Tuesday, October 30, 2018

ဆရာတော်ဘုရားကြီးများ၏တန်ဖိုးရှိသော ဆုံးမသြဝါဒများအပိုင်း(၁)

ဤလောက၌ လူတို့သည် လယ်ယာလုပ်ငန်းကိုလည်းကောင်း ကုန်သွယ်
ရောင်းဝယ် စသောလုပ်ငန်းကိုလည်းကောင်း ကြိုးစား၍ လုပ်ကိုင်ကြကုန်
၏။ထိုသို့လုပ်ကိုင် ကြသော်လည်း အကျိုးစီးပွားဖြစ်သည်လည်းရှိ၏။
မဖြစ်သည်လည်း ရှိ၏။ မသေချာပေ။
မြတ်စွာဘုရားအဆုံးအမဖြစ်သော သူတော်ကောင်းတရားဓမ္မအလုပ်သည်
ကား ပြုလုပ်ကျင့်သုံးသူတို့အား ကောင်းကျိုးချမ်းသာဖြစ်ပေါ်စေသည်သာ
တည်း။မဖြစ်ပေါ်စေခြင်းဟူ၍ မရှိ။ သေချာ၏။

ကျေးဇူးရှင် တော်ဖီလာတောရဆရာတော်ကြီး

သက္ကတ္တော နတ္ထိ နတ္ကာ ပရဿတ္တ မကုဗ္ဗတော။
ပရဿတ္တံ-သူတစ်ပါးအကျိုးကို၊ အကုဗ္ဗတော-မပြုလုပ်မဆောင်ရွက်သော 
ပုဂ္ဂိုလ်အဖို့၊သက္ကတ္တော-ကိုယ်ကျိုးစီးပွားဆိုသည်မှာ၊နတ္ထိ၊ မရှိပေ။
သူတစ်တစ်ပါးအကျိုးကိုမဆောင်ရင် ကိုယ့်အကျိုးမရှိဘူးဆိုတာ သာမန်မရှိ
ဘူး မဟုတ်ဘူး။တကယ့်ကို မရှိတာပါ။

အရှင်သံဃရက္ခိတမဟာထေရ်မြတ်ကြီး

သဒ္ဓါလွန်၍ ပညာနုံ့သော ပုဂ္ဂိုလ်သည် ကြည်ညိုထိုက်၊ မကြည်ညိုထိုက်၊ကိုး
ကွယ် ဆည်းကပ်သင့်၊မကိုးကွယ်မဆည်းကပ်သင့်၊ဘာမှ မိမိကိုယ့်ပိုင်ညာဏ်
ဖြင့် ဝေဖန်စိစပ်ခြင်းမပြုဘဲ ညာဏ်ကင်းမဲ့စွာ အချည်းအနှီးကြည်ညိတတ်ကြ
လေသည်။ထိုသဒ္ဓါလွန်၍ပညာနုံ့သော ပုဂ္ဂိုလ်သည် အလွန် ယုံကြည်လွယ်၍
မကြည်ညို၊ မကိုးကွယ်၊ မဆည်းကပ်ထိုက်သောပုဂ္ဂိုလ်ကိုပင် ကြည်ညိုကိုး
ကွယ်ဆည်းကပ်တတ်လေသည်။

(အဋ္ဌသာလိနီအဋ္ဌကထာ)
သဒ္ဓမ္မောဒယဆရာတော်ဘုရားကြီး

တို့ဘုရားရှင်က လောကုတ္တရာချမ်းသာရေးတစ်ခုတည်းကိုသာ လမ်းညွှန်တဲ့
ဘုရားမဟုတ်ဘူး။လူတွေရဲ့စားဝတ်နေရေး၊ ချမ်းသာရေးကိုလည်း လည်းညွှန်
ဟောထားခဲ့တာတွေရှိတယ်။ဘုရားက သမ္ပဒါတရားတဲ့။ ကြီးပွားချမ်းသာလိုတဲ့
သူဟာလုံ့လဝီရိယရှိရမယ်။မိတ်ကောင်းဆွေကောင်းရှိရမယ်။ရလာတဲ့ဥစ္စာပစ္စည်း
ကို မကုန်သင့်တာမကုန်ရအောင် ထိန်းသိမ်းစောင့်ရှောက်တတ်ရမယ်။သုံးငွေချင့်
ချိန်မျှတပြီး သုံးစွဲတတ်ရမယ်။အဲဒါတွေဟာ ပါဋ္ဌိလိုတော့ ဥဋ္ဌာနသမ္ပဒါ၊ အရက္ခသမ္ပ
ဒါ၊ သမဇီဝိတသမ္ပဒါလို့ ခေါ်တယ်။ပြီးတော့ ရလာတဲ့ဥစ္စာကို လေးပုံပုံပြီး နှစ်ပုံကို
ရင်းနှီးလုပ်ကိုင်မယ်၊ တစ်ပုံကိုစားမယ်၊ တစ်ပုံကို မင်းအခွန်စသည်အတွက်ဆု
ဆောင်းထားပြီး မင်းထံမှ အခွန်လာရင်ပေးမယ်။လှူချင်တန်းချင်ရင် စားတဲ့အထဲ
ကလျှော့စားပြီး လှူရမယ်တဲ့။
အဲဒီ ဘုရားဟောနည်းအတိုင်း ကျင့်ကြံအားထုတ်လုပ်ကိုင်ကြရင် တို့မြန်မာဗုဒ္ဓ
ဘာသာတွေ အစားဆင်းရဲ အနေဆင်းရဲ မဖြစ်ပါဘူး။ မုချကြီးပွားချမ်းသာကြမှာ
ပါ။အဲဒီတရားကို အလေးအနက် လိုက်နာကျင့်ကြံပါ။

နိုင်ငံတော်သြဝါဒစရိယ ဒက္ခိဏာရုံဆရာတော်အရှင်စန္ဒိမာ

ဗုဒ္ဓါနုဿတိ၊ မေတ္တာ၊ အသုဘ၊ မရဏဿတိဟူသော စတုရာရက္ခမည်သော သဗ္ဗ
တ္တက ကမ္မဋ္ဌာန်းလေးပါးတွင် ပါဝင်နေသောဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကိုပင် အမြဲ ပါရိ
ဟာရိယကမ္မဋ္ဌာန်းပြု၍ စီးဖြန်းပွားများလိုလျှင် ဆိုအပ်လတ္တံ့သောဂုဏ်တော်တို့
တွင် အဆင်းတော်စသော ရူပကာယ ဂုဏ်တော်ကိုသော်လည်ကောင်း၊မိမိစိတ်ထဲ
တွင် ထင်မြင်ကြည်ညိုမဆုံးဖြစ်သော ဂုဏ်တော်ကို အာရုံပြု၍သွားလေရာ၊ နေထိုင်
ရာ အိပ်စပ်ရာ အရပ်ရပ်တို့၌ မပြတ်နှလုံးသွင်းထားလျက် ပွားများစီးဖြန်းကုန်ရာ၏။

ကျေးဇူးရှင် မဟာဝိသုဒ္ဓါရာမဆရာတော်ကြီး

ဒကာတို့....အလွန်ဆန်းကြယ်တဲ့ တန်ဆောင်းပြာသာဒ်ကြီးဆောက်လုပ်ရာမှစူး၊
ဆောက် တန်ဆာပလာသာရှိပြီး ဆောက်လုပ်မှုပညာမတတ်လျှင်ဖြစ်ပါ့မလား။ဒီလိုပဲ
သာသနာရေးကိစ္စတွေ ဆောင်ရွက်ရာမှာလည်း သဒ္ဓါ ပညာစုံလင်မှဖြစ်တယ်။တစ်ခုခု
လိုနေလို့မရဘူး။သဒ္ဓါ ပညာ စုံလင်အောင်ကြိုးစားကြ။

ဘုန်းတော်ကြီးဦးသီလ

ဒကာလေးတို့လူငယ်တွေဟာ နေရာတိုင်း ရောက်ကြမယ်။ရှေ့ဆက်ပြီး အလုပ်တွေ
လည်း အများကြီးလုပ်ကြရမယ်။ဒီတော့ ပတ်ဝန်းကျင်နဲ့သင့်အောင်နေပါ။ပတ်ဝန်းကျင်
သင့်ဖို့ကလည်း လောဘ၊ဒေါသ၊ မောဟ၊ မာနတရားတွေကို တတ်နိုင်သမျှ ထိန်းချုပ်
ပါ။တစ်ဖက်သားကိုလည်း နိုင်လိုမင်းထက် မလုပ်ကြနဲ့။ ဒါဆိုပတ်ဝန်းကျင်နဲ့ သင့်ပါ
တယ်။
ကျေးဇူးရှင် သက်တော်ရှည်ရွှေပြည်ဆရာတော်ကြီး ဘဒ္ဒန္တသုမနာဘိဝံသ

ဒါယကာတို့ ပရိသတ်တွေဖိတ်ကြားပြီး လှူဒါန်းကျွေးမွေးရေစက်ချမည့်နှေု၌ အာရုံပျံ့
လွင့် များပြားနေလိမ့်မည်။ စိတ်အာရုံမများမီ နိဗ္ဗာန်အာရုံပြု၍ ဝိဝဋပါရမီကုသိုလတွေ
ဖြစ်အောင် ယခုရေစက်ချရမယ်။

ကျေးဇူးရှင် ပထမမဟာဂန္ဓာရုံဆရာတော်ဘုရားကြီး

#MgShweOo
Ngaoh

No comments:

Post a Comment