🎓 သင်ခန်းစာ 🎓
🎒🎒🎒🎒🎒🎒🎒🎒🎒
🔵 ကိုယ် ကိုယ်တိုင်အသင်ပြခံဘူးမှ
🔵 ကိုယ်လည်းသူတစ်ပါးကို သင်ပြနိုင်ပါမည်
🔵 ကိုယ်ကအသင်အပြ မခံဘူးပါလျက်
🔵 သူတစ်ထူးအား သင်ပြဘို့ဆိုတာ ခက်သား။
📝တောသားကြီးလူနိုင် 📝
🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷
🕕 အိပ်ယာမနိုးကြသေးဘူးလား 🕕
💫💫💫💫💫💫💫💫💫
🕎 အမိဝမ်းကြာတိုက်မှ.....
🕎 ကျွတ်လွတ်ပြီးကတည်းက.....
🕎 သေလမ်းသို့ ချီတက်သွားကြရာ၌...
🕎 ခရီးတစ်ဝက် ရောက်နေသည့်တိုင်.....
🕎 အိပ်ယာက မနိုးထကြသေးဘူးဆိုရင်..
🕎 ကျွန်ုပ်တို့ ခင်များတို့အတွက်..
🕎 (အချိန်) ဘာရှိတော့တာမှတ်လို့...။
📝 တောသားကြီးလူနိုင် 📝
🕕🕕🕕🕕🕕🕕🕕🕕🕕🕕🕕🕕
🔘 ပေးတိုင်းရသလော 🔘
❄❄❄❄❄❄❄❄❄
🎁 သဒ္ဒါတရား ထက်သန်စွာ....
🎁 စေတနာ အပြည့်အဝ......
🎁 တွံ့တိုမှု......
🎁 တုံ့ဆိုင်းမှု......
🎁 ညိုညင်မှု......
🎁 နမျောမှု......
🎁 တစ်ခုခု မှု.......
🎁 အလျင်းမရှိသော......
🎁 ပေးကမ်းခြင်းကြီးစွာဖြင့်.....
🎁 ပေးကမ်းသည့် ပုဂ္ဂိုလ်များက...
🎁 ရက်ရက်ရောရော......
🎁 ပေးကမ်းကြသည့်တိုင်.......
🎁 လက္ခံရယူသည့် မည်သည့်ပုဂ္ဂိုလ်.....
🎁 ကျား, မ, မဟူ.......။
🎁 ယူတတ်မှ ရကြမည်ဖြစ်သည်....။
🎁 မယူတတ်က အာပတ်သင့်ပေမည်.....။
📝 တောသားကြီးလူနိုင် 📝
♻♻♻♻♻♻♻♻♻♻♻♻♻♻♻♻
🕸 သံယောဇဉ် 🕸
💢💢💢💢💢💢💢💢💢
🕷 အဖက်ဖက်က......
🕷 အသိဥာဏ်ဖွံ့ဖြိုးသော....
🕷 လူ အပထား.....
🕷 ကာယအင်အား......
🕷 အလွန်တရာ ဖွံ့ဖြိုးတဲ့.....
🕷 ဆင်သတ္တဝါကြီးများနဲ့.....
🕷 မုံညှင်းစေ့မျှ သေးငယ်လှသော...
🕷 ပုရွက်ဆိတ်ကလေးများမှာလည်း..
🕷 သံယောဇဉ် အမျှင်ကြိုး....
🕷 ချည်နှောင်ရစ်ပတ် ခံနေကြရတာပဲ..။
📝 တောသားကြီးလူနိုင် 📝
☸☸☸☸☸☸☸☸☸☸☸☸☸
🎈 သင့်အဖို့ ဥပမာ 🎈
❇❇❇❇❇❇❇❇❇❇❇❇❇❇❇
🔫 အငိုလွယ်သလောက်....
🔫 အရှိုက်ခက်တယ် ဆိုသည့်....
🔫 ရှေးပညာရှိ ပဂ္ဂိုလ်များ၏.....
🔫 ဥပမာပေး နှုတ်ထွက်စကားစုသည်...
🔫 ယနေ့မျက်မှောက်ခေါတ်၌.....
🔫 သူတစ်ပါးနိုင်ငံအား......
🔫 လက်နက်အားကိုးပြီး......
🔫 ကျူးကျော်......
🔫 ပြည်သူဟူသမျှ......
🔫 ကြီးသည်....
🔫 ငယ်သည်......
🔫 ကျား,သော......
🔫 မ, သော မရှောင်......
🔫 သတ်ဖြတ် ညှင်းဆဲနေတဲ့.....
🔫 စစ်ရေးကျူးကျော်သူ......
🔫 လူသတ်သမားတို့အတွက်.....
🔫 သင်ခန်းစာယူရမည့်.......
🔫 အဖိုးတန် နှုတ်ထွက်စကားစုပါပဲ....။
📝 တောသားကြီးလူနိုင် 📝
⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛
အချစ်ကိုမည်သူတားနိုင်ဆည်းနိုင်ပါသနည်း
💔💔💔💔💔💔💔💔💔💔💔💔
💘 ရေ........
💘 မြေ.......
💘 လေ.......
💘 မီး.........
💘 ဓာတ်ကြီးလေးပါး နဲ့.....
💘 ဖွဲ့စည်းရှင်သန်နေတဲ့....
💘 လူသားမိန်းမ...
💘 လူသားယောင်္ကျားတို့ရဲ့....
💘 အသည်းနှလုံးတည်းမှ....
💘 ပေါက်ဖွားရှင်သန်လာတဲ့...
💘 အချစ်ကို....
💘 ရေ....
💘 မြေ.....
💘 လေ......
💘 မီး........
💘 ဓာတ်ကြီးလေးပါးကလည်း..
💘 တားနိုင်ခြင်း...
💘 ဆည်းနိုင်ခြင်း အလျင်းမရှိ....။
📝တောသားကြီးလူနိုင် 📝
💞💞💞💞💞💞💞💞💞💞💞
⌚ ဆင်ခြေဆင်လက်များသူများ ⌚
🎭🎭🎭🎭🎭🎭🎭🎭🎭
⏳ အလုပ်လုပ်ကြပါစို့ဆိုရင်....
⏳ မအားဘူး...
⏳ မအားဘူးနဲ့.....
⏳ ကိုယ့်ကိုယ် ညာပြီး......
⏳ ဆင်ခြေဆင်လက်တွေသာ....
⏳ တွင်တွင်ပေးနေတာ......
⏳ တကယ်တန်းကြတော့......
⏳ မအားဘူးဆိုသူတွေလောက်...
⏳ အားလပ်သူ......
⏳ မည်သူရှိပါတော့မည်နည်း.....။
📝 တောသားကြီးလူနိုင် 📝
✒✒✒✒✒✒✒✒✒✒✒
🔪🗡 ဓားစာခံ 🗡🔪
🔫🔫🔫🔫🔫🔫🔫🔫🔫
💣 တစ်နိုင်ငံက....
💣 တစ်နိုင်ငံအား.....
💣 ကျူးကျော်ပြီး.....
💣 စစ်တိုက်ခိုက်လာပြီဆိုလျင်....
💣 သေကြရတာက....
💣 ပြည်သူပြည်သား.....
💣 ပျက်စီးကုန်တာက.......
💣 ပြည်သူ့အိုးအိမ်......
💣 ဆုံးရှုံးတာက....
💣 ပြည်သူ့ ဘဏ္ဍာငွေ....
💣 စာပေ....
💣 ယဉ်ကျေးမှု...........။
📝 တောသားကြီးလူနိုင် 📝
⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛
⛳ ရေတွက်ကုန်လို့လား ⛳
🍡🍡🍡🍡🍡🍡🍡🍡🍡
📡 လောဘကြောင့်....
📡 ဒုက္ခနွံအတွင်းနစ်သွားကြရသူတွေ
📡 ဒေါသကြောင့်.......
📡 သေကျေသွားကြရသူတွေ......
📡 မောဟကြောင့်....
📡 ပျက်စီးသွားကြရသူတွေ......
📡 မာနကြောင့်....
📡 ငိုရိုက်နေကြရသူတွေ.....
📡 လောကကမ္ဘာအတွင်း၌....
📡 ရေတွက်ကုန်လို့လား......... ။
📝 တောသားကြီးလူနိုင် 📝
⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜
🌏 ကမ္ဘာ တည်သမျှ 🌏
💢💢💢💢💢💢💢💢💢
🇲🇲 မြန်မာ တည်ရှိစေချင်ရင်......
🇲🇲 မြန်မာ အမျိုးသမီးတိုင်း.......
🇲🇲 မြန်မာ အမျိုးသားများကို......
🇲🇲 ချစ်ခင် လက်တွဲ ဖို့ လိုတယ်....
📝 တောသားကြီးလူနိုင် 📝
🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏
🔮 တပ်လှန့်သံ အမှာ 🔮
⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜
🔋 ရဟန်းပုဂ္ဂိုလ်
🔋 လူပုဂ္ဂိုလ်
🔋 ပုဂ္ဂိုလ်ဟူသမျှ
🔋 လောကကောင်းကျိုး
🔋 လူ့ကောင်းကျိုး
🔋 ကောင်းကျိုးရှေ့ရေး
🔋 အရှည်တွေးလျှက်
🔋 အတွေးအခေါ် ဓားကို
🔋 သွက်သထက်သွက်
🔋 ထက်သထက် ထက်
🔋 ချွန်သထက် ချွန်
🔋 မြသထက် မြဖို့
🔋 တစိုက်မတ်မတ်
🔋 သွေးနိုင်ကြစေကုန်သတည်း။
📝 တောသားကြီးလူနိုင် 📝
⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔
💖 အချစ်ဋီကာ 💖
💚💚💚💚💚💚
💘 အချစ်စိတ်သည် မိုကြိုးသွားကဲ့သို့
💘 ထက်မျက်၏
💘 အချစ်စိတ်သည် သမုဒ္ဒရာကဲ့သို့ နက်ရှိုင်း၏
💘 အချစ်စိတ်သည်
💘 ဘာနုရာဇာနေမင်းကဲ့သို့ ပူပြင်း၏
💘 အချစ်စိတ်သည်
💘 သော်တာလမင်းကြီးကဲ့သို့ အေးမြ၏
💘 အချစ်စိတ်သည်
💘 တောကောင်းသနင်း ခြင်္သေ့မင်းကဲ့သို့
💘 ရဲရင့်၏
💘 အချစ်စိတ်သည်
💘 ကျားတိရစ္ဆာန်ကဲ့သို့ ကြမ်းကြုတ်ရက်စက်၏
💘 အချစ်စိတ်သည်
💘 ကုမုဒြာကြာပန်းကဲ့သို့ ကြူမွေးစေ၏
💘 အချစ်စိတ်သည်
💘 ပဒိုင်းပန်းကဲ့သို့ ရူးသွတ်စေ၏
💘 အချစ်စိတ်သည်
💘 သဲကန္တာရကဲ့သို့ ချောက်သွေ့၏
💘 အချစ်စိတ်သည်
💘 အိုအေစစ်ကဲ့သို့ စိမ်းလန်းစိုပြေအေးမြ၏
💘 အချစ်စိတ်သည်
💘 ကျားလျှာကဲ့သို့ ကြမ်းတမ်း၏
💘 အချစ်စိတ်သည်
💘 ဝါဂွမ်းကဲ့သို့ နုညံ့၏
💘 အချစ်စိတ်သည်
💘 မီးကဲ့သို့ လောင်ကျွမ်းစေ၏
💘 အချစ်စိတ်သည်
💘 ရေကဲ့သို့ ငြိမ်းအေးစေ၏
💘 အချစ်စိတ်သည်
💘 ပဲပြားပင်ကဲ့သို့ ယိမ်းနွဲ့၏
💘 အချစ်စိတ်သည်
💘 ကျောက်စာတိုင်ကဲ့သို့ ခိုင်မာ၏
💘 အချစ်စိတ်သည်
💘 ဓားနှောင့်ကဲ့သို့ တုံးလှ၏
💘 အချစ်စိတ်သည်
💘 သူယောင်မယ်ကဲ့သို့ ချစ်မက်ဖွယ်ကောင်း၏
💘 အချစ်စိတ်သည်
💘 သားစားဘီလူးမကဲ့သို့
💘 ရွံမုန်းဖွယ် ကောင်း၏
💘 အချစ်စိတ်သည်
💘 လေပြေလေညှင်းကဲ့သို့ ယဉ်ကျေး၏
💘 အချစ်စိတ်သည်
💘 မုန်တိုင်းကဲ့သို့ ရိုင်းစိုင်း၏
💘 အချစ်စိတ်သည်
💘 ရှေ့တန်းစစ်မြေပြင်ကဲ့သို့
💘 ကြောက်လှန့်ဖွယ်ကောင်း၏
💘 အချစ်စိတ်သည်
💘 မဟာသူရဲကောင်းကဲ့သို့ ရဲရင့်စေ၏
💘 အချစ်စိတ်သည်
💘 နွယ်မျက်နွယ်ပင်ကဲ့သို့ အမှီအတွယ်ရှာတတ်၏
💘 အချစ်စိတ်သည်
💘 အမှီအတွယ်ကင်းမဲ့စွာ
💘 အထည်း တည်းနေတတ်၏
💘 အချစ်စိတ်သည်
💘 သမုဒ္ဒရာကဲ့သို့ ကျယ်ပြောနက်ရှိုင်း၏
💘 အချစ်စိတ်သည်
💘 ရေစီးမြှောင်းကဲ့သို့ ကျင်းမြှောင်းသေးသိမ်၏
💘 အချစ်စိတ်သည်
💘 မိုးတိမ်များကဲ့သို့ ရွေ့လျားတတ်၏
💘 အချစ်စိတ်သည်
💘 တိမ်မဲ့ မိုးကောင်းကင်ပြာကြီးကဲ့သို့
💘 တည်ငြိမ်၏
💘 အချစ်စိတ်သည်
💘 သူတောင်းစားကဲ့သို့ အိနြေ္ဒကင်းမဲ့၏
💘 အချစ်စိတ်သည်
💘 အိမ်ရှေ့ ဥပရာဇာကဲ့သို့
💘 တင့်တယ်တည်ငြိမ်၏
💘 အချစ်စိတ်သည်
💘 သူတော်စဉ်ကဲ့သို့လည်းဖြစ်၏
💘 အချစ်စိတ်သည်
💘 သူယုတ်မာကဲ့သို့လည်း ဖြစ်၏
💘 အချစ်စိတ်သည်
💘 လိပ်သတ္တဝါများကဲ့သို့
💘 ကိုယ့်ဖက်ကိုယ် ရက်တတ်၏
💘 အချစ်စိတ်သည်
💘 ရေလှိုင်းများကဲ့သို့
💘 တစ်ဖက်သို့လည်း တွန်းပို့တတ်၏
💘 အချစ်စိတ်သည်
💘 ပိုးဖလံများကဲ့သို့ မီးကိုတိုးတတ်၏
💘 အချစ်စိတ်သည်
💘 ရသေ့ရဟန်းများကဲ့သို့
💘 မီးကိုရှောင်ကြ၏
💘 အချစ်စိတ်သည်
💘 လောက၏ ကျေးကျွန်လည်းဖြစ်၏
💘 အချစ်စိတ်သည်
💘 လောက၏အရှင်သခင်လည်းဖြစ်၏
💘 အချစ်စိတ်သည်
💘 မုဆိုးလည်းဖြစ်ပေ၏
💘 အချစ်စိတ်သည်
💘 သားကောင်လည်းဖြစ်၏
💘 အချစ်စိတ်သည်
💘 ခရောင်းတောလည်းဖြစ်၏
💘 အချစ်စိတ်သည်
💘 ရိုးသားမှုလည်းရှိ၏
💘 အချစ်စိတ်သည်
💘 လည်ပတ်မှုလည်းရှိ၏
💘 အချစ်စိတ်သည်
💘 ဖဲမွေ့ယာရွှေကော်ဇောလည်းဖြစ်ပေ၏
💘 အချစ်စိတ်သည်
💘 ဆွဲဆောင်မှုလည်းပြုပေ၏
💘 အချစ်စိတ်သည်
💘 တွန်းကန်မှုလည်း ပြုတတ်ပေ၏
💘 အချစ်စိတ်သည်
💘 လှုပ်ရှားမှုလည်း ကြီးမား၏
💘 အချစ်စိတ်သည်
💘 တည်ငြိမ်မှုလည်း ကြီးမား၏
💘 အချစ်စိတ်သည် ရေလည်းဖြစ်ပေ၏
💘 အချစ်စိတ်သည် မြေလည်းဖြစ်ပေ၏
💘 အချစ်စိတ်သည် လေလည်းဖြစ်ပေ၏
💘 အချစ်စိတ်သည် မီးလည်းဖြစ်ပေ၏
⏩⏩⏩⏩ ဣတိတသ္မာ ⏪⏪⏪
💘 ထို့ကြောင့်...
💘 လောကေ-လောက၌....
💘 လူတို့သည်...
💘 အချစ်စိတ်ကြောင့်...
💘 ယဉ်လည်းယဉ်ကျေးကြလျက်..
💘 ရိုင်းလည်းရိုင်းစိုင်းကြ ကုန်သည်ဖြစ်၏
📝 တောသားကြီးလူနိုင် 📝
💔💔💔💔💔💔💔💔💔💔💔
🛡 ဇာတိမာန် 🛡
🔷🔷🔷🔷🔷
⚛အဖျက်စွမ်းအားသန်လှတဲ့ "ချ"တွေရဲ့..
⚛ဇာတိမာန် ဟာ...
⚛ရန်သူနှင့် ရင်ဆိုင်ရခိုက်....
⚛တုံခါ ချောက်လှန်မှုနဲ့...
⚛သူ့ဇာတိမာန် ကိုပြသတယ်...
⚛ဝီရိစွမ်းကြီးမားတဲ့ "ပုရွက်ဆိတ်"တွေရဲ့..
⚛ဇာတိမာန်ဟာ...
⚛တွေ့ကြုံလာရတဲ့ ရန်သူအား...
⚛စုပေါင်းဝိုင်းဝန်း တိုက်ခိုက်ခြင်းနဲ့...
⚛သူ့ဇာတိမာန်ကို ဖွင့်ဆိုတယ်....
⚛မြန်မာတို့ရဲ့.....
⚛ဇာတိမာန်ဟာ...
⚛ရန်လိုသော ရန်သူပေါ်လာခိုက်..
⚛ကျုးကျော်သော ရန်သူရောက်လာခိုက်..
⚛စော်ကားသော ရန်သူနှင့် ကြုံရခိုက်...
⚛အနိုင်ကျင့်လိုသောရန်သူနှင့်ရင်ဆိုင်လာရခိုက်
⚛သူ့ဇာတိမာန်ကို အပီအပြင်..
⚛ရုပ်လုံး ဖော်တော့တာပဲ.....။
📝 တောသားကြီးလူနိုင် 📝
❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇
🎓 သင်ခန်းစာ 🎓
🎒🎒🎒🎒🎒🎒🎒🎒🎒
🔵 ကိုယ် ကိုယ်တိုင်အသင်ပြခံဘူးမှ
🔵 ကိုယ်လည်းသူတစ်ပါးကို သင်ပြနိုင်ပါမည်
🔵 ကိုယ်ကအသင်အပြ မခံဘူးပါလျက်
🔵 သူတစ်ထူးအား သင်ပြဘို့ဆိုတာ ခက်သား။
📝တောသားကြီးလူနိုင် 📝
🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷
🕕 အိပ်ယာမနိုးကြသေးဘူးလား 🕕
💫💫💫💫💫💫💫💫💫
🕎 အမိဝမ်းကြာတိုက်မှ.....
🕎 ကျွတ်လွတ်ပြီးကတည်းက.....
🕎 သေလမ်းသို့ ချီတက်သွားကြရာ၌...
🕎 ခရီးတစ်ဝက် ရောက်နေသည့်တိုင်.....
🕎 အိပ်ယာက မနိုးထကြသေးဘူးဆိုရင်..
🕎 ကျွန်ုပ်တို့ ခင်များတို့အတွက်..
🕎 (အချိန်) ဘာရှိတော့တာမှတ်လို့...။
📝 တောသားကြီးလူနိုင် 📝
🕕🕕🕕🕕🕕🕕🕕🕕🕕🕕🕕🕕
❄ အမြဲတမ်းသတိရှိဖို့ ❄
⚜🗡⚜🗡⚜🗡⚜🗡⚜🗡⚜🗡⚜
🎀 "အပ္ပမာဒေန သမ္ဗာဒေထ"...
🎀 မမေ့မလျော့ သတိနဲ့နေထိုင်ကြသူအဖို့..
🎀 ဘဝကို အောင်နိုင်ခြင်း.....
🎀 လောကကို အောင်နိုင်ခြင်း...
🎀 လောဘ..
🎀 ဒေါသ....
🎀 မောဟ....
🎀 မာန တရားတို့ကိုလည်း....
🎀 အောင်နိုင်သူ....
🎀 ဗုဒ္ဓ၏ သားကောင်း...
🎀 ဧကန်စင်စစ်ဖြစ်တော့သည်...။
📝 တောသားကြီးလူနိုင် 📝
♻♻♻♻♻♻♻♻♻♻♻♻♻♻♻♻
👁️🗨️ အတည့်ကိုအတည့်တိုင်းမြင်ပါမှ 👁️🗨️
🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉
👁 လောကအတွင်း နေထိုင်ကြသူ...
👁 လူသားတိုင်း လူသားတိုင်း.....
👁 အတည့်ကို....
👁 အတည့်အတိုင်း ကြည့်တတ်....
👁 မြင်တတ်ကြဖို့ လိုတယ်.....
👁 အတည့်ကို....
👁 အတည့်အတိုင်း.....
👁 မမြင်ကြ မကြည့်ကြသူတို့ကြောင့်...
👁 လောကအတွင်း၌.......
👁 အကောက်....
👁 အကွေ့......
👁 အတိမ်း.....
👁 အစောင်း....
👁 အကျဉ်း အကျယ်တွေနဲ့......
👁 ငြင်းခုံ သတ်ပုတ် နေကြရတာ....။
📝 တောသားကြီးလူနိုင် 📝
🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥
⛳ ခရီးပေါက်ကြသူများ ⛳
📈📈📈📈📈📈📈📈📈
💰 လုံးလ ဝီရိယအားပြုလျှက်...
💰 မနေမနား ထ,သွား ထ,လာပြုသောသူတို့သည်
💰 အကြောင်းမဲ့ ထိုင်နေသူတို့ထက်...
💰 ခရီးပေါက်ရောက်ကြသည်....။
📝တောသားကြီးလူနိုင် 📝
♐♐♐♐♐♐♐♐♐♐♐♐
🌬 မောင်းထုတ်လိုက်ပါ 💨
🍃🍂🍃🍂🍃🍂🍃🍂🍃
🔥သင့်ကိုယ်တွင်း၌ ကိန်းအောင်းနေသည့်..
🔥အပြင်းရောဂါနှင့်...
🔥ညံ့ဖျင်းယုတ်ညံသော ရောဂါတို့ကို..
🔥အလျင်အမြန် ကုစားမောင်းထုတ်လိုက်ပါ.
🔥ယင်းရောဂါများ ကိုယ်တွင်း၌...
🔥တာရှည်ခိုအောင်း မှီတွယ်နေပါက...
🔥သင့်ကိုသော်လည်းကောင်း...
🔥သင့်အပေါင်းအသင်းတို့ကိုလည်းကောင်း..
🔥သင့်အိမ်ထောင်စုဝင်အားလုံးတို့ကို ၎င်း
🔥အကြီးအကျယ် ဒုက္ခပေးတော့မယ်မှတ်..။
📝တောသားကြီးလူနိုင် 📝
🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯
🍃 အရင်းခံပြယုဒ်များ 🍃
👔👔👔👔👔👔👔👔
🎯 မုန်တိုင်းဟာ.....
🎯 ပယောဂကို အမှီသဟဲပြုပြုပြီး..
🎯 သူ့အင်အားကို ပြတယ်.....
🎯 မုန်တိုင်းဟာ....
🎯 အရပ်လေးမျက်နာမှ.....
🎯 ဝင်ရောက်ပူးကပ်လာတဲ့....
🎯 အဖျက် အမှောင့်ကို......
🎯 အမှီသဟဲ ပြုပြုပြီး......
🎯 သူ့ဒေါသကို ပြတယ်.....
🎯 ပန်း ဟာ....
🎯 ဖြစ်ပေါ်လာတဲ့....
🎯 ရာသီဥတုကို......
🎯 အမှီသဟဲ ပြုပြုပြီး...
🎯 သူ့စွမ်း သူ့စကို ပြတယ်...
🎯 လူတို့သည် ကား.....
🎯 အကြောင်းအရာ အရပ်ရပ်...
🎯 အခြေနေ အစုစုကို.....
🎯 အရင်းခံ အမှီသဟဲပြုပြီး....
🎯 သူ့ သတ္တိကို ပြတယ်..........။
📝 တောသားကြီးလူနိုင် 📝
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
☂ ဘုရားရိပ်
☂ တရားရိပ်
☂ သံဃာရိပ်
☂ ယင်းအရိပ်သုံးပါး၌
☂ မခိုလုံမိသော
☂ မည်သူမဆို
☂ အပူမီးကြီး စွဲညိ
☂ လောင်မြိုက်ခံနေကြရမည်မှာ မလွဲ...။
📝 တောသားကြီးလူနိုင် 📝
♨♨♨♨♨♨♨♨♨♨♨♨♨♨♨♨♨
💯 ထင်နေလိုက်ကြတာ 💯
👑👑👑👑👑👑👑👑
🛡 သြော်.....
🛡ထင်နေလိုက်ကြတာ....
🛡 ထင်နေလိုက်ကြတာ....
🛡 ဘာမှမဟုတ်တာကို......
🛡 အဟုတ်ကြီး ထင်ရဲ့.....
🛡 ဘာမှ မဖြစ်တာကို...
🛡 အဖြစ်ကြီးထင်ရဲ့.....
🛡 ဘာမှမကောင်းတာကို.....
🛡 အကောင်းကြီးထင်ရဲ့......
🛡 ထင်ကြပါစေလေ.....
🛡 ထင်ကြပါစေ.....
🛡 ကိုယ့် ကိုယ် ကိုယ် မှ.......
🛡 မထင်ကြဘူးဆိုရင်....
🛡 ဘယ်သူကလာပြီး.....
🛡 ထင်ကြဦးတော့မှာလဲ......။
📝 တောသားကြီးလူနိုင် 📝
🏹🏹🏹🏹🏹🏹🏹🏹🏹🏹🏹🏹🏹
🛐 သင်ပုန်းချေတယ်ဆိုတာ 🛐
📌📌📌📌📌📌📌📌📌
🖱 စည်းကမ်းမဲ့သူတွေ.....
🖱 အလုပ် မရိုသေသူတွေသာ....
🖱 သင်ပုန်းချေတဲ့ အလုပ်ကို....
🖱 လုပ်ကြတာ............။
🖱 အလုပ် ရိုသေသူ.....
🖱 စည်းကမ်းရှိသူ တိုင်းဟာ.......
🖱 သင်ပုန်းချေစရာ မလို......
🖱 သင်ပုန်းက အလိုလိုချေပြီးသား...
🖱 ဖြစ်နေပြီ......။
📝 တောသားကြီးလူနိုင် 📝
⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛
🎩 ကာလသုံးပါး 🎩
🕕🕕🕕🕕🕕🕕
⌚ အတိတ်ကို.....
⌚ ငါ ဖြတ်သန်း......
⌚ ကျော်လွား နိုင်ခဲ့ပြီ.......
⌚ ပစ္စုပ္ပန် အား.......
⌚ ငါ ရင်ဆိုင်ရင်း.......
⌚ အနာဂတ် သို့.......
⌚ ငါ အရောက်လှမ်းတက်ပြီး.....
⌚ လောကကို......
⌚ ငါ အောင်နိုင်သူအဖြစ်.....
⌚ ရပ်တည်စေရမည်.....။
📝 တောသားကြီးလူနိုင် 📝
⛳⛳⛳⛳⛳⛳⛳⛳⛳⛳⛳⛳
🍃 ပန်းသတင်း လေညင်းဆောင်ပေမယ့်
🍃 နှာခေါင်းအကူအညီမပါရင်
🍃 ဘယ်သိမှာလဲ
🍃 နေဝင်မိုးချုပ် မှာ
🍃 သတ္တဝါတိုင်း
🍃 အမြင်အာရုဏ်
🍃 ချို့တဲ့ကုန်ပြီ။ ။
📝 တောသားကြီးလူနိုင် 📝
🕕🕕🕕🕕🕕🕕🕕🕕🕕🕕🕕🕕
🗨 ကျွန်ုပ်နှင့် မိတ်ဆွေဖွဲ့
🗨 ချစ်ခင်စွာ ပေါင်းသင်းလိုတယ်ဆိုရင်
🗨 ခင်ဗျားရဲ့ ရော ယိမ်းလိုက်
🗨 ဘသား ယိမ်းလိုက်ဆိုတဲ့
🗨 အမူအကျင့်ဆိုးတွေ
🗨 မြူတစ်မှုံမျှ မကျန်အောင်
🗨 သုတ်သင် ရှင်းလင်းပစ်လိုက်ပါ
🗨 ဒါဆိုရင် ကျုပ်ကို ခင်ဗျား ပေါင်းသင်း
🗨 အဆွေခင်ပွန်း ဖွဲ့နိုင်ပြီ.......။
📝 တောသားကြီးလူနိုင် 📝
👓👓👓👓👓👓👓👓👓👓👓👓
⏳ အတွေးရဲ့ရလဒ် ⏳
💭💭💭💭💭💭💭💭
👓 အတွေးဆိုတာ....
👓 စိတ်ခရီးရှည် ထွက်ခြင်းကိစ္စပဲ..
👓 လျှို့ဝှက် ချက်မရှိဘူးလေ....
👓 မိုးကောင်းကင် ပေါ်က.....
👓 ကြယ်မောင်ဖုန်းတွေနဲ့
👓 အပြုံးချင်း ပြိုင်ချင်ပြိုင်ပေမဲ့...
👓 ငွေလမင်းကြီးအား....
👓 တစိုက်မတ်မတ်....
👓 ရှိုက်နမ်းချင်နမ်းမယ်.....
👓 နေမင်းကြီးရဲ့ ရင်ငွေ့......
👓 လှုံချင် လှုံမယ်....
👓 ပြီး.....
👓 သမုဒ္ဒရာ အစင်းစင်း...
👓 တစ်စင်းမကျန်......
👓 ပြည့်မှောက် လျှံသွားသည်ထိ...
👓 မျက်ရည် မိုးတွေ...
👓 စွေသွန်းချင် စွေသွန်းမယ်......
👓 ဒါ....အတွေးမှထွက်ပေါ်လာတဲ့
👓 အဖြေသာဖြစ်တယ်...
👓 အတွေးရဲ့ ရလဒ်ပဲ.......။
📝 တောသားကြီးလူနိုင် 📝
💞💞💞💞💞💞💞💞💞💞💞💞
⏰ မင်းဒုက္ခနဲ့ မင်း ⏰
🏇🏇🏇🏇🏇🏇🏇
🔥တမလွန်ဘဝ ရောက်မှတော့...
🔥ငါ့မေတ္တာ.....
🔥မဖြန့်ဝေနိုင်တော့ဘူး....
🔥ဟိုမှာလဲ...
🔥"ငါ့ဒုက္ခ နဲ့ ငါ"....
🔥ဒီမှာလဲ...
🔥"မင်းဒုက္ခ နဲ့ မင်း".....
🔥သတင်းနယ်ပယ်က......
🔥ဝေးကာ.....
🔥ခြားနားခဲ့ပြီ........။
📝 တောသားကြီးလူနိုင် 📝
📌📌📌📌📌📌📌📌📌📌📌📌
📶 ရှောင်လွဲမရတဲ့လမ်း 📶
🏹🏹🏹🏹🏹🏹🏹🏹🏹
🔖 လောကလူသားတိုင်းသည်....
🔖ဒီလမ်းမှောင်မှောင်က.......
🔖ဘယ်ရှောင်လွဲ၍ လွတ်မှာတဲ့လဲ
🔖တစ်နေ့ အချန်တန်တော့...
🔖အိမ်အပြန်.....
🔖ဤလမ်းသည်က လှမ်းရမလွဲ..။
📝 တောသားကြီးလူနိုင် 📝
⛳⛳⛳⛳⛳⛳⛳⛳⛳⛳⛳⛳
👣 ခြေတစ်လှန်းမှ မစ,ရသေးဘဲ..
👣 ပန်းတိုင်ရောက်ဖို့ စိတ်စောနေလား..
👣 သတိပြုရမှာက.....
👣 ခြေလှန်းတိုင်း....
👣 ခြေလှန်းတိုင်း...
👣 ခလုပ် ကန်သင်းတိုက်မိပြီး...
👣 မိမိ မှောက်ခုံမလဲဖို့ပါ....။
📝 တောသားကြီးလူနိုင် 📝
⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛
💀 မိုက်မဆုံးနိုင်ဘု.......
💀 မိုက်အုန်းလော့.....
💀 ဒို့ လူသား.......
💀 ကာမဘုံ အမှောင်တိုက်မှာ......
💀 မိုက်ရင်း ငိုက်ရင်း.....
💀 ရှိုက်ရင်း လား..........။
📝 တောသားကြီးလူနိုင် 📝
💉💉💉💉💉💉💉💉💉💉💉💉
👄 ဇွဲလည်းမရှိ...
👄 ရဲစွမ်းသတ္တိလည်း မပြည့်စုံ....
👄 မျက်စိလည်း မလျင်....
👄 လျင်မြန်ဖြတ်လတ်မှုလည်း ကင်းသော..
👄 တောလိုက် မုဆိုးသည်.....
👄 မည်သည့်နည်းနှင့်မျှ....
👄 မုဆိုးအသက်ရှည်နိုင်လိမ့်မည်မဟုတ်..
👄 မြန်မာဖြစ်ပါရက်နဲ့......
👄 မြန်မာပြည်မှာ......
👄 လူဖြစ်ရတာ ကံဆိုးတယ်လို့..
👄 ညည်းငြူနေတော့.....
👄 သင့် အက်ဒမန် ကျွန်းသွားပြီး..
👄 လူဖြစ်ချင်ပြီ နဲ့ တူရဲ့ နော်......။
📝 တောသားကြီးလူနိုင် 📝
♨♨♨♨♨♨♨♨♨♨♨♨♨♨♨♨
👒 မိန်းမ မကောင်းကြောင်း...
👒 ပြစ်ပြစ်ခါခါ ပြောခဲ့ကြသော...
👒 ပြောနေကြသော......
👒 ပုဂ္ဂိုလ်တိုင်း......
👒 မိန်းမက မွေးဖွား၍.....
👒 လူအဖြစ် ရောက်လာကြသူများဖြစ်သည်..။
📝 တောသားကြီးလူနိုင် 📝
👩🌾👩🌾👩🌾👩🌾👩🌾👩🌾
🗡 သားသတ် သမားက......
🗡 သားသတ်ကုန်း သို့.......
🗡 ကြိုးဆွဲရာ လိုက်ပါရသော်လည်း....
🗡 တွံ့ဆုတ်ခြင်း အလျင်းမရှိသည်မှာ....
🗡 နွား....။
📝 တောသားကြီးလူနိုင် 📝
👻👻👻👻👻👻👻👻👻👻👻👻
❤💛💚💙💜❤💛💚💙
💔💝💕💓💗💖💝💔💘
🐯 မချစ်သော်လည်း...
🐯 အောင့်ကာ နမ်း တဲ့....
🐯 ဟူး.....ဘာကြောင့် အမောခံ..
🐯 အပင်ပမ်းခံ နေတော့မှာလဲ....
📝 တောသားကြီးလူနိုင် 📝
🚫🚫🚫🚫🚫🚫🚫🚫🚫🚫🚫
💘 မိန်းမလှ တစ်ဦး၏...
💘 အပြုံးပန်း တစ်ပွင့်ကြောင့်....
💘 ရင်နင့်အောင်....
💘 လွမ်းနေကြရသူတွေထဲမှာ...
💘 (တောသားကြီးလူနိုင်) ....
💘 "တစ်ယောက်" ....
💘 ပါကောင်း ပါနိုင်သည်......။
📝 တောသားကြီးလူနိုင် 📝
💕💕💕💕💕💕💕💕💕💕💕
🌍 လောက ကမ္ဘာကြီးအတွင်းက
🌍 ထွက်ခွာသွားသူတွေ
🌍 များမှများ
🌍 သူတို့
🌍 ဘာများချန်ထားနိုင်ခဲ့လို့လဲ
🌍 အမြင့်ပျံ ငှက်တွေလို
🌍 ခြေရာပျောက်ကုန်ရော မဟုတ်လား
🌍 ဒီလိုတော့ အဖြစ်မခံနဲ့လေ....။
📝 တောသားကြီးလူနိုင် 📝
💎💎💎💎💎💎💎💎💎💎💎
║▌│█║▌│ █║▌│█│║▌║█│║▌║
✿ ရွှင်လန်း ✿ ချမ်းမြေ့ ✿ ပါစေ ✿
❦ ⊰❂⊱ ❦ Mg Shwe Oo ❦ ⊰❂⊱ ❦
❦ ༺۵༻ Ngaoh ༺۵༻ ❦
║▌│█║▌│ █║▌│█│║▌║█│║▌║
No comments:
Post a Comment