခြင်းဖြင့်လည်း အတ္တ၊ ပရ နှစ်ဝ အကျိုးပြီးမြောက်နိုင်ကြောင်း သိရှိအားထုတ်သူ ရှား၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

❄ ဆင်းရဲခြင်း ❄
🍊🍊🍊🍊🍊🍊

💠 ပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်းသည် ဆင်းရဲ့၏။ မချစ်မနှစ်သက်သော သတ္တဝါတို့နှင့်အတူ ယှဉ်တွဲနေရခြင်းသည်လည်း ဆင်းရဲ၏။ နှစ်သက်သော သတ္တဝါ သင်္ခါရတို့နှင့် ကွေကွင်းခွဲခွာနေရခြင်းသည်လည်း ဆင်းရဲ၏။ တောင်းတလိုချင်သောအရာကို မရခြင်း၊ မရအပ်သည်ကို တောင်းတခြင်းသည်လည်း ဆင်းရဲ၏။ ငါးပါးသော စွဲလမ်းရာအာရုံဖြစ်သည့် ခန္ဓာငါးပါးတို့သည်လည်း ဆင်းရဲကုန်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎂 မမြဲသောသဘော 🎂
🐊🐊🐊🐊🐊🐊🐊

🔜 လူတို့၏ စည်းဇိမ်ဥစ္စာများသည် အမြဲတည်တန့်၍နေလိမ့်မည်ဟု မဆိုနိုင်။ အိုနာသေဘေးသည်လည်း ဘယ်အချိန်၊ ဘယ်နာရီ၊ ဘယ်မိနစ်မှာ ကပ်ရောက်လာမည်ဟူ၍ မသိနိုင်ရကား၊ ဥစ္စာစည်းဇိမ်ရှိခိုက်၊ ကျန်းမာခိုက် ဒါန၊ သီလ၊ ဘာဝနာမှုတို့ကို ပြုစုအားထုတ်ရန် မမေ့ရာ။ လစ်ဟင်းပျက်ကွက်ခဲ့သော် မိမိအဖို့ ဆုံးရှုံးခြင်းမက ဆုံးရှုံးခြင်းဖြစ်ရလိမ့်မည်ကို သတိပြုရာသည်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🏥 မွေးကျေးဇူးဆပ်နည်း 🏥
💠💠💠💠💠💠💠

🌲 အမိအဖတို့အား အစားအစာ အသပြာ ဝတ္ထုတို့ဖြင့် ပြုစုထောက်ပံ့ခြင်းသည် ကောင်း၏။ သို့သော် တစ်ဘဝစာမျှသာဖြစ်၏။ ဒါနမှု၊ သီလမှု၊ ဘာဝနာမှု တို့၌ မေ့လျော့နေသောမိဘတို့အား လှူဒါန်းပေးကမ်းလိုစိတ် ၊ သီလစောင့်ထိန်းချင်စိတ်၊ ဘာဝနာပွားများချင်စိတ်ဖြစ်ပေါ်အောင် ဟောပြောပြသ တိုက်တွန်းနိုးဆော်ခြင်းသည် ဘဝများစွာ သံသရာဝယ် ဖူလုံစေနိုင်သဖြင့် မွေးကျေးဇူးကျေကြောင်း မာတာပီတုသုတ်၌တိုက်ရိုက် ဟောကြားထား၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐼 အကုသိုလ်ကံ 🐼
📌📌📌📌📌📌📌

🛣 ရှေးက ကောင်းမှုကုသိုလ်ကံ အားကြီး၍ အကျိုးပေးနေသေးသမျှ မည်မျှပင် ဆိုးညစ်ယုတ်မာနေစေကာမူ အကျိုးပေးလျက်ပင် ဖြစ်၏။ ကုသိုလ်ကံမေးမှိန်၍ အကုသိုလ်ဝင်လာသည့်အခါ မည်သူမျှမတားဆီးနိုင်၊ မကယ်နိုင်ဘဲ ကိုယ့်ဝန်ကိုယ်ထမ်း၍ ကိုယ့်လမ်းကိုယ်သွားကြရမည်သာ ဖြစ်၏။ ထို့ကြောင့် အကုသိုလ်စု မကောင်းမှုတို့ကို ဝေးဝေးကကြဉ်ရှောင်၊ မလွန်ကျူးမိအောင် စောင့်ထိန်းရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🚧 ဆင်ခြင်ရာ၏ 🚧
🖱🖱🖱🖱🖱🖱🖱

💠 လူရှေ့သူရှေ့တွင် မြိန်ရေရှက်ရေဖြင့် သုံးဆောင်မှီဝဲခဲ့သော အစားအစာကို စွန့်သည့်အခါ ပုန်းလျှိုးကွယ်ဝှက်၍ စွန့်ကြရ၏။ စားသောက်စဉ် အနံ့အရသာရှိစေကာမူ စွန့်သည့်အခါ ပုပ်သိုးညီနံ့ အဖိုးမတန်ဖြစ်ရသည်ကို အစာစားတိုင်း အာဟာရ ပဋိကူလသညာအရ ဆင်ခြင်ရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

💌 အနုဂါမိဥစ္စာ 💌
🕰🕰🕰🕰🕰🕰

🚌 သယ်ယူရန် ကူလီခမကုန် တာဝန်မကြီး အဖိုးလည်းအထိုက်တန်ဆုံး ဥစ္စာကို ကြိုးစားလျှင် လူတိုင်းရနိုင်၏။ ထိုဥစ္စာကား အခြားမဟုတ် ဒါန၊ သီလ၊ ဘာဝနာပင်ဖြစ်၏။ သူခိုး ဓားပြရန်လည်းမစိုးရိမ်ရ၊ မည်သူမှလည်းမဖျက်ဆီးနိုင်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

❄ သုစရိုက်ဆယ်ပါး ❄
⏳⏳⏳⏳⏳⏳⏳

💎 သက်သတ် ခိုးမှု ကာမေသု ရှောင်မှုသုံးတန် ကာယကံ။
💎 မုသားဆိုပြော ကုန်းချောရန်တိုက် အမိုက်အမဲ၊ ဆဲရေးခြောက်ခြိမ်း၊ အပြိန်းစကား ဤလေးပါး ရှောင်ရှား ဝစီကံ။
💎 သူစည်းဇိမ်ကို တည်စေလိုမှု၊ သူ့သက်ဇီဝေ ရှည်စေချင်ဟူ၊ အယူဖြောင့်ငြား ဤသုံးပါး မှတ်သား မနောကံ။
💎 ဤကား သုစရိုက်ဆယ်ပါး တည်း။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

👹 ဗျာဓိ နှင့် မရဏ 👹
🔚🔚🔚🔚🔚🔚🔚

🚬 မည်မျှလောက် အရေးကြီးသော ကိစ္စပင်ဖြစ်စေကာမူ နာရီမိနစ်ခန့်မျှ အားလပ်ချိန်ရလျှင်လည်း ရနိုင်ရာ၏။ ဗျာဓိ၊ မရဏ တည်းဟူသော နာခြင်းသေခြင်းတို့ကား နာရီမိနစ်ခန့်မျှ အချိန်မရ၊ အချိန်ကျလျှင် နာရမည် သေရမည် မုချပင်တည်း။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🏛 အလုပ်ကြီးလုပ်သူ 🏛
🐙🐙🐙🐙🐙🐙🐙

🐚 အလုပ်ကြီး တာဝန်ကြီးများကို ထမ်းဆောင်နေသူဟူသမျှ ကျန်းမာရေးကို အထူးဂရုပြုရာ၏။ အပျော်အပါးလိုက်စားလိုစိတ် မဝင်စေရာ။ အပျော်အပါးလိုက်စားကြူးလွန်သူသည် ကိုယ်၏ကျန်းမာရေးသာမက စိတ်အားဥာဏ်အားကိုပါ ဆုတ်ယုတ်ခြင်းကို ဖြစ်စေနိုင်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍅 မကောင်းမှုပြုသူ 🍅
👟👟👟👟👟👟👟

🍏 မကောင်းမှုပြုကျင့်သူသည် မိမိ၏ပါးနပ်လိမ္မာမှုကြောင့် လူအများမသိ၊ ပိရိသိပ်သည်းလှသည် ဆိုဦးတော့ တရားကိုကား မည်သည့်နည်းနှင့်မျှ လိမ်လည်လှည့်ဖြား၍ မရနိုင်သည်ကို တစ်ထစ်ချ မှတ်ယူရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐒 မမြှောက်လွန်းနှင့် 🐒
🐭🐭🐭🐭🐭🐭🐭🐭

🐢 အရာမတန် အမြှောက်လွန်က

🐢 ကိုယ့်ကျွန်ကိုယ်ဖျက် ကိုယ်နှိပ်စက်၍

🐢 ကိုယ့်ကြက်ကိုသတ် ဖြစ်ရတတ်၏..။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎯 အထင် နှင့် အတွေး 🎯
⛳⛳⛳⛳⛳⛳⛳⛳

🍉 လူတို့၏သဘောကား သားသမီးအခြွေအရံ ပစ္စည်းဥစ္စာကြပ်ကြပ်ပေါလေလေ ကြပ်ကြပ်ချမ်းသာလေလေဟု ထင်မှတ်ကြ၏။ ထို့ကြောင့်လည်း ရွှေငွေဥစ္စာတဖြာ သားသမီးအသုံးအဆောင် ပေါများပြည့်စုံအောင် အားထုတ်စုဆောင်းကြကုန်၏။

🎯 များလှအချီ၊ လူ့လောကီ၌

🎯 နွားရှိသသူ၊ နွားကြောင့်ပူသို့

🎯 ဤတူမခြား၊ ပုံအလားဖြင့်

🎯 သားရှိသသူ၊ သားကြောင့်ပူ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

👄 ဘုန်းကြီး၍အသက်မရှည် 👄
🎾🎾🎾🎾🎾🎾🎾🎾🎾

🍑 မိမိနှင့် မိမိဆွေမျိုးသားချင်း ကောင်းစားရေးအတွက် သူတစ်ပါးအားနှစ်နာဆုံးရှုံအောင် မပြုလုပ်ပါနှင့်။ ဤနည်းဖြင့် ရအပ်သောကောင်းစားခြင်းမျိုးသည် ဘုန်းကြီး၍ အသက်မရှည် အသက်ရှည်၍ ဘုန်းမကြီးဖြစ်တတ်၏။ အလုပ်ယုတ်လျော့နေပါက ဘယ်အခါမှ အောင်မြင်မည်မဟုတ်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🏆 ကိုယ့်အပြစ်ကိုယ်ခံ 🏆
🐔🐔🐔🐔🐔🐔🐔🐔

🐚 မယားစားဖို့၊ သားစားဖို့ဟု

🐚 ကိုယ့်ဖိုနောက်ဘေး၊ မတွေးမဆ

🐚 မိုက်ဆန္ဒဖြင့်၊ လောဘအလို

🐚 လိုက်မပိုနှင့်....။

🐚 ဤကိုယ်ပျက်ငြား၊ ဘဝလားသော်

🐚 မယားမပါ၊ သားမပါဘူး

🐚 ကိုယ်တာကိုယ်ခံ၊ စာရေးတံသို့။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🚛 ဘေးသုံးပါး 🚛
🚔🚔🚔🚔🚔🚔

🏐 လူ၌ကြီးဘိ၊ သားအမိပင်

🏐 မချိကယ်ရေး၊ ကိုယ်လွတ်ပြေးသည့်

🏐 မီးဘေးရေဘေး၊ ပြည်ဖျက်ဘေးလည်း

🏐 ဆယ်ရေးတစ်ရေး၊ ကယ်နိုင်သေး၏

🏐 အိုဘေးနာဘေး၊ သေဘေးဟူ၍

🏐 ဤဘေးသုံးပါး၊ လွန်ကြီးမားကား

🏐 သားနှင့်အမိ၊ ဖြစ်တုံဘိလည်း

🏐 မျက်စိအောက်တွင်၊ ရင်ခွင်တင်လျက်

🏐 သက်ပင်ရေးပိုင်၊ မကယ်နိုင်ဘူး

🏐 လက်မှိုင်ချကာ နေရစွာရှင့်..။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🌉 ကံ၊ ဥာဏ်၊ ဝရိယ 🌉
🏗🏗🏗🏗🏗🏗🏗🏗

🚜 မကောင်းလည်းကံ ကောင်းလည်းကံဟု

🚜 ကံကိုချည်းသာ မကိုးရာဘူး

🚜 ပညာဥာဏ်ဖြင့် သင့်မသင့်ကို

🚜 အခွင့်ရှု၍ အပြုလုံးလ

🚜 ရှိအပ်စွတည်း။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

⚾ အထက်သန်ဆုံး ⚾
👣👣👣👣👣👣👣

🍓 မိန်းမတို့၌ အဆင်းသဏ္ဍာန်နှင့်စပ်သော စက္ခုအတွေ့သည် ယေင်္ကျားတို့၌ အထက်သန်ဆုံးဖြစ်၏။ ယောင်္ကျားတို့၏ အဆင်းသဏ္ဍာန်နှင့်စပ်သော စက္ခုအတွေ့သည်လည်း မိန်းမတို့၌ အထက်သန်ဆုံးဖြစ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🕹 ဣ.  ဿာ နှင့် မုဒိတာ 🕹
🎣🎣🎣🎣🎣🎣🎣🎣

🌰 ငြူစူခြင်း ဣ.  ဿာတရားသည် အလုံးစုံသော စည်းစိမ်ချမ်းသာ ဂုဏ်ကျက်သရေတို့ကို ဖျက်ဆီးတတ်ရကား ကမ္ဘာဖျက်မီးနှင့်တူ၏။ ဝမ်းမြောက်ခြင်း မုဒိတာ တရားသည် အလုံးစုံသော စည်းစိမ်ချမ်းသာဂုဏ်ကျက်သရေတို့ကို ဖြစ်စေတတ်သောကြောင့် ကမ္ဘာပြုမိုးနှင့်တူ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

💯 အကြား အမြင် 💯
💍💍💍💍💍💍

🌈 လူ့ပြည်၌ လူအဖြစ်ဖြင့် အနေကြာသူတို့သည် အကြားအမြင်အတွေ့အကြုံများသူများဟု ယူဆကြ၏။ လူ့ပြည်၌ အနေကြာစေကာမူ မျက်စိကိုဖွင့် နားကိုစွင့်လျက် နေသူများသာလျင် အကြားအမြင်များသူများ ဖြစ်နိုင်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🦁 သူ့ကျေးဇူး 🦁
🐢🐢🐢🐢🐢🐢

🐘 ကျေးဇူးမသိတတ်သူအား အလုံးစုံသော ပစ္စည်းဥစ္စာကိုပင် ပေးငြားသော်လည်း အကျိုးမများ၊ မီးပုံသို့ ပစ်ချအပ်သော မျိုးစေ့အလား၊ တစ်ခါတည်းပျက်စီး၍ သွားလေ၏။ ကျေးဇူးသိတတ်သူအား ပြုအပ်သောကျေးဇူးကား အနည်းငယ်မျှပင် ဖြစ်လင့်ကစား လယ်ယာမြေကောင်း၌ စိုက်ပျိုးအပ်သော မျိုးစေ့ပမာ လွန်စွာအကျိုးများ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍄 လောကဓံလှိုင်း 🍄
🌽🌽🌽🌽🌽🌽

🍒 လူတို့သည် လောကတည်းဟူသော သမုဒ္ဒရာအပြင်၌ လောကဓံတရားတည်းဟူသော လှိုင်းလုံးကြီးများဖြင့် မိ၍ နေကြ၏။ လောကဓံလှိုင်းအိ၍လာသော်လည်း ရေလိုက်လှိုင်းလိုက် အလိုက်သင့်နေတတ်ပါမှ သက်သာရာရနိုင်မည်ဖြစ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

⏰ ဗျသနတရား ⏰
🍲🍲🍲🍲🍲🍲

🦀 ဆွေမျိုးဥာတိ တို့သေကြေပျက်စီးခြင်း၊ စည်းစိမ်ဥစ္စာ ရာထူးဌာနန္တရ လျော့ကျပျက်စီးခြင်း၊ အယူဝါဒပျက်စီးခြင်းဟူသော ဗျသနတရားငါးပါးသည် စာတွေ့မဟုတ်တော့ဘဲ ကိုယ်တွေ့အားဖြင့် ထင်ရှားတွေကြုံလေပြီဖြစ်ရကား ဒုစရိုက်မှုတို့ကို ရှောင်ကျဉ်၍ သုစရိုက်မှုတို့ကိုသာ ပွားများအားထုတ်ကြရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

💢 မုသာဝါဒ 💢
🎰🎰🎰🎰🎰

📻 မဟုတ်မမှန် လိမ်ညာလှည့်ဖြား ပြောဆိုသောစကားများသည် မုသာဝါဒဖြစ်၏။ မုသာဝါဒကို ကျူးလွန်တတ်သူသည် သာမန်ကိစ္စ၊ သာမန်အရာဌာနတို့ကို မဆိုထားဘိ ရသာလျင် တိုင်းပြည်ကိုပင်လိမ်၍ ရမည်ဆိုလျင်လည်း လိမ်မည်သာဖြစ်၏။ မုသာဝါဒသည် နှုတ်ဖြင့်သာမဟုတ် ကိုယ်အမူအရာဖြင့်လည်းကောင်း၊ နှုတ်အမူအရာဖြင့်လည်းကောင်း အမျိုးမျိုးလိမ်နိုင်၏။ လှည့်ပတ်နိုင်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

📠 အရည်အချင်းရှိသူ 📠
💯💯💯💯💯💯💯💯

🦄 မြင်းသည်မိမိကျောပေါ်သို့ ရောက်လာသူတို့အား ဇက်ကို နိုင် မနိုင်စမ်းတတ်၏။ နိုင်သူမှာ မြင်းကိုလိုရာသို့ စိုင်းနိုင်၍ မနိုင်သူမှာ မြင်းဆွဲရာသို့ လိုက်ရတတ်၏။ ထို့အတူ ငယ်သားတို့သည် အကြီးအကဲလုပ်သူတို့အား စမ်းတတ်၏။ အရည်အချင်းရှိသူမှာ လိုရာကို ခန့်ခွဲနိုင်၍ အရည်အချင်းမရှိသူမှာ ငယ်သားတို့လုပ်တိုင်း ခံရတတ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎓 ပညာနှင့်ပြည့်စုံသူ 🎓
🐠🐠🐠🐠🐠🐠🐠

🐢 ပညာဥာဏ်နှင့်ပြည့်စံသောသူတို့သည် တရားကို အားထုတ်ကျင့်ကြံရာ၌ မိမိ၏ခန္ဓာကိုယ်သည် ခဏမစဲ အမြဲပြောင်လဲ၍ အိုတတ်၊ နာတတ်၊ သေတတ်သော သဘောရှိခြင်းကြောင့် သူရော ငါပါ သတ္တဝါကိုမျက်နှာမလိုက် လွတ်ခွင့်မပေးဘဲ အစဉ်မပြတ်သတ်၍နေသော သေမင်းသည် ချက်ချင်းပင် သတ်တော့မည်နေဘိသကဲ့သို့ ကြံစည်စိတ်ကူး အထူးနှလုံးသွင်းလျက် နေ့စဉ်မပြတ် တရားအားထုတ်နေတတ်ပြန်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍮 သံဝေဂဖြစ်ဖွယ် 🍮
💸💸💸💸💸💸💸

🚨 မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသော ဗုံးဘေး၊ မီးဘေး၊ ခိုးသားဓာပြဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ရောဂါဆိုးဘေး၊ စည်းစိမ်ဥစ္စာပျက်စီးခြင်းဘေး ထိတ်လှန့်တုန်လှုပ်ဖွယ် ဘေးအန္တရာယ်အမျိုးမျိုးတို့သည် သူတစ်ပါးတို့ တွေ့ကြရသော်လည်း ငါတွေ့မည်မဟုတ် သူတစ်ပါးတို့ အိုကြ၊ နာကြ၊ သေကြရသော်လည်း ငါမအိုနိုင်၊ မသေနိုင်၊ မနာနိုင် မြဲမြဲခိုင်ခန့်လှပြီဟု ထင်မှတ်သည့်အလား လူမှုကိစ္စ စီးပွားရေးအဝဝတို့နှင့် နေ့ညမအား လောဘ၊ ဒေါသ၊ မောဟ တွေနှင့်သာ အချိန်ကုန်ကြသည်သာ များ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

💠 ကိုးကွယ်ရာ 💠
💍💍💍💍💍💍

🎩 ဆင်းရဲလွန်း၊ ချမ်းသာလွန်းသောကြောင့် ရတနာသုံးပါး၌ မေ့လျော့နေကြသော များစွာသောလူအပေါင်းတို့သည် တစ်စုံတစ်ရာ ဘေးအန္တရာယ်ကြုံတွေ့လာသည့်အခါ ကိုးကွယ်ရာကိုရှာကြကုန်၏။ တန်ခိုးအာဏာရှိသူကိုရှာကြကုန်၏။ တန်ခိုးအာဏာရှိသူကို ကပ်ကြကုန်၏။ အချို့ နတ်ကိုကိုးကွယ်ကြကုန်၏။ အချို့ ဆေးဝါး မန္တရားကို ဆောင်ကြ၏။ ရတနာသုံးပါးထက် လုံခြုံသော ကိုးကွယ်ရာဟူ၍ မရှိတော့သည်ကိုမူကား အနည်းငယ်မျှသောသူတို့သာလျှင် သိကြ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🌵 ပညာရှင် 🌵
🦀🦀🦀🦀🦀

💎 လောက၌ ပြည့်စုံသောသူတို့သည် လူတို့တတ်သင့်တတ်ထိုက်သော အတတ်ပညာတို့ကို ရရာရကြောင်း ကောင်းစွာရှာမှီးဆည်းပူးတတ်၏။ ဆည်းပူးသောအခါကာလတို့၌လည်း အို၊ သေ၊ နာ ရေး ဘေးဒုက္ခအတွက် အနည်းငယ်မျှ စိတ်မကွက်ဘဲ မိမိ၏ ခန္ဓာကိုယ်ကို မအိုနိုင်၊ မသေနိုင်၊ ကမ္ဘာတိုင်မပျက်မစီးဘဲ၊ အပြီးတည်လိမ့်မည်ကဲ့သို့ ကြံစည်လျက် စိတ်၌ အစဉ်စွဲလျက် လုပ်ကိုင်တတ်ပေ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🚧 သီလ 🚧
💎💎💎💎

💠 တောင်ဇလပ်ပန်းရနံ့သည်လည်းကောင်း၊ စန္ဒကူးရနံ့သည်လည်းကောင်း၊ ကြာညိုပန်းအနံ့သည်လည်းကောင်း၊ မြတ်လေးပန်းအနံ့သည်လည်းကောင်း၊ အနည်းငယ်မျှသာမွှေးကြိုင်၏။ လေညှာသို့တိုင်အောင် မဆန်တက်နိုင်၊ သီလအနံ့သည်ကား ထူးကဲမွန်မြတ်လှ၍ နတ်ပြည်သို့တိုင်အောင် ကြိုင်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🚞 မြစ် 🚞
🐙🐙🐙🐙

🔔 တသွင်သွင်စီး၍နေသော မြစ်တို့သည် တော၊ တောင် စိမ့်စမ်းနှင့် နိမ့်ဝှမ်းသောအရပ်တို့မှ မိမိ၏ အတွင်းသို့ မပြတ်စီးဆင်း၍နေသော ချောင်းရေတို့ကို အခြားအရပ်သို့ ကျရောက်သောရေကဲ့သို့ တောတောင်အရပ်တို့၌သာလျင် အချည်းနည်း မပျောက်ပျက် မကုန်ခမ်းစေဘဲ အလွန်တစ်ရာမှ ရောက်နိုင်ခဲလှသော အဏ္ဏဝါသမုဒ္ဒရာကြီးထဲသို့ ခရီးရောက်အောင် ချီးမြှောက်ဆောင်ကြဉ်း ပေးပြီး မဟာသမုဒ္ဒရာအဖြစ်သို့ ပြောင်းလဲစေကုန်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🔰 စာပေကျေးဇူး 🔰
📌📌📌📌📌📌📌

🍼 ဤအရာသည် ဤကဲ့သို့မှ ဟုတ်ပါ၏လော၊ ထိုကဲ့သို့ပင်ဖြစ်ပါသလော၊ မှန်မှမှန်ပါ၏လော၊ အမှားပင်ဖြစ်လေသလော စသဖြင့်ယုံမှားသံသယ ဒွိဟဖြစ်ခြင်းကို စာပေကျမ်းဂန်အတတ်သည် အလျဉ်းပယ်ဖြောက်နိုင်၏။ လောက၌ ရှိရှိသမျှလူအားလုံးတို့သည် ကောင်းမှု၊ မကောင်းမှု အစုစုတို့ကို ကြည့်ရှုသုံးသပ်ရန် စာပေကျမ်းဂန်အတတ်ကို အသက်အရွယ်နုနှယ်စဉ် အရေးထားလျက် အားထုတ်သင်ကြားထိုက်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

Friday, September 22, 2017

🔰 လောက၊ဓမ္မ၊ဘဝ နီတိပဒေသာ 🔰

💠 Posts 💯 💠 အပိုင်း (၁)
⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

                   🐜 ကျေးဇူးတရား 🐜 
🐰🐰🐰🐰🐰🐰🐰🐰🐰🐰🐰🐰

🐷 အမြောက်အမြားသော်လည်းကောင်း၊ အနည်းငယ်သော်လည်းကောင်း မိမိကို ကျေးဇူးပြုဖူးသူများသည် ရှိငြားအံ့။ ထိုကျေးဇူးတရားတို့ကို တုံ့ပြန်ပေးဆပ်နိုင်သည့်အခါ တုံ့ပြန်ပေးဆပ်ပါ။ မတတ်နိုင်သေးလျှင်လည်း နေပါ။ သို့သော် ကျေးဇူးရှင်တို့အား ကျေးစွပ်တတ်သည့် သူယုတ်မာတို့၏ အပြုအမူမျိုးကိုမူ မကြံစည်၊ မပြုလုပ်ပါနှင့်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

                 ⛺ မြင့်မြတ်သောစိတ် ⛺
🚀🚀🚀🚀🚀🚀🚀🚀🚀🚀🚀🚀

🛫 လူတို့၏ အကျင့်စာရိတ္တကို ပျက်ပြားစေနိုင်သော အကြောင်းအမျိုးမျိုးရှိရာတွင် ဆင်းရဲချို့တဲ့ခြင်းနှင့် စည်းကမ်းမရှိခြင်းများလည်း ပါဝင်၏။ သို့ရာတွင် စိတ်နေ စိတ်ထား ဖြူစင်မြင့်မြတ်သူတို့ကား ဆင်းရဲချို့တဲ့ခြင်းနှင့် စည်းကမ်းမရှိခြင်းကြောင့် မိမိတို့၏ အကျင့်စာရိတ္တ ဂုဏ်သိက္ခာကို ထိခိုက်ညစ်နွမ်းခြင်း ခံကြလိမ့်မည် မဟုတ်ကုန်...။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

               👹 ကြောက်စရာကောင်းသူ 👹
🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥

💧ပညာရှိခြင်းသည် လိမ္မာခြင်းနှင့် တစ်ခြားစီဖြစ်၏။ ပညာရှိတိုင်းလည်း မလိမ္မာ၊ လိမ္မာတိုင်းလည်း ပညာမရှိ။ အလိမ္မာနှင့် ပညာ စွယ်စုံညီညွတ်သူကား ရှားဘိ၏။ ထို့ကြောင့် ဥစ္စာရှိတိုင်း၊ အာဏာတန်ခိုးရှိတိုင်းလည်း ပညာရှိမဖြစ်နိုင်၊ အလိမ္မာမဖြစ်နိုင်ရကား ဓားပြ၊ သူခိုး၊ လူဆိုး၊ လူရှုပ်တို့ထက် ပညာရှိ၊ ဥစ္စာရှိ၊ အာဏာတန်ခိုးရှိသူ လူယုတ်မာတို့ကို ပိုမို၍ ကြောက်စရာကောင်း၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎩 လူ့သိက္ခာ 🎩
🎋🎋🎋🎋🎋

🎯 သိက္ခာဆိုသည်မှာ အကျင့်ပင်ဖြစ်၏။ လူတို့ ကိုယ်ကျင့်တရားများသည် သိက္ခာပင်ဖြစ်၏။ လိမ်လည်ကောက်ကျစ်ခြင်း၊ ဝါကြွားခြင်း၊ အဂတိလေးပါးလိုက်စားလျက် အမည်းကို အဖြူ  ၊ အဖြူကို အမည်း ပြုလုပ်ခြင်း၊ ပန်းပြားပင်ကဲ့သို့ တောင်လေလာ တောင်ယိမ်း မြောက်လေလာ မြောက်ယိမ်း ပြုတတ်ခြင်း၊ ရ သာလျင် ဘုရားကရွှေကိုပင် ခွာတတ်ခြင်း၊ သူ့သားအိမ်ယာကို လွန်ကြူးတတ်ခြင်း ထိုကဲ့သို့ပြုမူလေ့ရှိသော လူစားမျိုးကား ကိုယ့်သိက္ခာကိုယ် မရိုသေခြင်းသာမဟုတ် သိက္ခာဟူ၍ပင် မရှိတော့သော လူစားမျိုးဖြစ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎈 အကျင့်သိက္ခာ 🎈
💎💎💎💎💎💎

👤 လိမ်လည်ကောက်ကျစ်ခြင်း၊ ခိုးခြင်း၊ လာဘ်စားခြင်း၊ ချောက်တွန်းခြင်း၊ သောက်စားခြင်း၊ သူ့သားမယားကိုပြစ်မှားကျူးလွန်ခြင်း၊ စသောအမှုဆိုး ဒုစရိုက်တို့ကို အားလုံးဖြစ်စေ၊ အနည်းဆုံး တစ်ပါးမျှဖြစ်စေ ဤတစ်သက်တွင် အသက်သေစေကာမူ မဖောက်ပြန်၊ မကျူးလွန်ပါဟု အဓိဌာန်ပြုနိုင်က သင်၏ အကျင့်သိက္ခာ အနိမ့်၊ အမြင့် အဆင့်အတန်းမှန်ကို ဧကန်သိနိုင်မည့်အပြင် အကျိုးထူးတရားကိုလည်း ဒိဌ ခံစားရမည်ဖြစ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🕎 ရစရာရှိလျှင် မမေ့ 🕎
🐔🐔🐔🐔🐔🐔🐔🐔

🦄 လူတို့က မိမိတို့ပေးစရာရှိသည့်အခါ သတိမရလေယောင် မေ့မေ့ လျော့လျော့ ဖြစ်တတ်သော်လည်း ရစရာရှိသည့်အခါ နတ်၊ သိကြားနိုးဆော်လေဟန် မကြာခဏသတိရတတ်ကြ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

👥 မသူတော်ကြီးများ 👥
♠♥♣♦♠♥♣♦

🔥 ဓားပြ၊ သူခိုး၊ လူဆိုး၊ လူမိုက် ဆိုလျင် လူကောင်းသူကောင်းမှန်သမျှ စက်ဆုတ်ရွံ့မုန်း နှလုံးနာကြသည်သာဖြစ်၏။ ထိုထက် စက်ဆုတ်ရွံ့မုန်း ဖွယ် ကောင်းသူများကာ လူကြီးလူကောင်းအခေါ်ခံလျက် စိတ်ယုတ်မာရှိသူ လူမသူတော်ကြီးများဖြစ်ကြ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎨 သူယုတ်မာ နှင့် သူတော်ကောင်း 🎨
🐺🐰🐺🐰🐺🐰🐺🐰🐺🐰🐺🐰

💎 သူယုတ်မာက မွေးဖွားတိုင်း သူယုတ်မာ မဖြစ်နိုင်။ သူတော်ကောင်းက မွေးဖွားတိုင်းလည်း သူတော်ကောင်းမဖြစ်နိုင်။ စင်စစ်အားဖြင့် ယုတ်မာသောအမှုကို ပြုလုပ်၍သာ သူယုတ်မာဖြစ်နိုင်၍ ကောင်းမြတ်သော အမှုကိုပြုလုပ်၍သာ သူတော်ကောင်း ဖြစ်နိုင်သည်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🔔 အမျက်ဒေါသ 🔔
🌈🌈🌈🌈🌈🌈

❄ အမျက်ဒေါသ ထွက်နေဆဲအခါ ဟုတ်မှန်ရာ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ခြားနား၍ မသိမမြင်နိုင်။ သို့အတွက် အမျက်ဒေါသထွက်နေဆဲအခါ တစ်စုံတစ်ရာ ပြုလုပ်ပြောဆိုခြင်းကို မပြုပဲ ဆိတ်ဆိတ်နေလျက် အမျက်ဒေါသပြေမှ ပြုလုပ်ပြောဆိုရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐦 မျက်နှာလို မျက်နှာရ 🐦
🐝🐝🐝🐝🐝🐝🐝🐝

🐼 အထက်လူကိုသာ မျက်နှာလို မျက်နှာရလုပ်ပြီး အောက်လူကို ဖိနိပ်လေ့ရှိသောသူသည် လူယုတ်မာ ဖြစ်၏။ အထက်လူများအား နှစ်သိမ့်စေ၍ အောက်လူများနှင့် သင့်မြတ်အောင် ဆက်ဆံလေ့ရှိသောသူသည် သူတော်ကောင်းဖြစ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🚁 စိတ်သဘောထား 🚁
🚨🚨🚨🚨🚨🚨🚨

🚜 ဥစ္စာကြွယ်ဝသူ၊ အရွယ်နှင့် ရာထူးကြီးသူတိုင်း စိတ်သဘောထား ပြည့်ဝလိမ့်မည်မထင်နှင့်။ စိတ်သဘောထား ပြည့်ဝခြင်း၊ သေးသိမ်ခြင်းမှာ ဥစ္စာကြွယ်ဝခြင်း၊ အသက် ရာထူးကြီးခြင်းနှင့် တစ်ခြားစီဖြစ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐙 တန်ခိုးအာဏာ 🐙
🦂🐟🦂🐟🦂🐟🦂

🐸 တန်ခိုးအာဏာ အခွင့်အခါကောင်းတို့မည်သည် စိတ်သဘောထား သေးသိမ်သူတိုအား မှောက်မှောက် မှားမှား အမူအကျင့်ကို ပျက်ပြားစေနိုင်၏။

🐸 စိတ်သဘောထား ပြည့်ဝသူတို့အား အာဏာတန်ခိုး ပြည့်ဖြိုးပိုင်သ လက်ဝယ်ရသော်လည်း တက်ကြွခြင်း၊ ဖောက်ပြန်ခြင်းကို မဖြစ်စေနိုင်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐚 အမှား နှင့် အမှန် 🐚
🎭🎭🎭🎭🎭🎭🎭

⛳ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားစုံစမ်းသူ အလွန်ရှား၏။

⛳ စုံစမ်းစေကာမူ အမှန်အမှား ခွဲခြားသိမြင်သူ ရှား၏။

⛳ ခွဲခြားသိမြင်စေကာမူ အမှန်အမှား ပြောနိုင်သူ ရှား၏။

⛳ ပြောနိုင်စေဦး အမှားကိုစွန့်၍ အမှန်ကိုကျင့်သူ ရှား၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐢🐞 လူ့ကပ်ပါးများ 🐞🐢
🐞🐢🐞🐢🐞🐢🐞🐢🐞

🐞🐢 မျက်နှာကြီးများထံတွင် မျက်နှာလို၊ မျက်နှာရ ပလီပလာပြောတတ်သူ၊ မိန်းမ ယောကျာင်္း လူ့ကပ်ပါးများ ရှိမြဲဖြစ်၏။ ထိုလူ့ကပ်ပါးများသည် မျက်နှာရဖို့အတွက် ကြမ်ပိုးကို လိပ်၊ လိပ်ကို ကြမ်းပိုးဖြစ်အောင် ဖန်တီးပြောဆိုနိုင်စွမ်း၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐷 ဝမ်းမြောက်ခြင်း မနာလိုခြင်း 🐷
🐯🐯🐯🐯🐯🐯🐯🐯🐯🐯🐯🐯

👤 လူတစ်ဦးတစ်ယောက် ချမ်းသာမြင့်မြတ်သော အခြေသို့ ရောက်သွားသည် ကြားလျင် ဝမ်းမြောက်သလော၊ မနာလိုဖြစ်သလော။ ဝမ်းမြောက်စိတ်သည် မြင့်မြတ်သူတို့စိတ်ဖြစ်၍ မနာလိုစိတ်သည် သဘောထား သေးသူတို့၏ စိတ်ဖြစ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🌈 သေးငယ်သော အကျင့်ဆိုး 🌈
🐠🐟🐠🐟🐠🐟🐠🐟🐠🐟

🐧 သေးငယ်သောမီးပွားသည် ကြီးကျယ်သော မီးတောက်မီးလျှံကြီးများကို ဖြစ်စေနိုင်၏။ ထို့အတူ သေးငယ်သော အကျင့်ဆိုးသည်လည်း ယုတ်မာသော အကျင့်ဆိုးကြီးများကို ဖြစ်စေနိုင်၍ နုစဉ်က ပယ်ဖျက်သင့်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

📶 တရားသောအလုပ် 📶
💱💱💱💱💱💱💱💱

💠 ဖြောင့်မှတ်မှန်ကန်ခြင်းသည် တရားခြင်းဖြစ်၍ ကောင်းမွန်မြင့်မြတ်ကြောင်းကို မငြင်းနိုင်။ သို့သော်လည်း ကိုယ်ကျိုး၊ ကိုယ့်စီးပွားနှင့် ပတ်သက်လာသည့်အခါ တရားခြင်းကို မြင်နိုင်ခဲဘိတောင်း...။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🚌 လောဘကြီးသူ 🚌
💯💯💯💯💯💯💯

➗ လောဘကြီးသူအား တရားမျှတမှုကို မည်သို့ပင်ဟောကြားသော်လည်း နားမဝင်။ သဘောပေါက်နိုင်၊ သဘောပေါက်မည့် အချိန်ကား လောဘကြောင့် သောကဘေးတွေ့သောအခါ ဖြစ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🌐 ဟန်မလုပ်နိုင်သော အရာ 🌐
🐛🐛🐛🐛🐛🐛🐛🐛🐛

🐸 စိတ်နိုင်သူများသည် ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်းတို့ကို မျက်နာတွင်မပေါ်အောင် ချုပ်တည်းထားနိုင်၏။ ဆာလောင်ခြင်း၊ ငိုက်မြည်းခြင်း၊ ချစ်ခြင်းတို့ကိုမူကာ မည်မျှပင်စိတ်နိုင်စေကာမူ ဟန်မလုပ်နိုင်...။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐚 ကောင်းအောင်ကျင့် 🐚
💠💠💠💠💠💠💠💠

🌈 သုဘာသုတ၊ ဝေါဟာရဖြင့်

🌈 လောကအလို၊ ဟောပြဆိုတိုင်း

🌈 ထိုထိုအနိဌ်၊ ဒုန္နိမိတ်လည်း

🌈 မြဲကြိတ်မုချ၊ မဟုတ်စွတည်း

🌈 ဓမ္မတရား၊ တိမ်းပါးမမူ

🌈 တည်သောသူအား၊ ဘေးဟူတုံလတ်

🌈 ဥပဒ်အပြစ်၊ မဖြစ်နိုင်ရာ

🌈 ကင်းကြစွာ၏။

🌈 သမ္မာဥာဏ၊ ပယောဂနှင့်

🌈 လုံးလအားထူ၊ ကောင်းစွာယူ၍

🌈 ကောင်းမှုသဖြင့်၊ ကောင်းအောင်ကျင့်က

🌈 ယခင့်အတိတ်၊ နိမိတ်တဘောင်

🌈 တိတ်ရောင်ဥပါ၊ ခိုးဝှန်ဝါတို့

🌈 ထင်လာသမျှ၊ ကောင်းကြသည်ချည်း

🌈 မချွတ်တည်းရှင့်၊ လှိမ့်လည်းမရှိ

🌈 မှန်လှဘိ၏....။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

👥 လူ့သဘော 👥
🎭🎭🎭🎭🎭🎭

🎩 လူတို့တွင် အပြောနှင့်အလုပ်၊ အလုပ်နှင့်စိတ်ထား တစ်သားတည်းညီညွတ် ဖြောင့်စင်းသူ အလွန်ရှား၏။ အပြင်တစ်မျိုး၊ အတွင်းတစ်မျိုး မရိုးသော ကောက်ကျစ်စဉ်းလဲခြင်းသာများ၏။ တိရစ္ဆာန်တို့ကား အတွင်းအပြင် ဖြောင့်သောသဘောရှိ၍ မုန်းလျင်မုန်းသည့်အလျောက် ချစ်လျင်ချစ်သည့်အလျောက် ပြုမူတတ်ရကား တိရစ္ဆာန်တို့အပြုအမူများကို အလွယ်တကူအားဖြင့် သိနိုင်၏။ လူတို့၏ သဘောကိုမူ အလွယ်နှင့်သိနိုင်ရန် ခဲယဉ်းလှချေ၏တကား...။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🦃 သီလ စမ်းပွဲ 🦃
🦄🦄🦄🦄🦄🦄

🐍 ခေတ်ပျက်၊ ကာလပျက်၊ ဗရုတ်ဗရက် အချိန်အခါမျိုးသည် တစ်နည်းအားဖြင့် လူတို့၏ အကျင့်သီလ၊ သမာဓိကို ချိန်ထိုး၍ပြသကဲ့သို့ ဖြစ်၏။ လူရိုး၊ လူကောင်း၊ သူတော်ကောင်းဟု ခေါ်ဝေါ်သမုတ် ဟန်လုပ်နေစေကာမူ ထိုအချိန်အခါမျိုးတွင်  သီလစမ်းပွဲသို့ ဝင်ကြသည့်ပမာ ယုတ်မာသောအကျင့်၊ ယုတ်မာသောအပြုအမူတို့ကို ထိမ်ချန်ဖုံးဖိ၍ မထားနိုင်တော့ပဲ အိတ်သွန်ဖာမှောက် ခြစ်ခြုတ်ထုတ်ဖော်၍ ပြတတ်ကုန်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🦁 မာန 🦁
🐾🐾🐾🐾

⛵ မာနဆိုသည်မှာ ထောင်လွှားတက်ကြွတတ်၏။ မာနကိုအမှီပြု၍ ကောင်းသောဘက်၌ မဖြစ်မနေ ကြိုးစားအားထုတ်ခြင်းသည် အဖိုးတန်၏။ သူတစ်ပါးအပေါ်၌ စိတ်ကြီးဝင် မာနရောက်လျက် သွေးမြောက်ခြင်းမာနမျိုးသည် ပစ္စုပ္ပန်၊ တမလွန် အကျိုးတရားကို ပျက်ပြားစေတတ်သည်။ မိမိ၌ရှိသော ပစ္စည်းဥစ္စာ ရာထူးဂုဏ်သိမ်၊ စည်းစိမ်ချမ်းသာ၊ ပညာဗဟုသုတတို့ကို အစွဲပြု၍ မာနထောင်လွှားခြင်းသည်လည်းကောင်း၊ ရှိသည်ထက်ပိုမို၍ အထင်ကြီးကာ မာနထောင်လွှားခြင်းသည်လည်းကောင်း၊ ဘာမှမရှိပဲ ရှိသည်ဟု အထင်ကြီးကာ မာနထောင်လွှားခြင်းသည်လည်းကောင်း တစ်နေ့သောအခါ နောင်တကြီးစွာ ရတတ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍊 သုခ နှင့် ဒုက္ခ 🍊
🍎🍎🍎🍎🍎🍎

🌶 ကျန်းမာခြင်းသည် သုခ၊ မကျန်းမာခြင်းသည် ဒုက္ခ ဖြစ်၍ သုခ နှင့် ဒုက္ခသည် နံရံကလေးတစ်ချပ်သာ ခြားသကဲ့သို့ ရှိ၏။ မကျန်းမာခြင်း ဒုက္ခမှ လွတ်ကင်းစေရန် အသွားအလာ၊ အအိပ်အနေ၊ အစားအသောက်တို့ကို အထူးဂရုပြုရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍓 စကားများ အမှားပါ 🍓
🍍🍍🍍🍍🍍🍍🍍🍍

🌈 စကားများလျင် အမှားပါတတ်သဖြင့် စကားများများပြောခြင်းကို ဆင်ခြင်သင့်၏။ စကားများများပြောခြင်းထက် ဆိတ်ဆိတ်နေခြင်းသည် အကောင်းဆုံးဖြစ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐄 ဝယ်၍ မရသောအရာ 🐄
🦁🦁🦁🦁🦁🦁🦁🦁🦁

🐧 ကျန်းမာရေးကို ရွှေငွေစိန်ကျောက်တို့ဖြင့် ဝယ်ယူ၍မရနိုင်။ မိမိကိုယ် နှင့် စိတ်ကို ကျမ်းမာအောင် ဂရုစိုက်ပြုပြင်ခြင်းဖြင့်သာရနိုင်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐙 ဗြဟ္မစိုရ် 🐙
🐚🐚🐚🐚🐚

🌈 ဗြဟ္မစိုရ်လေးဖြာ၊ တည်ကြခါမှ

🌈 သတ္တဝါဟူ၊ ဦးမည်းဖြူတို့

🌈 ရှင်လူခပင်း၊ ရောဂါကင်းလျက်

🌈 ဘေးရှင်းရန်ကွာ၊ ဆင်းအင်္ဂါနှင့်

🌈 ချမ်းသာစည်ကား၊ သက်ရှည်ပွား၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🌻 လူပေါ လူညာ 🌻
🌷🌷🌷🌷🌷🌷

💎 မိမိကိုယ်၌ရှိသော အရည်အချင်းထက် ပိုမို၍ အထင်ကြီးနေသူမှာ လူပေါ ဖြစ်၏။

💎 ထိုသို့ အထင်ကြီးနေသူကို မီးလောင်ရာလေပင့် သကဲ့သို့ လုပ်နေသူများမှာ လူညာများဖြစ်ကြ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍬 ငွေ နှင့် ရောင့်ရဲခြင်း 🍬
🍸🍸🍸🍸🍸🍸🍸🍸

🍼 ငွေရှိလျင် ဘာမဆို လိုတရနိုင်သည်ဟု ထင်မှတ်ကြ၏။ ရောင့်ရဲခြင်း နှင့် စိတ်အေးချမ်းမှုတို့ကိုမူကား ငွေဖြင့် ဝယ်၍မရနိုင်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

💝 အနှစ်ပြည့်သောသူ 💝
🐚🐚🐚🐚🐚🐚🐚🐚

🐸 စိတ်နေသဘောထား မြင့်မြတ်၍ အနှစ်ပြည့်သောသူတို့သည် အဆန်ပြည့်သော စပါးနှံနှင့် တူကုန်၏။ စပါးနှံသည် အဆန်ပြည့်လေလေ အောက်သို့ညွတ် လေလေဖြစ်သကဲ့သို့ ထို့အတူ စိတ်နေစိတ်ထားမြင့်မြတ်၍ အနှစ်ပြည့်သောသူတို့သည် ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာတိုးလေလေ နှိမ့်ချသော နိဝါတ တရားများရှိလေလေဖြစ်ကုန်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🌹 ထူးမြတ်သော ဒါန 🌹
💎💎💎💎💎💎💎💎

🎩 ခတ်သိမ်းသော အလှူဒါနတို့ထက် တရားတည်းဟူသော အလှူဒါနကို ပေးလှူခြင်းသည် မြတ်လှသော မဟာဒါနဖြစ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐸 လူညာများ 🐸
🌸🌸🌸🌸🌸🌸

🐁 လင်းနို့ခွန်တောင်းလျင်ကြွက်၊ ကြွက်ခွန်တောင်းလျင် လင်းနို့ လုပ်နေသူများ လူညာများ ရှိကြ၏။ ထိုလူညာများသည် မျက်နှာပြောင်၍ အရှက်နည်းသည့်ပြင် မျက်နှာကြီးများကို မြှောက်၍ပေါင်းတတ်ကြ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐧 တရားသာစွဲ 🐧
🐛🐛🐛🐛🐛🐛

🦃 အများနှင့်ပတ်သက်သော အမှုကိစ္စတို့တွင် သူ့လူ ကိုယ့်လူ သူ့ဆရာ ကိုယ့်ဆရာဟု ပုဂ္ဂိုလ် မစွဲရ။ အပြု အမူ အယူ အကျင့် အလုပ်သဘော ဖြောင့် မဖြောင့် အရည်အချင်း ရှိ မရှိ စိစစ်၍ ပုဂ္ဂိုလ် ကိုမစွဲပဲ တရားကိုသာ စွဲကြရသည်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🚔 များစွာဆိုတတ်၏🚔
🚛🚛🚛🚛🚛🚛🚛

🚌 လောဘ၊ ရမ္မက်အားဖြင့် တပ်မက်သောသူသည် ဟုတ်သည့်စကား၊ မဟုတ်သည့်စကားများကို များစွာဆိုတတ်၏။ ဒေါသအမျက်အားဖြင့် ပြစ်မှားသောသူသည်လည်း ဟုတ်သည့်စကား မဟုတ်သည့်စကားများကို များစွာဆိုတတ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🏹 ပညာရှိသူတို့ သဘော 🏹
🏇🏇🏇🏇🏇🏇🏇🏇🏇

🎿 ကျောက်တောင်ကြီးသည် အရပ်လေးမျက်နှာမှ လာသောလေတို့ကြောင့် မတုနလှုပ်ဘိသကဲ့သို့ ထို့အတူ ပညာရှိတို့သည် ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်း စသည်တို့ကြောင့် မတုန်လှုပ်ကုန်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

☎ အမှန်မပြောလို ☎
📀📀📀📀📀📀📀

⏳ လူတို့သည် သူတစ်ပါးတို့ မှန်ကန်စွာပြောဆိုခြင်းကို စင်စစ်နှစ်သက်ကြ၏။ သို့သော် မိမိကိုယ်တိုင်မူ အခါခတ်သိမ်း မှန်ကန်စွာပြောဆိုခြင်းကို မပြုတတ်ကြကုန်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🕎 အပြောကောင်းနှင့်စိတ်ကောင်း 🕎
🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺

® စကားပြောကောင်းသူနှင့် စိတ်ထားကောင်းသူတို့တွင် စကားပြောကောင်းသူကို လူကြိုက်များတတ်၏။ သို့သော် မည်သူကောင်းသည်ကိုမူ တာရှည်ပေါင်းမှ အကြောင်းကို သိနိုင်မည်ဖြစ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐼 ရန်ငြိုး 🐼
🐶🐶🐶🐶🐶

🐬 ငါ့ကို ညှဉ်းဆဲသောသူ၊ နိပ်စက်သောသူ ဟူ၍ ရေသာသည့်အလှည့် ဂလဲ့စားချေရန် မကြံအပ်။ ရန်ငြိုးကို ချေပရန်ထားခဲ့သော် မစင်လူးသည်ကို ရေနှင့်မဆေးပဲ မစင်နှင့်ပင် ဆေးသကဲ့သို့ ဖြစ်ရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐲 လူကောင်းနှစ်မျိုး 🐲
🐿🐿🐿🐿🐿🐿🐿🐿

🍄 သတိတရားရ၍ လူကောင်းဖြစ်လာသူ၊ ဘေးရန်နှင့် မင်းပြစ်ကြောက်၍ လူကောင်းယောင်ဆောင်နေသူ ဟု လူနှစ်မျိုးရှိရာတွင် ဘေးရန်နှင့် မင်းပြစ်ကြောက်၍ လူကောင်းယောင်ဆောင်နေသူမှာ ရွှေရည်စိမ်နှင့်တူရကာ တစ်နေ့သ၌ ပဂတိရုပ်ပေါ်လာတတ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

⚽ အဆင်းတွန်းမချသင့် ⚽
🦀🦀🦀🦀🦀🦀🦀🦀🦀

🐦 ဒုက္ခရောက်နေသူကိုတွေ့လျင် ကူညီနိုင်က ကူညီပါ။ မကူညီနိုင်က လျစ်လျူရှုပါ။ ရေနစ်မည့်သူကို ဝါးကူ၍နစ်သလို တိုး၍ ဒုက္ခရောက်အောင် မလုပ်ပါနှင့်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐻 လုပ်ငန်းနှင့်မျက်နှာ 🐻
🐀🐀🐀🐀🐀🐀🐀🐀

🐽 မျက်နှာလိုချင်သူတို့မှာ မိမိတို့ မျက်နှာရမည့်သူလောက်ကိုသာ ခယဝယ ပြုလုပ်တတ်ကြ၏။ ထိုသူမျိုးတို့ကား အလုပ်တွင်ဖို့ထက် မျက်နှာရဖို့ကိုသာ ဂရုစိုက်သော လူညာများဖြစ်ကြ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

💋 တကယ့်လူ 💋
🦀🐦🦀🐦🦀🐦

🍄 မြင်မှု၊ ကြားမှု၊ နံမှု၊ လျှက်မှု၊ ထိတွေ့မှု အာရုံအမျိုးမျိုးတို့ကို မတွေ့မှီ စိတ်ဖြင့် ရှောင်ကြဉ်စေနိုင်ကာမူ တကယ်တွေ့ကြုံသောအခါ ရှောင်ကြဉ်နိုင်သူ ရှားလေသည်။ မကောင်းမှုနှင့် စပ်လျဉ်းသောအာရုံများကို တစ်ကယ်တွေ့ကြုံသောအခါ စိတ်ဖြင့်သာမဟုတ်ဘဲ ကိုယ်၊ နှုတ်ဖြင့်ရှောင်ကြဉ်နိုင်မှသာ တကယ့်လူဟု ဆိုချိမ့်မည်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍊 အညှာလွယ်ခြင်း 🍊
🍒🍉🍈🍓🍐🍆🌶

🍓 သစ်သီးဝလံများ အညှာလွယ်ခြင်းသည် ကြွေကျလွယ်ခြင်းဖြစ်၏။ မိန်းကလေးများ အညှာလွယ်ခြင်းသည် အခိုက်အတန့်မျှ မော်ရကြွားရ သုံးစွဲရသော်လည်း နောက်ဆုံး၌ အရှုံအဖတ်တင်ပြီးလျင် အမျိုးပါ ထိခိုက်နစ်နာသည်ကို ကိုယ်တွေ့မျက်မြင်ဖြစ်ကြ၏။ ထို့ကြောင့် မိန်းကလေးများသည် ဝတ်မှု၊ စားမှု၊ မော်ကြွားမှုဖြစ်သော လော်မာမှုများဖြင့် မိမိတို့ကိုယ်နှင့်တကွ အမျိုးဂုဏ်ကို မဖျက်ဆီးမိကြရန် သတိပြုကြရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐀 ဗေဒင်မေးရန်မလို 🐀
🔡🔡🔡🔡🔡🔡🔡🔡

🛡 လူတစ်ဦးတစ်ယောက် ကြီးပွားတိုးတက်လာသည့်အခါ မိမိနှင့်တန်းတူဖြစ်လာသည့်အခါ မိမိထက်သာသွားသည့်အခါ ဝမ်းသာသလော၊ မနာလို မရှုဆိတ်ဖြစ်သလော။ ဝမ်းမသာပဲ မနာလိုစိတ်ဖြစ်နေသေးရင် အောက်တန်းစားစိတ်မျိုးရှိသေးကြောင်း ဗေဒင်မမေးပဲနှင့် မိမိကိုယ်မိမိ အတတ်သိနိုင်မည်ဖြစ်သည်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

💊 ဆေးမစားသော လူနာ 💊
💉💉💉💉💉💉💉💉💉

🌡 စာပေ ပရိယတ္တိတို့ကို တစ်ဖက်ကမ်းခပ် တတ်မြောက်အောင် သင်ကြားလေ့လာထားပါသော်လည်း ကိုယ်ကျင့်တရား မရှိငြားအံ့၊ ရောဂါပျောက်ကင်းစေနိုင်သော ဆေးဝါးတို့ကို အပြည့်အစုံဖော်စပ်ထားပါလျက် မမှီဝဲ မစားသုံးသော လူနာနှင့်တူ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🌵 လှူသမျှအပင် 🌵
🌿🍀🌿🍀🌿🍀

🍁 ရှေ့ကအကြောင်း ကံဟောင်းထောက်မ၍ ယခုဘဝ ရရှိသည့်ဥစ္စာတွင် စားသမျှမစင်၊ ထားသမျှမသေခင် လှူသမျှအပင်...။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍮 ဝါသနာဆိုး 🍮
🐭🐭🐭🐭🐭🐭

🦃 ဝါသနာဆိုသည်မှာ အရပ်ဒေသ၊ အပေါင်းအသင်း၊ ပတ်ဝန်းကျင်၊ ဝတ္ထုပစ္စည်း၊ အယူဝါဒ တို့ကို အကြောင်းပြု၍စွဲသော ဝါသနာဆိုး၊ ဇာတိ ဘဝအဆက်ဆက်ကပါလာသမျှ စွဲသော ဝါသနာဆိုးဟူ၍ အမျိုးမျိုးရှိ၏။ ထိုဝါသနာဆိုးအမျိုးမျိုးတို့သည် အရပ်ဒေသ၊ အပေါင်းအသင်း အားလျော်စွာစွဲသောဝါသနာမှာ ပြုပြင်၍ရသော်လည်း ဇာတိအဆက်ဆက်ကပါလာသော ဝါသနာဆိုး၊ အကျင့်ဆိုးတို့မှာကား ခွေးမြီးကောက် ကျည်တောက်စွပ်သည့်အလား ပြုပြင်၍ ရခဲ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍯 မေတ္တာ နှင့် တဏှာ 🍯
🍳🍳🍳🍳🍳🍳🍳🍳

💋 မေတ္တာနှင့် တဏှာမှာ သဘောချင်း နီးစပ်လျက်ရှိသောကြောင့် ဖွတ်မှ မိချောင်းဖြစ်လာသည့်ပမာ မေတ္တာမှ တဏှာသို့ ကူးပြောင်း၍ လာတတ်သည်။ မေတ္တာနှင့်တဏှာ ရုပ်ပြောင်း နာမ်ကွာ ပြုလုပ်တတ်သောကြောင့် သူတစ်ပါး သားမယားဆိုလျင် အလွန်ခင်မင်ရင်းနှီးခြင်း မဖြစ်ရလေအောင် မျက်စိတ်ကို အထူးသတိထားရာသည်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🔕 သတင်းအပုပ်နံ့ 🔕
📣📣📣📣📣📣📣

🍆 လူသေကောင်တို့၏ အပုပ်နံသည် အနီးအနားလေပင့်ရာ လူများကိုသာ နံစော်စေနိုင်သော်လည်း လာဘ်စားခြင်း၊ လိမ်လည်ကောက်ကျစ်ခြင်း၊ သူ့သားမယားကိုဖျက်ဆီးခြင်း၊ အကျင့်ပျက်ပြားခြင်း၊ စသည့် လူတို့၏ သတင်းအပုပ်နံ့ကား ပိတ်ပင်ဖုံးဖိ၍မရ။ လေအောက် လေညာ နေရာမခြား တထောင်းထောင်းပြန့်ပွား နံစော်စေနိုင်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐘 အသက်ရှင်နေသူတိုင်း 🐘
🍬🍬🍬🍬🍬🍬🍬🍬🍬

🏹 မျက်စိအောက်၊ နားအောက်တွင် သေကြ ပျောက်ကြ စည်းစိမ်ဥစ္စာပျက်စီးကြ ဆွေကွဲမျိုးကွဲ ဖြစ်ကြရသည့် အဖြစ်အပျက်တို့မှာ မျက်လှည့်ပြသည့်ပမာ လွန်စွာလျင်ပြန်ရကား အသက်မသေ ကြွင်းကျန်နေသူတိုင်း သတိသံဝေဂ အရကြီးရကြဖို့ကောင်းပါလျက် မရနိုင်ပဲအချင်းချင်း ပျက်စီးနှစ်နာအောင် ကြံစည်အားထုပ်ပြုလုပ်နေကြသည်မှာ ကြက်ခြင်းထဲမှကြက်များ အချင်းချင်း ခွတ်နေကြသည့်နှင့် တူလှခြေ၏တကား...။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎁 လာဘ်လာဘ 🎁
🌶🌶🌶🌶🌶🌶🌶

🎀 လာဘ်လာဘ ပေါများခြင်းသည် လူတို့စိတ်ကို ဖောက်ပြန်တက်ကြွ မာန်မာနထောင်လွှားစေတတ်၏။ အကျင့် အဟာရပြည်ဝသူ တို့သော်လည်း လာဘ်လာဘ ပေါများလာသည့်အခါ စိတ်ဖောက်ပြား၍ မှောက်မှားစေနိုင်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍅 အသက်ကြီးလျက်စိတ်မကြီးနိုင်သူ 🍅
🍃🍂🍃🍂🍃🍂🍃🍂🍃🍂🍃

💜 အသက်အရွယ်ကြီးရင့်လာသည့်တိုင် စိတ်ကြီးစိတ်ကောင်းမရှိသော လူကြီးများရှိ၏။ ထိုလူကြီးမျိုးကာ အခွင့်သာလျင် ယုတ်မာသော အမူအကျင့်ကို ကျင်ကြံပြုလုပ်လေ့ရှိ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🖲 အပြော နှင့် အလုပ် 🖲
⌛⌛⌛⌛⌛⌛⌛⌛

🐲 ပြောတိုင်းလုပ်၍ လုက်တိုင်းပြောသည့် စိတ်သဘောထား ဖြူစင်သူ အလွန်ရှား၏။ အပြောတစ်မျိုးအလုပ်တစ်မျိုး မရိုးမသား မဖြောင့်မတ်သူ လူမသမာသာ အလွန်များ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎪 ကျေးဇူး 🎪
🎀🎀🎀🎀🎀

🍬 လူတစ်ဦးဦးအား ချီးမြှောက်ထောက်ပံခြင်းသည် ကျေးဇူးပြုခြင်းမည်၏။ ကျေးဇူးကို ခံယူပြီးနောက် သတိရခြင်းသည် ကျေးဇူးတင်ခြင်းမည်၏။ ကျေးဇူးအတွက် စွမ်းအားရှိသလောက် တုံ့ပြန်ခြင်းသည် ကျေးဇူးဆပ်ခြင်းမည်၏။ ၄င်းတို့ကို စိတ်ထားမြင့်မြတ်သူတို့သာ သိကြ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

💎 ရိုးသားဖြောင့်မှတ်ခြင်း 💎
🌷🌷🌷🌷🌷🌷🌷🌷🌷

🌿 မင်းပြစ်မင်းဒါဏ် လွတ်ရုံမျှလည်းကောင်း၊ သူ ချီးမွမ်းခံရရုံမျှလည်းကောင်း၊ ရိုးသားဖြောင့်မှတ်ခြင်းသည် တည်ကြည်ခိုင်မြဲသော ရိုးသားဖြောင့်မှတ်ခြင်းမဟုတ်။ ထိုရိုးသားဖြောင့်မှတ်ခြင်းမျိုးသည် အခွင့်သာလျင်ဖြစ်စေ၊ အတန်ငယ် ဆင်းရဲဒုက္ခရောက်လျင်ဖြစ်စေ အကျင့်ဖောက်ပြား၊ ဇာတိရုပ် ဘွားဘွားပေါ်တတ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

💲 ငွေစားသူ 💲
➗➗➗➗➗

🌶 ငရုပ်သီးမှန်လျှင် လူမသိအောင် ကြိတ်၍ စားစား ၊ ဗြောင်စားစား စပ်မည်ကားမုချဖြစ်၏။ ငွေစားရာ၌လည်း ကြိတ်၍စားစား ဒလန်နှင့်စားစား မတရားမှု၏ ဒါဏ်ကို ခံရမည် မုချဖြစ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎽 ချစ်ကြောက် နှင့် ရွံကြောက် 🎽
🐼🐼🐼🐼🐼🐼🐼🐼🐼🐼🐼

🐶 အထက်လူကြီးနှင့် အောက်လူငယ်တို့တွင် ချစ်ကြောက်နှင့် ရွံကြောက်ဟူ၍ နှစ်မျိုးရှိရာ အောက်လူငယ်တို့၏ ရွံကြောက်ထက် ချစ်ကြောက်ခံရခြင်းသာ လူကြီးလူကောင်း ဆိုသင့်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🛡 ကတိသစ္စာ 🛡
💋💋💋💋💋💋

🐸 ကတိသစ္စာ၊ တည်သောခါ၌

🐸 သြဇာလေးနက်၊ ပေါ်ဆီတက်၍

🐸 နွယ်မြက်သစ်ပင်၊ ဆေးဖက်ဝင်၏။..ဟု.

🇲🇲 ပညာရှိများစပ်ဆိုခဲ့၏။ လူတို့ သစ္စာမဲ့သောကြောင့် ဆေးမြစ်ဝါးမြစ်များ တန်ဖိုးမရှိခြင်းဖြစ်သည့်အခါ ဆေးဝါးညံဖျင်း၍ဟု အပြစ်တင်တတ်ကြ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐌 ကိုယ်ကျိုးရှာသူ 🐌
💲💲💲💲💲💲💲

🐲 မျက်နှာကြီးများနှင့် ကပ်ရပ်ပေါင်းသင်း၍ ကိုယ်ကျိုးရှာနေသူ လူရယုတ်မာများလည်း ရှိကုန်၏။ ထိုကိုယ်ကျိုးရှာသမား လူယုတ်မာများသည် ဘုရားနားကနေ၍ ဟောင်နေတတ်သော သတ္တဝါမျိုးနှင့် တူကုန်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

⚽ လူကြီးလူကောင်း ⚽
🖲🖲🖲🖲🖲🖲🖲🖲

🐼 လူကြီးလူကောင်း (ဝါ) လူရိုးလူကောင်းဆိုသော ဂုဏ်ကို မလိုချင်သူဟူ၍မရှိ၊ လူတိုင်းလိုချင်ကြ၏။ သို့သော် လူကြီး လူညာ လူယုတ်မာတို့၏ အကျင့်ကိုကျင်၍ လူကြီးလူကောင်းဆိုသော နာမည်ခံလူသာ များကြ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🚙 သားသမီးကောင်း 🚙
🏍🚠🏍🚠🏍🚠🏍🚠

🚅 အမိအဘတို့အား စိတ်ချမ်းသာအောင်း ပြုစုစောင့်ရှောက်ရသော အကျိုးသည် အလွန်ကြီးမြတ်ပေ၏။ ထိုကြီးမြတ်လှသော အကျိုးကို သားကောင်းသမီးကောင်း တို့သာလျှင် သိရှိလိုက်နာလျက်ရှိကြကုန်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🌽 သူယုတ် နှင့် သူကောင်း 🌽
🍒🐦🍒🐦🍒🐦🍒🐦🍒

🛡 သူ့ကျေးဇူးကို စိတ်ဖြင့်သိလေ့မရှိ၊ နှုတ်ဖြင့်ပြောကြား၍ ထင်ရှားစွာ သိလေ့မရှိသောအဖြစ်ကို သူယုတ်မာတို့ လွန်စွာနှစ်သက်၏။ သူတော်ကောင်းတို့ကား သူ့ကျေးဇူးကို စိတ်ဖြင့်သိပြီးလျင် အခါအားလျော်စွာ နှုတ်ဖြင့်ပြောကြား၍လည်း ထင်ရှားစွာ သိလေ့ရှိသောအဖြစ်ကို လွန်စွာနှစ်သက်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

👥 လူတိုင်း၏ဝါဒ 👥
💫💫💫💫💫💫💫

🌈 လူတန်းစေ့ ကောင်းကောင်းစားရမှု၊ လူတန်းစေ့ ကောင်းကောင်းနေထိုင်ရမှု၊ ချမ်းသာမှု၊ ကျော်ဇောမှု အစရှိသည့် အကောင်းဟူသမျှကို လိုလားခြင်းသည် လူတိုင်း၏ ဝါဒဖြစ်၏။ သို့သော် မိမိတစ်ကိုယ်ကောင်း တစ်အိမ်ကောင်း ကောင်းစားမှုလောက်သာ မဟုတ်ဘဲ လူတိုင်းလူတိုင်း မိမိနှင့် ထပ်တူထပ်မျှ သဘောထားနိုင်မှ ထိုဝါဒ အောင်မြင်နိုင်မည်ကို သဘောပေါက်သင့်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐯 ကုန်းချောခြင်းအလုပ် 🐯
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲

🐍 မိမိ၏ အကျိုးစီးပွားအလို့ငှါ တစ်ဖက်သားအား ရန်တိုက်ကုန်းချော မကောင်းကြောင်းပြောခြင်း အလုပ်သည် လူညံ့တို့၏ အလုပ်သာဖြစ်၏။ မိမိ၏ အကျိုးစီးပွားအတွက်ဖြစ်စေ သက်သက်မုန်းတီး၍ဖြစ်စေ ရန်တိုက်ကုန်ချောခြင်းအလုပ်ဖြင့် တစ်ဖက်သားအား နစ်နာဆုံးရှုံး နှလုံးပူပန်ခြင်းကို ဖြစ်စေငြားအံ့။ သနေသ၌ မိမိတို့ကိုယ်တိုင်လည်း ဒဏ်ပြန်ခံရတတ်သဖြင့် ပစ္စုပ္ပန်တမလွန် ရွံရှာစက်ဆုပ်ဖွယ်အလုပ်ဟု အထူးသဖြင့် ရှောင်ကြဉ်ရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

👄 စိတ်ချမ်းသာခြင်း 👄
👔👔👔👔👔👔👔👔

👽 စိတ်ချမ်းသာခြင်း၏ တန်ဘိုးကို စိတ်မချမ်းမသာ ဖြစ်နေရသည့်အခါမှ သာ၍သဘောပေါက်ကြ၏။ သို့သော် မိမိတို့ကိုယ်တိုင် စိတ်ချမ်းသာခြင်းကို တန်ဘိုးထားသလောက် တစ်ဖက်သား၏ စိတ်ချမ်းသာမှုကို တန်ဘိုးမထားနိုင်ကြပဲ စိတ်ဆင်းရဲရာဆင်းရဲကြောင်း ဖြစ်စေသော ကုန်းချောခြင်းအမှုကို ပြုလွယ်ပြောလွယ်တတ်ကြသည်မှာ ကိုယ်ချင်းစာတရား ခေါင်းပါးခြင်းနှင့် (သူ့အရင်ဖျက်၊ ကိုယ်လျှင်ပျက်) ဆိုသောတရားသဘောကို တွေးတောထိတ်လှန့် မဖြစ်ခြင်းသာလျှင် အကြောင်းရင်းရှိလေသည်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

☔ ပစ္စည်း နှင့် ပစ္စည်းရှင် ☔
🍃🌶🍃🌶🍃🌶🍃🌶🍃

🔥 စိန်ရွှေရတနာ ပစ္စည်းဥစ္စာတို့ကား ပစ္စည်းရှင်တို့ကသော်လည်းကောင်း ပစ္စည်းကသော်လည်းကောင်း စွန့်လွတ်၍သွားသော်လည်း သွားရာ၏။ ကုသိုလ်တည်းဟူသော ပစ္စည်းဥစ္စာကား ကုသိုလ်ရှင်ဖြစ်သောသူကို ဘယ်အခါမျှ စွန့်လွတ်သွားလိမ့်မည် မဟုတ်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐽 မျက်နှာမလိုက်သောတရား 🐽
🏍🏍🏍🏍🏍🏍🏍🏍🏍🏍

💎 လမင်းသည် ဆင်းရဲ ချမ်းသာ မျက်နှာကြီးငယ်မရွေး အလင်းရောင်ကိုပေး၏။ ကုသိုလ်၊ အကုသိုလ် တရားတို့သည်လည်း ဆင်းရဲချမ်းသာ ပျိုအိုမရွေး အကျိုးပေးချိန်တန်က ပေးမည် မုချဖြစ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐙 ကုသိုလ် နှင့် အကုသိုလ် 🐙
🌞🌞🌞🌞🌞🌞🌞🌞🌞

💜 ကုသိုလ်စရိုက်သည် လှေနှင့်တူ၍ အကုသိုလ်စရိုက်သည် ကျောက်ခဲနှင့်တူ၏။ အကုသိုလ်တည်းဟူသော ကျောက်ခဲသည် ကုသိုလ်တည်းဟူသော လှေထက် လေးက လှေနစ်မြုပ်လတ္တံ့။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐻 ဘုရားသားတော်စစ် 🐻
🍃🍂🍃🍂🍃🍂🍃🍂

🌈 စာသင်စာချအလုပ်နှင့် ဝိပဿနာတရား အားထုတ်သောအလုပ် နှစ်ခုသာလျင် ရဟန်းတို့အတွက် ဘုရားရှင်ပြဌာန်းထား၏။ ထိုပြဌာန်းထားသောအလုပ်နှစ်ခုကို ကျင့်ကြံကြိုးကုတ်အားထုတ်နေသော ရဟန်းများသာ ဘုရားသားတော်အစစ်ဖြစ်ကြ၏

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

💎 ထူးမြတ်သော အရသာ 💎
🌈🌈🌈🌈🌈🌈🌈🌈🌈

🏹 ခတ်သိမ်းသော အရသာတို့ထက် တရားတည်းဟူသောအရသာကို ပညာဖြင့်သုံးဆောင်ခံစားခြင်းသည် ထူးမြတ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍶 နည်းလမ်းကောင်း 🍶
☕☕☕☕☕☕☕☕

🍭 လူဟူသရွေ့၊ ဒုက္ခတွေ့သော်

🍭 သိမ်မွေ့ကောင်းစွာ၊ ကုသိုလ်သာလျှင်

🍭 ချမ်းသာရကြောင်း၊ နည်းလမ်းကောင်း

🍭 ဒါနဥပုသ်၊ စောင့်ကိုယ်နှုတ်ဖြင့်

🍭 မယုတ်အားကြိုး၊ ဤကျင့်ရိုးသည်

🍭 ကောင်းကျိုးချမ်းသာ၊ ကုသိုလ်တည်း။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🦀 ကိုယ်သာသိ 🦀
🐦🐦🐦🐦🐦🐦

🐸 (ကိုယ့်ဝမ်းနာ ကိုယ်သာသိ) ဆိုသလို မိမိ၏ စိတ်နေစိတ်ထားညံ့နေသည်ကို မိမိသာလျှင်အသိဆုံးဖြစ်၏။ သို့သော် စိတ်နေစိတ်ထားညံ့နေပါလျက် ညံ့မှန်းလည်းမသိ၊ မသိရုံသာမက အကောင်းထင်နေသူ၊ စိတ်နေစိတ်ထားညံ့နေသူကို သိလျက်မပြုပြင်ပဲဘဲ ဇွတ်နှစ်နေသူများလည်း ရှိကြ၏။ မည်သို့ပင်ဖြစ်စေ ညံ့နေသော စိတ်နေစိတ်ထားကိုသိအောင် သတိထား၍ အမြန်ပြုပြင်နိုင်ဖျု့ အရေးကြီး၏။ သို့မဟုတ် အခြားလူကိုမဆိုထားနှင့် မိမိကိုယ်ကိုပင်မိမိ မကြည်ညိုနိုင်သောဘဝသို့ ရောက်ရတတ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐜 ချဖြက်ခြင်း 🐜
🐛🐛🐛🐛🐛🐛

🐊 လူတို့အား လောဘရမ္မက်သည် နိပ်စက်နေ၏။ ထို့ကြောင့် တစ်စုံတစ်ရာ စောင်မကြည့်ရှု ကူညီထောက်ပံ့ရန်အကြောင်း ဖြစ်ပေါ်လာခဲ့သော်ကိုယ်ကျိုးကို အရင်ရှေးရှုတတ်ကြသည်သာများ၏။ ကိုယ်ကျိုးမပါလျင် ဘယ်အရာကိုမျှ ကူညီစောင်မ စွန့်ကြဲလိုသော ဆန္ဒမရှိကြ။ တစ်ဖန် အဝိဇ္ဇာတည်းဟူသော အမိုက်မှောင်သည် ပိတ်ပင်တားဆီးလျက်ရှိပြန်ရကား ကျေးဇူးတရားကို မသိတတ်ကြ။ မသိတတ်ကြရုံသာမကသေး သူ့ကျေးဇူးကို ထိမ်မြူးတတ်ကြကုန်၏။ ချေဖျက်တတ်ကြကုန်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🚢 သုစရိုက် နှင့် ဒုစရိုက် 🚢
🍶🍶🍶🍶🍶🍶🍶🍶🍶

🐊 ကောင်းမြတ်သော သုစရိုက်တို့ကို မိမိ၏အသက်စည်းဇိမ်ထက်ပင် ချစ်ခင်စောင့်ရှောက်ထိုက်၏။ ယုတ်မာသော ဒုစရိုက်တို့ကိုမူကား သေမည့်ဘေးထက် ကြောက်သင့်ကြောက်ထိုက် ရှောင်သင့်ရှောင်ထိုက်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🔥 သောကမီး 🔥
💥💥💥💥💥💥

🌵 စီးပွားပျက်သော်လည်းကောင်း ဆွေမျိုးသားချင်းတို့ သေဆုံးသော် လည်းကောင်း ရပ်တည်၍မရအောင် သောကမီးတောက်လောင်ကြ၏။ ထိုအခါ မိမိထက် နစ်နာဆုံးရှုံးသူတို့ကိုကြည့်၍ တရားသုံးပါးကို ဆည်းကပ်ခြင်းဖြင့်သာ သက်သာရာရ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🗣 အသံ 🗣
🕊🕊🕊🕊

🎵 တိရစ္ဆာန် ခွေး၊ ကြက်၊ ငှက်သတ္တဝါတို့၏ အသံမှာ ပရိယာယ်မပါသဖြင့် လွယ်ကူစွာသိနိုင်၏။ လူတို့၏ အသံမှာမူကာ ပရိယာယ်အမြှေးယှက်သဖြင့် အတွေးခက် အသိခက် အမုန်းရခက်လှချေ၏တကား။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎊 အမွှေးနံ့ 🎊
👔👔👔👔👔

🌷 ပန်းတို့၏ အနံ့သည် လေအောက်သို့သာလျင် တကြိုင်ကြိုင်လှိုင်၍ မွှေးနိုင်၏။ သီလတည်းဟူသော အနံ့ကား လေအောက်လေညာ နေရာမရွေး တကြိုင်ကြိုင်လှိုင်၍ မွှေးနိုင်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎁 သဒ္ဒါ နှင့် ပညာ 🎁
🌊🌊🌊🌊🌊🌊🌊

🍃 သဒ္ဒါလွန်ရင် မကြည်ညိုသင့်သောသူကို ကြည်ညိုမိသဖြင့် အကျိုးနည်းတတ်၏။ အရှက်တကွဲသော်လည်းဖြစ်တတ်၏။ ပညာလွန်လျင် ကောက်ကျစ်စဉ်းလဲတတ်၏။ စိတ်ဖြင့်ကြံကာမျှဖြင့် ကုသိုလ်ရသည်ဟူ၍ ဒါန၊ သီလ မပြုသဖြင့် အပယ်ကျတတ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🦁 အလှူဒါန 🦁
🐧🐧🐧🐧🐧

🍯 အလှူပြုလုပ်ကြရာ၌ အဖြူအနက် ရောယှက်ခြင်းမရှိအောင် အထူးသတိပြုရာ၏။ အဖြူအနက်ရောယှက်သောအလှူကား အကျိုးပေးရာ၌ ဘေးဆိုးရန်ဆိုးနှင့် ယှဉ်၍ပေးတတ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎪 အကျိုးတရား 🎪
🐭🐭🐭🐭🐭🐭🐭

🐸 အခွင့်သာသည့်နေ့၌ မိမိတို့ပြုခဲသော ကောင်းမှု မကောင်းမှု၏ အကျိုးကို မုချခံစားရမြဲဖြစ်၏။ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့သည် နှစ်ပေါင်းအသင်္ချေ ကြာသော်လည်း ပျောက်ပျက်သည်မရှိ။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

⏰ ကိုယ့်အပြစ် ကိုယ်ခံ ⏰
🔥🔥🔥🔥🔥🔥🔥🔥

🔕 မကောင်းပြုကား.. 

🔕 ငါကားငါ့ကံ၊ ငါအမွေခံ၏။

🔕 ငါ့မိ၊ ငါ့ဖ

🔕 ငါ့ဆွေများစွာ၊ ဥာတကာတို့

🔕 ဘယ်မှာဧကန်၊ ကိုယ်စားခံလိမ့်

🔕 နှစ်သိမ့်ပီတိ၊ ဥာဏ်ဖြင့်သိ၍

🔕 မိမိစိတ်၌၊ နှလုံးပိုက်လျက်

🔕 နှစ်ချိုက်ကြည်ဖြူ  ၊ ထိုသည့်သူကား

🔕 နှစ်ဆူချမ်းသာရဖို့တည်း။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎂 မချစ် - မလှ 🎂
🍳🍳🍳🍳🍳🍳

🏫 ပုထုဇ္ဇန

🏫 ထိုမျှပုဂ္ဂိုလ်၊ များလူဗိုလ်တို့

🏫 မလိုမကောင်း၊ လိုမကောင်းရှင့်

🏫 အဟောင်းအသစ်၊ ပျိုအိုဖြစ်လည်း

🏫 မချစ်မလှ၊ ချစ်လျင်လှ၏

🏫 လောကဓမ္မတာ၊ လူ့တံထွာတည်း။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐸 အငတ်များ 🐸
🐻🐻🐻🐻🐻🐻

👜 ငတ်မွတ်သည်ဆိုရာ၌ အစားအစာ ငတ်မွတ်ခြင်းလောက်သာ သဘောပေါက်သူ များ၏။ ဂုဏ်ငတ်ခြင်း၊ တန်ခိုးငတ်ခြင်း၊ အာဏာငတ်ခြင်း၊ စသည်တို့ကို သဘောပေါက်သူကား ရှား၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

⌛ ကိုယ်ပိုင်ဥစ္စာ ⌛
🕰🕰🕰🕰🕰🕰🕰

💯 လောကတွင် ရွှေငွေတိုက်တာ လယ်ယာခြံမြေ အစရှိသည်တို့ကို ကိုယ်ပိုင်ဥစ္စာအစစ်ဟု မှတ်ထင်နေကြ၏။ ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှု သာလျင် သွားလေရာရာ အစဉ်ပါသော ကိုယ်ပိုင်ဥစ္စာ အစစ်ဖြစ်သည်ကိုမူ လူတိုင်းမသိကြချေ။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍓 ငါးပါးသီလ 🍓
💎💎💎💎💎💎

🎇 ငါးပါးသီလသည် လူတို့အမြဲတမ်းစောင့်ထိမ်းရန်သီလဖြစ်၍ သူတော်ကောင်းတို့အဖို့မှာ ဝန်မလေး၊ သူယုတ်မာတို့အဖို့မှာကား ငါးပါးကိုမဆိုထားနှင့် တစ်ပါး နှစ်ပါးမျှကိုပင် လုံခြုံအောင်စောင်ထိမ်းရန် ခဲယဉ်း၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

💎 စိတ် 💎
🍃🍂🍃🍂

🐙 လောက၌ စိတ်ထက် အကျိုးမဲ့ဆင်းရဲဒုက္ခဖြစ်အောင် ပြုတတ်သောတရား မရှိ။ ကောင်းကျိုးချမ်းသာ ဖြစ်အောင်ပြုတတ်သော တရားလည်း မရှိ။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🏈 သြဝါဒ နှင့် အနုသာသန 🏈
💛💚💙💜💛💚💙💜💛💚

🎓 တစ်စုံတရာ ပြစ်မှုပေါ်ပေါက်မှ ဆုံးမခြင်းသည် သြဝါဒမည်၏။ ပြစ်မှုမပေါ်ပေါက်မီ ကြိုတင်၍ဆုံးမ ခြင်းသည် အနုသာသန မည်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

👘 ပြုအပ်သော ကျေးဇူး 👘
🐞🐞🐞🐞🐞🐞🐞🐞🐞

🐝 သူယုတ်မာတို့အား ကျေးဇူးပြုသဖြင့် ပေါင်းသင်းဆက်ဆံရခြင်းသည် သဲထဲရေသွန်သောရေပမာ လျင်စွာခန်းခြောက် ပျောက်ပျက်လွယ်၏။ သူတော်ကောင်းတို့အားကျေးဇူးပြုသဖြင့် အဆွေခင်ပွန်းဖွဲ့ရခြင်းသည် သမုဒ္ဒရာ၌ ရွာသောမိုးရေပမာ ကမ္ဘာဆုံးအောင်တည်မြဲ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

👥 မတိုင်ပင်ကောင်း 👥
💼💼💼💼💼💼💼💼

🐯 အကြင်သူသည် မိန်းမလိုက်စား လောင်းကစားနှင့် သောက်စားမူးယစ် အပျော်ကြူးလေ့ရှိအံ့၊ ထိုသူအား ရေးကြီးခွင့်ကျယ် တိုင်ပင်ဖွယ်တို့ကို မတိုင်ပင်၊ မဆွေးနွေး၊ မပြောကြားရာ။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🌈 အနီးပေါင်းဆိုး 🌈
👥👥👥👥👥👥👥

🦁 အဝေးပေါင်းကောင်းသော်လည်း အနီးပေါင်းဆိုးသည့် ဆွေမျိုးဥာတိ မိတ်ဆွေယောင်တို့ အများရှိ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

💎 အမြှောက်သမား 💎
🐛🐛🐛🐛🐛🐛🐛

🗣 လူတို့သည် စီးပွားဥစ္စာ၊ ရာထူးဂုဏ်ထူး၊ တိုးတက်လာသည့်အခါ အမြှောက်သမား အခြွေအရံများကို ကြပ်ကြပ်သတိပြုအပ်၏။ အမြှောက်သမားများကမြှောက်သည်ကို မိမိတကယ်တော်၍ ရိုးရိုးချီးမွမ်းသည်ဟု အထင်မှားတတ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍇 ကူဖော်လောင်ဖက် 🍇
💫💫💫💫💫💫💫💫

🎱 ရွှေသော ငွေသော၊ ဘယ်လိုပေါလည်း

🎱 နှမြောစုံမက်၊ မလှူရက်က

🎱 တစ်သက်လျာ/မှာ၊ လူဖြစ်နာ၏

🎱 ဆွေသောမျိုးသော၊ ဘယ်လိုပြောလည်း

🎱 စောကြောချင့်မြော်၊ အရေးပေါ်က

🎱 ထွက်ပေါ်ကူညီ၊ ရခဲသည်တည်း။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎓 ပညာကိုအသုံးပြုနည်း 🎓
📚📖📚📖📚📖📚📖📚

🖥 အခါအခါ၊ မရောက်ရာ၌

🖥 ပညာမိမိ၊ ရှိသည်အဖြစ်

🖥 ကိုယ့်သနစ်ကို၊ ဖွင့်လစ်ထင်စွာ

🖥 မပြရာဘူး..

🖥 ကြောင်လက်သည်းဝှက်၊ ပြင်မထွက်ပဲ

🖥 ထဲနက်ထားသို၊ ခါရောက်လိုမှ

🖥 ပဟိုရ်ရွှေစည်၊ တီးတိုင်းမည်သို့

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

📚 အလိမ္မာ စာမှာရှိ 📚
⏰⏰⏰⏰⏰⏰⏰

🎓 စာမတတ်၍ စာကိုသင်

🎓 စာကိုမြင်မှ မိုက်မှန်းသိ

🎓 အရသာကို နိုက်၍ကြည့်

🎓 တိုး၍ မိုက်မှန်းသိ....

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍓 အကောင်ဆုံးဆေးနည်း 🍓
🍶🍶🍶🍶🍶🍶🍶🍶🍶

💉 စောစောအိပ်၊ စောစောထ၊ နေ့စဉ်မှန်မှန်လမ်းလျောက် ကျန်းမာရေးအတွက် ငွေမကုန်ဘဲ အကောင်းဆုံးဆေးနည်းတည်း။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🚧 ဆန်ကာတင်မိတ်ဆွေစစ် 🚧
🚘🚘🚘🚘🚘🚘🚘🚘🚘

🚋 စောင်မကြည့်ရှု ပြုစုပေးကမ်းနိုင်စဉ်၊ ရာထူးဂုဏ်သိမ်ရှိနေစဉ်၊ ခေါ်ငင်ခယ ပလူနေသူ မှန်သမျှသည် အားလုံးမှာ မိတ်ဆွေစစ် မမှတ်ယူရာ စီးပွားပျက်၊ ဂုဏ်သတင်းညှိုးမှိန် ဘေးတွေ့သောအခါ ကူညီမှသာလျင် ဆန်ကာတင်မိတ်ဆွေစစ်ဟု တစ်ထစ်ချ မှတ်ယူရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🛡 စာချုပ်တိုင်းမခိုင်လုံ 🛡
🎲🎲🎲🎲🎲🎲🎲🎲

🏫 ရိုးသားဖြောင့်မှတ်သူနှင့် ဆက်ဆံရခြင်းသည် အဖိုးတန်စာချုပ်များနှင့် ချုပ်ဆိုထားသည်ထက် ခိုင်လုံစိတ်ချရ၏။ မရိုးသား မဖြောင့်မှတ်သူနှင့်ကား မည်မျှအဖိုးတန်သောစာချုပ်နှင့်ပင် ချုပ်ဆိုထားစေကာမူ ဆီလိုအပေါက်ရှာ၍ ကောက်ကျစ်တတ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐽 မိတ်ဆွေဟောင်း 🐽
🕰🕰🕰🕰🕰🕰🕰🕰

🏕 ကံကောင်းထောက်မ၍ ကြွယ်ဝချမ်းသာ တန်းမြင့်နေသည့်အခါတွင် မိတ်ဟောင်း ဆွေဟောင်း ညှိုးငယ်နေသူအပေါင်းကို မမေ့အပ်။ တတ်နိုင်သမျှ စောင်မကြည့်ရှုရာ၏။ အလှူဒါနပြုသည့်အခါလည်း ပိုမိုဂရုစိုက်သင့်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍭 မိတ်ဆွေအမျိုးမျိုး 🍭
🚢🚢🚢🚢🚢🚢🚢🚢

👥 မေးထူးခေါ်ကြား ပေါင်းအပ်သူ ကိုယ်ပေါင်းစိတ်ခွာ ပေါင်းအပ်သူ ရင်းရင်းနှီးနှီးပေါင်းအပ်သူ စသည်ဖြင့် မိတ်ဆွေအမျိုးမျိုးရှိရာ ရင်းရင်းနှီးနှီးပေါင်းအပ်သူကို မေးထူးခေါ်ကြား ခပ်ခွာခွာ ပေါင်းသင်း၍ စိတ်ပေါင်းကိုယ်ခွာ ပေါင်းအပ်သူတို့ကို ရင်းရင်းနှီးနှီးပေါင်းသင်းက အကျိုးစီးပွားပျက်စီးတတ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐧 ချစ်လှ ၊ လိုကောင်း 🐧
🐒🐒🐒🐒🐒🐒🐒🐒

🐼 အဟောင်းအသစ် ပျိုအိုဖြစ်လည်း

🐼 မချစ်မလှ ချစ်လျှင်လှ၏

🐼 လောကဓမ္မတာ လူတံထွာတည်း

🐼 ပုထုဇ္ဇန ထိုမျှပုဂ္ဂိုလ်

🐼 များလုဗိုလ်တို့ မလိုမကောင်း

🐼 လိုလျှင် ကောင်းရှင့်...။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜
"

Tuesday, September 19, 2017

"မတန် မရာ"

▬▬▬▬▬▬ஜ۩۞۩ஜ▬▬▬▬▬
                         "မတန် မရာ"
▬▬▬▬▬▬ஜ۩۞۩ஜ▬▬▬▬▬

ကျန်ခဲ့သည့် ရက်ပိုင်း က-
"လူမှုကွန်ရက်(Facebook)"၏ Page တစ်ခု နှင့် FB သုံးစွဲသူ Acc အတော် များများသည်-

-"ပဋ္ဌာန်း (၂၄ ပစ္စည်း)"ကို မြန်မာပြန် ၍-

━━━━━━━━━━━━━━━━━━━━━
"၁။ ဟေတုပစ္စယော = အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား။

၂။ အာရမ္မဏပစ္စယော = မျက်စိနှင့်နားသည် နိဗ္ဗာန်သို့ မျက်မှောက်
ပြုရပါစေသား။"

၃။ အဓိပတိပစ္စယော = ရုပ်၊ နာမ်နှစ်ပါးကို စောင့်ရှောက် ထိန်း
သိမ်းနိုင်ရပါစေသား။

၎။ အနန္တရပစ္စယော = များလှစွာသော ကုသိုလ်တရားကို
မျက်မှောက် ပြုရပါစေသား။

၅။ သမနန္တရပစ္စယော = ရုပ်နှင်နာမ် အတူရှိသောတရားတို့ကို
မျက်မှောက် ပြုရပါစေသား။

━━━━━━━━━━━━━━━━━━━━━
-စသဖြင့်
အမျိုးမျိုးအဖုံဖုံ "မတန်မရာ"ရေးသား၍ ဖြန့်ဝေ နေကြ ,
Share နေကြသည် ကို တွေ့လိုက်ရပါ၏။

"ပဋ္ဌာန်း" ရွတ်လျှင်-
-"ဘေးအန္တရာယ်ကင်းသည်။
-ဘုန်းကြီး သည်။
-ကုသိုလ်ရသည်။"ဟု သာ
သာမန်မျှ သိ သော "ပဋ္ဌာန်း"ကြည်ညို သူတို့အဖို့-

"သြော်-
ဟေတု- ဆိုတာ ဒီလိုလား။
အာရမ္မဏ- ဆိုတာ လက်စသတ်တော့ ဒီလိုကိုး"-

-ဟူ၍ အပိုင် မှတ်ယူ လက်ခံ သွားလျှင် ခက်ပေလိမ့်မည်။

မူလအစဉ်အလာ ကိုလွန်ပြီး ကွန့်လိုက်သော်-
မှန်လျှင် ကောင်းပါ၏။ မမှန်လျှင်(မမှန်ဖို့က များပါသည်။)
မသိနားမလည်သူ ဓမ္မမိတ်ဆွေများ အပေါ်
"အပါယ်"သို့တွန်းချ ဘိ သကဲ့သို့ ဖြစ်ပေလိမ့်မည်။

"ကြမ်းပေါက် ကျွံ လျှင် နုတ်၍ ရ၏။
စကား ကျွံသော် နုတ်၍ မရ"

"ဘာသာရေး ကလောင်" ကျွံသော် ထို့ထက် ပိုဆိုး
ပေလိမ့်မည်။

"ဘာသာရေး" တွင် "ဘွာ"မရှိ။
"ဘွာ"ခတ်၍ မရ။ "ဘာသာရေး" မှာ ဝင်၍ "စတန့် မထွင် ထိုက်"။

ဤသို့ စွဲမြဲစွာ သဘောထားလျှက် "ပေါ့ပေါ့တန်တန်"မရေးပဲ အစဉ်အလာ "ဘုရားဟောကျမ်းဂန် နှင့်အညီ" ရေးသားသင့်ပေသည်။

"ဗုဒ္ဓ"၏ ဒေသနာတော်များသည် "အတိဂမ္ဘီရကြီး(၄)ပါး" နှင့်ပြည့်စုံပါသည်။

"ဗုဒ္ဓခေတ်"အပါအဝင် "ဘုန်းကံကြီးမားသူ"တို့မှ အပ-
"နှောင်းခေတ် လူတိုင်း"အတွက်မူ-နားလည်ရန်ခက်ခဲ သဖြင့် "ပါဠိတော်များ" ကို "ဗုဒ္ဓ အလိုတော်ကျ "အနက် အဓိပ္ပါယ် ဖွင့်ဆို ရှင်းလင်းမှသာ အကျိုးများပေမည်။

"ပဋ္ဌာန်း ၏ အဓိပ္ပါယ်"
━━━━━━━━━
"ပဋ္ဌာန်း"ဟူသည် "ပဋ္ဌာန" မှလာခြင်းဖြစ်ပြီး "ပဋ္ဌာန" ၏ အဓိပ္ပာယ်
သည်-

ပ= မျိုးစုံ၊ အမျိုးမျိုး၊ 

ဋ္ဌာန= အကြောင်းတရား။

ပဋ္ဌာန ( ပဌာန်း )= "အမျိုးမျိုးသောအကြောင်းတရားများ က စုပေါင်းပြီး အကျိုးတရားများ ထုတ်လုပ်နေပုံကို အကြောင်းအမျိုးမျိုးနှင့် ရှင်းလင်းပြသော ဒေသနာတော်"ဟု ဖွင့်ဆိုပါသည်။

( ကျမ်းကိုး# အရှင်နန္ဒမာလာဘိဝံသ၏
"ပဋ္ဌာန်းမြတ်ဒေသနာ")

"ပဋ္ဌာန်းတရားတော်"သည်-
"လူ နတ် ဗြဟ္မာ" ဘုံတွေအကြောင်းမပါဝင်ပဲ
ရုပ်-နာမ်များ၏
-အကြောင်း အထောက်အပံ့
-အကျိုး အထောက်အပံ့ များကိုသာ
သီးခြား ဟောသည့် တရားဖြစ်ပါသည်။

"အကြောင်း နှင့် အကျိုး"ကို အကျယ်ချဲ့သော အခါ
"ပဋိစ္စသမုပ္ပာဒ်"။
"ပဋိစ္စသမုပ္ပာဒ်"ကို အကျယ်ထပ်ချဲ့ရင် "ပဋ္ဌာန်းတရား"ဟု ဆိုပါသည်။

"ရုပ် နာမ် ဓမ္မ"တို့၏ "သဘာဝဖြစ်စဉ်"ကို ကြောင်းကျိုးယှဉ် တင်ပြထားသော "ပဋ္ဌာန်းဒေသနာ"ကို လေ့လာခြင်းဖြင့်
-ဖြစ်စဉ် ဖြစ်ရပ်မှန်သမျှ အကြောင်းမဲ့ ဖြစ်ပေါ်လာခြင်းမဟုတ်၊
-"အကြောင်း"ကြောင့် "အကျိုး" ဖြစ်ပေါ်လာခြင်းသာဖြစ်၏"ဟု
-အမှန် ကို အမှန် အတိုင်း မြင်၍၊
-အရှိ ကို အရှိ အတိုင်းသိ၍
အရာရာ ကို ကြောင်းကျိုးဆင်ခြင်နိုင်ကြစေရန်
"ယထာဘူတဥာဏ်"ကို အခြေခံကာ တရားအဆင့်ဆင့်မြင့်တက်လျက်  ဘဝ၏ အနှစ်သာရဖြစ်သော "မဂ်ဥာဏ်,ဖိုလ်ဥာဏ်"ကို အထောက်အကူပြုနိုင်ရန် လေ့လာအပ်သော တရားဖြစ်ပါသည်။ 

သို့ဖြစ်ရာ
"သုတ်,ဝိနည်း,အဘိဓမ္မာ" တို့တွင်
-"အဘိဓမ္မာ" သည် တစ်ခက်။
ထို "အဘိဓမ္မာ"(၇)ကျမ်း"၌
-"ပဋ္ဌာန်းကျမ်းကြီး"သည်လည်း တစ်ခက်။

ဤသို့ ခက်ခဲ နက်နဲ သော "ပဋ္ဌာန်းကျမ်းကြီး"ကို
သာမန် ထင်သလို ရေးနေကြခြင်း မှာ
"ဆန်တစ်စလယ် ဖြင့် ငါးကြင်းခေါင်း တက် ကိုင်"
နေသကဲ့သို့ဖြစ်ပေသည်။

ထို့ကြောင့်-

━━━━━━━━━━━━━━━━━━━━━
"၁။ ဟေတုပစ္စယော = အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား။

၂။ အာရမ္မဏပစ္စယော = မျက်စိနှင့်နားသည် နိဗ္ဗာန်သို့ မျက်မှောက် ပြုရပါစေသား။"

━━━━━━━━━━━━━━━━━━━━━
ဟူသော အရေးအသားသည် "အဘိဓမ္မာ သဂြိုဟ်"တက်ဖူးသူတိုင်း "အမှန်လား?-အမှား လား?"
ကောင်းစွာ သိကြပါသည်။

-"သဗ္ဗညု တဥာဏ်တော်"၏ အရာသာဖြစ်သော

-သင်္ဂါယနာ အဆက်ဆက်။ ဆရာ အဆက်ဆက်။
ပညာရှိ အဆက်ဆက် တို့က ပမာဏပြု ခဲ့သော-
နက်နဲ သိမ်မွေ့လှသည့် ပဋ္ဌာန်းတရား ဖြစ်ပါသည်။

ပိဋကတ်ကျမ်းဂန် ကို ကိုယ်လိုရာဆွဲ ပြီး မှားမှားယွင်းယွင်း ရေးသားထားသည် ရှိသော်
အပါယ်ချ သည့် အလုပ် ကို လုပ်မိလျက်သား ဖြစ်ပေလိမ့်မည်။

ဗုဒ္ဓဘာသာဝင် အများစု ၏ ကြုံ တောင့်ကြုံ ခဲ လူ့ဘဝ ကို ရ ရှိထားပြီး ဘုရားသာသနာ နှင့်ကြုံ ခိုက်
-ဆန်းသစ်သော အတွေးအခေါ် လိုလို နှင့်
-လူပြိန်းကြိုက် ရေးသားသည့် လက်ချက်ကြောင့်
အယူမှားရလေသော် -
"စားခါနီးထမင်းလုပ် ကို ပုတ်အချခံရဘိ"-သကဲ့သို့ အကျိုး ကြီး နည်းရှာမည်ဖြစ်ပါသည်။

တရားဓမ္မ နယ် ၌ ဓမ္မက္ခန္ဓာ ကို ပမာဏ မပြုပဲ
အမှန် ကို ဇောက်ထိုးဖြစ်စေသော
"ဝိပ္ပလာသ မျက်လုံး"ဖြင့် "မျက်ကန်းတစ္ဆေ မကြောက်" ကိုယ်ထင်ရာ ပေါ့ပေါ့ တန်တန် ရေးသော်
"ငရဲ ငွေပေးဝယ်"ရသကဲ့သို့ "နစ်နာမည်"ဟု
ကောင်းစွာသိစေအပ်ပါသည်။

━━━━━━━━━━━━━━
"ပဋ္ဌာန်း (၂၄ ပစ္စည်း)"
အနက် အဓိပ္ပါယ် အစစ်အမှန်"
(အကျဉ်းချုပ်)
━━━━━━━━━━━━━━

၁။ "ဟေတုပစ္စယော"
-"ဟိတ်ခြောက်ပါး"ဖြစ်၍ "ပစ္စယုပ္ပန်တရား"တို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သော တရား။

(ရေသောက်မြစ်လျှင်၊
ယင်းသစ်ပင်ကို၊
စည်ပင်စေမှု၊
ကျေးဇူးပြု၊ -ဟေတုပစ္စည်းခေါ်)

၂။ "အာရမ္မဏပစ္စယော"

-"အာရုံခြောက်ပါး"ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။

(တောင်ဝှေးကြိုးတန်း၊
သူမစွမ်းကို၊
မပန်းစေရစေ၊
ထိုင်ထစေမှု၊
ကျေးဇူးပြုပြန်-အာရမ္မဏခေါ်)

၃။"အဓိပတ္တိပစ္စယော"
-"အကြီးအမှူးး"ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။

(စကြာမင်းရှင်၊
အုပ်စိုးသွင်သို့၊
ပြိုင်ရှင်မရှိ၊
စိုးအုပ်ဘိ - အဓိပတိခေါ်)

၎။ "အနန္တရပစ္စယော"

-"အခြားမဲ့ (တဆက်တည်း အကြားမရှိ)" ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။

(စကြာမင်းဖျား၊
နတ်ရွာလားသော်၊
သားကြီးနန်းရ၊
ဖြစ်ရပမာ၊
ခြားရာမရှိ-ကျေးဇူးရှိ)

၅။ "သမနန္တရပစ္စယော"
-"ကောင်းစွာ အခြားမဲ့"(တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။

(စကြာမင်းဖျား၊
တောထွက်သွားသော်၊
သားကြီးနန်းရ၊
ဖြစ်ရပမာ၊
ခြားရာမရှိ-ကျေးဇူးရှိ)

၆။"သဟဇာတပစ္စယော"
-"အတူတကွ" ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။

(ဆီမီး တောက်သော်၊
အလင်းပေါ်သို့၊
ထို့တူတသီး၊
ပစ္စည်းပစ္စယုပ္ပန်-အတူဖြစ်ဟန်ကို)

၇။"အညမညပစ္စယော"

-"အချင်းချင်းအပြန်လှန် ကျေးဇူးပြုတတ်"သော တရား။

(သစ်သား သုံးခွ၊
ချင်းချင်းမသို့၊
အညမညံ၊
ပြန်လှန်သမှု-ကျေးဇူးပြု)

၈။"နိဿယပစ္စယော"
-"မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော" တရား။

(သစ်ပင်တည်ရာ၊
မြေပမာလျှင်၊
မှီရာတည်မှု-ကျေးဇူးပြု)

၉။"ဥပနိဿယပစ္စယော"
-"အားကြီးသော အကြောင်းဖြစ်၍"ကျေးဇူးပြုတတ်သော တရား။

(မိုးကြီးပမာ၊
သတ္တဝါတွေ၊
တည်နေနိုင်မှု၊
ကျေးဇူးပြု၊ -ဥပနိဿယခေါ်)

၁၀။"ပုရေဇာတပစ္စယော"
-" ရှေး၌ ဖြစ်နှင့်၍"ကျေးဇူးပြုတတ်သော တရား။

(ကမ္ဘာဦးက၊
နေနှင့်လသို့၊
ရှေ့ကဖြစ်လာ၊
နောက်ကဖြစ်လာသည့်၊
တရားစုစု-ကျေးဇူးပြု)

၁၁။"ပစ္ဆာဇာတပစ္စယော"
-"နောက်၌ဖြစ်၍" ကျေးဇူးပြုတတ်သော တရား။

(လင်းတ ငယ်သော်၊
အစာမျှော်သို့၊
နောက်ပေါ်လာသည့်၊
ပစ္စည်းတရားစု-ကျေးဇူးပြု)

၁၂။"အာသေဝနပစ္စယော"
-"အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍" ကျေးဇူးပြုတတ်သော တရား။

(ရှေးရှေးထုံထား၊
နံ့သာလားသို့၊
ရှေ့ဖျားကျမ်းဂန်၊
လေ့လာသန်လပ်၊
နောက်ထပ်ကျမ်းဂန်၊
အမြင်သန်သည်- ဧကန် အာသေဝန သဘောတည်း။)

၁၃။"ကမ္မပစ္စယော"
-"အကြောင်းကံဖြစ်၍" ကျေးဇူးပြုတတ်သော တရား။

(မျိုးစေ့အလား၊
ပမာထား၍၊
နှစ်ပါးသောကံ၊
အခြေခံကာ၊
ဝေဘန်သမှု-ကျေးဇူးပြု)

၁၄။"ဝိပါကပစ္စယော"
-"အကျိုးဖြစ်၍"ကျေးဇူးပြုတတ်သော တရား။

(ချမ်းရိပ်နားနေ၊
သွန်းလေပြေသို့၊
ကံနေအလား၊
အဖြစ်များမှု-ကျေးဇူးပြု)

၁၅။"အာဟာရပစ္စယော"
-"ထောက်ပံ့ ခိုင်ခံစေတတ်သည်ဖြစ်၍" ကျေးဇူးပြုတတ်သော တရား။

(အိမ်ကို ကျားကန်၊
ဖြစ်ရဟန်သို့၊
သဏ္ဍာန်တူစွ၊
ထောက်ပံ့မသည့်၊
အာဟာရဖြစ်မှု-ကျေးဇူးပြု။)

၁၆။"ဣန္ဒြိယပစ္စယော"
-"အစိုးရသည်ဖြစ်၍" ကျေးဇူးပြုတတ်သော တရား။

(မိမိဆိုင်ရာ၊
ကိစ္စမှာလျှင်၊
ကောင်းစွာစိုးရ၊
ဖြစ်ရစင်စစ်၊
ပဒေသရာဇ်-စိုးအုပ်လှစ်သို့)

၁၇။"ဈာနပစ္စယော"
-"ကမ္မဋ္ဌာန်းအာရုံသို့ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်၏ အဖြစ်"ဖြင့် ကျေးဇူးပြုတတ်သော တရား။

(သစ်ပင်တောင်ငူ၊
တတ်သသူသည်၊
အောက်သူတို့အား-ကြည့်ပြောငြားသို့။)

၁၈။"မဂ္ဂပစ္စယော"
-"သံသရာမှ ထွက်မြောက်ကြောင်းနည်းလမ်းဖြစ်၍" ကျေးဇူးပြုတတ်သော တရား။

(ပမာကူသို့၊
ဆောင်ယူပို့သို့၊
ထို့တူနိဗ္ဗာန်၊
ရောက်ကြောင်းမှန်ပြု၊ -ကျေးဇူးပြု။)

၁၉။"သမ္ပယုတ္တပစ္စယော"
-" ယှဉ်သည်ဖြစ်၍" ကျေးဇူးပြုတတ်သော တရား။

(စတုမဓူ၊
ရောသည့်တူပေ၊
စိတ်စေနှစ်ပါး၊
ခွဲခြားမရ၊
ယှဉ်ကြသမှု-ကျေးဇူးပြု။)

၂၀။"ဝိပယုတ္တပစ္စယော"
-"မယှဉ်သည်ဖြစ်၍" ကျေးဇူးပြုတတ်သော တရား။

(ရသခြောက်ပါး၊
ရောစပ်ထားသို့၊
ခြားနားမတူ၊
ဖြစ်ဟန်မူသို့၊
ထို့တူမခြား-ကျေးဇူးပြု။)

၂၁။"အတ္ထိပစ္စယော"
-"ထင်ရှားရှိဆဲဖြစ်၍" ကျေးဇူးပြုတတ်သော တရား။

(မြင့်မိုရ်မြေကြီး၊
ထောက်ပံ့နည်းသို့၊
ပစ္စည်းသတ္တိ၊
ကျေးဇူးရှိ-အတ္ထိပစ္စည်းခေါ်။)

၂၂။"နတ္ထိပစ္စယော"
-" မရှိသည်ဖြစ်၍" ကျေးဇူးပြုတတ်သော တရား။

(ငြိမ်းသေလေပြီး၊
ဆီမီးတန္တု
ကျေးဇူးပြုသို့၊
ထို့တူမှတ်ဘိ၊
မရှိသမှု-ကျေးဇူးပြု။)

၂၃။"ဝိဂတပစ္စယော"
-"ကင်းမဲ့ချူပ်ပျောက်သည်ဖြစ်၍" ကျေးဇူးပြုတတ်သော တရား။

(နေရောင်ပျောက်ကင်း၊
လရောင်လင်းသို့၊
ချုပ်ကင်းလေမှု-ကျေးဇူးပြု။)

၂၄။"အဝိဂတပစ္စယော"
-"မကင်းသည်ဖြစ်၍"ကျေးဇူးပြုတတ်သော တရား။

(သမုဒ္ဒရာ၊
ငါးပျော်ရာသို့၊
မကင်းသောအား၊
ယင်းတရားစု-ကျေးဇူးပြု။)

ဣတိ=ဤသို့။
စတုဝီသတိ ပစ္စယာ=နှစ်ဆယ့်လေးပစ္စည်းတို့သည်။
မဟာပကရဏေ=အနန္တနယ သမန္တ မဟာပဋ္ဌာန်းကျမ်းကြီး၌။
ဌိတာ=တည်ကုန်သည်။
ဟောန္တိ=ဖြစ်ကုန်၏။
-----------------------------------------------------

ရေးသား ပြီးစီး ။    ။
၁၃၇၉ ခုနှစ်၊ တော်သလင်းလပြည့်ကျော်(၁၃)ရက်နေ့
(၁၈-၉-၂၀၁၇)ရက်နေ့၊တနင်္လာနေ့-
(ညနေ-၄း ၃၁)

ချမ်းသာကြပါစေ၊ အေးငြိမ်းကြပါစေ၊
သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ကြပါစေ။

ဘ၀တု သဗ္ဗမင်္ဂလံ

သင့်
ကလျာဏ မိတ္တ

ကိုညီညီတင်

(ဥာဏ်လင်းမြို့)

09-445108754
https://www.facebook.com/profile.php?id=100009615188000