Wednesday, October 25, 2017

🐸 လောက၊ဓမ္မ၊ဘဝ နီတိပဒေသာ 🐸

🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓
🖨 Posts 💯 🖨 အပိုင်း (၄)
⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

❄ အောင်မြင်ခြင်းနည်းလမ်း ❄
🎀🎀🎀🎀🎀🎀🎀🎀🎀🎀

💯 မင်းတို့မည်သည်ကား အမျက်မာန်စောင်ကြီးလှသောသူကို အမျက်နည်းသဖြင့် အောင်ရာ၏။ မတော်မမှန်သောသူကို မိမိက သူတော်ကောင်းလုပ်သဖြင့် အောင်ရာ၏။ ဝန်တိုသောသူကို ပေးကမ်းသဖြင့် အောင်ရာ၏။ စကားမမှန်သောသူကို မှန်သောစကားဆိုသဖြင့် အောင်ရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🗿 မကောင်းမှု တရားခံ 🗿
🔥🔥🔥🔥🔥🔥🔥🔥

💧 လောက၌ ယုတ်မာသောအမှုကို သားသည်ပြုမူ အမိပြုသည်မည်၏။ တပည့်သည် မကောင်းမှုကိုပြုလျင် ဆရာပြုသည်မည်၏။ မင်းသည် မကောင်းမှုကိုပြုလျင် ပုရောဟိတ်ပြုသည်မည်၏။ တိုင်းသားပြည်သူသည် မကောင်းမှုကိုပြုမူ မင်းပြုသည်မည်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🌹 ပေးကမ်းခြင်းနှင့် ဝန်တိုခြင်း 🌹
🔄🔄🔄🔄🔄🔄🔄🔄🔄🔄

👋 လောက၌ ပေးကမ်းခြင်းသည် ချစ်စေတတ်သော ဆေးမည်သည့်ပြင် အခြွေအရံများသော ဆေးလည်းမည်၏။ ဝန်တိုခြင်းကား မုန်းစေတတ်သောဆေးဖြစ်သည့်ပြင် အထီးကျန်သောဆေးလည်း မည်ပေ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

💰 မင်းညံ့ 💰
🚥🚥🚥🚥🚥

🏯 သူရဲကောင်းတို့နှင့် အဖော်သဟဲပြည့်စုံပါလျက် ရန်ကိုမအောင်၊ မစွမ်းနိုင်သောမင်းကား တန်ခိုးစွမ်းပကားဖြင့် အသို့ပြုနိုင်အံ့နည်း။ လေဟာသောအရပ်၌ ထွန်းညှိအပ်သောမီးသည် အလိုလိုသာငြိမ်းချေ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎓 လေးနက်ခြင်း 🎓
📌📌📌📌📌📌📌

🎯 လောက၌ ကျောက်ထီးသည် လေး၏။ ထို့ထက် နတ်တို့၏ ပြောကြားခြင်းသည် လေး၏။ ထို့ထက် ဆရာမိဘတို့၏ အဆုံးအမသည် လေး၏။ ထို့ထက် မြတ်စွာဘုရား၏ စကားတော်သည် လေး၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🏹 တစ်ကွက်ချန်ပါ 🏹
💍💍💍💍💍💍💍

🔔 လောက၌ ပြုဖွယ်ကိစ္စသည် ပြီးသည်ရှိသော် ပြုတတ်သောသူကို တစ်စုံတစ်ယောက်သောသူသည် တစ်ဖန်မရှုကြည့်တတ်။ ထို့ကြောင့် ခတ်သိမ်းသောအမှုကိစ္စတို့ကို အကြွင်းအားဖြင့်ပြုရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

💮 ပေါ့ပေါ့နေ ပေါ့ပေါ့စား 💮
😹😹😹😹😹😹😹😹😹

🚥 လောက၌လည်း ဝါတို့သည် ပေါ့ပါးကြကုန်၏။ ထို့ထက် လျှပ်ပေါ်လော်လီ နေတတ်သောသူသည် ပေါ့၏။ ထို့ထက် ဆရာမိဘတို့၏ အဆုံးအမကို မနာခံသောသူသည် ပေါ့၏။ ထို့ထက် မြတ်စွာဘုရား သာသနာတော်၌ မေ့လျော့သောသူတို့သည် ပေါ့၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🗺 စကားဆိုခြင်း 🗺
🌬🌬🌬🌬🌬🌬🌬

🗯 ညဥ့်အခါ၌ မမေးဘဲမဆိုအပ်၊ နေ့အခါ၌ မရှုဘဲ မဆိုအပ်၊ ဘေးမှကြောက်သော တောလိုက်မုဆိုးသည် တော၌ ရှေ့နောက်ရှုလျက် သွားသကဲ့သို့ ကျင့်ရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🌪 သေသူ 🌪
👺👺👺👺👺

💨 ရောဂါနှိပ်စက်သောသူ ဆင်းရဲသောသူ ကြွေးမြှီများသောသူ မင်းဝယ် ကိုယ်ဒြပ်ခစားသောသူ မိုက်မဲသောသူ ဤငါးယောက်တို့ကို အသက်ရှင်ကြရသော်လည်း သေသူတို့ဟူ၍ ဆိုရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🏰 အမှီ 🏰
🌫🌫🌫🌫

🍑 သဗ္ဗညုမြတ်စွာဘုရားနှင့်တူသော ဂုဏ်ကျေးဇူး အထူးရှိသောသူပင် ဖြစ်လင့်ကစား မင်းတည်းဟူသော မှီခိုရာမရမူ မတင့်တယ်။ ပတ္တမြားသည် အဖိုးအတိုင်းမသိသော်လည်း ရွှေကိုမှီမှသာလျင် တင့်တယ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍷 စည်းစိမ်ပျက်ခြင်းအကြောင်း 🍷
🍾🍾🍾🍾🍾🍾🍾🍾🍾🍾🍾

🍶 ပွဲလမ်းသဘင် အသွားအလာများသောသူ၊ သေသောက်ကြူးသောသူ၊ အခါမဟုတ် သွားလေ့သွားထရှိသောသူ၊ မကောင်းသော အဆွေခင်ပွန်းရှိသောသူ၊ လောင်းကစားကြူးသောသူ၊ ပျင်းရိဖင့်နွဲသောသူ၊ ဤသူတို့ကား စည်းစိမ်တို့၏ ပျက်စီးအံ့သော အကြောင်းဖြစ်ကုန်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

❄ စွန့်ခြင်း ❄
🎀🎀🎀🎀🎀

💨 အမျိုး၏အကျိုးငှါ တစ်ယောက်သောသူကို စွန့်ရာ၏။ ရွာ၏အကျိုးငှါ အမျိုးကိုစွန့်ရာ၏။ ဇနပုဒ်၏အကျိုးငှါ ရွာကိုစွန့်ရာ၏။ မိမိအကျိုးငှါမူကား မြေ အားလုံးကို စွန့်ရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🚢 အကျိုးမရှိသောအရပ် 🚢
💫💫💫💫💫💫💫💫💫

💰 ခြင်္သေ့၊ သူတော်ကောင်း၊ ဆင် ဤသုံးဦးတို့သည် အကျိုးမရှိသော အရပ်ဒေသကို စွန့်ခွာ၍ သွားတတ်ကုန်၏။ ကျီးကန်း၊ သမင်၊ သူယုတ်မာ ဤသုံးဦးတို့သည် မိမိတို့ ကျင်လည်ရာ၌သာ ပျက်စီးခြင်းသို့ရောက်ကုန်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍐 စူးစမ်းပြီးမှ စွန့်ပါ 🍐
🔄🔄🔄🔄🔄🔄🔄

💮 ပညာရှိသဘောကား လှမ်းသောခြေတစ်ဖက်နှင့် တူသောအရပ်သစ်ကို မျော်လင့်သောစိတ်ဖြင့် သွား၏။ ရပ်သောခြေတစ်ဖက်နှင့်တူသော အရပ်ဟောင်းကို မစွန့်ခွာသောစိတ်ဖြင့် ရပ်၏။ အရပ်သစ်ကို မစူးစမ်းဘဲ အရပ်ဟောင်းကို မစွန့်ရာ။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🏹 မိန်းမတို့၏ လောဘ 🏹
🌹🌹🌹🌹🌹🌹🌹🌹

🐸 မိန်းမတို့၏ အစာစားခြင်းသည် ယောကျာင်္း တို့ထက်နှစ်ဆလွန်၏။ ပညာသည်လည်း လေးဆလွန်၏။ လုံးလကား ခြောက်ဆလွန်၏။ ကာမဂုဏ်ကိုတပ်မက်ခြင်းကား ရှစ်ဆပိုလွန်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

💎 အညစ်အကြေး 💎
🔥🔥🔥🔥🔥🔥🔥

🌲 ရွတ်ဖတ်သရဇ္ဈာယ်အမှု မပြုသောသူအား ပညာသည်ပျက်၏။ ထကြွလုံးလဝီရိယမရှိသောသူ၏ အိမ်သည် ညစ်နွမ်းပျက်စီး၏။ အဆင်းလှသောသူအား ပျင်းရိခြင်းသည် အညစ်အကြေးဖြစ်၏။ ဣနြေ္ဒကိုစောင့်စည်းသော ရဟန်းအား မေ့လျောခြင်းသည် အညစ်အကြေးဖြစ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍹 လုံးလ 🍹
🌠🌠🌠🌠

🌈 လောက၌ အချို့သော လုံးလရှိကုန်သောလူတို့၏ ဥစ္စာကား တိုးပွားခြင်းအဖြစ်သို့ ရောက်တတ်၏။ ယုတ်မာသောသူတို့သည်ကား ရှေးကံသာ ပဓာနဟု ပြောဆိုကြကုန်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🚁 ပဓာနမဟုတ်သော ရှေးကံ 🚁
🌀🌀🌀🌀🌀🌀🌀🌀🌀

👁️‍🗨️ ပညာရှင်များကား ရှေးကံသာပဓာနဟု ဘယ်တော့မှမဆိုကုန်။ ခပ်သိမ်းသောအမှုကိစ္စတို့ကို လုံးလပြုကုန်သည်သာတည်း။ ထိုအမှုကိစ္စသည် မပြီးပြတ်အံ့။ အကျိုးမပြီးသည်သာဖြစ်၏။ ဘယ်အပြစ်မှမရှိ။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎲 ဤကာလ 🎲
🕰🕰🕰🕰🕰🕰

🏰 အကြင် ယောကျာင်္း၊ မိန်းမတို့သည် နှုတ်ပညာ၊ လက်မှုပညာ မရှိ။ ရုပ်ရည်မတင့်တယ်၊ အစွမ်းလည်းမရှိ၊ ယုတ်နိမ့်သော အမျိုး၌လည်းဖြစ်၏။ သို့ပင်ဖြစ်သော်လည်း ဤကာလသည် ကာလဆုတ်ဖြစ်၏။ ဥစ္စာသည်သာ အထူးပြုသောကာလ မည်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐌 အဆင်းတန်ဆာ 🐌
🐭🐭🐭🐭🐭🐭🐭🐭

🐽 မြေကြီး၏ အဆင်းတန်ဆာကား မြင့်မိုရ်တောင်မင်းတည်း။ ညဥ့်၏တန်ဆာကား လမင်းတည်း။ လူတို့၏ အဆင်းတန်ဆာကား မင်းတည်း။ စစ်သည်တို့၏ တန်ဆာကား ဆင်ပြောင်တည်း။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🕎 တင့်တယ်ခြင်း 🕎
🌶🌶🌶🌶🌶🌶🌶

💙 ရုပ်ဆင်းရူပကာ အဆင်းလှစေကာမူ သီလရှိမှတင့်တယ်၏။ အမျိုးကောင်းစေကာမူ အကျင့်ရှိမှ တင့်တယ်၏။ တောကြီးစေကာမူ ပန်းရှိမှတင့်တယ်၏။ စစ်သည်ဗိုလ်ပါများစေကာမူ ဆင်ပါမှတင့်တယ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

⛵ အဆင်း ⛵
🌹🌹🌹🌹🌹

🍇 ဥသြငှက်တို့၏အဆင်းကား အသံတည်း။ မိန်းမတို့၏အဆင်းကား လင်ကိုလုပ်ကျွေးခြင်းတည်း။ အဆင်းမလှသောသူတို့၏ အဆင်းကား အတတ်ပညာတည်း။ ရသေ့ရဟန်းတို့၏ အဆင်းကား သည်းခံခြင်းတည်း။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜
🎉 ဆီမီးတန်ဆောင် 🎉
💮💮💮💮💮💮💮

🕯 လင်သည် မယား၏ ဆီမီးတန်ဆောင်မည်၏။ တရားသည် လူသုံးပါး၏ ဆီမီးတန်ဆောင်မည်၏။ သားကောင်းရတနာသည် အမျိုးအနွယ်၏ ဆီမီးတန်ဆောင်မည်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎩 မတင့်တယ်သော ကင်းကွာမှု 🎩
🚁🚁🚁🚁🚁🚁🚁🚁🚁🚁

🚋 လမင်းသည် ညဥ့်နှင့်ကွဲကွာမူကား မတင့်တယ်။ သမုဒ္ဒရာသည်လည်း လှိုင်းတံပိုးနှင့် ကင်းကွာမူကား မတင့်တယ်။ ရေပြည့်သော အင်းအိုင်ရေကန်တို့သည် ဟင်္သာငှက်နှင့်ကင်းမူကား မတင့်တယ်။ ယောင်္ကျားတို့သည် မိန်းမနှင့်ကင်းကွာမူကား မတင့်တယ်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎩 မင်းကျင့်ဝတ် 🎩
🚤🛫🚜🚋🚲🛳🏍

📝 လိပ်၊ ငါး၊ ကြက်၊ နွား စသည် သတ္တဝါတို့သည် ရင်၌ဖြစ်သောသားကို သနားသဖြင့် ကြီးပြင်းအောင် မွေးကျွေးကုန်သကဲ့သို့ ပြည့်ရှင်မင်းသည် သတ္တဝါတို့အား ချမ်းသာအောင် မွေးမြူရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜
⛵ မင်း၏နှုတ် ⛵
🐽🐽🐽🐽🐽🐽

😹 ရေမြေ့အရှင်မင်းသည် သားတော်ကိုလည်းကောင်း၊ ညီတော်ကိုလည်းကောင်း၊ ရွာ၊ နိဂုံး၊ တိုင်းနိုင်ငံ ဇနပုဒ်တို့တွင် တစ်ပါးပါးဖြင့် ချီးမြှောက်ပေးကမ်းသည်ဖြစ်အံ့။ ဆိတ်ဆိတ်နေသည်ဖြစ်၍သာလျှင် ရှုရာ၏။ လူလိမ္မာ ပြုသဖြင့် ကောင်း၏ မကောင်း၏ ဟူသောစကားကို မဆိုဘဲမေရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎈 ဆိုရေးရှိမှ ဆိုအပ်စွ 🎈
🚋🚋🚋🚋🚋🚋🚋🚋

🐒 အပိုင်းအခြားကို လွန်၍ စကားမပြောရာ။ အခါခပ်သိမ်း ဆိတ်ဆိတ်နေသည်လည်း မဖြစ်ရာ။ ဆိုခွင့် ပြောခွင့် ကာလရောက်သည်ရှိသော် ဖရိုဖရဲမရှိသော၊ အတိုင်းအရှည်နှင့်ယှဉ်သော စကားကို ပြောဆိုရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🌐 တိုင်းရေးပြည်ရေး 🌐
🚁🚁🚁🚁🚁🚁🚁🚁

🎲 လျှို့ဝှက်ခက်ခဲသောအမှု အတိုင်အပင်ကို မှတ်သားကြည့်ရှုစိမ့်သောငှါ မင်းတစ်ပါးက စေအပ်သော သူလျှိုတမန်ကို ဝေးစွာကြဉ်ရှောင်ရာ၏။ ပြည့်ရှင်မင်းကိုသာလျှင် ကြည့်ရာ၏။ တစ်ပါးမင်းအား မကြည့်မငဲ့ရာ။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🏯 ပေးလှူပါ 🏯
🌹🌹🌹🌹🌹

💎 ရဟန်း၊ ပုဏ္ဏားတို့အား လှူမြဲတိုင်းသော ဒါနဝတ်ကို မယုတ်စေရာ၏။ ပေးလှူသော အခါကာလ၌ ဖုန်းတောင်းယာစကာတို့ကို စိုးစဉ်းမျှ မတားမြစ်ရာ။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🚂 သူယုတ်လက္ခဏာ 🚂
🛳🛳🛳🛳🛳🛳🛳🛳

🌲 ဓနဥစ္စာမရှိဘဲလျက် အရသာကို အစားကြူး၏။ ခွန်အားမရှိဘဲလျက် အဖန်တလဲလဲ ရန်ဘက်ရှာ သတ်ဖြတ်လို၏။ ပညာမရှိဘဲလျက် ကျမ်းဂန်လာ အတတ်ပညာတို့ကို ပြောဟောချင်၏။ ဤသုံးပါးသည် သူယုတ်တို့၏ လက္ခဏာတည်း။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🕎 သီလ နှင့် အသီလ 🕎
🍒🍒🍒🍒🍒🍒🍒🍒

🔄 စက္ခုဒွါရ အစရှိသော ဒွါရခြောက်ပါးကို ကောင်းစွာစောင့်သော ပညာရှိသောသူသည် သီလအားဖြင့် ခြောက်ပါးအပြားရှိ၏။ အသီလအားဖြင့်လည်း ခြောက်ပါးအပြားရှိ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎯 မပြစ်မှားအပ်သူ 🎯
💫💫💫💫💫💫💫

👥 ဘုရား၊ ပစ္စေကဗုဓ္ဒာ၊ ရဟန္တာ၊ လက်ယာရံ၊ လက်ဝဲရံ၊ အဂ္ဂသာဝက၊ အမိ၊ အဖ၊ ဂုဏ်ရွယ်ကြီးသဖြင့် အလေးပြုအပ်သောသူ၊ ဆရာ၊ ပေးကမ်းသောသူ၊ တရားဟောပြောသူ၊ ဤတစ်ကျိပ်သောသူတို့ကို ပညာရှိတို့သည် မပြစ်မှားအပ်သောသူ ဟူ၍ သိအပ်ကုန်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍝 ထမင်းစားပြီးနောက် 🍝
🍺🍺🍺🍺🍺🍺🍺🍺

🍧 ထမင်းစားပြီးသည်၏ နောက်အဖို့၌ ထိုင်နေခြင်းသည် ဆူဖြိုး၏။ ရပ်မူကား ခွန်အားကိုတိုးပွား၏။ စင်္ကြံသွားမူကား အသက်ရှည်၏။ ပြင်းပြင်းသွားမူကား အနာကင်း၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

☔ သည်းခံသင့်သည့်အချိန် ☔
📌📌📌📌📌📌📌📌📌

💎 ပညာနှင့်ပြည့်စုံသောသူသည် မထင်ရှားသောနေခြင်းဖြင့် နေရသည်ရှိသော် မီးနှင့်အတူ တန်ခိုးကြီးသည်ုဖစ်ငြားလည်း ကျွန်မျှသောသူ၏ ခြိမ်းခြောက်သည်ကိုလည်း သည်းခံတတ်ရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

👥 အဆွေခင်ပွန်းကောင်းနှစ်ယောက် 👥
🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀

🎩 အကြင်သူသည် သူတစ်ပါးကျူးလွန်သောအပြစ်ကို သည်းခံ၏။ အကြင်သူသည်လည်း တရားတော်ကိုသိအောင်ပြု၍ သိတိုင်းကျင့်၏။ ထိုသူနှစ်ယောက်တို့အား မိတ်ခင်ပွန်းသည် မပျက်။ ထိုသူနှစ်ယောက်တို့သည် အထပ်ထပ် ငြိမ်းချမ်းခြင်းသို့ ရောက်ကုန်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐂 ရှောင်ကြဉ်ပါ 🐂
🐱🐱🐱🐱🐱🐱

🐃 ဦးချိုရှိသောသတ္တဝါကို အတောင်ငါးဆယ်အရပ်က ကြဉ်ရှောင်ရာ၏။ မြင်းကို အတောင်တစ်ရာအရပ်က ကြဉ်ရှောင်ရာ၏။ ဆင်တို့ကိုကား အတောင် တစ်ထောင်အရပ်က ကြဉ်ရှောင်ရာ၏။ လူတော်မဟုတ် သူယုတ်တို့ကိုမူကား အရပ်ကိုစွန့်ခွာ၍ ကြဉ်ရှောင်ရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐸 အကြီးအမှူးများအတွက် 🐸
🐭🐭🐭🐭🐭🐭🐭🐭🐭🐭

💰 အကြီးအမှူးဖြစ်သောသူသည် အခါခပ်သိမ်း မျက်စိတရားကိုလည်းကောင်း နားတရားကိုလည်းကောင်း ဆောင်အပ်၏။ ထိုသို့ နား၊ မျက်စိ တရားရှိသော်လည်း မမြင်သည်၊ မကြားသည်ကဲ့သို့ ပြုရာ၏။ ဤသို့ပြုခြင်းသည် အကြီးအမှူးတို့၏ သဘောတည်း။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🔔 သက်သေ 🔔
🍽🍽🍽🍽🍽🍽

🔰 ကောင်းမှု၊ မကောင်းမှုကို ပြုသောသူသည် အစေ့ငယ်လျှက် အသီးများသော ပညောင်ပင်ကြီး အစရှိသည်ကို သက်သေပြု၍ ဆင်ခြင်ကြည့်ရှုလော။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🚞 ဆင်ခြင်အောက်မေ့ပါ 🚞
🍧🍧🍧🍧🍧🍧🍧🍧🍧

🕯 အမျက်သည် အကယ်၍ထွက်အံ့။ ဤအမျက်သည် လွှနှင့်အတူ ကြမ်းကြုတ်၏ဟု ဆင်ခြင်လော့။ အရသာ၌ တပ်မက်မောခြင်းသည် အကယ်၍ ဖြစ်အံ့။ သား၏ အသားကို စားရသည်နှင့်အတူ အောက်မေ့လော့။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

💍 နှိမ့်ချခြင်း 💍
🚣‍♀️🚣‍♀️🚣‍♀️🚣‍♀️

🌹 အကြင်သူသည် အလေးပြုအပ်သော ဆရာသမား မိနှင့်ဘ စသောသူတို့ကို နှိမ့်ချရိုသေသော အမှုပြု၏။ ထိုသူသည် ယုတ်သောအဖြစ်ကို ဖျောက်၍ မြတ်သောအကျိုးစီးပွား၌ တည်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🚂 အကျိုးစီးပွား ပျက်သုဉ်းခြင်း 🚂
🛫🛫🛫🛫🛫🛫🛫🛫🛫🛫🛫

🙉 ဤအခါသည် အလွန်ချမ်းသာသည်ဖြစ်၏။ အလွန်ပူသည်ဖြစ်၏။ အလွန်မိုးချုပ်သည်ဖြစ်၏။ ဤသို့နှလုံးပြု၍ အမှုလုပ်ဆောင်ခြင်းကို စွန့်လွတ်ကုန်သော လုလင်တို့အား အကျိုးစီးပွားများအံသော ခဏတို့သည် လွန်ကုန်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

❄ သူတစ်ပါးမကောင်းကြံကိုယ်ပဲခံ ❄
🌶🌶🌶🌶🌶🌶🌶🌶🌶🌶🌶

🖲 သူတစ်ပါးကို ဖျက်ဆီးသောသူသည် သူတစ်ပါးမပျက်စီးမီ ရှေးဦးလျှင် မိမိသာပျက်စီးရာ၏။ အဘယ်ကဲ့သို့ဟူမူကား ပြဿဒ်ကိုလောင်သော မြက်မှိုက်မီးသည် ပြဿဒ်မကျွမ်းခင် လျင်မြန်စွာပျောက်ပျက်ခြင်းကို ရောက်သကဲ့သို့တည်း။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🔇 ပေါင်းသင်းဆက်ဆံရေး 🔇
🚥🚥🚥🚥🚥🚥🚥🚥🚥

🏹 ရန်သူအား အကျွမ်းတဝင် မပြုရာ။ အဆွေခင်ပွန်းကိုလည်း အကျွမ်းဝင်သမှု လွန်ကဲစွာ မပြရာ။ တစ်ရံတစ်ခါ မိတ်ခင်ပွန်းသည် အမျက်ထွက်မူကား ခပ်သိမ်းသောအပြစ်ကို ထင်စွာပြတတ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

👑 မထီမဲ့မြင် မပြုသင့်သောယောင်္ကျား 👑
💮💮💮💮💮💮💮💮💮💮💮💮

🎩 ပုဇွန်သည် ဦးခေါင်းမရှိဘဲ သွားတတ်၏။ မွေသည် ခြေမရှိဘဲ သွားတတ်၏။ ကြက်မသည် နို့မထွက်ဘဲ သားတစ်စုံကို မယိုမယွင်း ကြီးပြင်းအောင် မွေးမြူစောင့်ရှောက်နိုင်၏။ ယောင်္ကျားတို့အား မထီမဲ့မြင် မပြုရာ။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍇 မိတ်ဆွေကောင်းကိုလိုလျှင် 🍇
🎉🎉🎉🎉🎉🎉🎉🎉🎉🎉

👥 အကြင်သူနှင့် မိတ်ဆွေခင်ပွန်း ဖွဲ့စပ်ခြင်းကို အလိုရှိ၏။ ထိုလူနှင့် ငြင်းခုန်ခြင်းကိုလည်းကောင်း၊ ဥစ္စာစပ်ယှက်ခြင်းကိုလည်းကောင်း၊ မျက်ကွယ်၌ သူ့မယားနှင့် တွေ့မြင်နှီးနှောခြင်းကိုလည်းကောင်း၊ ဤသုံးပါးသောအမှုတို့ကို မပြုရာ။ ကြဉ်ရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🔔 ဘေးရန်ရှိသော အကြွင်း 🔔
🚂🚂🚂🚂🚂🚂🚂🚂🚂

🏹 မြီကြွင်းသည်လည်းကောင်း၊ မီးကြွင်းသည်လည်းကောင်း၊ ရန်ကြွင်းသည်လည်းကောင်း အဖန်တလဲလဲ ပွားတတ်ကုန်၏။ ထို့ကြောင့် မြီး၊ မီး၊ ရန် ကြွင်းကို မပြုရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎯 အမြဲသေခြင်းအကြောင်း 🎯
🍶🍶🍶🍶🍶🍶🍶🍶🍶

🐽 မသင့်လျော်သော အမှုကိစ္စကို ကြိုးစားအားထုတ်ခြင်းသည် လည်းကောင်း၊ အများတကာနှင့် ဆန့်ကျင်ပြုခြင်းကိစ္စသည် လည်းကောင်း၊ အင်အားများသော စစ်သည်ဗိုလ်ပါများနှင့် စစ်ပြိုင်၍စစ်ထိုးခြင်းသည်လည်းကောင်း၊ မိန်းမတို့နှင့် အကျွမ်းဝင်သမှုပြုခြင်းသည် လည်းကောင်း၊ အမြဲသေခြင်း၏ အကြောင်းသို့တည်း။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🚨 ရှားပါးသောအရာ 🚨
🌾🌾🌾🌾🌾🌾🌾🌾

💎 တောင် တောင်ဟူတိုင်း ပတ္တမြားမရှိ။ ဆင် ဆင်ဟူတိုင်း အမြုတေမရှိ။ တော တောဟူတိုင်း စန္ဒကူးနံ့သာမရှိ။ အရပ် အရပ်ဟူတိုင်း ပညာရှိ သုခမိန်မရှိ။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🌈 ပူဇော်မြတ်နိုးရာ 🌈
👑👑👑👑👑👑👑

🕎 မိန်းမတို့ကို စင်စစ်ယုံကြည်၍ မမှီဝဲရာ။ စည်းစိမ်ဥစ္စာ အရသာကို ကောင်းမြတ်ချိုမြိန်သည်ဟု မသုံးဆောင်ရာ။ လူကြီးမိဘတို့ကိုသာ ပူဇော်ရာ၏။ မြတ်နိုးရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🏆 အကျိုးမဲ့ 🏆
♨♨♨♨♨♨♨♨

🌳 အကြင်သူသည် ချိုမြိန်သော သစ်ပင်ကြီး၏ အသီးစိမ်းကိုဆွတ်၏။ ထိုအသီးစိမ်းကို ဆွတ်သောသူသည် သစ်သီးစိမ်း၏ ချိုမြိန်သောအရသာကို မခံစားရ။ ထိုအသီးစိမ်း၏ မျိုးစေ့တို့လည်း ပျက်စီးရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🌲 အကျိုးရှိသော ခူးဆွတ်ခြင်း 🌲
🍒🍒🍒🍒🍒🍒🍒🍒🍒🍒

🍊 အကြင်သူသည် အသီးရှိသော သစ်ပင်ကြီး၏ အသီးမှည့်ကိုဆွတ်၏။ ထိုသစ်သီးမှည့်၏ ချိုမြိန်သော အရသာကို ခံစားရ၏။ ထိုသစ်သီးမှည့်၏ မျိုးစေ့သည်လည်း မပျက်စီး။ တိုးပွားရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🌵 ပျက်စီးခြင်း 🌵
🚨🚨🚨🚨🚨🚨

🍇 အသီးရှိသော သစ်ပင်ကြီးနှင့်တူသော တိုင်းနိုင်ငံကို ပြည့်ရှင်မင်းသည် မတရားဆုံးမစီရင်၏။ ထိုပြည့်ရှင်မင်းသည် အသီးရှိသော သစ်ပင်ကြီးနှင့် တူသည့်တိုင်းနိုင်ငံ၏ အခွန်အတုတ် အရသာကိုလည်း မသုံးဆောင်ရချေ။ တိုင်းနိုင်ငံသည်လည်း ပျက်စီးခြင်းသို့ ရောက်ရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

💞 တိုးပွားခြင်း 💞
🌾🌾🌾🌾🌾🌾

❄ အကြင်ပြည့်ရှင်မင်းသည် အသီးရှိသော သစ်ပင်ကြီးနှင့်တူသော တိုင်းနိုင်ငံကို တရားသဖြင့် ဆုံးမစီရင်၏။ ပြည့်ရှင်မင်းသည် ထိုအသီးရှိသော သစ်ပင်ကြီးနှင့်တူသော တိုင်းနိုင်ငံ၏ အခွန်အတုတ်ကို သုံးဆောင်ရ၏။ တိုင်းနိုင်ငံသည်လည်း မပျက်စီးဘဲ တိုးပွားရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

💙 အသက် 💙
🍽🍽🍽🍽🍽

💘 သူမိုက်၏ အသက်ရှင်ခြင်းသည် တိုတောင်း၏။ ပညာရှိ၏ အသက်ရှင်ခြင်းသည် ပွားများ၏။ လူအပေါင်း၏ အသက်ကား မင်းပင်တည်း။ မင်းတို့၏ အသက်ကား မင်းကျင့်တရားဆယ်ပါးတည်း။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎲 ကံနှင့် တမလွန် 🎲
🐽🐽🐽🐽🐽🐽🐽

🔥 အကယ်၍ အကြင်သူသည် တမလွန်၌ ဖြစ်လတ္တံ့သောအကျိုးကို မယုံကြည်သည် ဖြစ်အံ့။ ထိုလူသည် သေသည်၏ အခြားမဲ့၌ နတ်ရွာလားကုန်သောသူတို့၏ နေရာ လဗိမာန်၊ နေဗိမာန် ကြယ်ဗိမာန်တို့ကို အဘယ်ကြောင့် မမြင်လေဘိသနည်း။ တမလွန်ဘဝ၌ ဖြစ်လတ္တံ့သော ကံ၏အကျိုးကို ယုံကြည်ရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐙 ပညာရှိ 🐙
🛫🛫🛫🛫🛫

🎓 ပေပုရပိုက်၊ စက္ကူစသည်တို့ကို လယ်ယာကဲ့သို့ပြု၏။ ကညစ်၊ ကန့်ကူဆံတို့ကို ထွန်တုံးကဲ့သို့ ပြု၏။  ပြုစုပြီးသော ကျမ်းဂန်တို့ကို မျိုးစေ့ကဲ့သို့ ပွားစီးသောသူသည် ပညာရှိမည်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

📜 စာတစ်လုံးဘုရားတစ်ဆူ 📜
🚁🚁🚁🚁🚁🚁🚁🚁🚁

📑 စာလုံးတစ်လုံးသော အက္ခရာတို့သည် ဘုရားဆင်းတု တစ်ဆူတစ်ဆူနှင့် တူသည်ဖြစ်၏။ ထို့ကြောင့် ပညာရှိသော ယောင်္ကျားတို့သည် ပိဋိကတ် သုံးပုံကို ရေးရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

📚 ပိဋိကတ် သုံးပုံပို့ချသူ 📚
🌾🌾🌾🌾🌾🌾🌾🌾🌾

🎓 ပိဋိကတ်သုံးပုံ ကိုပို့ချသင်ကြားသောပုဂ္ဂိုလ်သည် ကြွယ်သော၊ များသော၊ ဥစ္စာရှိသော၊ ပွင့်လင်းသော၊ မြတ်သော အမျိုး၌သာဖြစ်၏။ မြတ်သောအားဖြင့်သာလျှင် အပေါင်းအဖော်အခြံအရံရှိ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🏯 ထိုးထွင်းဥာဏ် 🏯
💫💫💫💫💫💫💫

🚨 ထိုးထွင်းဥာဏ် အစွမ်းရှိသော၊ အမျော်အမြင်နှင့်ပြည့်စုံသော ပညာရှိသည် အနည်းအငယ်မျှသော အရင်းအနှီးဥစ္စာဖြင့်လည်း များစွာသောမိမိအကျိုးစီးပွားကို ဖြစ်စေနိုင်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎨 ကောင်းမှု နှင့် မကောင်းမှု 🎨
🏍🏍🏍🏍🏍🏍🏍🏍🏍🏍

👁️‍🗨️ မကောင်းမှုကို ပြုဖူးသောသူအား ဆင်းရဲသည် ရောက်တတ်၏။ ကောင်းမှုကို ပြုဖူးသောသူအား ချမ်းသာခြင်းသည် ရောက်၏။ ကောင်းမှု၊ မကောင်းမှု နှစ်ပါးစလုံးကို ပြုဖူးသောသူအား ဆင်းရဲတစ်ခါ ချမ်းသာတစ်လှည့်ရောက်တတ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🔄 ရှေးဘဝ အကျိုးဆက် 🔄
🕯🕯🕯🕯🕯🕯🕯🕯🕯

🌵 ယခုဘဝမှစ၍ ယုတ်မာခြင်းမဟုတ်တန်ရာ၊ ယခုဘဝမှစ၍ မြင့်မြတ်ခြင်းမဟုတ်တန်ရာ၊ ရှေးရှေးဘဝက မကောင်းမှုကံကြောင့်လည်းကောင်း၊ ရှေးရှေးဘဝက ကောင်းမှုကံကြောင့်လည်းကောင်း ယုတ်မာခြင်း၊ မြင့်မြတ်ခြင်း ဖြစ်ရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

💎 မင်း နှင့် သုခမိန် 💎
🎈🎈🎈🎈🎈🎈🎈

🎩 ပြည့်ရှင်မင်းသည်လည်းကောင်း၊ ပညာရှိသုခမိန်သည်လည်းကောင်း၊ တစ်ရံတစ်ဆစ်မျှ မတူညီကြသည်သာ။ ပြည့်ရှင်မင်းသည် မိမိတိုင်းနိုင်ငံအတွင်းမှာသာ အပူဇော်ခံရ၏။ ပညာရှိသုခမိန်သည်ကား ခပ်သိမ်းသောအရပ်တို့၌ အပူဇော်ခံရ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

👑 တစ်ခုတည်း 👑
🛳🛳🛳🛳🛳🛳🛳

🍒 ကျေးဇူးအပြစ်တို့တွင် တစ်ခုနှင့်တစ်ခု ကင်းကွာသော တစ်စုံတစ်ယောက်ဟူသည် မရှိ။ နူးညံ့သိမ်မွေ့သော ပဒုမ္မာကြာ၏ အရိုးတံသည် ကြမ်းသည်သာတည်း။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🌹 ယဉ်ကျေးသူ 🌹
💙💙💙💙💙💙

🚞 သိကြားလိမ္မာယဉ်ကျေးသောသူသည် ပညာရှိနှင့် တစ်ကြိမ်သာပေါင်းဖက်ခြင်းကို ပြုရသည်ရှိအံ့။ မိမိအကျိုးစီးပွားကိုလည်းကောင်း၊ သူတစ်ပါး၏ အကျိုးစီးပွားကိုလည်းကောင်း၊ နိဗ္ဗာန်ချမ်းသာကိုလည်းကောင်း ရအောင်ဆောင်ရွက်နိုင်ရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

⛳ ပညာရှိ (၃) ယောက် ⛳
🚁🚁🚁🚁🚁🚁🚁🚁🚁

🎓 စာပေကျမ်းဂန်တို့၌ ပညာရှိသုံးယောက် ပါလာကုန်၏။ ငါသာပညာရှိဟု လည်းကောင်း၊ ငါလည်းပညာရှိဟုလည်းကောင်း၊ ငါပညာရှိမဟုတ်ဟုလည်းကောင်း...... ဤသုံးယောက်တည်း။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍓 ကိုယ်ချင်းစာသူ ပညာရှိ 🍓
⛵⛵⛵⛵⛵⛵⛵⛵⛵

🏯 အကယ်၍ အကြင်သူသည် သူ့မယားကို အမိကဲ့သို့ရှုနိုင်၏။ သူ့ဥစ္စာကို ကျောက်ခဲ၊ အုတ်ခဲကဲ့သို့ ရှုနိုင်၏။ ခပ်သိမ်းသော သတ္တဝါတို့အား မိမိကိုယ်ကဲ့သို့ ရှုနိုင်၏။ ထိုသူသည် ပညာရှိ မည်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎩 သူတော်ကောင်းစကား 🎩
🌾🌾🌾🌾🌾🌾🌾🌾🌾

🏮 မီးသည် အရှိန်အဝါ ကြီးမားတောက်လောင်သော်လည်း မြေစိုင်ကို နူ့ညံ့အောင်မပြုနိုင်။ ရေသည် နူ့ညံ့ခြင်းသို့ရောက်အောင် ပြုနိုင်၏။ သူတော်ကောင်းစကားသည်လည်း ကြမ်းကြုတ်ခက်ထန်သောသူအား နူ့ညံ့ခြင်းသို့ ရောက်စေတတ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐃 အခါသင့် 🐃
🍂🍂🍂🍂🍂

🏆 အခါသင့်ရောက်ချိန်တွင် ဆိုအပ်သောစကားသည် အနည်းငယ်ဖြစ်သော်လည်း စကားကောင်းမည်၏။ ငတ်မွတ်သူသည် စားအပ်သော မကောင်းသောထမင်းသည်ပင် မြိန်မြတ်သောအရသာမည်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🌐 လိမ္မာခြင်း 🌐
🚁🚁🚁🚁🚁🚁

💙 စကားပြောဆိုရာ၌ လိမ္မာခြင်းသည် အလိုရှိအပ်သော ကိစ္စ၏ အကြောင်းရင်းတည်း။ လိမ္မာခြင်းကင်းသည်ရှိသော် လိုအပ်သောအမှုကိစ္စ၌ အစီးအပွားသည် မပြီးမြောက်နိုင်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🗣 စကားပြောဆိုနည်း 🗣
🔉🔉🔉🔉🔉🔉🔉🔉

🗯 အခါလေးမြင့်စွာ စကားမပြောရာ။ အခါခပ်သိမ်း စကားမပြောဘဲနေသည်လည်း မဖြစ်ရာ။ ပြောခွင့်ရှိလျှင် ဖရိုဖရဲမဖြစ်ဘဲ နှိုင်းယှဉ်၍ စကားကို ပြောဆိုရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🌬 စကားများခြင်းအပြစ် 🌬
🔥🔥🔥🔥🔥🔥🔥🔥🔥

🗣 စကားများစွာ ပြောလေ့ရှိသောသူ၏ စကားကို အကျိုးရှိလျှင်မူလည်း အရိုအသေမပြုကြ။ ကောင်းသောကျေးဇူးရှိလျှက်လည်း မြစ်ရေကို လျစ်လျူရှုကြသည်ကို မြင်ရသည် မဟုတ်သလော။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

💰 ခုနှစ်ရက်မြောက် ဥစ္စာ 💰
🌵🌵🌵🌵🌵🌵🌵🌵🌵

💮 သဒ္ဒါတည်းဟူသော၊ သီလတည်းဟူသော၊ ဟီရိတည်းဟူသော၊ သြတ္တပ္ပတည်းဟူသော၊ သုတတည်းဟူသော၊ စာဂတည်းဟူသော၊ ဥစ္စာတစ်ပါးပါး၏ ခုနှစ်ခုမြောက်သောဥစ္စာကား ပညာလျင်တည်း။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐸 အဖော်သဟဲရှာပါ 🐸
💘💘💘💘💘💘💘💘💘

☔ သဗ္ဗညုဘုရားနှင့်အတူ ဂုဏ်ကျေးဇူးရှိသောသူပင် ဖြစ်လင့်ကစား တစ်ယောက်ထီးတည်း အဖော်သဟဲအမှီမရှိမူကား နစ်တတ်၏။ အဖိုးမဖြတ်နိုင်သော ပတ္တမြားရတနာသည် ရွှေကိုမှီ၍ တင့်တယ်ရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍔 အရှိန်အဝါမဲ့ခြင်း 🍔
🐭🐭🐭🐭🐭🐭🐭🐭

💖 တန်ခိုးအရှိန်အဝါနှင့် စွမ်းအားသတ္တိရှိသော်လည်း အဖော်သဟဲ အထောက်အပံ့ အခြံအရံကင်းမူ အဘယ်မှာ တန်ခိုးအရှိန်အဝါကြီးအောင် ဆောင်ရွက်နိုင်ပါအံနည်း။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🏩 အမှီပြုခြင်း 🏩
🌈🌈🌈🌈🌈🌈

🌲 သစ်ပင်တို့၏ အသီးအပွင့်တို့သည် မြေကောင်းကိုအမှီပြု၍ ပွားများကုန်၏။ သူတော်ကောင်းကို အမှီပြု၍ ကြီးစွာသောကောင်းမှုသည် ပွားများရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍯 မပြည့်ခြင်း နှင့် ပြည့်ခြင်း 🍯
🛫🛫🛫🛫🛫🛫🛫🛫🛫🛫

🌐 အကြင်အိုးသည် ရေမပြည့်။ ထိုရေမပြည့်သောအိုးသည် ဘောင်ဘင်ခတ်၏။ အကြင်အိုးသည် ရေပြည့်၏။ ထိုရေပြည့်သောအိုးသည် ငြိမ်သက်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🌶 သူယုတ်တို့တွင် အဆွေခင်ပွန်းမရှိ 🌶
🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵

🐸 လေသည် တောကိုလောင်သောမီး၏ အဆွေခင်ပွန်းဖြစ်၏။ ထိုလေသည်ပင်လျှင် ဆီမီးကိုငြိမ်းတတ်၏။ သူယုတ်တို့၌ အဆွေခင်ပွန်းအဖြစ်သည် မရှိသည်သာတည်း။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐧 ဖျက်ဆီးသူ 🐧
🔥🔥🔥🔥🔥🔥

🐣 ငှက်တို့၌ ဖျက်ဆီးတတ်သည်ကား ကျီးတည်း။ အိမ်တို့၌ ဖျက်ဆီးတတ်သည်ကား ကြွက်တည်း။ တော၌ ဖျက်ဆီးတတ်သည်ကား မျောက်တည်း။ လူတို့၌ ဖျက်ဆီးတတ်သည်ကား ပုဏ္ဏားတည်း။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🚭 သူမိုက်ဆို ရှောင် 🚭
🐃🐃🐃🐃🐃🐃🐃

🏹 သူမိုက်ကိုကြည့်ပင် မကြည့်နှင့်။ ဤအရပ်၌ သူမိုက်ရှိ၏ဟု နားမျှမထောင်နှင့်။ သူမိုက်ကို မပေါင်းဖော်ပါနှင့်။ သူမိုက်ကို စကားပြောဟောခြင်း မပြုနှင့်။ သူမိုက်ကို မနှစ်သက်နှင့်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🕎 မိတ်ဆွေကောင်းကို ပေါင်း 🕎
🛳🛳🛳🛳🛳🛳🛳🛳🛳🛳

🔔 မတုန်မလှုပ် ခိုင်ခန့်သော ချမ်းသာသုခကို တောင်းတသောအမျိုးသားသည် ခင်ပွန်းယုတ်တို့ကို ဝေးစွာကြဉ်၍ မြတ်သောခင်ပွန်းကောင်းကို ဆည်းကပ်လော။ ထိုမိခင်နှင့်တူသော ခင်ပွန်းကောင်း၏ အဆုံးအမ၌လည်း တည်လေလော့။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

☔ ပညာရိုကိုရှာ ☔
🌾🌾🌾🌾🌾🌾🌾

🏮 ပညာရှိကို ဖူးမြင်လော့။ ပညာရှိစကားကို နားထောင်လော့။ ပညာရှိနှင့်အတူတကွ ပေါင်းဖော်လော့။ ထိုပညာရှိနှင့်ပင် စကားပြောဟောခြင်းကို ပြုလေလော့။ ပညာရှိကိုသာ နှစ်သက်မြတ်နိုးလော့။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎩 ပညာအား 🎩
🎈🎈🎈🎈🎈🎈🎈

❄ လက်ရုံးအား၊ မှူးမတ်အား၊ စည်းစိမ်ဥစ္စာအား၊ အမျိုးအား စသောဤလေးပါးအားတို့ထက် ပညာအားကား စင်စစ်သာ၍ မြတ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍃 လားရာ 🍃
🎀🎀🎀🎀🎀🎀

🏹 တောအုပ်သည် သားရဲတို့၏ လားရာတည်း။ ကောင်းကင်သည် ငှက်အပေါင်းတို့၏ လားရာတည်း။ ရာဂ ကင်းခြင်းသည် တရားဓမ္မတို့၏ လားရာတည်း။ နိဗ္ဗာန်သည် ရဟန္တာ တို့၏ လားရာတည်း။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐚 ဆုံးမပါ 🐚
🌶🌶🌶🌶🌶🌶

🍏 မဆုံးမခြင်းကြောင့် အပြစ်များ၏။ ဆုံးမခြင်းကြောင့် ကျေးဇူးများ၏။ ထို့ကြောင့် သားသမီးနှင့် တပည့်တို့အား ဆုံးမသင့်သည့်အခါ ဆုံးမပေးရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

❄ အစစ်အမှန် ❄
🍒🍒🍒🍒🍒🍒

🌲 ဆွေမျိုးမည်သည် စီးပွား၌ယှဉ်မှ ဆွေမျိုးမည်၏။ အဖမည်သည် ကျွေးမွေးသုတ်သင်မှ အဖမည်၏။ ခင်ပွန်းမည်သည် အကျွမ်းဝင်မှ ခင်ပွန်းမည်၏။ မယားမည်သည်ကား ငြိမ်းချမ်းမှုပေးနိုင်မှ မယားမည်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎯 သတိရှိပါ 🎯
🐣🐣🐣🐣🐣🐣

🌹 လောက၌ လူတို့ ကိစ္စအကြောင်းတို့ကြောင့် သတ္တဝါတို့သည် အသက်ကို ယုတ်စေကုန်လျက် နေ့ရက်သည်ကုန်လွန်၏။ ထို့ကြောင့် ဘုရားသာသနာတော်၌ မေ့လျော့ခြင်းသို့ မရောက်စေနှင့်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎩 ယောကျာင်္းကောင်း 🎩
🚭🚭🚭🚭🚭🚭🚭🚭🚭

🌈 အမျိုးကောင်း အမျိုးနွယ်ကို ကောင်းစွာစောင့်ရှောက်သော အမျိုးသားသည် မိမိဆင်းရဲခြင်းသို့ရောက်သော်လည်း ယုတ်သောအမှုကို မပြုရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🔥 လောင်ကျွမ်းခြင်း 🔥
🍃🍃🍃🍃🍃🍃🍃🍃

🍂 ထင်းခြောက်သည် မီး၏ လောင်ကျွမ်းခြင်းကိုခံရ၏။ သူမိုက်သည်လည်း ငရဲမီး၏ လောင်ကျွမ်းခြင်းကို ခံရသည်သာတည်း။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐽 မြတ်သောအရာ 🐽
⛳⛳⛳⛳⛳⛳⛳⛳

🎈 ဆယ့်နှစ်လရာသီတို့တွင် တန်ဆောင်မုန်းလသည်မြတ်၏။ ဇနီးမယားတို့တွင် အဆင်းလှသူသည် မြတ်၏။ သားသမီးတို့တွင် အကြီးဆုံး သားသမီးသည်မြတ်၏။ အရပ်ရှစ်မျက်နှာတို့တွင် မြောက်အရပ်သည် မြတ်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜
🕎 အားထုတ်သူသာ 🕎
🎋🎋🎋🎋🎋🎋🎋🎋

🍁 ကိုယ့်ဥစ္စာနှင့်ကိုယ်ရှုပ်၊ သူ့ဥစ္စာနှင့် သူရှုပ်ဆိုသလို အကြင်း တဏှာတည်းဟူသော အပြင်ရှုပ်၊ အတွင်းရှုပ်ကို ပင်ကိုပဋိသန္ဓေက ဥာဏ်ပညာပါရှိ၍ သီလ၌တည်ပြီးလျှင် သမာဓိ ပညာကိုတိုးပွားစေလျှင် အပူတပြင်း အားထုပ်သူသာ ဖြေရှင်းနိုင်ရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🛌 အနိစ္စမြင်ကွင်း 🛌
🍃🍃🍃🍃🍃🍃🍃

🍂 ကဆုန်၊ နယုန်၌ ရွက်နုများကို မြင်ရ၍သော် လည်းကောင်း၊ မိုးတွင်းမှာ စိုနေသောသစ်ရွက်များကို မြင်ရ၍သော်လည်းကောင်း၊ တပေါင်းလ လောက်၌ ဝါနေသောသစ်ရွက်တို့ကို မြင်ရ၍သော်လည်းကောင်း၊ တန်ခူးလလောက်၌ ကြွေကျသည်ကို မြင်ရ၍သော်လည်းကောင်း၊ မမြဲသော အနိစ္စသည် စိတ်၌ အလိုလိုထင်လာနိုင်ရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🎨 အဖြူ အမည်း 🎨
🌵🌵🌵🌵🌵🌵🌵

🌪 လောကတွင် ဆင်ဖြူမျိုးဖြစ်သော ဥပေါသထဆင်၊ ဆန္ဒ န္တဆင်များသည် ဖောက်ပြန်သောအားဖြင့် ဆင်မည်းဖြစ်သည်ဟု ထုံးစံစကား မကြားဖူးရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐙 ဟန်ဆောင်ခြင်းဒုက္ခ 🐙
🛫🛫🛫🛫🛫🛫🛫🛫🛫🛫

❄ သာယာဖွယ်မဟုတ်ပါပဲ သာယာဖွယ် ဟန်ဆောင်လျက်၊ ချစ်စရာမဟုတ်ပါပဲ ချစ်စရာဟန်ဆောင်လျက်၊ ဆင်းရဲစရာတွေကို ချမ်းသာစရာဟန်ဆောင်လျက် မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေသူကို ဒုက္ခသည် ဖိစီးရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🚂 ကဲ့ရဲ့မှာမကြောက်သင့် 🚂
☔☔☔☔☔☔☔☔☔

🎀 အလုပ်မှန်လျှင် သူများကဲ့ရဲ့ခံမှာ မကြောက်သင့်။ တောဝက်တို့သည် မြဂူအတွင်း၌နေသော ကေသရာဇာ ခြင်္သေ့မင်းကို မြင်နေရသဖြင့် ကြောက်သောကြောင့်သာ မြဂူအရောင်ညှိုးအောင် ရွံ့ဗွက်၌ လူ၍ ပွတ်ကြဖူးလေ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🐚 ကိုယ်တိုင်ယဉ်ကျေးခြင်း 🐚
🍃🍂🍃🍂🍃🍂🍃🍂🍃

🍉 ယဉ်ကျေးသော ဆင်တော် မြင်းတော်ကိုသာ ရှင်ဘုရင်တို့ စီးလေ့ရှိသောကြောင့် ယဉ်ကျေးသော ဆင်ရတနာ မြင်းရတနာသည် အဖိုးတန်၏။ ထိုဆင် မြင်းတို့ထက် မိမိကိုယ်၏ ယဉ်ကျေးခြင်းက သာ၍အဖိုးတန်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

❄ ပါရမီတိုးပွားရေး ❄
🍇🍇🍇🍇🍇🍇🍇🍇

🎓 မိမိကိုယ်ကို အချစ်ဆုံးဟုနားလည်လျှင် ဤတစ်ဘဝ တွေ့ရသူများအပေါ်ဝယ် ဝတ္တရားကျေအောင်ဆောင်ရွက်၍ မိမိအတွက် ပါရမီတိုးပွားအောင် ကြိုးစားသင့်ရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🍂 လောကဓံအတွေ့တွင် 🍂
👁️‍🗨️👁️‍🗨️👁️‍🗨️👁️‍🗨️👁️‍🗨️👁️‍🗨️👁️‍🗨️👁️‍🗨️👁️‍🗨️👁️‍🗨️

🎋 လောက၌ တွေ့ရကြုံရတတ်သော သဘောအမျိုးမျိုးကို လောကဓံဟု ခေါ်ဆိုရာ၏။ လာဘ်ရခြင်း မရခြင်း၊ အခြွေအရံပေါခြင်း မရှိခြင်း၊ ချီးမွမ်းခံရခြင်း ကဲ့ရဲ့ခံရခြင်း၊ ချမ်းသာခြင်း ဆင်းရဲခြင်း ဟု အကောင်း ၄ ပါး၊ မကောင်း ၄ ပါး ရှိ၏။ အကောင်းတွေ့လည်း မကြွနှင့်။ မကောင်းတွေ့လည်း မကျနှင့်။ ကြွလည်းတုန်လှုပ်၏။ ကျလည်းတုန်လှုပ်ရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

💰 ငွေ၏သတ္တိ 💰
🌈🌈🌈🌈🌈🌈🌈

💲 ငွေသည် အလွန်သတ္တိရှိ၏။ လူဖျင်းလူကိုလည်း လူတော်လူတတ်နေရာရောက်အောင် ပို့ဆောင်နိုင်ရာ၏။ အဆင်းမလှသူကိုလည်း အဆင်းလှသူနှင့်တန်းတူဖြစ်အောင် ပို့ဆောင်နိုင်ရာ၏။ အဘိုးကြီးကိုလည်း အပျိုအရွယ်သူငယ်မတို့နှင့် ရွယ်တူဖြစ်အောင်ရွက်ဆောင်နိုင်ရာ၏။ ထို့ကြောင့် ငွေရှိလျှင်ဘာမဆိုဖြစ်နိုင်သည်ဟု လောက၌ လူတို့ယူဆကြလေ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🚒 အလုပ်ကိစ္စဟူသမျှ 🚒
⛵⛵⛵⛵⛵⛵⛵⛵⛵

🏆 အလုပ်သစ်ကို ခက်တယ်ဟု ကြောက်နေလျှင် ဘယ်တော့မှမလွယ်နိုင်သောကြောင့် ထိုအခက်ကိုပင် စထွင်လုပ်သင့်၏။ ပြုလုပ်ပါများလာလျှင် တဖြည်းဖြည်းအကျင့်ရသဖြင့် လွယ်ကူလာပါလိမ့်မည်။ ထို့ကြောင့် မိမိနှင့်ထိုက်တန်သော အလုပ်ကိစ္စဟူသမျှဝယ် ဘယ်အခါမျှနောက်မဆုတ်ဘဲ ရဲရဲဝံ့ဝံ့ ပြုလုပ်သင့်၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🔥 မီး နှင့် ရေ 🔥
🌲🌲🌲🌲🌲🌲🌲

🍇 ဤလောက၌ လူမိုက်တို့သည် မီးလျှင် ဥပမာရှိကုန်၏။ ပညာရှိမူကား ရေလျှင် ဥပမာရှိကုန်၏။ အကြောင်းမူကား မီးသည် မိမိလောင်သွားရာအရပ်ကို မည်းနက်မွဲခြောက်သွားဘိသကဲ့သို့လည်းကောင်း ရေသည် မိမိသွားရာအရပ်ကို သန့်ရှင်းစင်ကြယ်သွားဘိသကဲ့သို့လည်းကောင်း နှိုင်းရာ၏။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜